Saturday, October 17, 2009

“စိန်ပန်းပင်” နှင့် “သင်” တူနိုင်ပါသလား...

ြ

မြန်မာနိုင်ငံနှင့် အခြားနိုင်ငံ အပူပိုင်းဒေသများတွင်ပေါက်လေ့ရှိသော “စိန်ပန်းပင်” ကို လူတိုင်းမြင်ဖူးကြပါသည်။ဤအပင်သည် အခြားအပင်များနှင့် မတူပဲ နှစ်စဉ်နှစ်တိုင်းအရွက်ကြွေပြီး အပင်သေသွားပုံပေါက်ပေမဲ့ မိုးဦးကျတာနဲ့ ပြန်လည်ရှင်သန်လာပြီး အပွင့် အခက် အလက်များဖြင့်ဝေဆာလှပလာပါတယ်။ “နှစ်စဉ်ပင်”ဟု ခေါ်ဆိုသော “စိန်ပန်းပင်” သည် ကမ္ဘာ့ အလှဆုံး ပန်းပင်(၅)မျိုးအဝင်ဖြစ်သည်။ ယင်းသည် နွေရာသီတွင် အပွင့် အရွက်တို့ကြွေသွားသော်လည်းရေကိုဆက်လက်သိုလှောင်ထားသည်။ထိုအပင်၏ အမြစ်များသည် ခိုင်မြဲပြီး မြေကြီးအတွင်းပိုင်းရှိ ကျောက်များကြားတွင် ပင် အမြစ်တွယ်နိုင်သည်။ ဤနည်းဖြင့် လေပြင်းတိုက်ခတ်မှုဒါဏ်ကို ခံရပ်နိုင်သည်။ ခြုံပြောရလျှင် ယင်းအပင်သည် ခက်ခဲသော အခြေအနေများကြား ရှင်သန်နိုင်သည်။ အလားတူပင် သင့်ဘဝတွင် မည်သို့ပင် အခက်အခဲများနှင့် ကြုံတွေ့ပါစေ “စိန်ပန်းပင်” ကဲ့သို့ပင် ယုံကြည်မှု ၊ကြံ့ခိုင်မှု များကို သိုလှောင်ထားနိုင်ပြီး မလျှော့သော ဇွဲ၊လုံ့လ၊ ဝိရိယ တို့ဖြင့် ခက်ခဲ ကြမ်းတမ်းသော ပါတ်ဝန်းကျင်တွင် ဆက်လက်၍ ရှင်သန်နိုင်စေရန်နှင့်...... ဤ“စိန်ပန်းပင်” ကဲ့သို့ပင် ဘဝတွင် ရှောင်လွဲမရသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရသည့်အခါ သင်၏ ဘဝကို ရေစုံမျှောမပြစ်ပဲ “နွေရာသီတွင် အရွက်ကြွေပြီး အပင်သေသွားပုံ ပေါက်ပေမဲ့ မိုးဦးကျ၍ အပွင့် အခက် အလက်တို့ဖြင့် ပြန်လည်ဝေဆာ လှပလာသော “စိန်ပန်းပင်” ကဲ့သို့ သင်၏စိတ်ကို ပြန်လည် အားမွေးလာနိုင်စေရန် ရည်ရွယ်ပါသည်။

8 comments:

မိုးသွေးငယ် said...

ကြိုးစားလှချည်လား ...ဟောတပုဒ် ဟောတစ်ပုဒ် .... ရှဲဒိုးရေးပေးဟာ..ဟဟဟ။
မအားလို့...
ရောက်မလာတာ စိတ်မဆိုးနဲ့ ...
ကြည့်နေတာပဲဟ..
ဘာတွေ ဖြစ်လည်းလို့..
ပျော်စရာကြီးနော်...
နာ လည်း အားကျလိုက်တာ...
ကြော်ငြာခ သက်သာတယ်...။ဈေးကြီးတယ် ဒီမယ် ကြော်ငြာခ က ။နင်က အလကား ရတာနော် ဟဟဟဟ။

ခင်မင်မှုဖြင့်..
အားလုံးကို ပျော်စေချင်တဲ့.....

sosegado said...

ဆိုက်ပရပ်စ်(Cyprus) ဆိုတော့ ZPW, MK, KNT, MMN တို့သိတလား။ ၂၀၀၅ အဲဒီမှာလား

ခရေညို said...

စိန်ပန်းပင် နဲ့တူအောင်ကြိုးစားလိုက်အုန်းမယ်နော်

မိုးခါး said...

စိန်ပန်းပင်လေးအကြောင်း လာဖတ်သွားပါတယ် အစ်မး)

အဖြူရောင်နတ်သမီး said...

sosegado said...
ဆိုက်ပရပ်စ်(Cyprus) ဆိုတော့ ZPW, MK, KNT, MMN တို့သိတလား။ ၂၀၀၅ အဲဒီမှာလား
--------------------------------------------------
၂၀၀၄ ကတည်းက ရောက်တာ၊
လူတွေက အများကြီးပဲလေ..ဘယ်ကလဲ..၊
ကျမနေတာက Paphos...
Nicosia.., Lanaka..., Limessol...မြို့တွေရှိသေးတယ်..သူတို့က ဘယ်မြို့ကမှန်းမှမသိတာ..

ချစ်တီး said...

ကဗျာလေးကကောင်းပါတယ် အားပေးနေပါတယ်

ဂျစ်တူး ( မုံရွာ ) said...

စိန်ပန်းပင်ဋ္ဌကီးနဲ့အပြိုင်ကိုလှတယ်ကွယ်-

မိုးထက်အိမ် said...

စိန်ပန်းပင်က တော်တော် အဓိပ္ပါယ်ရှိတာပဲ....
ခုလို သိရလို့ ကျေးဇူးပါ...

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger