Sunday, November 22, 2009

ကျမရင်ကို စွဲကိုင်လှုပ်ရမ်းလိုက်သော...သူတို့(အပိုင်း၂)

အဖြူရောင် ကဗျည်းကျောက်စာတိုင်ထဲက “အမှတ်တရ
နိုဝင်ဘာ၁၉”

“ခင်မင်မှုတွေ စတည်လို့
မမြင်နိုင်တဲ့သံရောဇဉ်
စာတွေရေးရင်းရောက်ခဲ့ရ
Angelလေးရဲ့အိမ်ဂေဟာ”........
(ဒဏ္ဍာရီ)
“အိပ်မက်တွေကိုစိုးမိုးတဲ့သူရေ
ဧဒင်ဥယျာဉ်ကြီးအသစ်ဖန်ဆင်းပေးပါမယ်
ပီသတဲ့ရင်ခုန်ခြင်းပြုံး၍လည်းနားဆင်ပါ
ပီသတဲ့ရင်ခုန်ခြင်းရယ်(ရီ)၍လည်းနားဆင်ပါ”............
(ဝက်ဝံလေး)
“အကာအရံများစွာနဲ့
ကန့်သတ်ပိုင်းခြားထားသော
ကမ္ဘာ့နံရံများကြားက
ဖောက်ထွက်လာတဲ့အလင်းတန်း
ကမ္ဗာလာမြေလွှာတွေလန်းစေဖို့
နတ်ပျိုမင်းသမီးကို
ရက်တိုတိုအလင်းနဲ့
ချက်ချင်းဖန်ဆင်းလိုက်တယ်”..........
(ညရဲ့ကောင်းကင်)
“အသွင်တမျိုးနဲ့
ယဉ်လဲ့ဖြူစင်တဲ့အပြုံးဆောင်
ရောင်စုံဖြာဘလောဂ်ရွာလေးထဲမှာ
နတ်ရေးတဲ့ဖူးစာတွေ့စေဖို့
သမင်လည်ပြန်မခို့တရို့နဲ့မို့
မီးမထွန်းပဲလင်းလှစွာအေးဆေး
မွေးဖွားလာပေးသူတယောက်”.....
(ကိကီ)
“နိုဝင်ဘာ၁၉ဒီလိုနေ့မျိုးမှာ
မရိုးနိုင်တဲ့စာလုံးတွေသီကုံး
တကမ္ဘာလုံးအတွက်မဆုံးနိုင်တဲ့
အိပ်မက်တွေပေးမက်မယ့်
သူမကိုမွေးဖွားခဲ့တယ်”.....
(Promise)
“အဖြူရောင်သင်္ကေတနဲ့
နှင်းမှုန်တွေကြားမွေးဖွား
သူငယ်ချင်းတွေကိုနှင်းကလေးလို
အေးမြဖြူစင်စေသူ”.......
(တောလူသစ်)
“သူမဘဝကပန်းချီဆန်တယ်
မှော်ဆရာပျိုးတဲ့ပန်းတစ်ပွင့်ပေါ့
ဥယျာဉ်မှုးသူမက
ပန်းကလေးတွေကြည့်ပြီး
ကြည်နူးတတ်သူ”...........
(သက်တန့်ချို)


“ဝိုင်းစက်ဝန်းနက်မျက်သစ်စတို့
ပိုင်ဆိုင်ပြီးသော်ထင်သောနှာတံ
ပြည့်သောနှုတ်ခမ်းချိုသောအပြုံး
ကြည့်သောနှလုံးပိုင်ရှင်သည်
်အဖြူရောင်နတ်သမီးမည်၏”....
(မောင်ဘကြိုင်)
“ကမ္ဘာတစ်ခွင်လှည့်လည်စီးဆင်းနေတဲ့
ရေစီးကြောင်းတို့ရဲ့ချီတက်သံတွေက
အဖြူရောင်နတ်သမီးလေးအတွက်တော့
ခွန်အားတွေပဲပေါ့”......
(ဖိုးစိန်)
“စမ်းရေလိုအေးပန်းလိုလည်းမွှေး
ပြည့်စုံမှုဘဝလူ့လောကမှာ
စိတ်အေးချမ်းသာကျန်းမာစွာနဲ့
နေနိုင်ပါစေနော်”.........
(နေစစ်သူ)



“အားလုံးက
ငေးမောအားကျရမယ့်
နတ်သမီးပုံပြင်ထဲက
အဖြူရောင်နတ်သမီးပေါ့
ပန်းနုရောင်နှလုံးသားမှာလည်း
တစ်စုံတယောက်ကိုချစ်တဲ့အချစ်တွေနဲ့
ပြည့်စုံလှပနေခဲ့”.....
(သိင်္ဂါကျော်)
“လက်ဖဝါးနုနုမှာအက္ခရာတွေဥထားတဲ့
လင်းတစက်စက်မျက်တောင်လေးရဲ့
ပန်းရောင်ပျပျ'နမ်းမဝ'ဘဝမှာ
'ပထမ'ဆိုတဲ့အယူတော်နမိတ်ကို
အပြုံးဂုဏ်ဒြပ်ထဲထည့်ခံစားချက်ကိုလက်ဆွဲ
ရာဇဝင်ထဲမှာခရီးဆက်အုံးမယ်”.....
(မိုးစက်အိမ်)
“ပျံသန်းလာခဲ့မယ်
်အလင်းမဲ့ရပ်ဝန်းများဆီသို့
နုနယ်တဲ့အတောင်ပံတစ်စုံကိုဖြန့်ကျက်ရင်း
ငါ...ပျံသန်းလာခဲ့မယ်”......
(ဏီလင်းညို)



“ပါတီပွဲလေးတစ်ခု
မင်းရဲ့Birthday ...မို့
ငါ့ရဲ့ခြေအစုံဟာ
ထူးခြားစွာပေါ့ပါးနေခဲ့တယ်”.......
(Moon)
“ဘယ်သူမဆိုကိုယ့်ခရီးမှာ
ကိုယ့်မီးနဲ့ကိုယ်ပဲလေ...
ကိုယ့်အပင်ကိုယ့်အသီးအပွင့်
မြင့်မြတ်ရှင်သန်ဖွံ့ထွားဖို့
နိုးကြားသင့်ပေရဲ့”.......
(ကိုနောင်)
“အဲဒီချဉ်ခြင်းတွေတက်တက်နေသမျှ
အိပ်ရာထတိုင်းကဗျာကိုပက်ချင်နဲ့သောက်ရမှ
ကြေနပ်နေတဲ့ငါ”....
(အရုပ်ကလေး)



“လောဂဓံအလယ်
ကြုံလာသမျှအခက်ခဲတိုင်း
တစ်ကိုယ်တည်းသာ
လျှောက်လှမ်းရင်းနဲ့
ရင်ဆိုင်အံတုထိုးခွင်းလှဲမယ့်
“အဖြူရောင်နတ်သမီး”....
(မိုးငွေ့)





အခုတော့လည်း “အဖြူရောင်နတ်သမီး”ရဲ့
“အမှတ်တရ နိုဝင်ဘာ၁၉”ဆိုတဲ့
ကဗျည်းကျောက်စာတိုင်ရဲ့ရှေ့မှာ
ကဗျာရှင်တို့ကို အရိုအသေပေးရင်း
ကဗျာတွေရဲ့ကြားမှာ နတ်သမီးလေးပျော်နေတယ်....
ပြီးတော့....ကြည်နူးနေတယ်....
ပြီးတော့...ပြုံးနေတယ်....
ပြီးတော့....
ပြီးတော့....
ပြီးတော့......
(Comment နေရာတွင်သော်လည်းကောင်း၊ CBox နေရာတွင်သော်လည်းကောင်း မွေးနေ့ဆုတောင်း ရေးပေးခဲ့ကြသော မောင်နှမများနှင့် ကဗျာလက်ဆောင် ပေးပို့သူ မောင်နှမများအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါကြောင်းနှင့် မတော်တဆ ရေးရန်ကျန်ရှိခဲ့သော ကဗျာ၊အမည်များကို အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံပါတယ်ရှင်)
နတ်သမီးအတွက် ပုံပြင်လေးတစ်ပုဒ်လက်ဆောင်ရေးပေးခဲ့သော ဘကျောက်( ရွှေရတုမှတ်တမ်း )ကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း...။


အားလုံးကိုချစ်တဲ့ ......နမ်းမဝ(အဖြူရောင်နတ်သမီး)

9 comments:

reenoemann said...

ပျော်စရာလေး ဖြစ်ခဲ့တာပေါ့ဗျာ

ခင်တဲ့ရီနို

rose of sharon said...

ကဗျာတွေရဲ့ကြားမှာ ပျော်နေတဲ့နတ်သမီးလေးရေ... မွေးနေ့နောက်ကျသွားတာဆောရီးနော်... အဖြူရောင်နတ်သမီးလေးရဲ့ ဘဝ တစ်လျှောက်လုံး ထာဝရပျော်ရွှင်ချမ်းမြေ့ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...

မိုးစက်အိမ် said...

ကဗျာတွေ အားလုံးလှတယ်ဗျာ . . . ပျော်ရွှင်ပါစေ အမရေ

မြစ်ကျိုးအင်း said...

ကဗျာမရေးပေးဖြစ်ပေမယ့် မွေးနေ့ရှင် ပျော်ရွှင်ပါစေ လို့ဆိုတောင်းပေးပါတယ်နော်

(နောက်ကျပြီးမှ ဆုတောင်းပေးဖြစ်တာ ခွင့်လွှတ်ပါဗျာ)

ဖိုးစိန် said...

း)) ပီတိ

coralnyo said...

မွေးနေ့လက်ဆောင်ကို လက်ဆောင်ပြန်ပေးလိုက်ပုံက လှတယ်ဗျာ.......

ဒဏ္ဍာရီ said...

ချစ်သောသူငယ်ချင်းရေ .... မွေးနေ့လေးမှာ အမှတ်တရလေး နဲ့ အောင်မြင်ခဲ့တာ မြင်ရလို့ ၀မ်းသာမိပါတယ်။

ခင်မင်လေးစားလျှက်

ညရဲ့ကောင်းကင် said...

ကဗျာလေးတွေ အားလုံးက တော်တော်ကောင်းကြတယ်....
စေတနာမေတ္တာတွေနဲ့ ရေးဖွဲ့ပေးကြလို့လားမသိဘူး...

အဖြူရောင်နတ်သမီး said...

ဟုတ်တယ်...
ကဗျာတွေ အားလုံးကောင်းတယ်...
အားလုံးဟာ သူ့နေရာနဲ့သူ အသက်ဝင်နေကြတယ်...
ကဗျာရှင်တို့ကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်...

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger