Wednesday, November 4, 2009

ရေခဲမုန့်ကြော်(သို့မဟုတ်)Hot Ice-Cream


*
ရေခဲမုန့်ကြော်ဟုခေါ်သောHot Ice-Cream ကိုပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ (၁)Vanilla Ice-Cream
(၂)ဘေးသားမပါတဲ့ပေါင်မုန့်အဖြူရောင်
(၃)ကြက်ဥမှအကြည်ရောင်အရည်
(၄)Corn Flakes ဟုခေါ်သောမုန့်ကြွပ
်(၅)Caramel Sauce
(၆)Zivania လို့ခေါ်တဲ့မီးတောက်အရက်ဖြူ တို့ပဲဖြစ်ပါတယ်။

* ပထမဦးစွာ Vanillaရေခဲမုန့်ကိုသံပုရာသီးအရွယ်အလုံးလုပ်၍ပါးပါးလှီးထားသော ပေါင်မုန့်အလည်သားများနှင့်အထပ်ထပ်ဖုံးအုပ်ပါ။
*ပြီးလျှင်ကြက်ဥမှကြက်ဥအကာရည်(ှအကြည်ရောင်အရည်)များထည့်ထားသော ပုဂံထဲသို့နစ်မြုတ်အောင်(နှံ့သွားအောင်) စိမ်ပြီးပြန်ဆယ်ပါ။
*ရေခဲမုန့်လုံး၏ နေရာအနှံ့ကိုCorn Flakesဟုခေါ်သောမုန့်ကြွပ်များနှင့်ကပ်ပါ။
*ကိုယ်အသုံးပြုမည့်ပုဂံပြားလှလှပေါ်တွင်ရေခဲမုန့်လုံးကိုတင်ပြီးထန်းလျှက်ရည်နှင့်ဆင်တူသောCaramel Sauceကိုအပေါ်မှဖြန်းပါ။

*အဲဒီအဆင့်များပြီးသွားလျှင်တော့ Zivaniaဟုခေါ်သော မီးတောက်အရက်အဖြူကို ရေခဲမုန့်အပေါ်နှင့်ဘေးပတ်ပတ်လယ်တို့တွင်လောင်းထည့်ပြီးမီးလောင်ခံလိုက်ပါ။
*မီးငြိမ်းသွားတဲ့အချိန်မှာတော့ အသင့်စားသုံးနိုင်တဲ့ Hot Ice-Cream ဟုခေါ်သော အနံ့အရသာနှင့်ပြည့်စုံသည့်ရေခဲမုန့်ကြော်ကို ပုံပါအတိုင်းတွေ့နိုင်ပါသည်။ဆိုင်မှာတော့ Hot Ice-Cream တခုကို
EU 4.27(မြန်မာငွေ ၆၈၀၀ကျပ်ဖြင့်အချိုပွဲ Menuတွင် ထည့်သွင်းရောင်းချလျှက်ရှိပါတယ်။

ကဲ...သုံးဆောင်လိုက်ကြပါအုံးနော်...မဝသေးရင်ထပ်လုပ်ပေးပါအုံးမယ်။


(မီးလောင်နေတဲ့ပုံကိုဓာတ်ပုံရိုက်ပေမဲ့ မီးကိုမမြင်ရဘူးဖြစ်နေတယ်၊ပန်းကန်ပတ်လည်မှာမီးလောင်နေပါတယ်)

12 comments:

kiki said...

ဝသေးဘူး ။ နောက်ထပ်လိုက်ပွဲ ၂ ပွဲ ပေးပါဦး ။
အဲ့ဒါမျိုး ဆင်ဆင်တော့ စားဖူးတယ် ..
ဒါပေမဲ့ အပြင်က ပေါင်မုန့် အဖြူသား အထပ်တော့ မတွေ့ မိသလိုပဲ ..
လုပ်နည်း ကွာတယ်ထင်ပါ့ ။
ကြော် တယ်ဆိုတာထက် မီးမြှိုက်(ကင်)တယ်ခေါ်ရမလားပဲ ။း)

ဈေး မသေးပါလား ...း(((

( word verification ကြီး မဖြုတ်ချင်ဘူးလားဟင် .. )

အဖြူရောင်နတ်သမီး said...

ဟုတ်တယ်လေ..KIKIလေးရဲ့..
စားတဲ့အချိန်ကျတော့ ပေါင်မုန့်အသားကိုမမြင်ရတော့ဘူးလေ...
အပြင်ကအသားက မီးလောင်ထားတော့ကြွပ်နေပြီ...
“မ”ကတော့ အရမ်းကြိုက်တယ်...

~ဏီလင်းညို~ said...

စားချင်တယ်...
မှန်တာပြောရရင် တစ်ခါမှ မစားဖူးဘူးဗျ...သိလား..
ဈေးကြီးတယ်နော်...

Vista said...

၁၀ ပွဲပေးပါ ဟဲဟဲ ဒါမျိုးကတော့လာထား
ဘယ်လောက်စားစား အဆီစားလို့ အသားမဖြစ်တဲ့ဘဝကို ဒါမျိုးတွေစားနေရင်တော့ကျေနပ်သားပဲ

မောင်ဘကြိုင် said...

ဂလု ဂလု ဂလု ဂလုဖြစ်သွားတယ်ဗျ
း)( word verification ကြီး မဖြုတ်ချင်ဘူးလားဟင် .. ) ဟုတ်တယ်ဗျာ
အဲဒါကြီးဖြုတ်ပေးဗျာ
း) နော် နော် နော်လို့ချိုနေမှပဲ မှပဲ
း)ပျင်းတယ်ဗျ ဖောင့်ပြောင်းပြီးရိုက်နေရတာ
တခါတခါမန့်ဖို့မလွယ်တဲ့အထဲ ဒါကြီးက
လာလာနှောက်နေတယ်
း)

ညရဲ့ကောင်းကင် said...

ဒီအစ်မကတော့လုပ်ပြီဗျာ..
သရေယိုအောင်ပဲ အမြဲလုပ်လုပ်နေတယ် ...
လုပ်ထားတာက တစ်ပွဲတည်း စားမယ့်သူကများနေတယ်...
မလောက်ဘူးဗျို့... :P

မိုးစက်အိမ် said...

ကောင်းတယ်ဗျာ စားချင်စရာဖြစ်အောင်လုပ်ထားတာဘဲ
ထူးထူးဆန်းဆန်းလေးလည်းဖြစ်တယ် ဒါပေမဲ့  အီတော့
အီမဲ့  ပုံဘဲနော့်  :)

ကျွန်တော် said...

အဟမ်း..ရေခဲမုန့်ကြော်လာပို့တယ်ဆိုတာ ဒါကိုး.. မကောင်းဘူးဗျာ.. မကောင်းဘူး.. အခုထိ မန်းမန်းမစားရသေးတဲ့လူကို သရေယိုအောင်လာလုပ်တာ.. (ဂလု..)

မိုးထက်အိမ် said...

ကြိုက်တယ်... ရေခဲမုန့်ကြော်ကို.... :)

coralnyo said...

နတ်သမီးရေ...အမကတော့ ရေခဲမုန့်ကြော်ကို မုန့်ကြွပ်တွေကပ်ပြီး ဆီပူအိုးထဲ ထည့်ကြော်ရတယ်မှတ်တာ...ခုလို တင်ပေးလိုက်တော့မှ သိတော့တယ် ကျေးဇူး နတ်သမီးရေ....

coralnyo said...

အမက ရေခဲမုန့်ကြောက်ကို မုန့်ကြွပ်တွေကပ်ပြီး ဆီပူထဲထည့်ကြော်ရတယ်မှတ်တာ
ခုတော့သိသွားပြီ ကျေးဇူးပဲနတ်သမီးရေ...

ဝက်ဝံလေး said...

အဟီးးး ဒီရေခဲမုန့်ကြော်လဲ လိုချင်ပါတယ် မေးလ် နဲ့ ပို့ပေးနော် ကျေးဇူးးးးးးးး အာဘွားးး ရှလူးးးးးးးး

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger