ဒီနေ့..ကျမတို့ ဝန်ထမ်းတွေ...မသင်မဖြစ်သင်ရတဲ့...Training တစ်ခုကတော့....
"How to make the Classic Cocktail" ..ပါပဲ...။
ဆရာက...Cocktail တစ်မျိုးစီမှာ ပါဝင် တဲ့...ထည့်ရမည့် အရက်၏ပမာဏ..၊အရောင်အဆင်း၊အလှဆင်ရမည့်သစ်သီးအမျိုးအစား..နှင့်အလှဆင်ပုံ...၊
သုံးရမည့်ဖန်ခွက်အမျိုးအစား....တို့ကို......အရှေ့ကနေ...လုပ်ပြပါတယ်...
ကျမတို့က..စာအုပ်နဲ့လိုက်မှတ်ပြီး...Cocktail တစ်မျိုးစီရဲ့..အရသာကို...မြည်းစမ်းကြည့်ရပါတယ်..။
အဲဒါမှလည်း...ကိုယ်..ကိုယ်တိုင်လုပ်ကြည့်တဲ့ အခါ...အဆင်ပြေမှာ..မဟုတ်လား...။
Cocktail အမျိုးအစားများကတော့....
-Brundy Sour
-Bloody Mary
-Harvey Wallbanger
-Pimm's No.1
-Gin Fizz ( သင်တန်းအပြီး..အမှတ်တရ ရိုက်ထားတာ ) ---->
ရ-Cuba Libre
-Margarita
-Martiny Cocktail
-Rusty Nail
-Tequila Sunrise
-Mojito
-Cosmopolitan Classic
-Pina Colada
-Strawberry Malgarita
-Caipirinha
-Black Russian.etc.....တို့ပဲဖြစ်ပါတယ်...။
Cocktail အမျိုးအစားများဟာ....အလွန်များပြားတာကြောင့် ဝန်ထမ်းတိုင်းဟာ...
Cocktail အားလုံးရဲ့..အရသာကို...တစ်ချိန်တည်းမှာ...မမှတ်မိနိုင်ပါဘူး....
ဒီအတွက်..ဆရာမှ...ဝန်ထမ်းတစ်ယောက်စီကို...ကြိုက်နှစ်သက်ရာ...Cocktail နှစ်မျိုးစီကို..ရွေးစေပြီး...
ရှေ့က..ဆရာစပ်ပြထားတဲ့အတိုင်း...တူအောင်လိုက်စပ်ရပါတယ်...။
ပြီးတော့..အရသာ...တူ...မတူကိုလည်း...မြည်းကြည့်ရပါတယ်..။
ဒီလိုနဲ့...ကျမအလှည့်...ကျတာကတော့....
(၁)Pina Colada နဲ့ (၂)Black Russian တို့ပါပဲ...။
ပါဝင်တဲ့...စပ်ရမည့် အရက်အမျိုးအစားတွေကတော့...
(၁)Pina Colada(Rum,Pineapple Juice,Malibu,Vanilla Ice Cream)
(၂)Black Russian(Tia Maria,Vodka,Kahlua)တို့ ဖြစ်ပါတယ်..။
ဆရာစပ်ပြထားတဲ့ အတိုင်း...ကျမကြိုးစားပြီးစပ်ပေမဲ့...အရသာ ကွာနေတာကြောင့်...၃/၄ခါ ပြန်လုပ်ရပါတယ်....။
(Pina Colada ရဲ့အရသာဟာ ဒိန်ချဉ်ဖျော်ရည်ကဲ့သို့ရှိပြီး အုန်းသီးအနံ့လေးသင်းပျံ့နေပြီး Black Russian ကတော့ ကိုကာကိုလာနှင့် ကော်ဖီအနံ့ပါသောအရက်ရောထားသောကြောင့် Black Coffee အရသာနှင့်ဆင်တူပါသည်)။ကျမလည်းမြည်းလိုက်...စပ်လိုက်ပေါ့..နောက်ဆုံးမှာတော့...ကျမ...စပ်တဲ့..Cocktail အောင်မြင်ခဲ့ပါတယ်။အဲဒီနေ့က...ဘာကြောင့်မှန်းမသိ၊ကျမလေ...သူငယ်ချင်းတွေနဲ့စကားတွေအများကြီး...ပြောဖြစ်ခဲ့တယ်...။
သူငယ်ချင်းရဲ့...ပြောစကားအရတော့.....
"အဲဒီနေ့က.....နင်...မူးသွားတယ်"......တဲ့.......
(Bar သင်တန်း ဆင်းလက်မှတ်ရဖို့ ဝန်ထမ်းတိုင်း လက်တွေ့လုပ်ပြကြရပါတယ်)
12 comments:
သိပ်မပြောနဲ့ဗျ...
သောက်ချင်လာပြီ...
နဲနဲလောက်ပို့လိုက်ဗျာ... :P
နတ်ပြည်က cocktail သောက်ချင်တယ်
ဂေ့.................
းဝ)
အဟဲ ဘယ်ဘက်က တတိယမြောက် တရုတ်က တော်တော်လေး မျက်လုံးပြူးတာပဲ ဟိဟိ
သူ့နာမည်က..“Angel” တဲ့..
အလုပ် လုပ်တာအရမ်းတော်တယ်..
အရမ်းလည်းရီရတယ်...
ဘယ်လောက်တောင် သောက်လိုက်တာဒုံးးးးး
မူးရင် ရစ်တတ် သလား ဗျိုးးးး
နတ်သမီး တပါးထဲက သူများနဲ့ မတူအောင် ဝတ်ထားတာ ဘာလို့ များပါလိမ့် နော် ... ဟိဟိ
“မ”ကဧည့်ကြိုလေ..
ကျန်တဲ့သူတွေက စားပွဲထိုး..ဆိုတော့ ဝတ်စုံမတူဘူပေါ့..
“မ”ကတော့မြန်မာအင်္ကျီပဲဝတ်တာများပါတယ်..
ဝန်ထမ်းတွေရဲ့ဝတ်စုံတွေကို“မ”ပဲချုပ်ပေးရတာလေ(ကြော်ငြာဝင်တာ)...
ပြောဖို့ကျန်ခဲ့လို့“KI”လေးရေ...
အများကြီးသောက်လိုက်လို့မူးသွားတာမဟုတ်ဘူး...
့မြည်းယုံလေးပါ...“မြည်း”တာနဲ့“သောက်”တာနဲ့က မတူဘူးလေ..“မြည်း”တယ်ဆိုတာက တဆွတ်နှစ်ဆွတ် အရသာခံယုံလေးကိုပြောတာ။ “သောက်”တယ်ဆိုတာကတခွက်လုံးကုန်အောင်သောက်တာကိုပြောတာ။“မ”တို့ဆီမှာ “wine Tasting” Training လုပ်တုန်းကဆိုရင် ဝိုင်ကိုပါးစပ်ထဲမှာငုံခိုင်းပြီး ပြန်ထွေးထုတ်ပြစ်ရတာ..ပြီးမှအဲဒီဝိုင်ထဲမှာပါဝင်တဲ့အသုံးပြုထားတဲ့ စပျစ်သီးရဲ့နာမည်.၊.ပစ္စည်းတွေနဲ့(သစ်သားအရသာ၊သစ်သီးအရသာ၊ချော့ကလက်အရသာ၊လိမ်းညှင်းပွင့်အရသာ၊စပ်သောအရသာ၊...)အရသာကိုမေးတာ။ပြီးတော့ အရက်ဆိုတဲ့သဘောကိုက တခုတည်းပဲသောက်ရတာလေ..ရောသောက်လိုက်လို့ကတော့ ကမ္ဘာကြီးခြာလပတ်ရမ်းပြီသာမှတ်။
အခုဟာက ဟိုဟာမြည်း...ဒီဟာမြည်းဆိုတော့ ရောသွားလို့ပါ..။သောက်လေ့သောက်ထမရှိတဲ့အူရိုင်းဆိုတော့ပိုဆိုးတာပေါ့...တရုတ်မတွေဆိုရင်ဖြုံတောင်မဖြုံဘူး...
သောက်ချင်တယ်....
Bloody Mary တို့ Screwdriver တို့ရောပါဝူးလားဟင်.. ၁ ခါလောက်တော့ အကုန်စုံအောင် သောက်ကြည့်ချင်တယ်..ဟီးဟီး
အန်ဖတ်မကြုံးနိုင်ဘူးနော်...
အာ.. ဥသြတော့မဆွဲဘူး.. အာမခံတယ်.. ဟိဟိ.. တဖြည်းဖြည်းနဲ့ ဇာတိတွေပေါ်လာတော့မယ်.. နောက် ပို့စ်၁ခု ပြောင်းမန့်တော့မယ်.. ဟဲဟဲ
Post a Comment