Monday, May 24, 2010

ခံစားချက်...သီအိုရီ

“ခံစားချက် ဆိုတာ လူတိုင်းမှာရှိတယ်..
ဖွင့်ဟလို့မရတဲ့ခံစားချက်၊
ဖွင့်ပြလို့ရတဲ့ခံစားချက်...
ခံစားချက်တိုင်းမှာ အဓိပ္ပါယ်ရှိတယ်....။
ဖွင့်ဟလို့ မရပေမယ့်...
ဆက်ပြီး....
ခံစားခွင့်တော့ရှိချင်သေးတယ်....။”

အရင်က ရေးခဲ့ဖူးတဲ့ ကဗျာအပိုင်းအစလေးတခုပါ....

ကလောင်ကို ကိုင်ထားတဲ့ကျမရဲ့လက်မှာ
ခံစားချက် ကဗျာတွေ စီးဆင်းနေတယ်
ချရေးလိုက်တဲ့ စကားလုံးတိုင်းမှာ
ခံစားချက်တွေ အထင်းသားပေါ်နေတယ်..

ခံစားချက်ဆိုတာ ကျမရေးခဲ့တဲ့
မမြင်နိုင်တဲ့စိတ်ရဲ့ခွန်အားတွေပဲပေါ့

အဲဒီခံစားချက် ကဗျာတွေကြောင့်
ဘဝရဲ့ခါးသီးမှုတွေ ချိုမြိန်လာတယ်
အထီးကျန်ခြင်းတွေ ပျောက်ကွယ်သွားခဲ့ရတယ်

ကဗျာရယ်..
ကျမအတွက် ဆက်ပြီးချိုပေးပါ..

ကျမရဲ့ဘေးမှာ “ - ” ရှိမနေဘူး
ခံစားချက်ဆိုတာ နီးနေ ဝေးနေခြင်းနဲ့မဆိုင်ဘူး
တမ်းတခြင်းဆိုတာ ကျမမှာမရှိ
လွမ်းဆွတ်ခြင်းကိုလည်း ကျမ မသိ
ခံစားခြင်း သက်သက်ကိုသာ ကျမပိုင်ဆိုင်၏..

အချစ်ဆုံးသူငယ်ချင်း “စနိုး”တို့ချစ်သူနှစ်ဦးရဲ့“ချစ်သူနှစ်ပတ်လည်”အထိမ်းအမှတ်အတွက် အမှတ်တရ ကဗျာလက်ဆောင်လေးပါ..။

19 comments:

အနှိုင်းမဲ့ said...

မှန်တာပေါ့....
ခံစားချက်ဆိုတာ..နီးခြင်း ဝေးခြင်းနဲ့မဆိုင်ဘူး :(

ပိုလှလာတယ်..ငါ့အမက :)

thaw zin soe said...

'..' အနားမှာမရှိပေမဲ့ ဒီ့ထက်ပိုခံစားနိုင်ပါစေဗျား...
ဒါပေမဲ့ ရူးတော့မရူးသွားနဲ့ဦးနော်.. ခစ်..ခစ်.. (စတာစိတ်မဆိုးနဲ့နော်)..
လေးစားလျက်.....

မိုးငွေ့...... said...

ခံစားရဖန်များလို့ အလွမ်းတွေထုံကုန်တာပါ...။
သြော်...မေ့လို့ မောင်တူးနဲ့ ညနေ ကြေးအိုးသွားသောက်မယ်...လိုက်မလား..။

ခင်မင်စွာဖြင့်
မိုးငွေ့

အဖြူရောင်နတ်သမီး said...

ဟယ်..........
နှိပ်စက်လိုက်ပြန်ပြီ...မမိုးကတော့...
စားချင်ပါတယ်ဆိုနေမှ..း((
အင်းပါ...လာမှတွေ့မယ်...

ချော (အစိမ်းရောင်လွင်ပြင်) said...

နှစ်ပတ်လည်ကျရောက်တဲ့ ချစ်သူ၂ဦးလဲ အမြန်နီးပါစေ
ဝေးနေတဲ့ နတ်သမီးတို့ ၂ဦးလဲ အမြန်ဆုံး နီးပါစေ
ပျော်ရွှင်ကြပါစေနော်

♥ ကိုဇော် ♥ said...

ဟုတ်တာပေါ့. . .
ခံစားချက်ဆိုတာ အလွမ်းနဲ့ပဲ ဆိုင်တယ်။

လွမ်းရလွန်းလွန်း မသေနိုင်ပါ...
သို့သော်. . .
မသေပဲနဲ့ လွမ်းနေရသူသည် သေသူနဲ့ မခြား။

rose of sharon said...

လက်ဆောင်ပေးတဲ့ကဗျာလေးကချစ်စရာ... စနိုးဆိုတဲ့သူငယ်ချင်းတော့ သိပ်ပျော်သွားမှာဘဲ

SHWE ZIN U said...

ခံစားချက် တွေ များလာလို့ နတ်သမီး လေး ကဗျာတွေ စာတွေထွက်လာတာပေါ့နော်

ညီမရေ နေမကောင်း ရင် သေချာ ဆေးခန်း သွားပြနော်
နေကောင်းစေ ဘို့လည်း ဆုတောင်းပေးလိုက်ပါတယ်

ချစ်တဲ့
ရွှေစင်

ဏီလင်းညို said...

နတ်သာမီးရေ........
ကိုဏီး........ကဗျာလာဖတ်တယ်........။

မမိုးတို့ကတော့ မနာလိုစရာကောင်းနေပြီဟ......သိလား......သူတို့မောင်နှမတွေကြေးအိုးသွားဆွဲကြမယ်တဲ့လေ.......ဟွန်း.............း))

(ကျန်းမာရေးဂရုစိုက်ဦးဟ............ဒါဘဲ.......)

ခင်မင်တဲ့
ဏီလင်းညို

ရွှေရတုမှတ်တမ်း said...

သူများအတွက်လက်ဆောင်တဲ့....
ကိုယ်တိုင်နှစ်ပတ်လည်လေး....ရေးဖို့နီးပြီလား

kiki said...

အဲ .. ကိုယ်ပိုင် ခံစားချက်လား..အငှားခံစားချက်လား နတ်သမီး ရေ ..
စာဖတ်ရင် အန်ချင်နေတယ် ဆိုတာ က ဘီလို ဖစ်တာ တုံးးး .. မဟုတ် မှ လွဲ ရော နော် ..ဟိဟိ ။။
အစာအိမ်လား.. ဦးနှောက်လား တခုခု ပဲ လို့  ပြော တာ ပါ ...

စနိုး said...

အမှတ်တရ ကဗျာလေးအတွက် ကျေးဇူးပါ..

အချစ်စစ်နဲ.ချစ်တဲ့ ချစ်သူတိုင်း ဆုံဆည်းနိုင်ကြပါစေ...

မိုး နဲ. စနိုး

ဇာနည်မောင် said...

ကဗျာအသစ်ကလေးလာဖတ်သွားတယ် နတ်သမီးရေ သေချာတာတခုကတော့ တလောကလုံးစာကို ထာဝရ ပြည့်စုံနေအောင် ထာဝရဖန်တီးပေးထားနိုင်တဲ့ တန်ခိုး ရှင်ကယ်တယ်ရှင်ဆိုတာ ၃၁ ဘုံလောကမှာမပေါ်သေး ပါဘူး။ အဓိက ကနတ်သမီးရဲ့မောင်နဲ့အမြန်နီးရပြီး လက်တွဲဖော် အားပေးဖေါ်တယောက်ရအောင် နည်း လမ်းကောင်းလေးတွေရှာပြီးလည်း ကြိုးစားနေချင်ပါ တယ်။ နတ်သမီးလိုအင်ဆန္ဒတွေအားလုံး လက်တွေကျတဲ့ ရည်မှန်ချက်တွေလုပ်ရပ်တွေနဲ့ အတူ တလုံးတ၀ တည်းအမြန်ပြည့်စုံနိုင်ပါစေ ..... ။

သဒ္ဓါလှိုင်း said...

ခံစားချက်ဆိုတာလူတိုင်းမှာရှိကြတယ်တဲ့..
ဖွင့်ပြလို့မရတဲ့ခံစားချက်တော့ဘ၀ဆက်တိုင်း
မကြုံပါရစေနဲ့လို့..
မနတ်သမီးရဲ့ကဗျာလေးကိုခံစားသွားပါတယ်နော်။
ကျန်းမာပျော်ရွှင်ပါစေ..

ခင်တဲ့
သဒ္ဓါ

မောင်ဘကြိုင် said...

အစ်မ သူငယ်ချင်းနှစ်ပတ်လည်လာသွားတယ်ဗျာ့
အစ်မ နှစ်ပတ်လည်လည်းလာမယ်း)

sosegado said...

ချစ်သူတိုင်း ပျော်ရွှင်ကြည်နူးနိုင်ပါစေ။ ခံစားသွားပါတယ်။

နွေဆူးလင်္ကာ said...

ကဗျာ လှတယ် ဂျီးတော် ..

မင်းနေဝေး said...

အဖြူရောင်နတ်သမီးလေးရဲ့ကဗျာကို လာခံစားသွားပါတယ်ဗျာ ..... ကျွန်တော့်ဆီကိုလာလည်တဲ့အတွက်လည်း ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်နော် ...

မိုးစက်အိမ် said...

ခံစားချက်ဆိုတာ နီးတာဝေးတာနဲ့ လုံးဝမဆိုင်ဘူး
အဲဒါတော့ တကယ်ထောက်ခံတယ်ဗျာ တစ်ချို့ တွေ
ဘယ်လောက်ဝေးဝေးအချစ်မပြယ်ဘူး တစ်ချို့ ကျ
တော့လည်း အနေဝေးလို့ သွေးအေးတယ်တဲ့ အဲဒါ
တကယ်မချစ်လို့ ဘဲလို့ ထင်မိတယ်ဗျာ ... ခံစားချက်
နီးခြင်းဝေးခြင်းနှင့်လုံးဝ(လုံးဝ)မသက်ဆိုင်ပါ :D :P

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger