တနေ့.ကျမတို့ရုပ်ရှင်အဖွဲ့ ပုဂံမြို့နားမှ ရွာတရွာတွင် ရုပ်ရှင်သွားရောက်ရိုက်ခဲ့ကြသည် ။ ဒေသခံလူများမှာ ကျမတို့အဖွဲ့အား အလွန်ဧည့်ဝတ်ကျေ ဖော်ရွှေကြသည်။ ဇာတ်ဝင်ခန်းများကိုလည်း သူတို့၏အိမ်၊ ခြံဝင်းများထဲတွင် အခမဲ့ရိုက်စေသည်။ လူကြမ်းများမှာရိုက်ကွင်း၏တည်နေရာဖြစ်သော ဇီးပင်များအောက်တွင် ထိုင်ရင်း ရိုက်ကွင်း“စ”ချိန်ကို စောင့်နေကြသည်။
ဇီးသီးပေါ်ချိန်ဖြစ်သောကြောင့် ဇီးပင်ပေါ်တွင် ဇီးသီးများမှာ အစုလိုက်အပြုံလိုက်သီးနေပုံမှာ သွားရည်ကျစရာပင်........။ခြံရှင်၏ခွင့်ပြုချက်အရ ဇီးပင်မှဇီးသီးများကို ကြိုက်သလောက်စားခွင့်ရှိသော်လည်း ခြံအပြင်သို့ ယူဆောင်သွားခြင်းမပြုရန် မေတ္တာရပ်ခံထားသည်။
ဤခြံအမှတ်(၁)တွင်ရိုက်ရမည့် ဇာတ်ဝင်ခန်းများပြီးဆုံး၍ အခြားဇာတ်ဝင်ခန်းများရိုက်ရန် ခြံအမှတ်(၁)နှင့်ကပ်လျှက်ရှိသော ဘေးခြံသို့ ရိုက်ကွင်းကိုရွှေ့ရသည်။ ခြံအမှတ်(၁)နှင့်ဘေးခြံမှာ ခြံစည်ရိုးကို ဝါးလုံးများဖြင့် ကန့်လန့်ဖြတ်ကာထားခြင်းကြောင့် တဖက်နှင့်တဖက် ရှင်းလင်းစွာမြင်နိုင်သည်။
ယ္ခု၇ိုက်ရမည့်အခန်းမှာ..မင်းသားပစ်လိုက်သောကျည်ဆံကြောင့် လူကြမ်းဖြစ်သူ ..ကို( --- )သေရမည့်အခန်းဖြစ်သည်။ ရိုက်ကွင်း“စ”ပါပြီ..။ကို(---)တယောက် မင်းသားပစ်လိုက်သော ကျည်ဆံ ထိမှန်မှုကြောင့် ရင်အုံအားဖိ၍ တဖြည်းဖြည်းခြင်း မြေပြင်ပေါ်သို့လဲကျချိန်တွင် ကျည်ဆံမှန်၍ဖိထားသော လက်ကြားထဲမှ သွေးများယိုစီးကျမလာပဲ...ဇီးသီးများသာ တလုံးခြင်းထွက်ကျလာတော့သည်..။
ကို(---)၏မျက်နှာတွင်ကား..သေနတ်မှန်၍ နာကျင်သည့်ဝေဒနာကြောင့် ဖြစ်ပေါ်လာသောခံစားချက်မျိုးကို မတွေ့ရပဲ တဖက်ခြံမှ ဇီးသီးပိုင်ရှင်အား ကြောက်လန့်သောမျက်နှာမျိုးဖြင့် ထိုခြံပိုင်ရှင်အား လှမ်းကြည့်ရင်း မြေကြီးပေါ်သို့ တဖြည်းဖြည်းခြင်း လဲကျသွားတော့သည်။
တဖက်ခြံမှ ခြံပိုင်ရှင်မှာမူ ကို(---)အား ဂရုနာသက်စွာဖြင့် လှမ်းကြည့်နေသည်ကို ကျမနှင့်တကွ ရိုက်ကွင်းမှ လူအချို့မြင်တွေ့လိုက်ရသည်။ ထိုနေ့မှ“စ” ၍ ကို(---)အား ...“ကိုဇီးသီး”ဟုပြောင်းလည်းခေါ်ဆိုရင်းအမည်ကင်ပွန်းတပ်ပေးလိုက်ကြသည်။
ရုပ်ရှင်အဖွဲ့သားမှန်ပါက...“ကိုဇီးသီး” ကို......လူတိုင်းသိကြပါသည်။

(အဲဒီနေ့က ထိုဇာတ်ဝင်ခန်းကို အကြိမ်ကြိမ်ပြန်လည်ရိုက်ကူးသော်လည်း...အဖွဲ့သားများမှာ မျက်နှာပိုးမသတ်နိုင်ကြ၍ ရိုက်ကူးရေးကို နားပြီး နောက်နေ့မှဆက်လက်ရိုက်ကူးခဲ့ရသည်)..။..လူတိုင်းပြုံးနိုင်ကြပါစေ.....
8 comments:
ဟာဟား ဖြစ်မှဖြစ်ရလေ
ဟာဟား ဖြစ်မှဖြစ်ရလေ
ကျန်တဲ့သူတွေ က ဇီးသီးကို ပြန်ပြီး ကူကောက်မပေးပဲ
ရီနေကြတယ်ပေါ့လေ...း))
ဇီးသီး..ပို့စ်လေးကို ဖတ်ပြီး ပြုံးသွားပါတယ်
ပြုံးသွားပါတယ် မမရေ....
ရယ်လို့မရလို့.......ရုံးမှာဖြစ်နေလို့ ဟီး
နှင်း
ဖြစ်ရမယ် ဖြစ်ကိုဖြစ်ရမယ် . . . ခိုးစားချင်အုံး အဲ ဇီးသီး အဟတ် . . . :P
လာအားပေးသွားသည်။
သီးလေးသီးရယ်ရသလိုပဲ
ဇီးသီးလည်း ရယ်ရတာပဲ...
းဝ)
Post a Comment