Friday, November 27, 2009

အဖြူရောင် သားပိုက်ကောင်လေး


လွန်ခဲ့သော(၆)လခန့်က Cyprus နိုင်ငံ Kato Paphos မြို့လေးတွင်“Paphos Bird and Animal Park”ဟု အမည်ရသော တ၇ိစ္ဆာန်ရုံတွင် ထူးထူးခြားခြား အဖြူရောင်သားပိုက်ကောင်လေး တစ်ကောင် မွေးဖွားခဲ့ပါတယ် ။မိခင်သားပိုက်ကောင်မကြီးရဲ့ အရောင်ဟာ သာမန် သားပိုက်ကောင်များရဲ့အရောင်ဖြစ်ပြီး သားပိုက်ကောင်လေးရဲ့အရောင်ဟာ အဖြူရောင်ဖြစ်နေတာကြောင့် ကမ္ဘာ့ရှားပါးတရိစ္ဆာန်များ စာရင်းဝင်ဖြစ်ခဲ့ရပါတယ်။ သားပိုက်ကောင် တစ်ကောင်ရဲ့ သက်တမ်းဟာ (၉)နှစ်ရှိနိုင်ပြီး ပျမ်းမျှအလေးချိန် (၂၅)ကီလိုရှိနိုင်ကြောင်း နှင့် သားပိုက်ကောင်များကို Australi နိုင်ငံတွင်သာ အများအပြားတွေ့ရှိနိုင်ကြောင်း သိရှိရပါတယ်။



9 comments:

မောင်ဘကြိုင် said...

ထူးဆန်းတာပဲ
ဒီကောင်လေးချစ်စရာလေး
ဖြူဖြူဖွေးဖွေးလေး
း) အစောဆုံးလာမန့်သွားတယ်း)

~ဏီလင်းညို~ said...

ဟုတ်ပ...ထူးဆန်းလိုက်တာ...။
ဒါပေမယ့်..ဒါမရိုးဘူး...။
ဧကန္နတော့...အင်းးးးးးးး

ခင်မင်လျှက်...
ဏီလင်းညို

ညရဲ့ကောင်းကင် said...

ထူးဆန်းတယ်နော်...

အဖြူရောင် သားပိုက်ကောင်တဲ့...
ခုမှမြင်ဖူးတယ်...

kiki said...

Albino လို့ ခေါ်တဲ့  ရောဂါတမျိုးကြောင့် ဖြစ်မယ် ထင်တယ် ။ လူတွေ မှာလဲ ရှိတတ်တယ်လေ

လူ ။ ကြွက် ။ မိချောင်း ။ သားပိုက်ကောင် .. အစရှိတာ တွေ မှာ အမဲဓါတ်( Melanin ဓါတ် ) ချို့ တဲ့ ရင် ပေါ့

http://en.wikipedia.org/wiki/Albinism ။။
သူများ နဲ့  မတူပဲ ဖြူ နေတော့လည်း ထူးဆန်းတာပေါ့ နော်..
( ဟိဟိ ..သွပ်ပြားတောင် အဲ့ လို ဖြူ ချင် သား ။။
ဒါပေမဲ့  နေရောင် အထိမခံ နိုင်လို့  .. မဖြစ်သေးပါဘူး .. ဖြစ်ချင်တော့ ဘူး ရယ် .. )

အဖြူရောင်နတ်သမီး said...

“Albino လို့ ခေါ်တဲ့  ရောဂါတမျိုးကြောင့် ဖြစ်မယ် ထင်တယ် ။ လူတွေ မှာလဲ ရှိတတ်တယ်လေ”...
ဟုတ်တယ်...KI ပြောတာ မှန်ပါတယ်...
အဲဒါရေးဖို့ ကျန်ခဲ့တာ...
ကျေးဇူးပါ..KI ရေ....

reenoemann said...

ခုမှပဲ မြင်ဖူးတော့တယ်။

လှသားနော်။

နေကောင်းလားဗျ။

လာလည်စာဖတ်သွားပါတယ်ဗျာ

ခင်တဲ့ ရီနိုမာန်

busymozzee said...

တို့ဆီမှာလဲ ဆင်ဖြူတော် စိပါဒယ်.... တူတို့ချည်းပဲမဟုတ်ပါဘူး.....

မိုးခါး said...

ချစ်စရာလေးး)

မိုးစက်အိမ် said...

ထူးထူးဆန်းဆန်းလေး ဖြစ်နေတော့လည်း ရှားပါး
စားရင်ဝင်သွားတာပေါ့လေ . . . လောကကြီးကဒီလိုပါ
ဘဲ . . . ဗျိုင်းအုပ်ထဲ ဗျိုင်းအနက် တစ်ကောင်မွေးကြည့်
ပါလား အဲ ဗျိုင်းလည်း ကမ္ဘာကျော်ပြီ ဗျိုင်းလောကမှာ
လည်း လန်းပြီဘဲ :D :P

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger