၁၈.၀၄.၂၀၁၀(တနင်္ဂနွေ)နေ့၊ နေ့လည် ၁၂နာရီက ဆိုက်ပရပ်စ်နိုင်ငံ နီကိုဆီးယားမြို့၊ဆိုရှယ်စင်တာတွင်ကျင်းပခဲ့သည့် မြန်မာနှစ်သစ်ကိုကြိုဆိုသောအားဖြင့် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကို ကျင်းပခဲ့ရာ ထိုပွဲတော်တွင် ဆိုက်ပရပ်စ် နိုင်ငံရောက် မြန်မာများ၊ ဖိလစ်ပိုင်လူမျိုးများ၊ အိန္ဒိယ လူမျိုးများနှင့် ဖိတ်ကြားထားသော UNမှ ဧည့်သည်တော်များ ပါဝင်သော ပရိသတ်(၁၂၀)ဦးခန့်တက်ရောက်ဆင်နွှဲခဲ့ကြသည်။
အစီအစဉ်အရ....DJ အဖြစ် တာဝန်ယူသူများကတော့ ကိုစောဝီလီယန်ဝင်းဖေနှင့် မသင်းသင်းတို့ဖြစ်ပြီး၊အခန်းအနားစီစဉ်ကြေညာသူအဖြစ် မမော်က တာဝန်ယူကာ သင်္ကြန်သမီးပျို(၆)ဦးတို့မှ မြန်မာ့ရိုးရာဓလေ့ ဘုရားကန့်တော့ ပုံ၊ ပန်း၊ဆီမီး၊သစ်သီး၊သောက်တော်ရေ ကပ်လှူပုံတို့ကို ဘုရားသီချင်းဖြင့် သရုပ်ပြ ကပြပြီး အခန်းအနားကို စတင် စတင်ဖွင့်လှစ်ခဲ့သည်။
ထို့နောက် ဆိုက်ပရပ်စ်နိုင်ငံမှ မြန်မာလူကြီးများအား လူငယ်များမှ အပြစ်များရှိပါက ခွင့်လွှတ်ပါရန် ရှိခိုးကန်တော့အပြီးတွင်
ဆိုက်ပရပ်စ်နိုင်ငံတွင် သာသနာပြုလုပ်ငန်းများနှင့် ဒုက္ခသည်များအားကူညီမှုအသင်းမှ တာဝန်ရှိသူများဖြစ်ကြသော စစ်စတာ အက်ဒလင်း၊စစ်စတာ မက်ဒရင်း၊ နှင့် စစ်စတာ ငြိမ့်ငြိမ့် တို့မှ ဖျော်ဖြေရေးအစီအစဉ်များကြားတွင် အလှည့်ကျ ဆုံးမမိန့်ခွန်းများ အသီးသီးပြောကြားသွားခဲ့ကြသည်။ 


အမိမြန်မာနိုင်ငံကိုလွမ်းဆွတ်နေကြသော ပြည်ပရောက်မြန်မာများအား ဖျော်ဖြေရေးအဖွဲ့မှ သီဆို ကပြ တင်ဆက်ခဲ့ကြသော ....
(၁)ပပို့စ်မြို့မှ သင်္ကြန်သမီးပျိုလေးများအဖွဲ့မှ “ပိတောက်လက်ဆောင်”ယိမ်းဖြင့်၎င်း၊
(၂)နီကိုဆီးယားမြို့တော်မှ သမီးပျိုလေးများဖြစ်ကြသော နွယ်နွယ်ကျော်ဆွေနှင့် သူဇာတို့၏ “ချမ်းတုံချမ်း”အကဖြင့်၎င်း၊
(၃)တေးဆို-ကိုချမ်းငြိမ်း၊ ကိုတင်ဦး၊ အက-မအိအိဖြိုး တို့၏ “သင်္ကြန်မိုး”ဖြင့်၎င်း၊
(၄)တေးဆို-ကိုသက်နောင်၊ အက-မချိုမော်ဦးတို့၏ “အိပ်မက်စေတမန်”ဖြင့်၎င်း၊
(၅)မဝင်း၊မနှင်းယုကျော်၊ မအိအိဖြိုးတို့၏ “ဟော့တော့”အကဖြင့်၎င်း၊
(၆)တေးဆို-မမော်၊အက-မြယမင်းခင်တို့၏ “မန်းတောင်ရိပ်ခို” ဖြင့်၎င်း၊ 
(၇)အကြိုနေ့မှ အတက်နေ့အထိ မြန်မာလူငယ်များ၏ ကြည်နူးစရာ ရေကစားပုံ သရုပ်ပြပွဲနှင့်အတူ
(၈)ဖျော်ဖြေရေးအဖွဲ့နှင့် ထိုပွဲသို့လာရောက်သူဧည့်သည်များအားလုံးမှ “နဂါးနီ”သီချင်းကို သံပြိုင်သီဆိုရင်း ရွှေမိုးငွေမိုးရွာသွန်းကာ ဖျော်ဖြေရေးအစီအစဉ်ကို ရုပ်သိမ်းပြီး
တည်ခင်းထားသော မြန်မာ့ရိုးရာအစားအစာများဖြစ်သည့် မုန့်လုံးရေပေါ်၊ကောက်ညှင်းထုပ်၊မုန့်ဖက်ထုပ်၊မုန့်ဟင်းခါး၊ကြာဇံချက်၊ ဆီချက်ခေါက်ဆွဲ၊ ဒံပေါက်၊ရွှေရင်အေး၊ မုန့်ဆန်း၊ ကြာဇံကြော်၊ခေါက်ဆွဲကြော်၊ ထန်းသီးမုန့်၊နှင့် အအေးမျိုးစုံတို့ကို တပျော်တပါးစားသောက်ရင်း ရေကစားပွဲကိုဆင်နွှဲကာ မြန်မာ့နှစ်သစ်ကို ကြိုဆိုခဲ့ကြသည်။

အစီအစဉ်အရ....DJ အဖြစ် တာဝန်ယူသူများကတော့ ကိုစောဝီလီယန်ဝင်းဖေနှင့် မသင်းသင်းတို့ဖြစ်ပြီး၊အခန်းအနားစီစဉ်ကြေညာသူအဖြစ် မမော်က တာဝန်ယူကာ သင်္ကြန်သမီးပျို(၆)ဦးတို့မှ မြန်မာ့ရိုးရာဓလေ့ ဘုရားကန့်တော့ ပုံ၊ ပန်း၊ဆီမီး၊သစ်သီး၊သောက်တော်ရေ ကပ်လှူပုံတို့ကို ဘုရားသီချင်းဖြင့် သရုပ်ပြ ကပြပြီး အခန်းအနားကို စတင် စတင်ဖွင့်လှစ်ခဲ့သည်။
ထို့နောက် ဆိုက်ပရပ်စ်နိုင်ငံမှ မြန်မာလူကြီးများအား လူငယ်များမှ အပြစ်များရှိပါက ခွင့်လွှတ်ပါရန် ရှိခိုးကန်တော့အပြီးတွင်
အမိမြန်မာနိုင်ငံကိုလွမ်းဆွတ်နေကြသော ပြည်ပရောက်မြန်မာများအား ဖျော်ဖြေရေးအဖွဲ့မှ သီဆို ကပြ တင်ဆက်ခဲ့ကြသော ....
(၁)ပပို့စ်မြို့မှ သင်္ကြန်သမီးပျိုလေးများအဖွဲ့မှ “ပိတောက်လက်ဆောင်”ယိမ်းဖြင့်၎င်း၊
(၇)အကြိုနေ့မှ အတက်နေ့အထိ မြန်မာလူငယ်များ၏ ကြည်နူးစရာ ရေကစားပုံ သရုပ်ပြပွဲနှင့်အတူ
(၈)ဖျော်ဖြေရေးအဖွဲ့နှင့် ထိုပွဲသို့လာရောက်သူဧည့်သည်များအားလုံးမှ “နဂါးနီ”သီချင်းကို သံပြိုင်သီဆိုရင်း ရွှေမိုးငွေမိုးရွာသွန်းကာ ဖျော်ဖြေရေးအစီအစဉ်ကို ရုပ်သိမ်းပြီး
12 comments:
အဖြူရောင် နတ်သမီးရော သီချင်းမဆိုဘူးလား
အဝေးရောက် မြန်မာတွေအဖို့ နီးစပ်ရာ မိတ်ဆွေတွေနဲ့ ရိုးရာပွဲတွေ ဆင်နွဲရတာ နွေးထွေးတဲ့ ခင်မင်မှုကို တည်ဆောက်နိင် တယ်လို့ မှတ်ယူရမှာပဲ။ ကိုယ်မြေမှာလောက် မပျော်ရပေမယ့် ရသလောက်လေး ပျော်ရွှင်အောင် နေကြရတာပါပဲ။
မုန့်ဟင်းခါး စားချင်လိုက်တာ
အဲဒီမှာတော့ မြန်မာတွေအများကြီးပဲနော်
နဂါးနီသီချင်းနဲ့ ဖျော်ဖြေရေးအစီအစဉ်သိမ်းတော့ကောင်းလိုက်တာ
ပျော်စရာကြီးနေမှာပဲ ..
ကျေးဇူး
မ ရေ ဆိုက်ပရပ် သင်္ကြန်ကို လာခံစားသွားပါတယ်နော်
မမနတ်သမီး နှစ်သစ်မှာ ပျော်ရွှင်ပါစေနော်
ဘယ်နေရာ ဘယ်နိုင်ငံ ရောက် ရောက် ၊
မြန်မာ ဟာ မြန်မာ ပါပဲ ..
လူမျိုး နဲ့ ဓလေ့ ထုံးစံ တွေ မမေ့ မပျောက် အောင် ထိန်းသိမ်း ကြတာ ကြည်နူးစရာ ပါ ..
နှစ်သစ် မှာ ချမ်းမြေ့  ပါစေ နတ်သမီး ရေ..
ဂွတ်....
အားကျတယ်. . .
ဘာလို့လဲ ဆိုတော့ လုပ်တိုင်း တစ်ခေါက်မှ မသွားလို့...ဟီးဟီး. . .
ဒီလို လူများတဲ့ ပွဲဆို အသက်ကြီးလာလို့လား မသိဘူး. . .ပွဲ မတိုးတော့ဘူး . .( နောက်ပေါက် ပြောတာ )
ပျော်ရွှင်ပါစေ
ကိုဇော်
ဓါတ်ပုံလေးတွေ ကြည့်ပြီး နွယ်တို့ မြန်မာတွေရဲ့ ရိုးရာပွဲလေးကို အခုလို အမှတ်တရ ပျော်ခဲ့ကြတဲ့ နမ်းတို့ကို အားကြသွားတယ်။ မြန်မာတွေရဲ့ ချစ်စရာ ရိုးရာ သင်္ကြန်ကို လွမ်းသွားတယ် နမ်းရေ..........။
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ နမ်းရေ..။
ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ
မြန်မာတွေ ဘယ်နေရာရောက်ရောက်ကိုယ့်ရိုးရာကို မပျောက်မပျက် ကျင်းပပေးတာကိုပဲ ချီးကျူးစရာပါ...။ ဒီသင်္ကြန်မှာ နတ်သမ်ီးပုံမတွေ့ရလို့ တစ်ခုခုလိုနေတယ်..။
ခင်မင်စွာဖြင့်
မိုးငွေ့
မမိုးငွေ့ ကလည်းပျောက်ဆို တစ်ခုခုတော့
တစ်ခုခုဘဲဖြစ်ရမယ် နော်အမရေ သင်္ကြန်ပွဲ
လေးကိုဝေးမြေခြားသင်္ကြန်ပေမဲ့ ဘ၀တူချင်း
အလွမ်းပြေလာကြည့်သွားပါတယ်...ပျော်
ရွှင်သောနှစ်သစ်ကူးလေးဖြစ်ပါစေဗျာ :)
ဆိုက်ပရပ်စ်သင်္ကြန်ကိုလာသွားတယ်နော်။ အလွမ်းပြေပေါ့။။
ခင်တဲ့
သဒ္ဓါ
မမပုံမပါတော့လဲ တစ်ခုခု လိုနေသလိုပါပဲ..
ပျော်စရာကြီးနော်..
ဒို့အမကြီးက ဒီနေရာမှာ အကတွေ..အဆိုတွေကို လျိုထားတာပေါ့..
သင်္ကြန်ဆိုတာ မပျော်တတ်တော့လို့ ..ဘာမှန်းတောင်မသိတော့ပါဘူး အမ၇ယ်..
Post a Comment