
"ကမ္ဘာပျက်တော့မည်"ဆိုတဲ့သတင်းဟာ Internet ပေါ်မှာအတော်လေးကို ပြန့်နှံ့နေပါတယ်။ အဲဒီအကြောင်းတွေကိုဖတ်မိရင်း အတဂ်ခံရမည်ကိုအလွန်ပင်ကြောက်ရွံ့မိ၍ ကျမဝေးရာကို
ပြေးပါသော်လည်း မမ"ခြင်ဆိုးကြီး"ရဲ့တဂ်နှင့်တည့်တည့်တိုးရပါတော့သည်။ မရေးချင်သော်ငြား
လည်း မရေးပဲထားလျှင်အကြွေးတင်မည်ဆိုးသဖြင့် ကြောက်ကြောက်နှင့်ရေးရခြင်းဖြစ်သည့်
အတွက် ပြောမှားဆိုမှားရှိခဲ့ပါလျှင် ကြိုတင်တောင်းပန်ထားပါရစေရှင့်။
"အတိတ် နမိတ်"ကောက်ယူခြင်းကိုကျမယုံကြည်ပါသည်။ဒီအတွက် ကောင်းသော"အတိတ် နမိတ်"စကားများကိုသာ ကျမ၏နှုတ်မှ အတတ်နိုင်ဆုံးထွက်ဆိုပါသည်။ ဥပမာ။ ။
"ရွှေပါးစပ်..ငွေပါးစပ်"...။ "မိဘကိုသိတတ်မဲ့(မည့်)ခလေး"...။ "မင်းကတော်ဖြစ်မဲ့(မည့်)ရုပ်".။
“သူဋ္ဌေးဖြစ်မဲ့(မည့်)သူ"..။ စသည်ဖြင့် အဲဒီလိုနမိတ်ကောင်းသောစကားများကို တပါးသူအတွက် အကျိုးသက်ရောက်မှုရှိသည်ဖြစ်စေ/မရှိသည်ဖြစ်စေ မင်္ဂလာရှိသောစကားများကို ကျမနှင့်တကွ စာဖတ်သူများကို နှုတ်မှထွက်ဆိုစေချင်ပါသည်။အထက်ပါစကားများနှင့်ဆန့်ကျင်ဘက်ဖြစ်သော
"ဘုရားစူး..မိုးကြိုးပစ်"...။"ငါတော့ သေသာသေလိုက်ချင်တာပါပဲ"...။"မွဲချက်ကတော့"...
"သက်ဆိုးရှည်မဲ့ပုံမပေါ်ဘူး"...။"မိဘကိုကောင်းကျိုးမပေးတဲ့ခလေး"...။"ဒုက္ခပါပဲ"...။ဆိုတဲ့
နမိတ်ပြ စကားမျိုးတွေကို ကျမနှုတ်မှ အတတ်နိုင်ဆုံးမပြောမိအောင်ထိန်းရင်း "အတိတ် နမိတ်"ကောင်းသောစကားများကိုသာ ပြောဆိုတဲ့အကျင့်ကို အယူသီး(သည်း)သောကျမ၏
အုပ်ထိန်းသူ အဒေါ်ထံမှ အမွေရထားခဲ့ပါတယ်။ "ပါးစပ်နမိတ်"ရဲ့နောက်ကွယ်မှ ဖြစ်ရပ်အချို့ကိုတင်ပြလိုပါတယ်။"ပင်လယ်ပြင်သင်္ဘောမှောက်ခြင်း"ဆိုတဲ့သီချင်းထဲက စာသားများကိုကြည့်ပါ"မင်းမချစ်တော့ရင်xxxငါ့ရဲ့ဘဝဟာxxxသင်္ဘောမှောက်ပြီxxx
သိရဲ့လားxxxသိရဲ့လားxxxသိရဲ့လားxxx"ဆိုတဲ့သီချင်းခေတ်စားပြီးတဲ့နောက်မှာ
တကယ်ပဲ သင်္ဘောမှောက်လို့လူတွေသေခဲ့ကြရပါတယ်။နောက်တခုက "ချစ်တာတခုပဲသိတယ်"ဆိုတဲ့သီချင်းပါ..။"ဘာကြောင့်လဲxxxဘာအတွက်လဲxxxကိုယ်ကချစ်နေမိတာxxxတွေးရန်မလွယ်ပေမဲ့အဖြေခက်xxxသိသလိုမသိသလိုပါပဲxxx"...."တကယ်ပါမေရယ်xxxကိုယ်ကတော့ချစ်တာတခုပဲသိတယ်"xxxxx
(အဲဒီနေရာမှာ လူငယ်တွေကနောက်ပြောင်ပြီး)"ကိုယ်ကတော့သေတ္တာတခုထဲရှိတယ်"xxxxxဆိုပြီးဖျက်ဆိုကြတဲ့အချိန်ကာလဖြစ်တဲ့၂၀၀၃ မှာ မြောက်ဥက္ကလာက၊နွယ်နီရပ်ကွက်တခုလုံး
မီးလောင်ပြာကျသွားခဲ့လို့ "သေတ္တာတလုံးတောင်မကျန်ခဲ့ကြပါဘူး..။ ပါးစပ်နမိတ်ကြောင့် တကယ့်ဘေးဆိုးများနှင့် ကြုံတွေ့ခဲ့ကြဖူးပါတယ်။ အခုလာပြန်ပြီ။"ကမ္ဘာပျက်တော့မည်"တဲ့။
မပြောစေချင်ပါ။ ကျမအနေနဲ့ကတော့ ပျက်တော့မှသာပျက်ပါစေတော့။ ကမ္ဘာကြီးတကယ်ပဲ
ပျက်သည်ဖြစ်စေ၊ မပျက်သည်ဖြစ်စေ၊ ကျမကတော့တွေးကြောက်မနေချင်ပါ။အမှန်ပြောရလျှင်
တော့အလွန်ကြောက်ပါသည်။"ခြင်ဆိုးကြီး"တင်ထားသော YouTube မှ Video ကိုကြည့်မိ၍
ပို၍ကြောက်မိပါသည်။ အဲဒီအတိုင်းသာ တကယ်ဖြစ်ခဲ့မည်ဆိုပါလျှင်.......
(၁)ဘယ်သူတွေနဲ့ရှိနေချင်လဲ
မိဘမရှိတော့တဲ့ကျမအတွက် မိဘများနှင့်ကျမ အတူရှိနေမည်မဟုတ်တာတော့
သေခြာပါသည်။ မိတ်ဆွေ၊သူငယ်ချင်း၊ဒါမှမဟုတ် အားတက်စရာ ချစ်သူတယောက်
လောက်တော့ ကျမနားတွင်ရှိစေချင်ပါသည်။
(၂)ဘာတွေခံစားနေရလဲ
ကိုယ့်ကိုယ်ကိုမကြာခင်သေတော့မည်ကို သိနေသည့်လူတယောက် ဘယ်လိုခံစားနေရမည်နည်း။ ကျမအတွက်တော့သွေးပျက်နေမည်ပေါ့။
(၃)ဘာတွေပြင်ဆင်ထားမလဲ
ကမ္ဘာပျက်မှာကိုကြိုသိနေ၍ ပြင်ဆင်ထားမည်တဲ့လား။ ကမ္ဘာပျက်မည့်အချိန်ကို
သင်အတိအကျ သိပါ၏လော။ ပြင်ဆင်နည်း(၂)မျိုးရှိပါသည်။ မိမိသေမည်ကို အတိအကျသိပြီးသားဖြစ်၍ မသေခင် ဘုရားတရားအလုပ်များကို ဆထက်တန်ဖိုး
တိုး၍လုပ်ပြီး ဘဝကူးကောင်းရန် လုပ်ဆောင်ခြင်း။ကြိုတင်ပြင်ဆင်ခြင်း။ ဒါမှမဟုတ် "အသက်ကိုဥာဏ်စောင့်"ဆိုသကဲ့သို့ လွတ်လမ်းများကို ကြိုတင်တီထွင်ထားခြင်းပင်ဖြစ်ပါသည်။ ကျမအတွက်တော့ Videoဇာတ်လမ်းထဲကအတိုင်းသာဆိုလျှင်ဘုရားစာလည်း
ရွတ်နိုင်လိမ့်မည်မထင်၊ အသက်ဘေးမှလွတ်လိုလွတ်ငြား လွတ်နိုင်သလောက်ကြိုးစား၍
တော့ပြေးပါမည်။ (တကယ့်အန္တရာယ်နှင့်ကြုံတွေ့ရသည့်အခါကြိုတင်ပြင်ဆင်ထားသည်များကိုလည်း
လုပ်ဖို့ရန်မေ့ကောင်းမေ့နေပါလိမ့်မည်.)။
