Restauranမှာအလုပ်လုပ်တာကြာပြီဖြစ်တဲ့ကျွန်မအတွက်ဆိုင်ကိုပုံမှန်လာနေကျဧည့်သည်အတော်
များများနဲ့ခင်နေပြီပေါ့...။ ကျွန်မရဲ့အလုပ်ဟာ ဧည့်ကြိုဆိုပေမဲ့လည်း..ဧည့်ကြိုကောင်တာက ကျွန်မလုပ်ရမည့်အလုပ်တွေပါးတဲ့အခါမျိုးမှာရင်းနှီးတဲ့ဧည့်သည်အချို့ကိုဧည့်ခံရင်းစကားပြောရပါတယ်။
ကိုယ်သိတဲ့အကြောင်းတွေလည်း ပြောရင်း.သူတို့ပြောပြတဲ့အထဲကဗဟုသုတရစရာတွေကိုလည်း..မှတ်သားရပါတယ်..။
မြန်မာလူမျိုးဖြစ်တဲ့ ကျွန်မအတွက် အများဆုံး ပြောဖြစ်ခဲ့တဲ့ အကြောင်းကတော့..ကျွန်မချစ်တဲ့ မြန်မာပြည်အကြောင်းပါပဲ။ကျွန်မတို့ဆိုင်ကိုပုံမှန်လာနေကျဧည့်သည်အတော်များများဟာလည်း
ကျွန်မကြောင့် မြန်မာပြည်အကြောင်းကို တော်တော်လေး သိနေကြပါပြီ...။ အဲဒီထဲကမှ ကျွန်မနဲ့ အရင်းနှီးဆုံး အင်္ဂလန်နိုင်ငံက ဧည့်သည်စုံတွဲတစ်တွဲဖြစ်တဲ့ Mr. & Mrs. Harleyတို့နဲ့စကားပြောဖြစ်ခဲ့ပါတယ်...။
Mr. Harley ဟာ ကျွန်မတို့ဆိုင်ကိုလာတိုင်းအကောင်းစားဝိုင်တစ်ပုလင်းကိုမှာပြီးသူတစ်ယောက်ထဲ သောက်တတ်ပါတယ်။ အဲဒီဝိုင်တစ်ပုလင်းလုံး ကုန်သွားချိန်မှာ ကော်ဖီပြင်းပြင်းတစ်ခွက်ကိုပါမှာပြီး သောက်တတ်တဲ့ Mr. Harley ရဲ့ အလေ့အကျင့်ကို စိတ်ဝင်စားတာကြောင့် မေးမိခဲ့ပါတယ်..။ သူကျွန်မကို ပြန်ရှင်းပြခဲ့တာကတော့သူဟာဝိုင်ခပ်ပြင်းပြင်းရဲ့အရသာကိုကြိုက်နှစ်သက်တာကြောင့်
အရသာခံပြီး သောက်ပါတယ်...၊ ဝိုင်တစ်ပုလင်းလုံး သောက်ပြီးလို့ မူးသွားတဲ့အခါ အမူးပြေစေဖို့ ကော်ဖီခပ်ပြင်းပြင်းတစ်ခွက်ကို သောက်ရင်း ကိုယ့်ကိုယ်ကို ထိန်းပါတယ်တဲ့...။
နောက်ထပ်သူပြောခဲ့တဲ့ စကားတစ်ခွန်းကတော့...“ဝိုင်ပဲမူးမူး...အရက်ပဲမူးမူး...အဲဒီအမူးပြေအောင်...ကော်ဖီခပ်ပြင်းပြင်းတစ်ခွက်က ကူညီနိုင်ပေမဲ့ ...”....“ လူတစ်ယောက်ရဲ့ဘဝမှာ ဘဝမူးလွန်သွားရင်တော့ ကော်ဖီခပ်ပြင်းပြင်းတစ်ခွက်က ကူညီနိုင်မှာ မဟုတ်ပါဘူး”....တဲ့လေ...။“အဲဒီတော့ ဘဝနဲ့ပတ်သက်လာရင် ...မမူးပါစေနဲ့”....တဲ့။
4:27 AM
လင်းထက်

Posted in: 

Nicosia Time
19 comments:
မင်္ဂလာပါ အဖြူရောင် နတ်သမီးလေး ရေ..
ဘ၀နဲ့ ပတ်သက်လာရင် မမူးပါစေနဲ့ တဲ့။ တကယ့်ကို မှတ်သားစရာ စကားတစ်ခွန်းပါဘဲနော်။ ဝေမျှဖော်ပြ ပေးတဲ့ အတွက် ကျေးဇူးပါ။
ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)
လူတစ်ယောက်ရဲ့ဘ၀မှာအမူးလွန်သွားရင် ခပ်ပြင်းပြင်း ကော်ဖီတစ်ခွက်က ကူညီနိုင်မှာမဟုတ်ဘူး ဆိုတဲ့ စကားလေးကို သဘောကျပါတယ်..မှတ်သားစရာပါ.. တစ်နိုင်ငံ တစ်မြေခြားမှာ အလုပ်လုပ်နေတဲ့ ညီမလေး ပျော်ရွှင်အဆင်ပြေပါစေ...
ချစ်ခင်စွာဖြင့်
အပြင်းစား ခံစားချက်တွေပါလား....
ဘာမှ မသောက်ရပဲ မူးနေသူကိုရော..
ဘယ်လိုလုပ်ရမလဲ နော် ။
နောက်ဆုံး စာကြောင်းလေးဖတ်ပြီး
အတွေးလေး တစ်ခု ၀င်သွားတယ် ...
မရေ..
ရောက်လာပါတယ်။ ရီမိုးလည်း ကော်ဖီ ပြင်းပြင်း လေးတွေကိုကြိုက်နှစ်သက်ပါတယ်။ ဘဝမှာ ပြင်လို့ မရတဲ့ အမှားမကျူးလွန်အောင် ပြောသွားတဲ့ စကားလေးက မှတ်သားစရာလေးပါ။
ကော်ဖီးခပ်ပြင်းပြင်းတစ်ခွက်လောက်
တကယ်မူးနေလို့သောက်ကြည့်မလို့
ပဲပုတ်
မှန်လိုက်တာ သူငယ်ချင်းရေ... ဘ၀မူးရင်တော့ ကယ်နိုင်စရာ ဆေးမရှိဘူးနော်။
ခင်မင်လေးစားလျှက်
ကိကိ ပြောသလိုမူးနေတဲ့ သူကိုတော့ တင်းပုတ်နဲ့သာထုပလိုက်ပေတော့...:p
ဘိုင်ဒဝေး... ဖတ်ဘူးလားလို့...
ဖတ်ဖူးဘူး..း)
စိတ်ချ ဂျီးတော် ဘ၀တော့ မမူးဘူး .. အရက်ပဲ မူးမှာ ...
ဘ၀နဲ့ ပတ်သတ်လာရင် မမူးနဲ့... ဟုတ်လားအစ်မ...
ကောင်းလိုက်တဲ့ စကားလေး...
မမူးနိုင်အောင် ကြိုးစားသင့်နေပြီပေါ့နော်...
နတ်သာမီးရေ...
အားလုံးပြောသလိုပဲ...ကိုဏီလည်း..နောက်ဆုံးစာကြောင်းလေးကို ကြိုက်၏။
(သို့ဘေမယ့်လည်း... ကိုဏီတို့ကတော့ ၀ိုင်ဒွေဘာတွေချပြီးရင် ကော်ဖီမသောက်တော့ပါဘူး...။ ဘယ့်နှယ်... ပိုက်ပိုက်အကုန်ခံပြီး...မူးချင်လို့သောက်ထားတာတွေ..ပျောက်သွားမှာစိုးဒါပေါ့...။ နော့် နတ်သာမီး...း))
ps. ကိုဏီဘယ်မှ မရောက်ပါဘူးနတ်သာမီးရယ်... မအားလို့ပါဟ...၊ အသစ်တင်တိုင်း...လာနေတာပဲ..ဟာပဲ..ဟာပဲကို...း)
ခင်မင်တဲ့
ဏီလင်းညို
ခေါင်းစဉ်းမှာက
ဘဝအတွက် ခတ်ပြင်းပြင်းကော်ဖီတစ်ခွက်
ဘဝအတွက် ခပ်ပြင်းပြင်းကော်ဖီတစ်ခွက်လို့ထင်တယ်
ခပ်ဖြစ်ရမှာခတ်ဖြစ်နေတယ်
အောက်ကစာသားကတော့မှန်တယ်
ဆရာလုပ်တာမဟုတ်ပါဘူးပြောကြည့်တာပါ
ပဲပုတ်
နတ်ပြည်မှာဝိုင်မရှိဘူး..သုရာတော့ရှိလို့..
ကိစ္စမရှိလောက်ပါဘူးနော်
ဏီဏီပြောသလိုပဲ မူးချင်လို့သောက်ပါတယ်ဆိုမှဘဲ....
ကော်ဖီကိုတော့အရမ်းကြိုက်လို့ ကော်ဖီဆိုင်ကောင်းကောင်းမှာပဲ သွားသောက်မယ်...။ အရက်နာကျပေ့စေ...ကော်ဖီနဲ့တော့ဖြေဘူး...။
ခင်မင်စွာဖြင့်
မိုးငွေ့
ps ဒီပို့ကို အရင်နတ်သမီးရေးတာ ဖတ်ဖူးသလိုပဲ...အဲ...အဲ အမူးမပြေသေးတာဟုတ်ဘူးနော်။
ဟုတ်ကဲ့.. မမူးအောင်နေပါ့မယ်
မိုးငွေ့
ps ဒီပို့ကို အရင်နတ်သမီးရေးတာ ဖတ်ဖူးသလိုပဲ...
-----------------------------------------------------
ဟုတ်တယ်..မမိုးရေ....
“ခင်ရာဆွေမျိုး” မှာလေ...
အရက်တော့ မသောက်တော့လို့ မမူးတော့ဘူးဗျ..
ဘဝကတော့ မူးနောက်နေတုန်းပါပဲ..။
ဒါပေမဲ့..ကော်ဖီကိုတော့ သောက်ဖြစ်ပါစေ..။
အခါးကို အခါးနဲ့ ဖြေရတယ် မဟုတ်လား။
“မြန်မာလူမျိုးဖြစ်တဲ့ ကျွန်မအတွက် အများဆုံး ပြောဖြစ်ခဲ့တဲ့ အကြောင်းကတော့..ကျွန်မချစ်တဲ့ မြန်မာပြည်အကြောင်းပါပဲ။”
ဒီစာသားလေးဖတ်မိလိုက်တော့ ရင်ထဲမှာအရမ်းကိုကြည်နူးမိတယ် ...
Post a Comment