Wednesday, October 14, 2009

နတ်သမီး...ပုံပြင်

နတ်သမီး...ပုံပြင်(၁)
“တိမ်တိုက်”....ကပြောတယ်...“နင့်ကို.....“ ပင်လယ်”...စောင့်နေတယ်”...တဲ့...။
ဟိုး.....ခတ်လှမ်းလှမ်းကနေ..“နတ်သမီး” ကို...“ပင်လယ်” ပြုံးပြီးကြည့်နေတယ်၊
“ပင်လယ်” ရှေ့မှာ...“နတ်သမီး” ခြေစုံ ရပ်လိုက်တယ် ဆိုရင်ပဲ သူ့ထံမှ “မုန်တိုင်း” ကို မေ့လိုက်ပြီ ဆိုတဲ့ စကားတစ်ခွန်းကို..“နတ်သမီး” ကြားလိုက်ရတယ်။“နတ်သမီး” အရမ်းပျော်သွားတယ်၊ အတိုင်းမသိ....ဝမ်းသာမှုတွေနဲ့အတူ မျက်ဝန်းထဲက မျက်ရည်တွေ စီးကျလာတာကို“ပင်လယ်” တွေ့တော့....သူ့ရဲ့ လက်ကလေးနဲ့...“နတ်သမီး”ရဲ့...ပါးပေါ်က မျက်ရည်တွေကို ..ထိတွေ့ရင်း “ပင်လယ်”ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့်. “နတ်သမီး” မပြောနဲ့......ဘေးနားက ကျောက်ဆောင်လေးတွေတောင်....နဲနဲယိုင်သွားတယ်။
နတ်သမီး...ပုံပြင်(၂)
အဲဒီည က................
“ပင်လယ်” ဆီက ညည်းတွားသံတွေကို “နတ်သမီး” ကြားနေရတယ်။ “သံယောဇဉ်တိုက်ပွဲ” ကရခဲ့တဲ့ ဒါဏ်ရာတွေကြောင့်ထင်တယ်....။“ပင်လယ်” ငိုနေတယ်.....။
၊သူ့ရဲ့မျက်ရည်စက်တိုင်းမှာ....သွေးစိမ်းရှင်ရှင်တွေ ပါနေသေးတာကို “နတ်သမီး” မြင်နေရတယ်။
အဲဒီဒါဏ်ရာတွေနဲ့.“သူ” သံယောဇဉ်ဖြစ်နေပြီဆိုတာကို “နတ်သမီး” သိလိုက်ရတဲ့ အချိန်မှာ....နာကျင်တဲ့ဝေဒနာတွေနဲ့ အတူ အဲဒီဒါဏ်ရာတွေနဲ့ ရင်ဆိုင်ဖို့အတွက်“ရှင့်ရဲ့..ဘဝထဲကို ကျမဝင်လာခဲ့မယ်”လို့“နတ်သမီး” ပြောဖို့ဟန်ပြင်နေတုန်း“ပင်လယ်” ဆီက...(.....)လေး တစ်ခုကြောင့်“နတ်သမီး”တယောက်....မျက်လုံးလေးမှိတ်ရင်း ငြိမ်သက်သွားတာကို “တိမ်တိုက်” မြင်တော့ ပီတိအပြုံးတွေနဲ့အတူ..သူတို့နှစ်ယောက်ပေါ်ကို.........“မိုးဖွဲလေး”တွေ......ရွာချပေးလိုက် တော့ တယ်.......။
နတ်သမီး...ပုံပြင်(၃)
“လ” သာတဲ့ ည တစ်ညမှာပေါ့............
“ပင်လယ်” နဲ့ “နတ်သမီး” တို့ နှစ်ယောက် ကမ်းစပ်က...သဲသောင်ပြင်လေးပေါ်မှာ ထိုင်ရင်း စကားတွေပြောနေကြတယ်....။“ပင်လယ်”ကပြောတယ်....“နင့်ကို ငါ အရမ်းချစ်တာပဲ”တဲ့....။
“နတ်သမီး” ငြိမ်နေတယ်...“ပင်လယ်” က ထပ်ပြောတယ်.....“ငါ ပြောတာ နင်ကြားရဲ့လား”...ဆိုတော့... “နတ်သမီး” ခေါင်းလေးရမ်းပြလိုက်တယ် ဆိုရင်ပဲ......“ပင်လယ်” စိတ်တိုသွားပြီး
“နင့်ကို ငါ အရမ်းချစ်တာပဲ....နင့်ကို ငါ အရမ်းချစ်တာပဲ...”လို့ မရပ်မနားပြောနေတော့တယ်။
“နတ်သမီး” လည်း...ပြာပြာသလဲနဲ့“တော်တော့လေ..ငါ.ကြားပြီ”..လို့ပြန်ပြောလိုက်တယ်၊
အဲဒီတော့မှ “ပင်လယ်”က ပြုံးပြုံးကြီးနဲ့“အေး...နင် ကြားချင်မှန်းသိလို့....ငါ ထပ်ခါထပ်ခါ ပြောနေတာ”...လို့ပြောလိုက်တော့“နတ်သမီး” လည်း အကျေနပ်ကြီး ..ကျေနပ်သွားတာပေါ့.....
“နတ်သမီး” ..“ပင်လယ်” ရဲ့ ပခုံးလေးပေါ်မှာ ခေါင်းလေးမှီရင်း....ပြောလိုက်တာကတော့...
“နင့်ကို ငါ အရမ်းလွမ်းတဲ့ နေ့ရက်တွေ...တမ်းတတဲ့နေ့ရက်တွေ...နင်သိနိုင်မှာ မဟုတ်ပါဘူး....ငါ..နင့်ကိုမြတ်နိုးတယ်...ငါ...နင်နဲ့ အတူတူနေချင်လှပြီ”..တဲ့..။“ပင်လယ်”ရဲ့ “အပြုံး” ကြောင့်...“သာနေတဲ့ လမင်းကြီး” တောင်...မျက်လွှာချသွားခဲ့ရတယ်..။
နတ်သမီး...ပုံပြင်(၄)
“နတ်သမီး”...နင်...အဲဒီတစ်ယောက်နဲ့..အရောမဝင်နဲ့”...ဟု..'ပင်လယ်' ပြောပြီး ဒေါပွနေသည်။
“ဘာဖြစ်လို့လဲ..'ပင်လယ်'ရဲ့....သူက..ငါ့ကိုခင်လို့လာမိတ်ဆက်တာ၊သူငယ်ချင်းအသစ်ရတာပေါ့”..ဟု..'နတ်သမီး'ပြောတော့..'ပင်လယ်'..ပြုံးနေတယ်...။ပြီးတော့....“အဲဒီ တစ်ယောက်လဲ...“မုန်တိုင်း” ရဲ့...ကိုယ်ပွားပဲ ဖြစ်ရမယ်...ငါ မသင်္ကာဘူး..မာယာများတဲ့ မိန်းမ ၊နာမည် အမျိုးမျိုးနဲ့...ကိုယ်ပွားတွေ...ပွားထားတာ...“မုန်တိုင်း”လည်း..သူပဲ..“မိုးကြိုး”လည်း သူပဲ...“လျှပ်စီး” ဆိုတာလည်း...အဲဒီမိန်းမပဲ...နင်နဲ့ငါ..ချစ်သူတွေ ဖြစ်နေမှန်းသိလို့...နင့်အနားကို ချည်းကပ်လာတာ”....'ပင်လယ်'၏ပြောစကားကြောင့်'နတ်သမီး'စိတ်တိုလာတယ်။“နင့်ဇာတ်လမ်းတွေကလည်း...ရှုပ်နေတာပဲ....မပြီးနိုင်တော့ဘူးလား 'ပင်လယ်'..ရယ်”...“နင့်မှာ ရည်းစားဘယ်နှစ်ယောက်တောင်
်ရှိနေရတာလဲ”။.'နတ်သမီး' ရဲ့..သဝန်တိုမှုတွေ...ငယ်ထိပ်သို့ ရောက်နေပြီ။“မဟုတ်ဘူး...မရှိဘူး...သူနဲ့ငါ...အရင်တုန်းက....”.'ပင်လယ်.'...ရှင်းပြနေသည်ကို 'နတ်သမီး' နားထောင်နိုင်စွမ်း မရှိတော့၍...ပင်လယ့် ဘေးမှ ထွက်ပြေးခဲ့သည်...။အဲဒီညက သဝန်တိုစိတ်များကြောင့် နတ်သမီး အိပ်၍မရခဲ့....ပင်လယ့်ထံမှ...Message များ တစ်ခုပြီးတစ်ခု..'နတ်သမီး'..၏ Phone ထဲသို့ အဆက်မပြတ်ရောက်လာခဲ့သည်...။'ပင်လယ်'..၏ ဖြေရှင်းချက်များကိုဖတ်ရင်း...'နတ်သမီး' မျက်ရည်ဝဲခဲ့ရသည်..။အပြစ်မရှိသော...ပင်လယ့် ကို သနားသည်..။ကောက်ထားသော စိတ်များ ပြေလျှော့ချင်နေပြီ...။“'နတ်သမီး'ရယ်...ငါ့ကြောင့်...နင် စိတ်ညစ်နေရပြီနော်...နင့်ကို ငါ စောင့်နေတယ်”....ဆိုတဲ့...နောက်ဆုံးဝင်လာသော...ပင်လယ့်ထံမှ Message ကြောင့်...အိပ်ယာထဲတွင် ခွေနေသော ...'နတ်သမီး' တစ်ယောက်...ပင်လယ်ရှိရာ ကမ်းခြေဆီသို့...အပြေးလေး လှမ်းရင်း...ကောက်ထားသော..စိတ်များ ပြေလျှော့ခဲ့ရသည်..။သဲသောင်ပြင်ပေါ်တွင်..'နတ်သမီး.'.ဒူးထောက်ထိုင်ချလိုက်ချိန်တွင်....ပင်လယ်..လွှတ်လိုက်သော...ပင်လယ်၏ကိုယ်ပွားလှိုင်းလုံးလေးများသည်....'နတ်သမီး'...၏ ခြေရင်းသို့...မရဲတရဲ ခြည်းကပ်လာသည်ကို...'နတ်သမီး'...ငုံ့ကြည့်ရင်း....“နင့်ကို..ငါ...သိပ်ချစ်ပါတယ်..'ပင်လယ်' ရယ်”....ဆိုသော စာတန်းလေးကို....သဲသောင်ပြင် ပေါ်တွင် ချရေးလိုက်တယ်ဆိုရင်ပဲ...ပင်လယ်မှာ..နတ်သမီးရှိရာသို့....လှိုင်းလုံးအသွင်ဖန်ဆင်းပြီး....နတ်သမီးအား...ပြေး၍ ထွေးပွေ့ အုပ်မိုးလိုက်လေတော့သည်...။အဲဒီ...“ည” က....အလည်လွန်နေသော“လမင်းကြီး” ကို...သူတို့(၂)ယောက်ကြိတ်၍ ..ကျေးဇူးတင်နေမိသည်...။
အဲဒီ...“ည” က..ပင်လယ်ပြင်သည်..“လ” မသာပဲ“လှ”နေခဲ့ပါသည်..။
နတ်သမီး...ပုံပြင်(၅)
စိတ်ကောက်နေသော....“နတ်သမီး”...“ပင်လယ်”ရှိရာအခန်းတွင်းသို့တိတ်တစိတ်ရောက်လာခဲ့သည်။