(၄)ဝမ်းနည်းမိမှာက
ဝမ်းနည်းမိမှာကတော့ ရခဲတဲ့လူ့ဘဝ၊ဖြစ်ခဲတဲ့လူ့ဘဝ၊ ကိုယ့်ဘဝလူဖြစ်မှပဲ ဒီလိုအဖြစ်ဆိုးနဲ့ကြုံတွေ့ရသည်။ သေနေ့စေ့၍ သေခြင်းမျိုးကိုသာ ကျမလိုလားသည်။ အသေဆိုးဖြင့်သေသောသေခြင်းမျိုးကို ကျမ၊မလိုလားသည်မှာ အမှန်။ အရင်ဘဝက
ပြုခဲ့သော ကုသိုလ်မကောင်းခဲ့၍ ဒီဘဝမှာ ကပ်ဘေးဆိုးကြီးဖြင့်ကြုံတွေ့ရသည့်အတွက် ဝမ်းနည်းမိသည်။
(၅)ကြောက်လန့်မိမှာက
ကြောက်လန့်ယုံတင်မက၊သွေးပျက်နေပြီ။ အသိစိတ်တို့ ကျမကိုယ်တွင် ကပ်ချင်မှကပ်တော့မည်။ အဆောက်အဦးကြီးတွေ ကျမအပေါ်ကို လဲပြိုကျလာမည်လား။ ပတ်ကြားအက်နေသည့်မြေကြီးထဲကိုပဲ ကျမကျွံဝင်သွားမည်လား။ ပေါက်ကွဲမှုတခုခုကြောင့် ကျမ၏ကိုယ်ခန္ဓာသည် အစိတ်စိတ်ကြေမွကုန်မည်လား။အမျိုးမျိုးတွေး၍ ကြောက်လန့်မိပါသည်။ ဒါမှမဟုတ် အလွန်မြန်ဆန်လွန်းသောအဖြစ်အပျက်ကြောင့် ကိုယ်သေသွားသည်ကိုတောင် သိချင်မှသိမည်။ ကြောက်ဖို့အချိန်ရချင်မှလည်းရမည်။
(၆)ဆောင်ထားချင်တာ
ဒီလောက်ကမ္ဘာပျက်နေချိန်မှာ ဘာကိုဆောင်ရပါမည်နည်း။ ကျမအတွက်တော့
ကံ၊ဥာဏ်၊ဝိရိယ နှင့် သေကာမှလျှော့မည့်"ဇွဲ"ပဲပေါ့။
(၇)ဘာတွေရေးမိမလဲ
ကမ္ဘာပျက်ခြင်းနှင့်ပတ်သက်၍ ကမ္ဘာမပျက်ခင်(၃)နှစ်အလိုက ရေးခဲ့သော "ကြောက်ကန် ...ကန်ခြင်း" ဆောင်းပါးကလွဲ၍ ကမ္ဘာပျက်ခြင်းအကြောင်းကို ထပ်၍ ရေးတော့မည်မဟုတ်ပါ။ အကယ်၍ ဤကပ်ဘေးမှလွတ်ခဲ့လျှင်တော့ ကြုံတွေ့ခဲ့ရသည်များကို ရေးကောင်းရေးပါအုံးမည်။
(၈)တွေးမိတွေးရာ
Video ဇာတ်လမ်းတခွေကို နောက်ပြန်ရစ်ကြည့်သကဲ့သို့ ကျမဖြတ်သန်းလာခဲ့သော ဘဝရဲ့အမှတ်ရစရာများကို အသက်မထွက်မီအချိန်တွင် တွေးကောင်းတွေးမိပါလိမ့်မည်။
(၉)ဂုဏ်ယူချင်တာက
ကျမ လူတယောက်ဖြစ်ခဲ့ဖူးသည်။ ကိုယ့်တနိုင် လူသားအကျိုးပြု လုပ်ငန်းတချို့ကို လုပ်ခဲ့ဖူးသည်။ ဗုဒ္ဓ၏ ဓမ္မတရားများကို နာကြားခဲ့ရဖူးသည်။ ဗုဒ္ဓဘာသာလူမျိုးတယောက်ဖြစ်ခဲ့ဖူးသည်။ ယဉ်ကျေးသိမ်မွေ့သောသူတယောက်ဖြစ်ခဲ့ဖူးသည်။ မိကောင်းဖခင် သားသမီးတယောက်ဖြစ်ခဲ့ဖူးသည်။
(၁၀)ရှာကြံဖြေသိမ့်မိတာက
“ငါတယောက်ထဲမှမဟုတ်တာ။ ကံတရားပဲပေါ့။”....
(၁၁)ကျူးရင့်ချင်တဲ့ဥဒါန်း
ကမ္ဘာမပျက်နိုင်ပါ။ ယနေ့မှ"စ"၍သွေးပျက်စေမည့် ကမ္ဘာပျက်မည့်အကြောင်းများကိုလည်း ထပ်၍မပြောလိုပါ။ မဖြစ်သေးခင် တွေးကြောက်နေမည့်အစား လာမည့်ဘေး..လာမှသာလျှင် ပြေးတွေ့လိုက်ပါတော့မည်။ သီချင်းလေးတပုဒ်ကြားဖူးတယ်..."ဖခင်ဘုရင်ကြီးမှာxxxxမကြားလိုပါxxxမကြားလိုပါxxx"...(ဘုရင်ကြီးတော့မဟုတ်ဘူး....နတ်သမီးမှာxxxကမ္ဘာပျက်မည့်အကြောင်းကို xxxမကြားလိုပါxxxမကြားလိုပါxxxx)
(၁၂)နိဂုံးချုပ်အနေနဲ့
ပြောချင်တာကတော့ဘာသာတရားကိုင်းရှိုင်းသည့် မြန်မာလူမျိုးများရှိသော ကျမတို့ရဲ့တိုင်းပြည်။
ယဉ်ကျေးမှုသာသနာများထွန်းကားသည့် ကျမတို့ရဲ့တိုင်းပြည်။
ဗုဒ္ဓ၏တရားရိပ်ဖုံးလွှမ်းထားသော ကျမတို့ရဲ့တိုင်းပြည်မှာ ကမ္ဘာပျက်ခဲ့ရင်တောင် ပိုးစိုးပက်စက်မဖြစ်နိုင်ပါကြောင်းနှင့် သေလျှင် ကိုယ်နှင့်တပါတည်းကပ်ပါလာနိုင်သော ကုသိုလ်ကောင်းမှုများကို ကမ္ဘာမပျက်ခင် တတ်နိုင်သလောက် ထမ်းဆောင်ရင်း ပါးစပ်နမိတ်မဖတ်ကြဖို့ "ကြောက်ကန်...ကန်ရင်း"...ရေးသားလိုက်ရပါသည်။( အမှန်မှာတော့ ကျမယ္ခုရေးသားထားသောစာများသည် ကမ္ဘာပျက်မည့်အကြောင်းကိုတွေး၍ "ကြောက်ကန်...ကန်ခြင်း"သာဖြစ်ပါသည်ရှင့်။)
14 comments:
မရေ ဆွေလေး လာလည်ပြီး မကြောက်ကန် ကန်တာကို
ဖတ်သွားပါတယ်..ကြုံလာတော့လည်းသွေးအေးအေးပေါ့..
မရယ်..သွေးအေးလေ ကိုယ့်အတွက်ရှင်သန်မှုက တစ်ပန်းသာလေးပါပဲ..ဟဲဟဲ..ဘယ်ကဒသနတွေလဲတော့ မမေးနဲ့...ရင်တွင်းဖြစ်ဖြစ်......
မွေးနေ့လက်ဆောင်ကိုတော့ ဆွေလေးလဲပေးမလို့ .... :) :) :)
ညီမရေ..
အေးဆေး.. ကြောက်နဲ့.
ကမ္ဘာမပျက်ပါဘူး... လျှောက်ပြောနေကြတာ.
နောင်လာမယ့်အနှစ် ၂၀မှာ ဘလော့ဂါတွေ့ဆုံ
ပွဲလုပ်ဦးမှာနော်. ကြိုဖိတ်ထားတယ်.
မြန်မာဝတ်စုံလေးနဲ့ ညီမလေးက အရမ်းလှတယ်။
ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ။
ဝါ၀ါခိုင်မင်း
အစ်မရေ...ကြောက်ကန်လေးကမိုက်ပါတယ်။
အမှန်တော့ကမ္ဘာပျက်မယ့်အချိန်မှာကျနော်
တို့ မရှိနိုင်တော့ဘူးလေ။ကိုယ့်ကိုယ်ကိုပဲတော်
တော်လေးဝမ်းသာဂုဏ်ယူရမှာပေါ့...အဟဲ :)
ဘာခုမှ ကြောက်ပါတယ်လဲ။ ဟားဟား။
http://myanmarastronomy.blogspot.com/2008/10/blog-post.html
ဒီ link ထဲမှာ ဖတ်ကြည့်ပါဦးအမရယ်။
သူငယ်ချင်းရေ .... မကြောက်နဲ့တော့.. သေရင်လည်း အားလုံးတူတူ သေရမှာပဲလေ။ ဒီတော့ ဒို့တွေ မသေခင်လေးမှာ စိတ်ကောင်းစေတနာကောင်း လေးနဲ့ နေကြမယ်။ ကိုယ်ပြုသမျှ ကုသိုလ်သာလျှက် ကိုယ်နောက်သို့ လိုက်ပါနိုင်မည်တဲ့။ ဒို့တွေ နေတတ် သေတတ်အောင်သာ လေ့ကျင့်သွားကြတာပေါ့ကွာ..။
ခင်မင်လေးစားလျှက်
တော်သေးတာပေါ့ ခြင်းကြားကြီး မဟုတ်လို့ ခိခိ...
နာ့ညီမက အနုပညာဝါသနာပါလားမပါလား...
ကျုးရင့်ခြင်တဲ့ဥဒါန်းကို ကြည့်ရင် သဘောပေါက်ဒယ်... ဟီးဟီး...
အဲလိုမျိုးရေးချင်တဲ့သူတွေ ရေးကြပြီးတော့ မရေးချင်ပဲ ဖြစ်ညစ်ရေးကြတဲ့ ဟာတွေက မှ ရေလည်ဖတ်လို့ကောင်းတာနော်.... ဟွင်းဟွင်း...
နတ်သမီးက မကြားလိုပါ မကြားလိုပါ...
..................................................
သီတာရေစင်ပမာ တသွင်သွင်စီးကျလေရှာ... ဒန်တန်တန်...း)
ကြုံလို့ပြောရအုန်းမယ် အစ်မရေ...
နွယ်နီမှာ မီးလောင်တာတော်သေးတယ်....
၁၉၉၂ ကလောင်တဲ့မီးကမှ (ည) ရပ်ကွက်နဲ့
(ဌ) ပြောင်ပါလေရော... သေတ္တာတောင် တ၀က်ပဲ ကျန်မယ်...
(ကျွန်တော်တို့ကတော့ သေတ္တာ၂ လုံးလောက်ကျန်တယ်) :P
နတ်သမီးရေ...
တက်ဂ်ပို့စ်လေး...လာဖတ်တယ်ဗျ...။
ကြောက်ကန်မကန်ပါနဲ့ဗျာ...။
အစ်မ၀ါပြောသွားတာ တွေ့ဘူးလား...။
စိတ်အေးနေနော်...အဟီး...။
(ကဗျာ...ပို့ပေးတော့မယ်နော်..သယ်ရင်း...ပြီးတော့မယ်...)
ပျက်ပါဖူး
း) စိတ်မပူနဲ့
း)
ဟင်... စာချည်းပဲး(
နတ်သမီး ပုံလေးကြည့်ချင်လို့ လာတာဗျား(
အမေကလေ.အကောင်းပကတိကနေငါသေချင်တယ်လို့ ပြောပြီး လေးးနာရီအကြာမှာ heart attack နဲ့သေသွားခဲ့တယ်။
မကြောက်ပါနဲ့ နတ်သမီး ရယ်..
မိုးပေါ်ထောင်မပစ်ပါဘူး..(နတ်ပြည်ရှိလို့)
တည့်တည့်ပဲပစ်တယ်
ချစ်မကြီးးးးးးးးးးး ကြောက်နဲ့ သာမီးရှိတယ်နော်။
ဟဲဟဲ.... ကမ္ဘာမပျက်ခင် ပျက်စီးသွားတဲ့ စိတ်ဓာတ်လေးတွေသာ ပြင်သင့်တာပါ။
မကြောက်နဲ့ မ.. သမီးတို့ရှိသေးတယ်နော်။
အဆင်ပြေပျော်ရွှင်ပါစေ။
နတ်သမီးရေ
ပူးတေလဲ 2012 ကားထဲက အနိဌာရုံတွေကြည့်ပြီး တော်တော်လေး စိတ်ညစ်သွားတယ်။ တကယ်ပျက်မယ်ဆိုလဲ ကိုယ့်နိုင်ငံမှာပဲ ကိုယ်သေချင်ပါတယ်။ ...
Post a Comment