ငါ့ ဆံနွယ်လေးတွေကို ဆော့ကစားတတ်တဲ့လေညှင်းလေးတို့ရေ.....
ငါ...သွားတော့မယ်....နှုတ်ဆက်ခဲ့တယ်.....
ငါ့အတွက် ပွင့်ဖူးပေးခဲ့တဲ့
ပန်းကလေးတို့ရေ.....
ငါ...သွားတော့မယ်....နှုတ်ဆက်ခဲ့တယ်.....
ငါ့ကို အမြဲတန်း မိုးကြည့်နေတတ်တဲ့
တိမ်တိုက်လေးတို့ရေ....
ငါ...သွားတော့မယ်....နှုတ်ဆက်ခဲ့တယ်.....
ငါ့ရင်ဖွင့်သံက နားထောင်ပေးတတ်တဲ့
သောင်ပြင်လေးရေ....
ငါ...သွားတော့မယ်......နှုတ်ဆက်ခဲ့တယ်......
ပင်လယ်ကမ်းခြေက ငါထိုင်နေကျ
ခုံတန်းလေးရေ....
ငါ...သွားတော့မယ်....နှုတ်ဆက်ခဲ့တယ်......
ငါ ဆုတောင်းပြည့်ဖို့ ခြွေချပေးတတ်တဲ့
ကြယ်စင်လေးတို့ရေ....
ငါ...သွားတော့မယ်....နှုတ်ဆက်ခဲ့တယ်......
ငါ့ ပါးပေါ်ကို ခုန်ဆင်းတတ်တဲ့
ဆောင်းနှင်းပွင့်တို့ရေ......
ငါ...သွားတော့မယ်....နှုတ်ဆက်ခဲ့တယ်.....
ဟိုး..............အဝေးဆီက
အချစ်နန်းတော်ထဲမှာ
ချစ်သူမင်းသားလေး ငါ့ကိုစောင့်နေတယ်....
သူ့ရဲ့ ရင်ခွင်နန်းတော်ဆီကို
ငါ...သွားတော့မယ်.....နှုတ်ဆက်ခဲ့တယ်.....
နှုတ်ဆက်ခဲ့တယ်......နှုတ်ဆက်ခဲ့တယ်........
နှုတ်ဆက်ခဲ့တယ်.....နှုတ်ဆက်ခဲ့တယ်......
11:42 AM
လင်းထက်
Posted in: 

Nicosia Time
8 comments:
သူ့ရဲ့ ရင်ခွင်ဆီသွားမယ်ဆိုတော့ တနားစရာတော့ ကောင်းမယ် မထင်ပါဘူး
ပျော်ပျော်ကြီး နှုတ်ဆက်တာပဲ ဖြစ်ရမယ် :D
have a good time!
သွားတော့မယ် .. နှုတ်ဆက်ခဲ့တယ် ဆိုလို့ စိတ်မကောင်းတွေဖြစ်လို့ .. အော် ပြီးမှ ပျော်စရာကိုး .. :) စာတွေဖတ်သွားတယ် .. မင်္ဂလာပါ
အမယ်အမယ် အစ်မကတော့ ပျော်စရာကြုံသွားပြီပေါ့ဗျာ...
နွေးထွေးတဲ့ချစ်သူရင်ခွင်မှာ နားခိုတော့မယ်ပေါ့....
အဟီးး)
နတ်သမီးရေ...
တစ်ကယ်သွားတော့မှာလားဗျ...။
အကျွေးအမွေးလေးတွေဘယ်မှာတုန်းဗျ...ပွဲဖြစ်ရင်တော့ကျွေးရမှာလေ...။
(မင်္ဂလာပွဲကိုပြောတာနော်... နတ်ပွဲဟုတ်ဘူးးးး)
ခင်မင်တဲ့
ဏီလင်းညို
အချစ်နန်းတော်က ရင်ခွင်မင်းသားဆီ သွားတာလည်း
သွားတာပေါ့နော့် ရေခဲမုန့် လည်း ကျွေးအုံးနော်
ကိုဏီပြောသလိုဘဲ ဘယ်တော့အကျွေးအမွေးက စမ
တုန်းဗျ . . . ပျော်ရွှင်ချမ်းမြေ့ ပါစေဗျာ . . .
သြ...ဂလိုကိုး။
ပြောပြောက စောမှပေါ့.ဂျာ။
အဲဒီနေရာလေး နောက်တစ်ခေါက်လောက်ရောက်ချင်လိုက်တာဗျာ...
Post a Comment