ညက..သူငယ်ချင်း တစ်ယောက်၏ ကိုယ်ရေးကိုယ်တာကိစ္စဖြင့်...“ပင်လယ်”တစ်ယောက်..မိုးလင်းမှ....အိပ်ပျော်သွားခဲ့ရသည်။“ပင်လယ့်”အခန်းကို “နတ်သမီး” ရောက်တော့...“ပင်လယ်” အိပ်ပျော်နေသည်...။လွတ်လပ်စွာ...အိပ်ပျော်လျှက်ရှိသော...“ပင်လယ်”၏ မျက်နှာလေးအား..

“နတ်သမီး”တဝကြီး ရပ်ကြည့်နေမိသည်...။သူငယ်ချင်းအတွက်...ပူပင်သောကများနှင့်အတူ...ပင်ပန်းနွမ်းနယ်မှုများကို...“ပင်လယ်”၏ မျက်နှာတွင် တွေ့နေရသည်..။အိပ်ယာဘေး....စားပွဲပေါ်တွင် ပွင့်လျှက်ရှိသော..Computer ပေါ်သို့...“နတ်သမီး”၏အကြည့်ရောက်သွားခဲ့သည်။

“ချစ်သူလေးကို စောင့်နေရင်း....ကျတော် အိပ်ပျော်သွားခဲ့ပါသည်”ဟူသော“နတ်သမီး” ကို ချော့ထားသည့်...“ပင်လယ်”၏ ပညာပါပါ စာသားအချို့ကြောင့်..“နတ်သမီး”အပြုံးများနှင့်အတူ....

ဒီတခေါက်လည်း....စိတ်ကောက်ပြေခဲ့ရပြန်ပါသည်...။“ပင်လယ်”ဆက်လက်အနားယူနိုင်စေရန်.. “နတ်သမီး”..“ပင်လယ်”အနားမှလှည့်မထွက်မှီ....“ပင်လယ်”၏ပါးလေးနားသို့နတ်သမီး၏မျက်နှာလေးမရောက်ခင်မှာပင်..

