“သန်မိုးကုန်စဲ၊နှင်းသေးဖွဲသည်၊ခဝဲပွင့်တုန်း၊တန်ဆောင်မုန်း”ဟုဆိုထားသော တန်ဆောင်မုန်းလတွင် ဗုဒ္ဓဘာသာဝင်တို့သည်၊တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ ကထိန်ပွဲတော်၊ ကျီးမနိုးပွဲများကို ရိုးရာအစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသည်။ တန်ဆောင်တိုင်ပွဲတော်ကို ဘုရားမပွင့်မီအခါက ဂြိုဟ်နက္ခတာရာများကိုအဆိုးရသော နတ်ဘုရားများအား ဂုဏ်ပြုသောအားဖြင့် ကြတ္တိကာပွဲဟုခေါ်တွင်ခဲ့သည်။ “တန်ဆောင်”ဆိုသည်မှာ မီးရှူးမီးတိုင်ဟု အဓိပ္ပါယ်ရ၍ “ပုန်း”မှာ မီးပန်းများထွန်းလင်းတောက်ပစေခြင်းဖြစ်၍ “မီးရှူးမီးတိုင်တို့ကို တောက်ပစေသောလ”ဟု အနက်အဓိပ္ပါယ်ရပါသည်။ လောကနီတိဆရာက “သရဒံ ဥတုကာလနံ ပဓာနံ”(လ တကာတို့တွင် တန်ဆောင်မုန်းလသည် အမြတ်ဆုံးလဖြစ်သည်)ဟု ရေးစပ်ခဲ့ဖူးသည်။ တန်ဆောင်မုန်းလသည် ဆီးနှင်း၊မြူ၊တိမ်၊သူရိန်၊မီးခိုးဟူသောညစ်မျိုး(၅)ပါး ကင်းစင်၍ရာသီဥတုသည် အလွန်အေးမြကြည်လင်သော လပင်ဖြစ်သည်။တန်ဆောင်တိုင်ညသည် ဆေးပေါင်းခသောညဖြစ်သည်ဟု ယူဆပြီး မယ်ဇလီဖူးများကို သုတ်၍စားသည့်ဓလေ့မှာ ယ္ခုအချိန်ထိရှိနေဆဲဖြစ်သည်။ ခဝဲပန်းများပွင့်လန်းသော တန်ဆောင်မုန်းလတွင် ဗုဒ္ဓခွင့်ပြုတော်မူခဲ့သည့် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ စ၍ တန်ဆောင်မုန်းလပြည့်နေ့အထိ (၁)လအတွင်း မိမိကထိန်ခင်းလိုသော ရက်ကိုရွေးချယ်၍ မိမိတို့နှင့်ပတ်သက်ရာ ဘုန်းကြီးကျောင်းများတွင် အလှူပေး၍ ကထိန်ပွဲများကိုကျင်းပလေ့ရှိသည်။ “အလှူမှာကထိန်၊ဆွမ်းမှာ ပိဏ်၊ရတနာမှာစိန်၊ကျောင်းမှာသိမ်”ဟူသော စကားကို ဗုဒ္ဓဘာသာဝင်တိုင်းသိထားကြမည်ဟုယုံကြည်ပါသည်။ ထိုသို့ကထိန်သင်္ကန်းကိုကပ်လှူသော သူတို့သည် “အနှောင်အဖွဲ့မှကင်းလွတ်ခြင်း”ဟူသောအကျိုးတရားများကို ရရှိနိုင်ပါသည်။ အကြောင်းတိုက်ဆိုင်၍ အနည်းငယ်ဖြည့်စွက်လိုသည်မှာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတိုင်း သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့မှစ၍ တန်ဆောင်မုန်းလပြည့်နေ့အထိ တလအတွင်းမိမိကထိန်ခင်းလိုသော ရက်ကိုေ၇ွးချယ်၍ မိမိတို့ကိုးကွယ်ရာ ဘုန်းကြီးကျောင်းများတွင် ဆွမ်း၊ထမင်း၊ဟင်းများကိုချက်ပြုတ်၍ ရဟန်းသံဃာတော်များအား အာရုံဆွမ်း ကပ်လှူလေ့ရှိသည်။ အဲဒီအလှူဒါယိကာများထဲတွင် ကျမ၏မေမေလည်းတယောက်အပါအဝင်ဖြစ်သည်။ မေမေပြောပြချက်အရ ကျမတို့ကိုးကွယ်သော ဘုန်းကြီးကျောင်းတွင် အလှူလုပ်ရန် ညဘက် ဆွမ်း၊ထမင်း၊ဟင်းများချက်နေစဉ် ကျမကိုယ်ဝန်ကိုလွယ်ထားရသည့် မေမေမှာ ဗိုက်နာလာသဖြင့် ဆေးရုံသို့ပြေးခဲ့ရပြီး နောက်တနေ့(တနင်္ဂနွေ)နေ့နံနက် အာရုံတက်အချိန်မှာ ကျမကိုချောမောစွာ မွေးဖွားခဲ့သည်ဟုဆိုပါသည်။ ဤသို့ဖြင့် ကျမ၏မွေးနေ့ဖြစ်သော တန်ဆောင်မုန်းလသို့ရောက်တိုင်း သံဃာတော်များအား ကထိန်သင်္ကန်ုးကပ်လှူရင်း ကျမ၏မွေးနေ့ပွဲကို ပူးတွဲကျင်းပလေ့ရှိပါသည်။ မြင့်မြတ်လှသည့်တန်ဆောင်မုန်းလတွင် ကျမကိုဖွားမြင်ပေးခဲ့သော မေမေ၊ကျမကိုဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်အောင် နည်းလမ်းပြပေးခဲ့သောမေမေ၊ဝမ်းမှကျွတ်ကတည်းက ကျမကိုအလှူဒါနနှင့် မိတ်ဆက်ပေးခဲ့သောမေမေအား နို့တလုံးဖိုးမကျေသော်ငြားလည်း ဆံချည်မျှင်တပင်မျှ တာဝန်ကျေချင်သောကြောင့် ကျမ၏မွေးနေ့သို့ရောက်တိုင်း ရဟန်းသံဃာတော်များအား ကထိန်သင်္ကန်းကပ်လှူပြီး ကျမပြုခဲ့သော ကုသိုလ်ကောင်းမှုအားလုံးကို မေမေ့အားအမျှပေးဝေပါသည်။ ရောက်ရာအရပ်မှမေမေသာဓုခေါ်နိုင်ပါစေ။ စာဖတ်သူ သူငယ်ချင်းများကိုလည်း စားဖွယ်သောက်ဖွယ် အစုံအလင်နှင့် တည်ခင်းဧည့်ခံရင်း နိုဝင်ဘာလ(၁၉)ရက်နေ့မှာကျရောက်တဲ့ ကျမရဲ့မွေးနေ့ပွဲလေးကို ပျော်ရွှင်စွာဆင်နွှဲကြပါစို့....။
မဝါ ပေးသော မွေးနေ့ကိတ်
[Image]
ကျမရဲ့မွေးနေ့ပွဲလေး အောင်မြင်စွာကျင်းပနိုင်ရန် အစားအသောက်များကိုစီစဉ်ပေးခဲ့သော Chloe's Chinese Restaurant မှ ဝါရင့်စားဖိုမှုးကြီးများ၊ ကျမမြတ်နိုးသော ကဗျာလေးများကို အမှတ်တရလက်ဆောင်ပေးခဲ့ကြသော Blogger မောင်နှမများ၊ မွေးနေ့ဆုတောင်းတွေအပွေ့တပိုက်ကြီးနဲ့ မွေးနေ့ပွဲကိုတက်ရောက်လာကြသော မိတ်ဆွေများနှင့် စာဖတ်သူများ၊ မွေးနေ့ပွဲကို တိတ်တိတ်လေးတက်ရောက်လာကြသော မိတ်ဆွေများအားလုံးကို ကျမ “နမ်းမဝ”(အဖြူရောင်နတ်သမီး)မှ ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် နောင်နှစ်များမှာလည်း ပြန်လည်စုံတွေ့ကြပါစို့။
*အိမ်အပြန် ကားများစီစဉ်ပေးထားပါတယ်။
ဖြေခဲ့စေချင်တာလေးတွေ
၁။အကြိုက်ဆုံးဟင်းက....
၂။အညံ့ဆုံးဟင်းက....
၃။မည်သည့် အအေး၊အရက်၊cocktail ကို သင်သုံးဆောင်သွားပါသလဲ..
၎။မွေးနေ့ပွဲတွင် သင်စိတ်ဝင်အစားဆုံးအရာက...
၅။သင့်ရင်ထဲကစကားတခုခုနှင့် မွေးနေ့လက်ဆောင် ကဗျာလေးချန်ထားခဲ့ပေးပါရန်...။
(Connection အခြေအနေဆိုးကြောင့် post များကို ခွဲတင်လိုက်ရပါတယ်)
မဝါ ပေးသော မွေးနေ့ကိတ်
[Image]
ကျမရဲ့မွေးနေ့ပွဲလေး အောင်မြင်စွာကျင်းပနိုင်ရန် အစားအသောက်များကိုစီစဉ်ပေးခဲ့သော Chloe's Chinese Restaurant မှ ဝါရင့်စားဖိုမှုးကြီးများ၊ ကျမမြတ်နိုးသော ကဗျာလေးများကို အမှတ်တရလက်ဆောင်ပေးခဲ့ကြသော Blogger မောင်နှမများ၊ မွေးနေ့ဆုတောင်းတွေအပွေ့တပိုက်ကြီးနဲ့ မွေးနေ့ပွဲကိုတက်ရောက်လာကြသော မိတ်ဆွေများနှင့် စာဖတ်သူများ၊ မွေးနေ့ပွဲကို တိတ်တိတ်လေးတက်ရောက်လာကြသော မိတ်ဆွေများအားလုံးကို ကျမ “နမ်းမဝ”(အဖြူရောင်နတ်သမီး)မှ ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် နောင်နှစ်များမှာလည်း ပြန်လည်စုံတွေ့ကြပါစို့။
*အိမ်အပြန် ကားများစီစဉ်ပေးထားပါတယ်။
ဖြေခဲ့စေချင်တာလေးတွေ
၁။အကြိုက်ဆုံးဟင်းက....
၂။အညံ့ဆုံးဟင်းက....
၃။မည်သည့် အအေး၊အရက်၊cocktail ကို သင်သုံးဆောင်သွားပါသလဲ..
၎။မွေးနေ့ပွဲတွင် သင်စိတ်ဝင်အစားဆုံးအရာက...
၅။သင့်ရင်ထဲကစကားတခုခုနှင့် မွေးနေ့လက်ဆောင် ကဗျာလေးချန်ထားခဲ့ပေးပါရန်...။
(Connection အခြေအနေဆိုးကြောင့် post များကို ခွဲတင်လိုက်ရပါတယ်)
29 comments:
နောင်နှစ်တစ်ရာတိုင်ဆီသို့
စမ်းရေလိုအေး ပန်းလိုလည်းမွှေး
ပြည့်စုံမှုဘဝ လူ့လောကမှာ
စိတ်အေးချမ်းသာ ကျန်းမာစွာနဲ့
နေနိုင်ပါစေနော်.........
ထာဝစဉ်လက်တွဲ တစ်သက်မခွဲပဲ
ရစ်ဖွဲ့သေချာ နှလုံးသားမှာ
တွယ်တာမြတ်နိုး မေတ္တာမျိုးနဲ့
တိုး လို့သာ ချစ်လာခဲ့မိပါတယ်..............
ခိုင်ခိုင်မြဲမြဲ ဒီလိုနဲ့ပဲ
နေ့ရက်တွေဟောင်း နှစ်တွေပြောင်းလဲ
ဘဝလမ်းခရီး ဆုံးခန်းသည့်တိုင်
လက်တွဲနိုင်ပါစေလို့ ဆုတောင်းရင်း
မွေးနေ့မှသည် နောင်နှစ်တစ်ရာတိုင်ဆီသို့............။
ဓါတ့်ပုံ မင်းသမီး
ဓါတ့်ပုံ မင်းသမီး
စားသောက်ပြီး စီစဉ်ပေးထားတဲ့ ကားနဲ့ အိမ်ပြန်သွားပါတယ် ......
happy birthday
“အလှူမှာကထိန်၊ဆွမ်းမှာ ပိဏ်၊ရတနာမှာစိန်၊ကျောင်းမှာသိမ်”
ဆိုလို့ ပူးတေက နတ်သမီးအတွက် diamond Crown မွေးနေ့လက်ဆောင်စီစဉ်ထားတယ်။ လာယူနော်..
အတ္တ မာန ကင်းစင်ပြီး
ဖြူစင်ကြည်လင်သော
ရောင်စဉ်မေတ္တာ အပြည့်နဲ့
နတ်သမီးတပါးအလား
သမီးလေးတယောက်ကို
မီးဖွားသန့်စင်ခဲ့တဲ့
မွေးနေ့မင်္ဂလာ အထိမ်းအမှတ်
နေ့မြတ်
(နိုဝင်ဘာ ၁၉ ရက်) ကို ရောက်ရှိလို့ လာခဲ့ပြန်ပေါ့။
ပျော်စရာအတိနှင့်
ရွှင်လန်းသာယာ၍
ပါဝင်ဆင်နွှဲသူ မိတ်ဆွေအပေါင်းနှင့် အတူ
စေတနာ မေတ္တာအကျိုး ခံစားနိုင်ပါစေလို့ ....
happy birthday
လေယာဉ်ပျံစီစဉ်ပေးပါ
ဟင်းအားလုံးကြိုက်ပါ၏။
မွေးနေ့တိုင်း ကြွေးနိုင်ပါစေ
နတ်သက်တထောင်ရှည်ပါစေသောဝ်.......
လေယာဉ်ပျံစီစဉ်ပေးပါ
ဟင်းအားလုံးကြိုက်ပါ၏။
မွေးနေ့တိုင်း ကြွေးနိုင်ပါစေ
နတ်သက်တထောင်ရှည်ပါစေသောဝ်.......
Happy Birthday..........
Happy Birthday..........
Happy Birthday..........
Happy Birthday..........
Happy Birthday..........
ညီမရေ.... လက်ဆောင်လေးကိုကြိုက်တယ် ဆိုလို့ ဝမ်းသာပါတယ်..... အလုပ်သွားပြီးနော်... ပြန်လာမှ.. ဓါတ်ပုံတွေ လာကြည့်မယ်နော်... မုနှ်ုတွေလဲချန်ထားအူး...
ပျော်ရွှင်ဖွယ်မွေးနေ့လေး ဖြစ်ပါစေ ..း))
ပျော်ရွှင်ဖွယ်မွေးနေ့ပေါင်းများစွာ ပိုင်ဆိုင်နိုင်ပါစေ ..း))
ပျော်ရွှင်ဖွယ်ရာမွေးနေ့လေးပါဗျို့
လိုအင်အားလုံးပြည့်ပါစေဗျို့
း)
သက်ရာကျော်ရှည်ပါစေဗျာ
း)
အစ်မ ရှင်သန်ရာ ဘ၀တလျှောက်လုံးမှာ ပျော်ရွှင်ခြင်း ကျန်းမာခြင်း တွေနဲ့ ကိုယ်ရည်မှန်းထားတဲ့အရာ
မျှော်လင့်ထားသော စိတ်ကူးတွေနဲ့ အတူ ရှေ့ဆက်နိုင်ပါစေ။
ထာဝရ ပျော်ရွှင်နိုင်တဲ့ ပူလောင်ခြင်းတွေကင်းတဲ့ နေ့ရက်မျိုးကို ပိုင်ဆိုင်နိုင်ပါစေ။
အစ်မချစ်တဲ့ ကဗျာတွေ အစ်မတန်ဖိုးထားတဲ့ စာပေတွေကို ဆထက်တပိုး ထမ်းရွက်နိုင်ပါစေဗျာ။
အပြန်မှ လားဝါးတော့မယ်... ချန်ပေးထားနော်...း)
ခု ကဗျာလက်ဆောင်လေးပေးသွားတယ်...
ပျော်ရွင်ပါစေ...
အကာအရံ များစွာနဲ့
ကန့်သတ်ပိုင်းခြားထားသော
ကမ္ဘာ့နံရံများကြားက
ဖောက်ထွက်လာတဲ့ အလင်းတန်း
ကမ္ဗလာမြေလွှာတွေ လန်းစေဖို့
နတ်ပျိုမင်းသမီးကို
ရက်တိုတို အလင်းနဲ့
ချက်ချင်း ဖန်ဆင်းလိုက်တယ် ... ။
ပျိုးပျိုးပျက်ပျက် လက်နေတဲ့
သူ့ ... မှော်ဝင်ကကွက်တွေမှာ
ရာဇ၀င် တင်စေဖို့
အချင်းနဲ့အလင်းကို ပေါင်းဖက်
တတ်စွမ်းသမျှ အတတ်နဲ့
ဖြတ်သန်းရတဲ့ လမ်းမှာ
ကံဥာဏ်ဝီရိယဆိုတဲ့ နှင်တံနဲ့
ကိုယ့်ကိုကိုယ်မောင်း
အုပ်ထိန်းမှုကောင်းခဲ့တယ် ... ။
နာကျင်မှုတံတိုင်းလည်း
ကျောခိုင်းခဲ့တယ် ...
ဝေးကွာမှုပင်လယ်လည်း
ကမ်းလွန်ခဲ့တယ် ...
အလွမ်းဆိုတာတော့
လူသားတိုင်းနဲ့ ထပ်တူထပ်မျှပေါ့ ... ။
နတ်သမီးပေမယ့် တချက်ငြီးခဲ့ပါဘူး ... ။
လိုရာကိုထုဆစ် ကျူးရင့်ဖို့ဆို
မြူးဇစ်နဲ့လည်း ထပ်တူကြတယ် ... ။
အရူးရင့်မယ့် ကံကြမ္မာလည်း
တူးခြစ်လို့ အကောင်းမြင်
ပူးဆစ်လို့ ပေါင်းသင်ခဲ့တယ် ... ။
ဝါသနာကိုရှေးရှု ကဗျာတွေပြုလို့
စာအစုစုကိုလည်း ကလောင်မှုပြုခဲ့တယ် ... ။
သူ ... အဖြူရောင်နတ်သမီး
ယူဆောင်ခြင်းအလင်းလေးနဲ့
လေထဲက ဖယောင်းတိုင်လို
ပူလောင်ခြင်း ကင်းဝေးစွာ
စေတနာဒလဗွနဲ့ ဒဏ်ရာတွေရနေပ(ပါ)စေ
လူသားအကျိုးပြုဖို့
လောင်ကျွမ်းသမှု ပြုခဲ့တယ် ... ။
ဒီလိုနဲ့ နိုဝင်ဘာ (၁၉)
နေ့ပျိုးရက်တစ်ရက်မှာ
နတ်သမီးမွေးနေ့
ချက်ချင်းစေ့တော့မယ် ... ။
ပြန်ကြည့်လိုက်ပါ ... နတ်သမီးရဲ့ဒိုင်ယာရီ
လျှောက်ခဲ့သမျှ ခြေလှမ်းတိုင်းဟာ
စမ်းတ၀ါးဝါးမဖြစ်ခဲ့ဘူး ... ။
ဖောက်ခဲ့သမျှ လမ်းတိုင်းဟာလည်း
တကိုယ်ကောင်းအတွက် မဟုတ်ခဲ့ဘူး ... ။
ကိုယ်ကောင်းရင် ခေါင်းမရွေ့
အကြောင်းမရွှေ့သရွေ့တော့
လူသားထုအကြား ရွေ့လျားနေမယ် ... ။
ကမ္ဘာတွေ ပျက်သုဉ်းလို့
မဟာမြေ တဖက်လုံးမှာ
မြေဆီလွှာတွေ ခမ်းခြောက်
ရေတာတွေ ကျိုးပေါက်ကုန်ရင်တောင်
နတ်သမီး အဆင်းနဲ့
ချက်ချင်း လင်းလိုက်မယ် ...
ကမ္ဘာမြေအတွက်ဆို
ထာဝစဉ်စောင့်ကြပ်မယ့်
သူ ... အဖြူရောင်နတ်သမီး ... ။
ပျော်ရွှင်ပါစေ...
ညရဲ့ကောင်းကင်
အ စဉ်ထာဝရ
ဖြူ စင်ခြင်းများနဲ့
ရောင် စဉ်ဖြာလို့
နတ် ဘုံနန်းလို နေရာလေးမှာ
သ ခင်မလေး နမ်းမဝ
မီး အိမ်ရှင်လေး အဖြစ် လမ်းပြနိုင်စေ
မွေးနေ့ လက်ဆောင်ကိုမေးလ်ပို့ ထားပါတယ်
ကတိပေးထားတဲ့အဖြူရောင်နတ်သမီးသစ်ခွပန်းလေးပါ
ပျော်ရွင်ပါစေ မမနမ်းမဝ
Happy Birthday မမရေ...
ဟင်းတွေရော မုန့်တွေရော ရေခဲမုန့်တွေရော တ၀....ကြီးစားသွားပြီ .... မွေးနေ့လက်ဆောင်လေးတွေလဲ ငေးသွားတယ်နော် ... ပျော်ရွှင်ချမ်းမြေ့စွာမွေးနေ့ပေါင်းများစွာကို အဓိပ္ပါယ်ရှိစွာနဲ့ ဖြစ်သန်းနိုင်သော နတ်သမီးလေးတစ်ပါးဖြစ်ပါစေ....
လောကကြီးရဲ့လိုအပ်နေသောကွက်လပ်များကို နုညံ့သောအကြင်နာလက်များဖြင့် ဖေးမ ကူညီနိုင်သော
အဖြူရောင်ပန်းတစ်ပွင့်ဖြစ်ပါစေ...
ကမ္ဘာမြေမှာ ပန်းလေးတစ်ပွင့်ရဲ့ ရနံ့ဖြင့် အစွမ်းကုန်လှပတင့်တယ်နိုင်ပါစေလို့ ဆုမွန်ကောင်းများ တောင်းရင်း...... အာဝါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ချစ်တဲ့ ညလေး နှင်းဟေမာ
၁၈ နှစ်မြောက် မွေးနေ့မှသည် နောက်နှစ်ပေါင်း များစွာအထိ ပျော်ရွှင်ဖွယ် မွေးနေ့မင်္ဂလာလေး ဖြစ်ပါစေဗျာ။
မှတ်ချက်။ မွေးနေ့က ၁၈ နှစ်ပြည့် မဟုတ်ဘူးဆိုလည်း လိုတဲ့နှစ်တွေကို စိတ်ထဲမှာ ပေါင်းထည့်လိုက်ပါဗျာ။ =)
Happy Birthday to u~~~
ချစ်သောသူငယ်ချင်းလေးရဲ့ နိုင်ဝင်ဘာ (၁၉) မွေးနေ့မှာ ပျော်ရွှင်ချမ်းမြေ့ပါစေနော်....။
Angel ရဲ့ နိုဝင်ဘာ ၁၉ မွေးနေ့မှသည် ဘ၀တလျှောက်လုံး ချစ်သော သူငယ်ချင်းများနဲ့ အတူ အေးချမ်းသာယာသော ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေ ...။
အမှတ်တရ နိုဝင်ဘာ
ခင်မင်မှုတွေ စတည်လို့
မမြင်နိုင်တဲ့ သံယောဇဉ်
စာတွေရေးရင်း ရောက်ခဲ့ရ
Angel လေးရဲ့ အိပ်ဂေဟာ ...။
ရေမြေခြားလို့ ဝေးပေမယ့်
အိမ်လေးတွေကို နေ့စဉ်လည်
အားပေးစကား ဆိုရာဝယ်
မောပန်းသမျှ ပြေစေသား ...။
၁၉ နိုဝင်ဘာ ရက်မြတ်ခါ
ချစ်သော Angel မွေးနေ့ပါ
ဒီရက်မှသည် စတည်ကာ
ပျော်ရွင်ခြင်းများ ရစေသား ...။
Angel ဘ၀ အနာဂတ်
အေးမြပါစေ တောင်းဆုချွေ
ဖြူစင်စိတ်ထား Angel ထား
ဆုတောင်းတိုင်းပင် ပြည့်ပါစေ ...။
ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ
ပျော်ရွှင်ဖွယ် မွေးနေ့လေး ဖြစ်ပါစေ။
ကဗျာဆရာ
ဇာမဏီငှက် တစ်ကောင်လို
သူ့အမွေးအတောင် တစ်ခုအတွက်
အသက်အသေခံမယ့် ဂုဏ်သိက္ခာ...
အောက်ချင်းငှက် တစ်ကောင်လို
အချစ်အတွက် တောင်ပံရုတ်ပြီး
မြေပြင်ကိုအရှိန်ပြင်းပြင်း ထိုးစိုက်ဆင်းရဲတဲ့ သတ္တိ...
ဇီဝဇိုးငှက် တစ်ကောင်လို
မျိုးဆက်ရှင်သန်ဖို့အတွက်
ရှိသမျှပြန်အန်ပြီး အသိုက်ဖွဲ့ တဲ့ စွန့်လွတ်မှု....
ပင့်ကူတစ်ကောင်လို
ကိုယ်ဆောက်တဲ့ အိမ်မှာ
ကိုယ်တိုင်အကျဉ်းသားဖြစ်နေမှန်း မသိလောက်အောင်
စွဲလန်းရင်း...
အဲဒီချဉ်ခြင်းတွေ တက်တက်နေသမျှ
အိပ်ရာထတိုင်း ကဗျာကို ပက်ချင်နဲ့သောက်ရမှ
ကြေနပ်နေတတ်တဲ့ငါ...
တောက်တဲ့ တစ်ကောင်လို..
တစ်တီတူး တစ်ကောင်လို...
ဇီးကွက် တစ်ကောင်လို...
ကိုယ့်ကိုကိုယ့် ကဗျာဆရာလို့ ထထအော်မိတယ်...။
ကဗျာ တန်ဘိုးထားသူ မကြီးအတွက် ....။
ညက စောင့်နေတာ .. ကွန်ကမကောင်း .. မန့်မရနဲ့ .. မနက် ၃နာရီထိုးသွားတယ် .. ဟိ .. အဲဒီအတွက်
ပြင်းရှတဲ့ ကော့တေး ... မကြီးကိုယ်တိုင် စပ်ပေး ..။
မွေးနေ့ချိန်ခါတွေ တစ်နှစ်ပြီးတစ်နှစ်
ဖြတ်ကျော်ရတဲ့ လောကဓံတွေကလည်း
ပျော်ရွှင်စရာ ၀မ်းနည်းစရာတွေနဲ့ ...
မျှော်လင့်တမ်းတမှုတိုင်းက
ကိုယ့်သဏ္ဍာန်သရုပ်ကို ပြန်ပြန်ထုဆစ်နေတယ်ဆို
ထိုသဏ္ဍာန်သရုပ် ရုပ်လုံးကြွဖို့
မွေးနေ့မှစ နောင်နှစ်များစွာ
အဆင်းလှတဲ့ သူတစ်ယောက်အဖြစ်
အောင်မြင်မှု သရဖူဆောင်းနိုင်ပါစေ ..။
ခင်မင်စွာ
idulize(အရုပ်ကလေး)
မွေးနေ့မှာ ပျော်ရွှင်ချမ်းမြေ့ပါစေနတ်သမီးလေးရေ.....
my first visit. Nice blog. will visit again
ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ ညီမရေ။
အဖြူရောင် နတ်သမီးရဲ့ မိုင်တိုင်သစ်ဆီသို့……
မတည်မြဲတဲ့လောကကြီးမှာ
မပြောင်းလဲတတ်တဲ့ အကြောင်းတရားက
နေမင်းကြီးရဲ့နွေးထွေးမှု
ကျေးငှက်တို့ရဲ့ နှုတ်ခွန်းဆက်သံ
ပန်းတို့အလယ် ပျားပိတုန်းတို့ရဲ့ ရယ်မောသံနဲ့
အရာအားလုံးဟာ သက်ဝင်နေလေရဲ့။…..
ကမ္ဘာတစ်ခွင် လှည့်လည်စီးဆင်းနေတဲ့
ရေစီးကြောင်းတို့ရဲ့ ချီတက်သံတွေက
အဖြူရောင် နတ်သမီးလေး အတွက်တော့ ခွန်အားတွေပဲပေါ့။…..
ပြုံးအလှပိုင်ရှင် …. အဖြူရောင် နတ်သမီးလေးရေ….
ရွေ့လျားတတ်တဲ့ အချိန်လက်တံတွေကြောင့်
နာရီလက်တံတွေ တရွေ့ရွေ့နဲ့
နေ့တွေပြောင်း လတွေဟောင်းလို့
အလွမ်းတွေကို ရှတစွာ ထုဆစ်ရင်း
အလင်းပန်းတွေဝေဆာ
သက္ကရာဇ်တွေ ချိုးဖဲ့ရင်း…
မိုင်တိုင်တစ်ခုကို ရောက်ခဲ့ပြန်ပြီးပေါ့….။
ဖြူစင်တဲ့မေတ္တာကမ္ဘာအောက်မှာ အဖြူရောင် နတ်သမီးလေး ထာရဝ ငြိမ်းချမ်းပျော်ရွင်ပါစေ..
နတ်သမီး မမ အတွက်မွေးနေ့အမှတ်တရ ..
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
အဖြူရောင် နတ်သမီးရဲ့ မိုင်တိုင်သစ်ဆီသို့……
မတည်မြဲတဲ့လောကကြီးမှာ
မပြောင်းလဲတတ်တဲ့ အကြောင်းတရားက
နေမင်းကြီးရဲ့နွေးထွေးမှု
ကျေးငှက်တို့ရဲ့ နှုတ်ခွန်းဆက်သံ
ပန်းတို့အလယ် ပျားပိတုန်းတို့ရဲ့ ရယ်မောသံနဲ့
အရာအားလုံးဟာ သက်ဝင်နေလေရဲ့။…..
ကမ္ဘာတစ်ခွင် လှည့်လည်စီးဆင်းနေတဲ့
ရေစီးကြောင်းတို့ရဲ့ ချီတက်သံတွေက
အဖြူရောင် နတ်သမီးလေး အတွက်တော့ ခွန်အားတွေပဲပေါ့။…..
ပြုံးအလှပိုင်ရှင် …. အဖြူရောင် နတ်သမီးလေးရေ….
ရွေ့လျားတတ်တဲ့ အချိန်လက်တံတွေကြောင့်
နာရီလက်တံတွေ တရွေ့ရွေ့နဲ့
နေ့တွေပြောင်း လတွေဟောင်းလို့
အလွမ်းတွေကို ရှတစွာ ထုဆစ်ရင်း
အလင်းပန်းတွေဝေဆာ
သက္ကရာဇ်တွေ ချိုးဖဲ့ရင်း…
မိုင်တိုင်တစ်ခုကို ရောက်ခဲ့ပြန်ပြီးပေါ့….။
ဖြူစင်တဲ့မေတ္တာကမ္ဘာအောက်မှာ အဖြူရောင် နတ်သမီးလေး ထာရဝ ငြိမ်းချမ်းပျော်ရွင်ပါစေ..
နတ်သမီး မမအတွက်မွေးနေ့အမှတ်တရ ..
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
နတ်သမီးရေ...
အလုပ်က အပြန် မွေးနေ့ပွဲလေးကို..အပြေးလာခဲ့ပါတယ်ခင်ဗျာ...။ ကဗျာလေးတွေက..ကောင်းလိုက်တာဗျာ...။
ပျော်ရွှင်ဖွယ်မွေးနေ့လေးတွေ နောင်နှစ်ပေါင်းများစွာ ပိုင်ဆိုင်နိုင်ပါစေဗျာ...။
(စားစရာတွေ စားသွား၏။ သောက်စရာတွေကိုလည်း..နင်းကန်ပြီးသောက်မိ၍ တော်တော်မူးသွားပါ၏။ ထို့ကြောင့် ပြန်ပို့ရန်စီစဉ်ပေးထားသော ကားများမရှိတော့တာကြောင့် လမ်းလျှောက်ပြီး...အိမ်ပြန်ရာ...လမ်းတွင်တွေ့သမျှ ကိုကာကိုလာ..၊ စပရိုက်(စ်) စသည့် အချိုရည် သံဘူးခွံများကို...ဂလောင်ဂလောင်မြည်အောင်...ကန်သွားပါ၏။ )
အကြိုက်ဆုံး ဟင်းဆိုတော့ အကုန်လုံးက စားကောင်းမယ့်ပုံပဲ ခရုဟင်းသာမစားဖူးလို့ မသိဘူးနော် ရှလွတ် ဂယ်ပြောတာ အစားအသောက်တွေ ကြည့်ပြီး သွားရည်ယိုသွားတယ် သိလား
အညံ့ဆုံးဟင်း မရှိဘူးထင်တယ်
ကော်ဖီ က မတည့်လို့ သောက်မသွားဘူးနော် လုပ်ထားတာလေးတွေကတော့ လှတယ် ခံပဲခံစားသွားတယ်နော်
သစ်သီးတွေလဲ အကုန်စားသွားတယ်နော်
အအေးပဲသောက်သွားတယ်နော် cocktail နဲ့အရက် သောက်ဘူးနော် သိလား
အဟီးးးး မွေးနေ့ပွဲမှာ စိတ်ဝင်စားတာ အမှန်အတိုင်းပြောရရင် ညီမလုပ်ပေးထားတဲ့ပုံလေးကို တင်ပေးလို့ အရမ်းဝမ်းသာတယ် သိလား
ကဗျာကတော့ ညီမလဲ မစပ်တတ်ဘူးနော် ဒီတော့ စကားလက်ဆောင်ပဲ ပေးတော့မယ်နော်
အခု မွေးနေ့မှသည် နောက်နှစ်ပေါင်း ၁၂၀ တိုင်အောင် ချစ်သူခင်သူများနှင့် ဘဝ ကိုလျှောက်လှမ်းနိုင်ပါစေနော်
မရေ နောက်ကျတာ ခွင့်လွှတ်နော် ကျောင်းသွားနေလို့ သိလား သတိရရ ချင်းပဲ ပြေးလာတယ်နော် အင့် ခလုတ်တောင်တိုက်တယ် သိရားးးးးးးးးးး
ပျော်ရွှင်ဖွယ်မွေးနေ့  မင်္ဂလားလေး ဖြစ်ပါစေဗျာ
အချစ်ကိုယုံ ပုံပါတယ်အားလုံး
မောင်နုလို့  မယ်ခုမျှော်
မဟေသီဒေ၀ီ မျက်တော်ဖုံးရယ်
ဘယ်အတွက်ကြောင့်ပြုံး . . .
လျဲနေတဲ့ ပုံကို ကဗျာ စပ်သွားတာ နတ်သမီးမွေးနေ့ မှာ
ဒီထက်နောက်ကျတဲ့ ကဗျာတော့ ရှိတော့ဘူးထင်ပါတယ်
ဟီးးးးးးးးးးးးးး :D :P
ကဲ အမရေ Happy Birthday . . . Good Luck ပါဗျာ . .
Post a Comment