ကိုယ့်ကိုယ်ကိုအနာတရဖြစ်အောင်လုပ်ခြင်းသည်ဆန်းပြားသည်ဟုထင်ရသော်လည်းဆယ်ကျော်သက်နှင့်လူငယ်လူရွယ်များကြား အံ့သြဖွယ်ကောင်းလောက်အောင် ဤအကျင့်ရေပန်းစားလာသည်။ ယင်းအလေ့အထသည် မိဘများအားထိတ်လန့်စေသည်။ ဦးဆုံး ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင် အဘယ်ကြောင့်လုပ်ချင်ကြောင်း သိနားလည်ရန်ကြိုးစားပါ။ ထိုအကျင့်သည် စိတ်လှုပ်ရှားမှုကြောင့် ပြုလုပ်သည့်အကျင့်တစ်ခုမျှ မဟုတ်ကြောင်းသတိရပါ။ များသောအားဖြင့်စိတ်ဖိစီးမှုကို ဖြေရှင်းသောနည်းတစ်ခုဖြစ်သည်။ ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင်လုပ်တတ်သူသည် စိတ်နာကျင်မှုသက်သာစေရန် ထိုသို့ပြု၏။ ထို့ကြောင့် "ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင်လုပ်တာ ငါ့အတွက် ဘာအကျိုးရှိလဲ"...။ အဲဒီလိုလုပ်ချင်စိတ်ပေါ်လာတဲ့အခါ "ငါ ဘာစဉ်းစားနေလဲ "..ဟု သင့်ကိုယ်သင် မေးပါ...။ သင့်ဘဝတွင် သင့်မိသားစု သို့မဟုတ် သင့်မိတ်ဆွေတို့နှင့်ပတ်သက်၍ စိတ်ဆင်းရဲစရာ ရှိနေသလား...။ ထိုသို့ ကိုယ့်ကိုယ်ကို ဆန်းစစ်ရန် အမှန်ပင်သတ္တိရှိရမည် ။ သင်သည် ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင် လုပ်နေပါက ယုံကြည်အားထားရသူ ရင့်ကျက်သော မိတ်ဆွေတစ်ဦးထံ ရင်ဖွင့်ခြင်းဖြင့် အကျိုးခံစားရပါလိမ့်မည် ။ ဥာဏ်ပညာ၊ ရင့်ကျက်မှုနှင့် ကိုယ်ချင်းစာနာမှုရှိသော သင့်ထက်အသက်ကြီးသူ တစ်ဦးအားရွေးပြီး သူ့ကိုရင်ဖွင့်သင့်သည်။ သင်၏အတွင်းရေးကို တစ်စုံတစ်ဦးထံရင်ဖွင့်ရမည့်အကြောင်း စဉ်းစားလိုက်ရုံဖြင့် စိုးရိမ်သွားပေမည် ။ မျက်နှာချင်းဆိုင် မပြောရဲပါက စာရေး၍ဖြစ်စေ တယ်လီဖုန်းဖြင့်ဖြစ်စေ ပြောပြပါ...။ရင်ဖွင့်ခြင်းက ယင်းအကျင့်ပျောက်သွားစေရန် အထောက်အကူပြုနိုင်သည်။
သင် စိတ်ဓာတ်ကျတဲ့အခါ သင့်ကို ဂရုစိုက်မည့်သူ ရှိတယ်ဆိုတာ သိထားတာက အရေးအကြီးဆုံးအချက်ပင်ဖြစ်ပါသည်။
6 comments:
နံရံဖြစ်ဖြစ် တခုခုကိုဖြစ်ဖြစ်ကန်ကျောက်ပစ်လိုက်တာ
နောက်ဆုံးတော့ နာတာက ကိုယ်တိုင်ဖြစ်နေတယ်လေ
း)
ဟာ...
ကျွန်တော်ကတော့ သူငယ်ချင်းကို ရင်ဖွင့်လွန်းလို့
ကျွန်တော့်ကိုတွေ့ရမှာကြောက်နေတယ်ထင်တယ်ဗျ...
အဲဒါနဲ့ My Diary လေးကို အသက်သွင်းခဲ့မိတာပေါ့...
ဘယ်သူကို့မှ ဒုက္ခမပေးချင်တော့လို့ ...
(ဘလော့ဂ်ဂါမောင်နှမတွေမပါပါ) :D
နတ်သမီးအတွက်ကဗျာလား ???
စိတ်ချဗျို့ မပျက်ကွက်စေရဘူး...
အဖြူရောင်နတ်သမီး said...
ကျေးဇူးတင်တယ်ရှင့်....
ကဗျာလက်ဆောင်ပေးသူတွေအတွက်...
“နတ်သမီးSpecial Cocktail နဲ့ နှင်းဆီနီနီတပွင့် ”လက်ဆောင်ပြန်ပေးဖို့စီစဉ်ထားပါတယ်။(ယောက်ျားလေးများအတွက်)
မိန်းခလေးများအတွက်ကတော့ အရက်မပါတဲ့“နတ်သမီးSpecial Cocktail နဲ့ သစ်ခွပန်းတပွင့်” လက်ဆောင်ပါရှင့်...
မမေ့နဲ့နော်...
စာလေးဖတ်ရတာကျေးဇူး...
(နတ်သမီးရေ...
ကော့ခ်တေးလ် အများကြီးသောက်မှာနော်...
နောက်မှ ပိုက်ချံတွေ အများကြီးကုန်လို့ နိုမနေနဲ့ဗျ...တိလား...:))....)
မပူပါနဲ့...
ကဗျာတပုဒ်သာ ပါလာပါစေ...
ကျန်တာနတ်သမီးတာဝန်သာထားလိုက်ပါ...
အသောက်လွန်လို့မှောက်သွားရင်လဲ
ထိန်းသိမ်းပေးထားဖို့ စီစဉ်ပြီးသားပါ..
ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင် လုပ်ဖို့ သတ္တိသိပ်မရှိတော့ပါဘူးးးးးးးးးးး
စိတ်ဓာတ်ကျနေချိန်မှာ အကောင်းမွန်ဆုံးအဖော်မွန်တွေ ရှိနေပေးတတ်ကြပါတယ်။
ပျော်ရွှင်ပါစေနော်။
Post a Comment