မတူညီကြတဲ့ တို့ရဲ့“ဘဝ”တွေ ညှိယူနေကြရတုန်းပါပဲ....
ဒီလိုနဲ့ပဲ...
တချို့က တူညီသွားကြတယ်..
တချို့က ညှိမရပဲ လမ်းခွဲထွက်ခွာသွားကြတယ်....
ဒီလိုနဲ့ပဲ...
“ဘဝ”ဆိုတာကြီးက ကြေကွဲစရာတွေဖြစ်လာတယ်...
ကြည်နူးစရာတွေဖြစ်လာတယ်...
ဝမ်းသာစရာတွေဖြစ်လာတယ်...
ဒီလိုနဲ့ပဲ...
တချို့က ယုံကြည်ချက်အပြည့်နဲ့ ဘဝကိုလှုပ်ရှားရုန်းကန်နေကြတယ်...
တချို့ကတော့ ယုံကြည်ချက်မဲ့စွာ “ဘဝ”ကို လှုပ်ရှားနေကြပြန်ရော....
ဒီလိုနဲ့ပဲ...
တချို့က အဓိပ္ပါယ်မဲ့စွာ သေကြေပျက်စီးသွားကြတယ်...
တချို့ကျတော့ အဓိပ္ပါယ်ရှိစွာ ရှင်သန်လာကြပြန်တယ်...
ဒီလိုနဲ့ပဲ...
လောကကြီးထဲက “ဘဝ”ပေါင်းများစွာဟာ
မွေးဖွားခြင်းမှအစပြုလို့ သေဆုံးခြင်းကို ရောက်တဲ့အထိ
ရောင်စုံခံစားချက်တွေနဲ့အတူ....
ရုန်းကန်လှုပ်ရှားနေကြရတုန်းပါပဲ...
ဒီလိုနဲ့ပဲ...
“ဘဝ”နှစ်ခု တိတ်တစိတ် ကွဲအက်ကြေမွခဲ့ရပြန်ပြီလေ....
ဒီလိုနဲ့ပဲ...ဒီလိုနဲ့ပဲ....ဒီလိုနဲ့ပဲ...
16 comments:
ဒီလိုနဲ့ပဲ...
တချို့က အဓိပ္ပါယ်မဲ့စွာ သေကြေပျက်စီးသွားကြတယ်...
တချို့ကျတော့ အဓိပ္ပါယ်ရှိစွာ ရှင်သန်လာကြပြန်တယ်... ။
ဒီလိုနဲ့ပဲ...
သံဝေဂမရကြဘဲ
တချို့တွေက စာနာမှုမဲ့စွာ
ဗလာသက်သက်နေထိုင်ကြတယ်...။
ဒီလိုနဲ့ပဲ....ဒီလိုနဲ့ပဲ....ဒီလိုနဲ့ပဲ....
ခင်မင်စွာဖြင့်
မိုးငွေ့
မနတ်သမီးရေ..
မင်္ဂလာပါနော်...ကဗျာလေးကိုကြိုက်တယ်...
ခင်တဲ့
သဒ္ဓါ
သူငယ်ချင်းရေ..... ဒီလိုနဲ့ပဲ ဆုံးဆည်းရ၊ ခွဲခွါလိုက်ရတဲ့ ချစ်သူတွေ အများကြီး ရှိနေမှာပါ.။
ပျော်ရွှင်ချမ်းမြေ့ပါစေ..
ခင်မင်လေးစားလျှက်
မရေ...
ဒီလိုနဲ့ ပဲ အားတင်းပြီးရှေ့ ကိုဆက်ရအုံးမှာပါ...
ဒီလိုနဲ့ပဲ ကဗျာ တစ်ပုဒ် ဖြစ်သွားတာပေါ့ ဟုတ်လား ဂျီးတော်။
လူဆိုတာကံကြောင့်ဘဲဆုံဆည်းရသလို
ကံကြောင့်ဘဲခွဲခွာရတာပါဘဲဘာမှဝမ်းနည်းစရာမလိုပါဘူး
ဒီလိုပါဘဲ..........
ပဲပုတ်
နတ်သာမီးရေ...
ဟုတ်တယ်...
ဒီလိုနဲ့ပဲလေ...
ခရီးမဆုံးခင်အထိတော့...
ဒီလိုပဲ ဆက်သွားရမှာပါလေ...။
ခင်မင်တဲ့
ဏီလင်းညို
မမ နေကောင်းသွားပြီလား။ ကျွန်တော် ကဗျာတွေ လာခံစားသွားပါတယ်။ ဘောက်စ်ထဲမှာ ကွန်မန့် ပေးမလို့ ဘောက်စ် ရှာမတွေ့ လို့ ။ ထိပ်ဆုံးမှာပဲ မန့် ပေးခဲ့ပါတယ်။ ကျွန်တော့်ဆီလာလည်တဲ့ အတွက် ကျေးဇူးပါ မမ။ ကျွန်တော်တို့က မောင်နှမတွေပဲ တခုခုဖြစ်ရင် ပြောပါ။ တိုင်ပင်ပါ။ အမြဲသတိရနေပါတယ်။ အားပေးလျှက်ပါ။
ခင်မင်လေးစားလျှက်
မောင်လေး
သော်ခ
ဒီလိုနဲ့ပဲ...ဘာတွေဆွေးနေတာလဲ
ဟုတ်ပါ့နော် ...
ဘ၀ က ဒီလိုနဲ့ပဲ ...
မတူညီကြတဲ့ တို့ရဲ့“ဘဝ”တွေ ညှိယူနေကြရတုန်းပါပဲ ဆိုတာ ကိုယ်တစ်ယောက်ထဲ မဟုတ်ဘူးဆိုတာ သိလိုက်ရပါတယ်၊ ဖတ်သွားပါတယ်
မရေ... ဟုတ်တယ်နော်။
သမီးလဲ ဒီလိုနဲ့ပဲ.. တစ်ယောက်တည်း ကျန်ခဲ့ ကျန်ခဲ့ ကျန်ခဲ့......တယ်လေ။
နောက်ဆုံးအပိုဒ်လေးက အထိဆုံးပဲ...
ဒီလိုနဲ့ ကွဲကြေခဲ့တဲ့သူတွေထဲမှာ ကျွန်တော်လည်းပါခဲ့ဖူးလို့
ဒါနဲ့ စီဗုံးက ဘာလို့ပိတ်ထားတာလည်းဟင်...
ကောင်းတယ်ဗျာ..။
ဒီလိုနဲ့ပဲ ကျနော်တို့ မဆုံးနိုင်သော ခရီးကို ဆက်နေရတာပါပဲ။
ဒီလိုနဲ့ပဲ...
ကိုဇော်
ဒီလိုနဲ့ပဲ .. ဒီလိုနဲ့ပဲ ...
ကဗျာလေးဖတ်သွားပါတယ်။
စာတချို့လည်း လက်လှမ်းမှီသလောက်ဖတ်သွားပါတယ်ခင်ဗျာ။
Post a Comment