ဘယ်အချိန်ကတည်းက...နိုးနေမှန်းမသိသော...“ပင်လယ်”၏လျှပ်တပျက် လုပ်ရပ်ကြောင့်..

“နတ်သမီး”...တစ်ယောက်ခမျာ.......။
နတ်သမီး...ပုံပြင်(၆)
“နတ်သမီး”တစ်ယောက် “ပင်လယ်”၏ ရင်ခွင်ထဲတွင် တရှုံ့ရှုံ့နှင့် ငိုနေသည်။“ပင်လယ်”မှ “နတ်သမီး”၏ ကိုယ်လုံးလေးအား ..ဖွဖွပွေ့ဖက်ရင်း နှစ်သိမ့်ပေးနေသည်။
“မငိုနဲ့တော့လေ....ငါ.. ပြန်လာပြီ ပဲ...”...ဟု..“ပင်လယ်”ပြောတော့...“နတ်သမီး” အငိုမရပ်။“နင့်ကိုလွမ်းလို့ပေါ့...ငါ့ကို ပြစ်သွားတာ..အကြာကြီးပဲ....ငါ...နင့်ကိုစိတ်ပူနေမယ်ဆိုတာ..
.နင်..မစဉ်းစားမိဘူးလား”...“မဟုတ်ပါဘူး...နတ်သမီး ရယ်...ရုံးချုပ်က အရေးကြီးကိစ္စပေါ်လာလို့ နယ်ကိုချက်ချင်းသွားလိုက်ရတာပါ....အရေးထဲ Phone က လည်း..ဓာတ်ခဲကုန်သွားတော့ နင်နဲ့ အဆက်အသွယ်ပြတ်သွားတာပေါ့”....“ငါ တောင်းပန်ပါတယ်ကွာ...မငိုနဲ့တော့နော်”
“နင်စိတ်ပူနေမယ်ဆိုတာ ငါ နားလည်ပါတယ်....စိတ်ကောက်ပြေတော့..နော်”...။ နတ်သမီး မဖြေ.....။“ပင်လယ့်” ရင်ခွင်ထဲတွင်...ခေါင်းမှီ၍ ပင်လယ်ဝတ်ထားသော.. T-shirt အင်္ကျှီ
စာတန်းလေးကို သူမ၏ လက်ညှိုးလေးဖြင့် လိုက်ရေး၍ ကစားနေသည်...။
“နတ်သမီး”....ငါ....နင့်ကိုပြစရာတစ်ခုရှိတယ်”...ဟုဆိုကာ...“ပင်လယ်”သည် သူ၏ဘောင်းဘီအိတ်ထဲမှ အသဲပုံ လော့ကက်သီးပါ ဆွဲကြိုးလေးတစ်ကုံးကို ထုတ်ပြသည်....ပြီးတော့......နတ်သမီး၏ လည်တိုင်ကျော့ကျော့လေးတွင် ပင်လယ် ကိုယ်တိုင် ဝတ်ပေးလိုက်သည်။ “နတ်သမီးလေး”....ငါလေ...နင့်ကို ဘယ်တော့မှ ခွဲသွားမှာမဟုတ်ဘူး....သိလား”......“အကြောင်းကြောင်းကြောင့် ငါတို့တွေ....ခန ဝေးသွားခဲ့ရင်တောင်...ငါ့ရဲ့နှလုံးသားလေးကို နင့်ဆီမှာထားခဲ့မှာပါ...ဟာ....”.....“နင့်လည်ပင်းက အသဲပုံ လော့ကက်သီးလေးဟာ....ငါ့ရဲ့နှလုံးသားလေးပါ....အဲဒီအထဲမှာ...ငါ့ရဲ့အချစ်တွေနဲ့အတူ....သစ္စာတရားတွေ ကိုပါ ရောထည့်ပေးထားတယ်”....ဟု ပင်လယ်ပြောတော့..
“.နတ်သမီး ”ပြုံးရပြီပေါ့....။အဲဒီနေ့မှ..“စ”၍ ...“နတ်သမီး”၏လည်တိုင်တွင်....အသဲပုံလော့ကက်သီးလေးဟာ....နေရာ ရသွားပါတော့တယ်....။“နတ်သမီး”ကိုအသဲပုံ လော့ကက်သီးလေးနှင့်အတူ...ပူးတွဲမြင်တွေ့နိုင်ပါသည်....။

1 comments:

ဂျစ်တူး ( မုံရွာ ) said...

အခုလိုဘေးတစောင်းကလေးရိုက်တာကပိုပြီးလှတယ်-

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger