
စားပွဲတလုံးပေါ်က
ခန်းခြောက်လုဆဲဆဲ ကော်ဖီတခွက်
နွမ်းခြောက်လုဆဲဆဲ အနီရောင်ပန်းတပွင့်
ပြီးတော့..
ရေးလက်စ ကဗျာတဝက်တပျက်..
ကဗျာရှင်ကိုစောင့်မျှော်နေကြတယ်
ကဗျာရှင်ရယ်...
ရှင့်ရဲ့ရင်ထဲမှာ သိပ်လှတဲ့စကားလုံးတွေရှိနေတယ်
နူးညံ့လွန်းတဲ့ ခံစားချက်တွေရှိနေတယ်
ဒဏ္ဍာရီထဲကလို လှပတဲ့ပန်းချီကားချပ်တွေရှိနေတယ်
ရှင့်ရင်ထဲကို ခနလောက်ဝင်ကြည့်ချင်တယ်
ခနလေးမှ တစ်ကယ့်ကိုခနလေးရယ်ပါ
ခွင့်ပြုပါ...ကဗျာ...
3 comments:
ဆန္ဒလေးတွေပြည့်ဝနိုင်ပါစေဗျာ...။
ကဗျာလေးကို ခံစားသွားပါတယ်...။
ကဗျာ ကို ပြောတာလား....
ကဗျာရှင်ကို ပြောတာလား.....း))
ပြောဘူး...
အသေသတ်လိုက်...
Post a Comment