
အချစ်...
ငါ့ရဲ့နှလုံးသား တည့်တည့်ကို
မင်းရဲ့အချစ်မြှားနဲ့ထုတ်ချင်းပေါက်သွားအောင်ပစ်လိုက်စမ်းပါ....
မင်းပေးမယ့် အချစ်ရဲ့ဝေဒနာတွေကို ရူးရူးမိုက်မိုက်....ငါ...ခံစားကြည့်ချင်လို့ပါ......။
မင်းဘက်ကငါ့ကို ထိမှန်အောင်မပစ်နိုင်ရင်တော့
ဒီတခါ ငါ့အလှည့်ပေါ့
ငါ့ရဲ့အချစ်မြှားဦးမင်းရင်ဝက နှလုံးသားကို တည့်တည့်ချိန်ထားတယ် မင်း..ခံနိုင်ရည်ရှိအောင်ကြိုးစားထားပေါ့.........။
ငါပစ်လိုက်တဲ့ "မြှား "တစင်း ..မင်းကို "ထိ" "မထိ"တော့ ငါ မသိ....
ငါ့ ရင်ကိုတော့ ထိမှန်ခဲ့သည်...........။
တန်ပြန်လာတဲ့အဲဒီ...."မြှား"
သာမန် "မြှား"...တော့မဟုတ်
ဘူးနှလုံးသားက လာတဲ့..."မြှား"
"အချစ်မြှား" သာ ဖြစ်လိမ့်မည်......။
13 comments:
ဟယ် ကြောက်စရာကြီး မြားတွေနဲ့ ပစ်နေကြတာ ..... ဂျီးတော် ရှောင် ရှောင် .. အဲဒီမြားက အဆိပ်လူးထားတာ ... အလွမ်းဆိပ်တွေ မဖြစ်ပါစေနဲ့လို့ ဆုတောင်းရမှာပဲ ..
မင်္ဂလာပါ..
မောင့်အချစ်မြှားဆူး.. ရူးရပြီကောလေ...
မြှားဆိုလို့ မာမာအေး ဆိုထားတဲ့ မောင့်အချစ်မြှားဆူး သီချင်းကို သတိရသွားတယ်....
အဖြူရောင်နတ်သမီးလေးက ကဗျာလေးတွေ ခံစားရေးဖွဲ့တာလဲ ၀ါသနာပါတယ်နော်... ၀ါသနာအလျောက် ကဗျာလေးတွေ ရေးဖွဲ့ထားတာ ရသတစ်မျိုးတော့ ခံစားရတယ်ဗျ...
ခင်မင်စွာဖြင့်
ကိုမျိုး
အဲ မနမ်းက မြှားပစ်တော်ချက်ဗျာ . . . ကိုယ်ပစ်တဲ့ 
မြှားနဲ့  တစ်ချက်တည်း နှစ်ယောက်လုံးထိအောင်ပစ်
နိုင်တာ မတွေ့ ဘူးသေးဘူး . . . ထူးဆန်းတာက သူ့ ကို
ပစ်ရင်း တွစ် နဲ့  ကိုယ့်ဆီပါပြန်လာမှန်သွားတယ်ဆိုတဲ့ 
စကားလုံးလေးက တော့ တော်တော်လေး ကဗျာဆန်သွားပြီ . . . :)
သူများလည်း မပစ်ချင်ဘူး.. ကိုယ့်ကိုလည်း လာမပစ်ပါနဲ့.. ဟဲဟဲ .. အေးအေးပဲ နေတော့မယ်..
နမ်းရေ ...... သေချာကြည့်ပစ်နော်. ကိုယ့်ဆီ ပြန်လာမှန်နေမယ်...း)
ခင်မင်လေးစားလျှက်
မမရေ..ကဗျာလေးက မိုက်တယ်။
ခံနိုင်ရည်ရှိအောင်ကြိုးစားထား ဆိုတဲ့ အပိုဒ်လေးက စိန်ခေါ်နေသလိုဘဲနော်။။
အာ မြားပစ်ပြိုင်ပွဲ ကျင်းပနေတယ်ထင်တယ်... အဟီး
ဘယ်သူမှ မပြောကြလို့ ကျွန်တော်လျှာရှည်မယ်နော်...
မြား ဆိုတာ လေးနဲ့မြှားကို ပေါင်းထားတာ...ဟထိုးမပါဘူး...
မြှား တချောင်းတည်းဆို ဟထိုးလေးပါတယ်...
ဘယ်နေရာက မြားလဲ ဘယ်နေရာက မြှားလဲ ဆိုတာ သိချင်တယ် ပိုကောင်းသွားအောင်ပါ.. မှန်မမှန်တော့သိဘူးနော်..
လျှာရှည်တာလို့ ပြောပြီးသား...း)
ပစ်ခတ်ကြတယ်တဲ့လား...
နာကျင်ကုန်မှာပေါ့...
ဝေဒနာတွေလား..
ဒဏ်ရာတွေလား..
မြှားစူးရင် ဘာလူးလို့ရလဲ..
cupid ဆီကငှားလာတာလားနတ်သမီးလေးရယ်
ဘကျောက်ကိုတော့..ငယ်ငယ်လေးတွေနဲ့မှန်အောင်ပစ်ပေးပါ..း))
ရှောင်လင်သိုင်းတတ်လည်း မရှောင်နိုင်တဲ့မြားတွေပဲဗျ
း)
နတ်သမီးလည်း မြှားပစ်တာပဲလား..မတော်မှန်ကုန်မှဖြင့်..း)
နတ်သာမီးရေ...
ကဲ...အပေါ်က လူတွေတော့ပြောကုန်ကြပြီ...။ မြားနဲ့ပစ်တတ်တာဆိုရင် မြားနတ်မယ်ပဲဖြစ်ရမည်...:D
(မြားနတ်မောင်မဟုတ်ပါကြောင်း....)
ခင်မင်တဲ့
ဏီလင်းညို
မိုးစက်အိမ်တို့ကတော့ လုပ်ပြီ။ လူတွေမှားနေပါလား။း))
နတ်သမီးရေ မြှားပစ်ပြိုင်မယ်ဆို အသေအချာလေ့ကျင့်ထား
ဗျို့ ...း))
Post a Comment