Friday, October 16, 2009

နေမဝင်သေးပါဘူး

မပြောမပြီး မတီးမမြည် ဆိုလို့ မပြောချင်ပဲနဲ့ ပြောရအုံးမယ် ခင်ဗျ ။ အခု လောလောလပ်လပ် ဖြစ်နေတဲ့ ကိစ္စလေးပါပဲ ။ ကြားနေ မြင်နေရပါများလာတော့ စိတ်ထဲမှာ မသက်သာလှလို့ပါ ။ အဖြူေ၇ာင်နတ်သမီးblog တည်ဆောက်ခဲ့ရတဲ့ အကြောင်းအရင်းကတော့ blog ပေါ်မှာ သူများ မကောင်းကြောင်းရေးဖို့တော့ မဟုတ်ပါဘူး ။ ကိုယ့်ရဲ့ခံစားချက်တွေကို ကိုယ်ပိုင် စတိုင်လ် ကိုယ်ပိုင်အတွေးလေးတွေနဲ့ စာဖတ်သူများ ဖတ်ရှုနိုင်အောင် တင်ထားပေးခြင်းဖြစ်ပါတယ် ။ စာ အရေးအသား အတွေးအခေါ်တွေကတော့ သူများတွေထက် သာချင်သာမယ် ညံ့ချင်လည်း ညံ့မှာပေါ့ ဗျာ......ဒါ ဟာလည်း ရှက်စရာမှ မဟုတ်တာ ။ လမ်ရိုး လမ်းဟောင်းကြီးတစ်ခုကို လိုက်ပြီး သူများရေးသလို သူများလုပ်သလို လိုက်လုပ်နေတာထက် စာရင် ကိုယ်ပိုင် လွတ်လပ်တဲ့ စတိုင်လ် လေးကိုပဲ ပိုနှစ်သက်တယ် ။ အဲ့ဒီလို ကိုယ်ပိုင်လွတ်လပ်တဲ့ လမ်းလေး ထွင်ပြီး
ဘယ်သူနဲ့မှမတူအောင် လျှောက်နေတာကို တူအောင် လိုက်ညှိဖို့အတွက် အမိန့်ပေး အချိန်ကုန်ခံပြီး တောပြောတောင်ပြောနဲ့ စိတ်ဒုက္ခခံ သူများ blogကို အပုတ်ချနေတဲ့ ( ဘလော့ဂါ တို့ရဲ့ ဘလော့ဂါ ) ဂျီပုန်းများ အုပ်စု ကြောင့် လန့်နိုးလာခဲ့တာပေါ့။ သူတို့ရဲ့ blog တည်ဆောက်ရတဲ့ ရည်ရွယ်ချက်ကတော့ ကြီးကြီးမားမားပါပဲ “ ဝေဖန်ရေးနဲ့ လေကန်ရေး ” တဲ့ ။ ဘယ်အဝီစိ ဘယ်ဂျောင်ကြို ဂျောင်ကြားကထွက်လာမှန်း မသိ ၊လူလေး
နှစ်ယောက် တစ်ပိုင်းနဲ့ လုပ်ထားတဲ့ မလောက်လေး မလောက်စား ဂျီပုန်း နှစ်ကောင်သုံးကောင်ပေါင်း blog တစ်ခုက ၊ blog တကာလှည့်ပြီး ဝေဖန်မယ်
လေကန်မယ်ဆိုတော့ ကျွန်တော့်မျက်စိထဲ အရေထူတဲ့ မိချောင်းမျိုးကိုမှ ဂလိထိုးပြီး ကြည်စားနေသလို ဖြစ်နေတာပေါ့ဗျာ.......အဲ့ဒီ ဂျီပုန်း အုပ်စုဟာ
မိန်းခလေးတွေရဲ့ blog တော်တော်များများကို ထမိန်ပတ် လျှောက်သီးဆေးပြား ရောင်းရင် နှမသားချင်း ကိုယ်ချင်းမစာ အတင်းချနေတာကို
တွေ့နေ၇လို့ နည်းနည်းတော့ သတိထားရပါလိမ့်မယ်. ။ နောက်ပြီး အဲ့ဒီ အုပ်စုပြောနေကြ စကားကတော့ “ ဟို ...blogger က ဒီ blogger ထက်
သာတယ် ။ ဒီ blogger ကတော့ ဟို blogger ထက်သာတယ် ” စသဖြင့်ပေါ့ blogger အချင်းချင်း ရန်တိုက်ပေးနေတာကိုလည်း တွေ့၇ပါတယ် ။
သူတို့ ခိုင်းသလို မလုပ်ရင်တော့ စားမဝင် အိပ်မပျော် ဖြစ်ပြီး Cbox မှာ တစ်မျိုး Comment မှာတစ်မျိုး Mail နဲ့ တစ်မျိုး နေရာပေါင်းစုံ ကနေ အိပ်မရအောင်
အော်( အူ )နေတော့တာပါပဲ ။ စဉ်းစားမိတော့ လည်း သနားဖို့တော်တော် ကောင်းပါတယ် ။ ရှိတဲ့ အချိန်လေးကို တန်ဖိုးရှိအောင် အသုံးမချတတ်ပဲ ကိုယ့်ထမင်း
ကိုယ်စား ဝေဖန် လေကန် ပြောင်းလဲရေး ခေါင်းစဉ်တပ် blog တကာလှည့် ပြီး သွားလာနေလိုက်ကြတာများ မျက်လုံးထဲမှာ ဂျီပုန်းကြီးတွေ အိမ်လည်
အတင်းချနေသလိုမျိုး မျက်လုံးထဲ မြင်ယောင်နေမိပြန်ပါတယ် ။ ကိုယ့် ကို ဝေဖန်မှာတော့ ကြောက်သားဗျ .... Cbox တောင် မထားရဲဘူး :D ...။
နောက်ပြီး နာမည် ကိစ္စနဲ့ ပတ်သက်ပြီး အဲ့ဒီ အုပ်စု သိစေချင်ပါတယ် ။ အဲ့ဒါကတော့ ကလောင် နာမည် ကိစ္စပါပဲ ။ ဥပမာ ... နာမည်ကတော့
ဦးကုလား ၊ လူကြည့်တော့ တရုတ်ကြီးဖြစ်နေတယ်ဆိုပါတော့ ...ဒါကို “ မင်းနဲ့ မလိုက်ဘူး နာမည်ပြောင်းရမယ် ” ဆိုပြီး သူများရဲ့ အခွင့်အရေးကို
ရိုင်းရိုင်းပျပျနဲ့ သွားတောင်းဆိုလို့ ရနိုင်ပါ့မလား ။ အတင်းအဓမ္မ ခိုင်းစေလို့ရော ရနိုင်မှာလား ။ တကယ်လို့ ရနိုင်တယ်ဆိုခဲ့ရင်လည်း ကျွန်တော်
အဲ့ဒီ အုပ်စုကို နာမည်ပြောင်းဖို့ တောင်းဆို လိုက်ပါရစေ ..... ( အခြောက် တကာ တို့ ရဲ့ အခြောက်တကာ ) လို့နာမည်ပြောင်းဖို့ တောင်းဆိုပါတယ် ။
နာမည် ဆိုတာ နေ့နာမ်နဲ့ ပေးတာပဲ ဖြစ်ဖြစ် ၊ ရုပ်ကြည့်ပြီးပေးတာပဲ ဖြစ်ဖြစ် ၊ ဘယ်လိုပဲပေးပေး ဒါဟာ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့် ၊ ကိုယ့် ရဲ့ အခွင့်
အရေးပဲ ဖြစ်ပါတယ် ။ ဒါဟာ ဘေးထိုင် ၊ ဘုပြော နာမည်မပြောင်းလို့ ဖင်ထဲ ခဲ( ဂဲ )ညှပ် နေရတဲ့ အဖြစ်မျိုးထက် အောက်တန်းကျတာ ဘာမှ မရှိဘူး
ချင်ဗျ ......။ အားငယ်နေတဲ့ မိန်းမသားဘက်ကနေ လူမှုရေးအသိစိတ် ၊ နှမသားချင်းစာနာတဲ့ စိတ် ၊ မြန်မာလူမျိုး အချင်းချင်း ရိုင်းပင်းကူညီတတ်
တဲ့ စိတ်တွေနဲ့ ရပ်တည်ပေးခဲ့တဲ့ သူတွေကိုတောင် တောပြော တောင်ပြောနဲ့ ရိုင်းရိုင်းပြပြ စော်ကားပြလိုက်တာကိုတွေ့လိုက်ရတော့ အဲ့ဒီလူတွေဟာ
မြန်မာလူမျိုးတွေမှ ဟုတ်ရဲ့လား လို့တောင် ထင်ခဲ့မိပါတယ် ။ ဒါဟာ ကိုယ့် အဆင့်အတန်း ကိုယ်ကသိက္ခာဖော်ပြလိုက်တာပဲ ... ။ ဘေးမှာ မြင်နေရတဲ့
ကျွန်တော်တောင် ခဏတာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်ဆိုပြီး ဘာမှ မပြောပဲ နေလာခဲ့ပေမယ့် တစ်နေ့ တစ်ခြား ပိုလို့သာ ဆိုးလာလို့ မတတ်သာတဲ့ အဆုံး
အခုလို blog ပေါ် တတ်ဝုန်းလိုက် ရတာပါ ခင်ဗျာ........ အဲ့ဒီတော့ ...........အကြံလေးပေးပါရစေ ။ အမိန့်ပေးတာတော့ မဟုတ်ပါဘူး ။ နေမဝင်သေးပါဘူး ။
အချိန်ရှိပါသေးတယ် ။ အဲ့ဒီ ဂျီပုန်း blog လေးကလဲ အခုမှ “စ” ကာစရှိသေးတယ်ဆိုတော့ အားလုံးအတွက် အကျိုးရှိအောင် အဲ့ဒီ blog မှာ ချက်နည်း ၊
ပြုတ်နည်း ၊ရေနွေးတည်နည်း စသဖြင့်ပေါ့ ပြောင်းတင်ကြည့်စေချင်ပါတယ် ။ အားလုံး အတွက်လည်း အကျိုးရှိလာ နိုင်မှာပါ ....

( နေစစ်သူ )

1 comments:

မောင်ဘကြိုင် said...

စိန်ပန်းတဲ့ ငုဝါတဲ့ ကျွန်တော်အရမ်းသဘောကျတာ
တပင်လုံးဝင်ထိန်နေတတ်တဲ့ပန်းတွေပေါ့
ပြီးတော့ သူတို့အလှကိုလူတွေကသိပ်မဂရုစိုက်ကြဖူးလေ
သနားစရာက အနံမရှိတာပေါ့ ပိတောက်ဆိုပွင့်လိုက်တာ
နဲ့ ဝိုင်းခူးကြလို့ အကုန်ပြောင်ရောလေ
စိန်ပန်းနဲ့ငုဝါကတော့ အေးဆေးပဲ တခါတခါသူတို့ကို
အားကျတယ် သူတို့ကငြိမ်းချမ်းတယ်လေ
ဘယ်သူမှ အပင်ပေါ်တက်ပြီး ခူးဆွတ်ဖို့မကြိုးစားတော့
ပိတောက်ပင်လိုမျိုး အကြေကျိုးတဲ့ဒဏ်က ကင်းဝေးရ
တာပေါ့ဗျား)

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger