Tuesday, October 27, 2009

Romantic ကဗျာ


လသာတဲ့ည...တညမှာ
Romantic ဆန်တဲ့ ကဗျာတပုဒ်
အသက်ဝင်နိုးထလာခဲ့တယ်...

တိုက်ခတ်နေတဲ့ လေညှင်းလေးနဲ့အတူ
နင်သောက်လက်စ
စပျစ်ဝိုင်တခွက်နဲ့
ချိုအီနေတဲ့ ငါ့ရဲ့ကဗျာတပုဒ်...
ထာဝရရှင်သန်နေမဲ့
ယစ်မူးစွာချစ်ခဲ့ကြတဲ့ ဘဝနှစ်ခုရဲ့
Romantic ညလေး..တည....

သီချင်းတပုဒ်ကို ငါသီဆိုနေခဲ့မယ်ဆိုရင်
You are my melody
နင်ဟာ ငါ့ရဲ့သံစဉ်လေးတွေပဲပေါ့....
ကဗျာတပုဒ်ကို ငါရေးစပ်နေမယ်ဆိုရင်
You are my rhyme
နင်ဟာ ငါ့ကဗျာထဲက ကာရန်လေးတွေပဲပေါ့....

အချစ်ဇာတ်လမ်းလေးတပုဒ်ကို ငါစိတ်ကူးယဉ်မိနေမယ်ဆိုရင်
You are my honey
နင်ဟာငါ့ရဲ့အချစ်သူရဲကောင်းလေးပဲပေါ့....

အကယ်၍ ...
နင်ရေးစပ်ခဲ့တဲ့ ကဗျာထဲက မင်းသမီးလေးဟာ ငါဖြစ်ခဲ့မယ်ဆိုရင်
I am your Angel
ငါဟာနင့်ရဲ့နတ်သမီးလေးပဲပေါ့...
ဒါပေမဲ့ Honey...
နင့်နှလုံးသားထဲက နင်ရေးခဲ့တဲ့ကဗျာ
မျှော်လင့်ခြင်းအလင်းရောင်အောက်မှာ
ငိုကြွေးရင်းနဲ့ပြာကျသွားခဲ့တယ်...
နင်မှတ်မိအုံးမယ်ဆိုရင်
ငါ့ကဗျာထဲက
အာရုံတွေရှုပ်ထွေးနေတဲ့
အချစ်ငတ်လိပ်ပြာတကောင်
Romantic သီချင်းလေးတပုဒ်ကို သီကျူးရင်း
စပျစ်ဝိုင်ခွက်ထဲကို ရူးရူးမိုက်မိုက်ခုန်ဆင်းခဲ့ဖူးတယ်....။

5 comments:

မောင်ဘကြိုင် said...

ငါ့ကဗျာထဲက
အာရုံတွေရှုပ်ထွေးနေတဲ့
အချစ်ငတ်လိပ်ပြာတကောင်
Romantic သီချင်းလေးတပုဒ်ကို သီကျူးရင်း
စပျစ်ဝိုင်ခွက်ထဲကို ရူးရူးမိုက်မိုက်ခုန်ဆင်းခဲ့ဖူးတယ်....။

ကျွန်တော်ကတော့ ဘီအီးနဲ့လိုင်ချီးရောသောက်ပြီး
မြောင်းဘေးမှရူးရူးမိုက်မိုက်အချစ်အတွက်နဲ့ ဆန်ပြုတ်
ရောင်းဖူးတယ်ဗျ
း)

~ဏီလင်းညို~ said...

ကဗျာလေးက ကောင်းတယ်...

ညရဲ့ကောင်းကင် said...

အားပါးပါး...
ကဗျာဆန်လိုက်တာဗျာ...

ငါ့စားပွဲပေါ်က
ကုန်ခါနီးနေတဲ့
ဆော်ဒါလေးတခွက်
မပျော်မှာစိုးလို့
ရမ်တပတ်နဲ့ အဖော်စပ်လို့
အချစ်သီချင်းတပုဒ်ကို
အသက်ပြင်းပြင်းနဲ့
အော်ဆိုခဲဖူးတယ်....

(ကျွန်တော့အကြောင်းနော် :P )

မိုးစက်အိမ် said...

Romantic သီချင်းလေးတပုဒ်ကို သီကျူးရင်း
စပျစ်ဝိုင်ခွက်ထဲကို ရူးရူးမိုက်မိုက်ခုန်ဆင်းခဲ့ဖူးတယ်
Romantic ကဗျာလေး ပီသပါတယ်

myat said...

လိပ်ပြာလေးတော့မူးနေတော့မှာပဲ...

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger