ဝင်မလာပါနဲ့....
ငါ့ရဲ့ပန်းချီပြခန်းထဲကို
ငါဆွဲထားတဲ့...မင်းရဲ့ပုံရိပ်တွေကိုမြင်သွားမှာစိုးလို့ပါ.....။
ဝင်မလာပါနဲ့....
ငါ့ရဲ့နှလုံးသား စာကြည့်တိုက်ထဲကို ငါရေးထားတဲ့...အချစ်စာသားတွေကိုမင်းဖတ်မိသွားမှာစိုးလို့ပါ....။
ဝင်မလာပါနဲ့....
ငါ့ရဲ့ နှလုံးသားအခန်းကျဉ်းလေးထဲကို
ပြည့်ကြပ်နေတဲ့...ငါ့ရဲ့အချစ်တွေကိုမင်းတွေ့သွားမှာ စိုးလို့ပါ....။
ဝင်မလာပါနဲ့....
ငါ့ရဲ့စိတ်ကူးယဉ်ကမ္ဘာလေးထဲကို
စိတ်ကူးနဲ့ မင်းကိုလွမ်းခဲ့ရတဲ့ ငါ့ရဲ့အလွမ်းလေးတွေ မင်းကြောင့် အနမ်းဖြစ်သွားမှာ စိုးလို့ပါ.....။ ဝင်မလာပါနဲ့....
ငါအိပ်တော့မလို့ မမက်ရသေးတဲ့ အချစ်အိပ်မက်လေး မင်းကြောင့် နိုးသွားမှာ စိုးလို့ပါ......။
3:26 PM
လင်းထက်

Posted in: 

Nicosia Time
10 comments:
ဝင်လာရအောင်လဲ သူက တံခါးဖွင့်ထားတာမှတ်လို့...
လာလည်တာတောင်ဖုန်းပိတ်အိပ်နေတာ များ...
ခွိခွိ....
တကယ်တမ်းလဲ မဝင်လာရဲပါဘူးလေ...
တော်ကြာ မြင်နေရအုံးမယ်.. ဟီးးးးးးးးးးးးး
နောက်သွားတယ်
ပျော်နေလို့ 
ချစ်ခင်စွာဖြင့်
ဖိုးစိန်
ဝင်မလာနဲ့ဆိုပေမယ့် ၀င်လာမိလို့ ဖတ်သွားခံစားသွားပါတယ်။ ချစ်စရာကောင်းတဲ့ ကဗျာလေးပဲ........
သူ မဟုတ်ပဲ တို့ ဆိုရင်တော့ ဝင်လာလို့ ရတယ် မဟုတ်လား... :P
အချစ်မရှိ မဝင်ရ....
အချစ်ရှိက......
မပြောဘူးနော်....သာမီး..ဘာမှမပြောဘူး....ဟီး..
သနားပါတယ်ဗျာ ဝင်မလာနဲ့ဆိုတော့ သူ့ခများသနားပါ
တယ်နော်း)
ဝင်လာခဲ့ပါတော့...
မနက်နိုးထရင် အိပ်မက်လေး အကောင်အထည်ပေါ်ချင်လို့....
အဟီးး(
ကဗျာလေးကောင်းလိုက်တာ ..
ဝင်မလာပါနဲ့ဆိုရင် ပိုဝင်ချင်ကြတယ်နော် မမ ...
ခစ် ခစ်းD
hninhaymar
သူများတွေ ၀င်ဝင်သွားကြလို့ လိုက်စပ်စုတာ...
မနိုးချင်တဲ့ အိမ်မက်လေးထဲ အတင်းဝင်ချင်သူ ရှိရင် မောင်းထုတ်မှာလား.........
သြော်..၀င်မလာပါနဲ့ဆိုတာကို ၀င်လာကြတဲ့သူတွေထဲမှာ
အနော်ဟာ..10 ယောက် မြောက်ပါလား :P
Post a Comment