လူတယောက်ကို
ချစ်တယ် ဆိုတာလည်း ရှုံးတာပဲ...
မုန်းတယ် ဆိုတာလည်း ရှုံးတာပဲ...
ကိုယ့်ရဲ့ခံစားချက် တခု...သူ့ကိုပေးလိုက်တာနဲ့..
ကိုယ်ရှုံးသွားပြီ...
ဘယ်လိုအကြောင်းမျိုးနဲ့မှ “သူမ” မရှုံးချင်ပါဘူး...
ဒါပေမယ့်....
ချစ်သူနှစ်ဦး “အချစ်စီးချင်း” ထိုးတဲ့ ဒီပွဲမှာ...
“သူမ” ရှုံးနိမ့်သွားခဲ့တယ်...
အကြောင်းကတော့ ...
“သူမ”..သူ့ကို အရမ်းချစ်မိသွားခဲ့လို့ပါပဲ....
“သူမ” ဆုံးဖြတ်လိုက်တယ်...
ချစ်သူနှစ်ဦးရဲ့ ကြားက အလွမ်းများကို အဆုံးသတ်ဖို့....
10 comments:
ကျွန်တော့်အချစ်မှာတော့ မရှုံးဆိုတာမရှိဖူးဗျို့
ချစ်လိုက်ရတာကိုက အမြတ်တခုပဲအစ်မရာ
အချစ်မှာ အနိုင်အရှုံး မရှိပါဘူး သူငယ်ချင်းရယ်... ချစ်နေရရင် ကျေနပ်နေတာမျိုးလေ... ခွဲခွာခဲ့ရရင်လည်း အဲဒီအလွမ်းကို ကျေကျေနပ်နပ် ခံစားနေရတာကို နှစ်သက်နေတာမျိုးလို့ ထင်တာပဲ။း)
သိသလောက် ပြောသွားတာနော်..။
ခင်မင်လေးစားလျှက်
နတ်သမီးရေ...
အပေါ်မှာ ညီမဒဏ္ဏာရီပြောသွားသလိုပဲ...ကျွန်တော်လည်း...အဲ့သလိုပဲထင်ပါ၏။
ခင်မင်တဲ့
ဏီလင်းညို
တချို့ အနိုင်ကျင့်တတ်ကြတာကိုး... ဟုတ်တာပေါ့
ဒီကဗျာလေးကိုတော့ သိပ်ကြိုက်သွားပြီ သိပ်ပြီး အဓိပ္ပါယ်ရှိတယ်။ တကယ်လည်းမှန်တယ်။ ချစ်ချစ်မုန်းမုန်း ကိုယ့်ခံစားမှုတွေကို သူ့အတွက် ပေးလိုက်ရပြီဆိုကတည်းက ကိုယ်ရှုံးပြီးသား ဖြစ်သွားပြီ။ Kiki ပြောသလို မချစ်မမုန်း အကောင်းဆုံးပဲ။
မှန်တယ် အမရယ်.. ချစ်သူက ရှုံးသူပါပဲ...း(...
မှန်တယ်အစ်မ...ချစ်ရသူက အရှုံးပါပဲ...
ဒါပေမယ့် ရှုံးခဲ့ရတဲ့ ရလဒ်ကတော့ အမြတ်တခုပေါ့...
တခါတလေ စစ်မှန်တဲ့ ရှုံးနိပ့်ခြင်းက ဘ၀အတွက် စစ်မှန်တဲ့ အမြတ်တခု ဖြစ်မလားပဲ...
ပြောချင်တာ ပြောသွား၏... :)
ကျနော့်ခံစားချက်လူတစ်ယောက်ကိုပေးပစ်
လိုက်တယ် အဲဒီလူလျှံသွားတယ်
နောင်တရလိုက်တာ :P
ပြောပြချင်တယ် ချစ်ချင်းမေတ္တာမှာ တကယ်ဆိုရှုံးတာနိုင်တာတွေ ဘယ်ရှိမှာလဲ မှန်ကန်တဲ့ ချစ်ချင်းမေတ္တာ ဖြစ်ဘို့ တော့ လိုမယ် တကယ်ချစ်ြ့ပီဆိုရင် တယောက်နဲ့  တယောက် ပေးဆပ်ခြင်းနဲ့  မျှဝေခံစားတတ်ရင် ချစ်နေရတာပျော်ရွှင် ကြည်နူးစရာတွေပြည့် နှက်နေမှာပါ အချစ်ကိုအမြတ်ထုပ်ဘို့  ရည်ရွယ်ချက်ရှိရှိ ခုတုံးလုပ် အသုံးချကြရင်တော့  အချစ်ဟာ နာကြည်းဝမ်းနည်းပူဆွေးမှုတွေကို လုံးလုံး လျှားလျှားသယ်ဆောင်လာပါလိမ့် မယ် မှန်ကန်တဲ့ ရိုးသားတဲ့  ချစ်ချင်းမေတ္တာတွေ ရရှိပါစေလို့  နတ်သမီးလေးအတွက်ဆုတောင်းပေးမယ် နော် ခင်တဲ့ သုဒြေ္န
အဆိုတော် ဖိုးကာကို ကြိုက်တယ်။ သီချင်းလေးလည်း ကောင်းတယ်။ သရုပ်ဆောင်သူလည်း လှတယ်။ ကဗျာလည်း ခံစားရတယ်။ လာလည်သွားတယ် နတ်သမီးလေးရေ
ခင်မင်တဲ့
အလွမ်းမြို့
Post a Comment