ကျွန်မကြည့်ခဲ့ဖူးတဲ့ ကိုရီးယားဇာတ်လမ်းလေးတပုဒ်ပါ။ ဇာတ်လမ်းထဲက ကောင်လေးက အသက်(၂၉)နှစ်ခန့်ရှိမည်..။ မင်းသမီးက (၃၄)နှစ်ခန့်ဖြစ်သည်။ စာဖတ်သူများအား မြင်အောင်ပြရလျှင်...နန္ဒာလှိုင် နှင့်သူထူးစံ တို့အရွယ်ဖြစ်သည်။ မင်းသမီးမှာ မင်းသားသူငယ်ချင်း၏ အဒေါ်ဖြစ်သည်..၊ တကိုယ်တည်း အပျိုကြီးဘဝနှင့် ဓာတ်ပုံရိုက်လုပ်ငန်းကို ဦးစီးလုပ်ကိုင်နေသော ကုမ္ပဏီပိုင်ရှင်တဦးဖြစ်သည်။ အလုပ်ကိစဖြင့် မင်းသားရှိသောမြို့သို့ရောက်လာရင်း..မင်းသားနှင့်တွေ့သည်..။မင်းသမီးသွားရာနေရာသို့ ဒေသခံဖြစ်သူ မင်းသား၏ သူငယ်ချင်းမှ လိုက်ပို့ရန်မအားသဖြင့် မင်းသားမှ ကူညီလိုက်ပို့ပေးရင်း ရင်းနှီးသွားကြသည်..။ မင်းသမီးနှင့်အတူ လိုက်ပါလာသော..(မင်းသားနှင့်ရွယ်တူ)တပည့်မလေးမှာ မင်းသားကိုစိတ်ဝင်စားနေသည်..။ မင်းသားကမူ(အသက်ကွာသော) “မမ”ကိုသာ စိတ်ဝင်စားသည်..။ “မောင်လေးနှင့် မမ ဇာတ်လမ်း” ဖြစ်သည်။ “မမ”ဓာတ်ပုံရိုက်ရာ နေရာများသို့ မောင်မောင် တကောက်ကောက်လိုက်သည်..။ အသက်အရွယ်ကွာသော်လည်း တယောက်နှင့်တယောက် သံယောဇဉ်တွယ်မိရင်း ချစ်သူတွေဖြစ်သွားပြီး မကြာလိုက်ပါ...ကံကြမ္မာက ချစ်သူနှစ်ဦးကို မျက်နှာသာမပေး..။ “မမ”တွင် ခေါင်းခနခနကိုက်သည့်ရောဂါရှိသည်..။ တနေ့ဓာတ်ပုံရိုက်နေရင်း...“မမ”မူးလဲသည်...ဆေးရုံမှ ဆေးစစ်ချက်အရ “မမ”တွင် ဦးနှောက်ကင်ဆာရောဂါရှိနေသည်..။ လူ့လောကတွင်ကြာကြာနေနိုင်ခွင့်မရှိဟု ဆရာဝန်မှ “မမ”အားပြောကြားချိန်တွင် အခန်းအပြင်မှ ခိုးနားထောင်နေသော “မောင်မောင်”တယောက် ရင်ကွဲမတတ်ခံစားရသည်..။ အခန်းတွင်းသို့ပြေးဝင်ပြီး ငိုနေသော “မမ”အား၊အားပေးသည်..။ “မမ”မဆုံးခင်အချိန်လေးမှာ သူတို့သိပ်ချစ်ကြသည်...၊ တနေ့တခြား “မမ”၏ ရောဂါ ပိုမိုဆိုးရွားလာသည်..။ “မမ”ကွယ်လွန်ခါနီး နောက်ဆုံးအချိန်တွင် “မမ” နှင့် မောင်မောင် ခြံထဲမှ ခုံတန်းလေးတွင်ထိုင်ရင်း စကားပြောကြသည့် ဇာတ်ဝင်ခန်းလေးကို ကျွန်မအကြိုက်ဆုံးဖြစ်သည်။ မောင်မောင်၏ ပခုံးပေါ်တွင် “မမ”၏ ခေါင်းလေးကိုမှီထားရင်း “မမ”တယောက်စကားတွေ အများကြီး ပြောခဲ့သည်။ ပြီးနောက်.........မောင်မောင့်ရင်ခွင်ထဲတွင် ခနအိပ်စက်ချင်သည်ဆိုပြီး..
“မမ”တယောက် မနိုးသောအိပ်စက်ခြင်းဖြင့် ထာဝရ အိပ်စက်သွားခဲ့သည်...။ ရင်နာစွာဖြင့် ဇာတ်လမ်းလေးကို အဆုံးသတ်ထားသည်..။ မောင်မောင့်အတွက် “မမ”မှာခဲ့သော စကားလေးတခွန်းမှာ...“မ”..မရှိတော့တဲ့နောက်..မင်း..“မ”ကို ဘယ်တော့မှ မမေ့ပါနဲ့”..တဲ့...။
Bagan Old City.....သို့အလည်တစ်ခေါက်
13 hours ago
3 comments:
က ကြီးဇတ်ကားတွေကလဲ...
ဇတ်လမ်း က ဒါမျိုးချည့်ပဲ...
ဇတ်သိမ်း ရင် မင်းသမီးဖြစ်ဖြစ်မင်းသားဖြစ်ဖြစ်..
မာလက..အဲလေ..မသာပေါ်..ဟင်ဟုတ်ပါဘူး...
အနိစ္စသဘောနဲ့..ကိစ္စချောကုန်တာချည့်ပဲ....း)
မ နဲ့မောင် ဇတ်လမ်းလေးဖတ်ရင်း
အနော့ ဇတ်လမ်းလေးပြောပြအုံးမယ်
နော်က မမ တွေကိုကြိုက်တာဗျ
မမ တွေက အနော့်ကိုကြိုက်ဖူးရယ်
အဲဒါနဲ့ မမနဲ့မောင်လေးဇတ်လမ်းမဖြစ်ခဲ့ဖူးလေ
အခုတော့အနော့်ထက် ၉နှစ်ငယ်တဲ့ ညလေးနဲ့
ဂျစ်တွားတယ် ဟိ
ညလေးနဲ့ တိုတို အဲလေ ကိုကို ဇတ်လမ်းလေးချိုပါချို့
အဟိ
း)
း)
မူရင်း ရုပ်ရှင်လေး အမည်ကို ထည့်ပေးရင် ကောင်းမယ်ဗျာ.
Post a Comment