ဘ၀ဆိုတဲ့
ရှည်လျားတဲ့ဝတ္ထုတပုဒ်မှာ
ကဗျာတပုဒ်လိုနူးညံ့
သိမ်မွေ့စွာ ဆုံတွေ့ 
သူ့ အကြည့်ဓားသွားတချက်က
“ပျို့ ” နှလုံးသားကို လှုပ်ခတ်စွာဖူးပွင့်ပြတော့
လေယူရာယိမ်းလို့  တိမ်းညွှတ်မိတဲ့
သော်တာရောင်ပန်းလေးတပွင့်
အဲဒီနေ့ ကစပြီး ပိုမွှေးခဲ့ ဖူးတယ် . . .
ဆည်းဆာလေပြေနောက်
နှလုံးသား“တိမ်” ထအတောက်မှာ
ချစ်သူ့ နှုတ်ဖျား ချစ်စကားများ
“ပျို့ ”နှလုံးသားပေါ် ခုန်ပျံသက်ဆင်း
ကြယ်လေးတွေနဲ့ စစ်ခင်းရင်း
ငွေလ၀န်းလို လှည့်ပြုံးပြတုန်းက
ရှက်ပြုံးကပိုကရိုနဲ့ 
မခို့ တရို့ ညင်သာစွာ“ ပျို ”ပြုံးချိုခဲ့ဖူးတယ်
ညချမ်းချိန်ခါ
ကြယ်တာရာပြုစား
“ပျို”မှေးစက်ရာ အိပ်မက်ဝင်္ကမ္ဘာမှာ
ဆောင်းတွင်းအိပ်မက် ဂယောက်ဂယက်မို့
စွဲလန်းမြင်မှန်း ချစ်သူ့အနမ်း
ဝတ်မှုန်ကိုဖြန်းတော့
“ပျို့”ဆံနွယ်ခွေလေးလေအသော့မှာ
ပြေလျှော့သွားချိန်
၁၅၀၀+၅၂၈ ဆိုတဲ့ အချစ်=အချစ် ဟာ
ဆောင်းတွင်း အိမ်မက်ကဗျာကို
Romantic ဆန်စွာအသက်သွင်းပေးသွားတယ်
15 comments:
လာရောက်ပြီးဖတ်သွားပါတယ်ကဗျာလေးကို
နေကောင်းကျန်းမာပေါစေလို့သတိရဆုတောင်းလျက်
ပဲပုတ်
နတ်သာမီးရေ....
ကဗျာတွေ ကောင်းလှချည်လား....
ကဗျာတွေ ကောင်းလှချည်လားဗျ....။
(အကျယ်ကြီး အော်သွားသည်)
ခင်မင်တဲ့
ဏီလင်းညို
အားပေးသွားတယ် မရေ ....
ဆောင်းနှင်းရွက်
ဆည်းဆာလေပြေနောက်
နှလုံးသား“တိမ်” ထအတောက်မှာ
တော်တော်ကောင်းတဲ့ စာသားဗျာ...
အစ်မ ကဗျာတွေ ပိုပိုကောင်းလာတယ်နော်...
အားပေးလျက်ပါ အစ်မရေ...
ခင်တဲ့
ညရဲ့ကောင်းကင်
နှလုံးသားတိမ်ထအတောက်မှာ ဆိုတဲ့ အသုံးလေးက အရမ်းကို ချစ်စရာနှစ်သက်စရာကောင်းတယ် ညီမက စကားလုံးလှလှတွေ အရမ်းရွေးတယ်တယ်နော် တော်လိုက်တာ ..
အဲ.. နတ်သမီးရေ အစ်မရဲ့ ဘလောဂ့်ကို http://missgreenlady.mylovecafe.net/?feed=rss2 သို့မဟုတ် http://missgreenlady.mylovecafe.com တစ်ခုခုနဲ့ပြောင်းချိတ်ပေးပါဦးနော်.. အိမ်ဟောင်းမှာ ရေးမရတော့လို့ပြောင်းသွားပါပြီ..
ပျော်ရွှင်ပါစေညီမလေးရေ..
ခင်မင်တဲ့
မချော
အင်းးးး
ဆောင်းတွင်းအိပ်မက် ဂယောက် ဂယက် ပါလား နော် ...
ဆောင်းတွင်းအိပ်မက်
ဂယောက်ဂယက်မို့
စွဲလန်းမြင်မှန်း
ချစ်သူ့အနမ်း
ဝတ်မှုန်ကိုဖြန်းတော့
“ပျို့” ဆံနွယ်ခွေလေး
လေအသော့မှာ
ပြေလျှော့သွားချိန်. . .
ကျွန်တော်လည်း ကျွန်တော့်ချစ်သူပြုစားလို့ 
ဆောင်းတွင်းအိမ်မက်မှာ တကယ်ကိုဂဂျောက်ဂရက်
တွေဖြစ်ခဲ့ ရတယ် . . . ဒီထက်ပိုပြီး ကဗျာလေး
များစွာကိုရေးစပ်နိုင်ပါစေဗျာ အားပေးလျက် . .
ကဗျာကောင်းတာတော့မပြောတော့ဘူး..
ဓါတ်ပုံတွေပိုပိုလှလာတယ်..
နတ်သုဒ္ဓါကျွေးမှာလားလို့..း)))
အန်တီနတ်သမီး ကဗျာကကောင်းလှချေလားဗျ...
ဏီဏီ့လိုပဲ အကျယ်ကြီးအော်.......သွားတယ်...
ခင်မင်စွာဖြင့်
မိုးငွေ့
ကဗျာလေးက အရမ်းကောင်းတယ် နတ်သမီးရေ...ကူးယူသွားပါတယ်...ခွင့်လွှတ်ပါ....း)
အချစ်တွေ ရင်ထဲမှာ အပြည့်ဖြစ်နေတယ်။ ဒါမမဟုတ် ခံစားချက်တွေ များနေတယ်။
အဲတာကြောင့် ကဗျာလေးတွေက ကောင်းပြီးရင်ကောင်းပါပဲ မမရေ...။
ချစ်ခင်လေးစားတဲ့။
မြတ်မွန်
ဂျီးတော် ဆောင်းတွင်းအိပ်မက် ဂယောက်ဂယက်တွေ မက်နေပြီထင်တယ်။ ချစ်သူက အိပ်မက်ထဲမှပဲ နမ်းရဲတာလားဗျာ။ ကျုပ်နဲ့တော့ ကွာပ ဟားဟား
ဆောင်းတွင်းအိမ်မက် ၊ ခွန်းဆိုခက်လည်း
ကပို ကရို ၊ ရှက်ပြုံးချိုနှင့်
မခို့တရို့ ၊ ဆိုဖွဲ့လို့ကွယ်...
ဆောင်းအိမ်မက်မှာ ပွင့်တဲ့ ကဗျာ .. တဲ့လား
..နတ်သမီး....
လေးစားလျက်ပါ။
လှတယ်ဗျာ...ကဗျာလေးက..
၁၅၀၀+၅၂၈ တဲ့လား..
ဂွတ်...။
လှပါ့..အကုန်ပါပဲ..
ခင်မင်လေးစားတဲ့။
Post a Comment