ကျမဆီက အနမ်းလိပ်ပြာလေးတကောင်
မောင့်ဆီကိုပျံသန်းလာတဲ့အခါ
နွေးထွေးစွာ ဆီးကြိုပေးပါ
မောင့်ကို ကျမ သတိရနေလို့ပါ....။
ကျမကို မောင်လွမ်းမိတဲ့အခါ
လွမ်းကဗျာ..လွမ်းစာလေးတွေ မပြတ်ရေးပို့ပေးပါ
မောင့်ကို ကျမ လွမ်းနေချင်လို့ပါ...။
ကျမတို့ ဝေးနေရတဲ့အချိန်လေးမှာ
ကျမအပေါ်မှာ မောင်သစ္စာရှိပေးပါ
မောင့်ကိုထာဝရ ချစ်နေချင်လို့ပါ...။
ဝေးလေ...လွမ်းလေ ဆိုပေမယ့်
“ခနတာ” ပဲ ဝေးပါရစေ..
“တဘဝစာ” မဝေးကြေးနော်.....။
“အ” နဲ့ “ချစ်” ဆိုတဲ့ အက္ခရာနှစ်လုံးပေါင်းမှ
“အချစ်”ဆိုတဲ့ ရိုမန့်တစ် စကားလုံးဖြစ်လာသလို
“မောင်” နဲ့ “ကျမ”ပေါင်းမှ“စစ်မှန်တဲ့ ဘဝတခု” ဖြစ်လာမှာမို့
နားလည်မှုတွေ အပြန်အလှန် ရယူခဲ့ကြရင်း
နားလည်မှုတွေ အပြန်အလှန် ရယူခဲ့ကြရင်း
ခနတာ ဝေးကြရမယ့်အရေး
ပြေး...ပြီး တွေးကြည့်လိုက်တာ
အတွေးထဲမှာတောင်
လွမ်းပြီးရင်း ...လွမ်း...လွမ်းသွားလို့
မောင့်ရဲ့ဓာတ်ပုံလေးကို
နမ်းပြီးရင်း...နမ်းမိသွားတယ်....။
မှာခဲ့ပါရစေ..မောင်ရေ...
ကျမရဲ့ဓာတ်ပုံလေးကိုလည်း
တခါလွမ်းတိုင်း...တခါနမ်းပါနော်....။
တလကြာ မြန်မာပြည်ကို အလည်ပြန်မှာမို့ သူငယ်ချင်းအားလုံးကိုနှုတ်ဆက်ခဲ့တယ်နော်.....။
27 comments:
မမရေ..ပျော်စရာကြီးပါလား..
ကဗျာလေးဂွတ်တယ်..။
စားချင်တာတွေ အဝစားခဲ့နော်..။
အံမာ အံမာ
မောင်နဲ့သွားတွေ့တော့မယ်ဆိုပါတော့
မနာလိုစရာကြီးပါလားအေ
အစားအသောက်တွေစားတာတော့ မနာလိုမဖြစ်ပေါင်
ဘာဘဲဖြစ်ဖြစ် ပျော်ရွှင်ချမ်းမြေ့သော
ကြည်နူးစရာခရီးဖြစ်ပါစေ ညီမလေးရေ...
ပြန်အလာမှာ အမှတ်တရများစွာကို သယ်ဆောင်လာနိုင်ပါစေ..
ခရီးလမ်းမှာ အစစအရာရာ အဆင်ပြေပါစေနော်...
အမိမြန်မာပြည်က ညီမကိုနွေးထွေးစွာ ဆီးကြိုနေမှာပါကွယ်...
လွမ်းနေမယ်နော်.. ပြန်ရောက်ရင်အကြောင်းကြား..
ဟွန်း. . .သူတို့ကတော့ ဟုတ်တာပေါ့လေ။
တင်းသွားတယ်နော်. . :P
ညီမ ရေ
မန်းလေး ရောက်ရင်ဝင်ခဲ့နော်
shwezinu1961@gmail.com
09-2013072
02-91001074
ပျော်စရာ ကြီးညီမရေ ၀မ်းသာပါတယ်
တခါလွမ်းရင် တခါနမ်း ဆိုတော့ အများကြီးလွမ်းတော့ အများကြီး အာဘွားပေါ့နော်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
မနတ်သမီးတော့ပျော်နေမှာပဲနော်..။မြန်မာပြည်မှာ
စိတ်အေးချမ်းသာနဲ့ပျော်ရွှင်ပါစေလို့..။ပြန်လာရင်သာ
မုန့်ဝယ်လာဖို့မမေ့နဲ့နော်..။အလွမ်းတွေလည်း
လျော့ပြီပေါ့......
ဘေးရန်ကင်းရှင်းပြီးပျော်ရွှင်စရာခရီးလမ်းဖြစ်ပါစေ။
ခင်တဲ့
သဒ္ဓါ
ဓါတ်ပုံလေးလည်း ဆေးသားတွေ ပျက်သွားဦးမယ်.. နမ်းလွန်းလို့.. :P
သိင်္ဂါကျော်
ပုံကို အတင်းနမ်းခိုင်းတဲ့ ကဗျာလေးပါပဲ၊ ဖတ်ပြီးဘယ်သူ မနမ်းပဲနေနိုင်မလဲ၊
ပြန်ရင် ထီးလှလှလေးဝယ်သွားပါ၊
အမ်မလေးဗျာ ကဗျာနဲ့ခေါင်းစဉ်
အားရစရာကြီး တယောက်တော့ပျော်နေတော့မှား)
း) မြန်မာပြည်ကကြိုဆိုပါတယ်ဗျား)
အပြန်..မုန့်တွေဝယ်ခဲ့နော်..
ဟင်း.....ဒါ့ကြောင့် ဖိတ်စာတွေ ပြပြနေတာကိုး...
၁။ ကြေးအိုး
၂။ချစ်တီးထမင်း
၃။နန်းကြီးသုတ်
၎။အင်းယားကန်ဘောင်က ဘူးသီးကြော်
၅။တရုတ်တန်းက အော်ကွေ့ကျီ
၆။ဗိုလ်ချုပ်ဈေးထဲက ရွှေရင်အေး
၇။မုန့်စိမ်းပေါင်းအဖြူရောင်
၈။ငပိရည်နဲ့မုန်လာဥချဉ်..ကန်ဇွန်းရွက်ချဉ်ပတ်
၉။နှမ်းဖတ်ချဉ်သုတ်
၁၀။ငါးဖယ်ချဉ်သုတ်
၁၁။ငါးဖယ်အစာသွတ်
၁၂။ဂဏန်းဟင်း
၁၃။ပုဇွန်ဆီပြန်
၁၄။ချဉ်ပေါင်နဲ့မြှစ်ကြော်..၊ ချဉ်ရည်ဟင်း
၁၅။ဒူးရင်းသီးလက်ဖျော်
၁၆။ကြံရည်
၁၇။သရက်သီးမှည့်
၁၈။သြဇာသီး
၁၉။ရှမ်းခေါက်ဆွဲ
၂၀။လက္ဘက်သုတ်
၂၁။လမ်းဘေးက ကုလားစစ်စစ်ဖျော်တဲ့ လက္ဘက်ရည်ကို လမ်းဘေးမှာထိုင်ပြီးတော့ကို ၃/၄ ခွက်လောက် တထိုင်းထဲ သောက်ခဲ့အုံးးးးးးးးးမှာ..........
စဉ်းစားလိုက်အုံးမယ်...ဘာကျန်ခဲ့သေးလဲလို့...ဟိ
ဂျီးတော် ... နေပြည်တော် လာလည်ခဲ့ဦးလေ။ ဟိုဟိုဒီဒီ လိုက်ပို့ပေးမယ်။ ရောက်ရင် ပြောဦးနော်။ မေးလ်ပို့လိုက်။ ဒါပဲ။
အရမ်းမိုက်တယ်..။
ခေါင်းစဉ်ကိုက ချစ်စရာလေး..။
အဟေးဟေး..။
ကျေးဂျူးဘဲ အမ
ပညာ ယူတွားဒယ်..။
ဟဲဟဲ..
အောင်မလေးးးးး
အစား ၂၁ မျိုးတောင် .. တရက်အတွင်းတော့ အားလုံးမစားလိုက်နဲ့ အုံးနော် .. ပန်းဘုရင်မလေး..ဖြစ်နေမှ ဒွတ်ခ ..
ခန ခန လွမ်းတိုင်း ၊ ခန ခန နမ်း နေရရင်တော့ ပါးနှစ်ဖက်လည်း ချဒွေး တွေ ပေကုန်တော့မှာ ပဲ..နတ်သမီးရေ...း)))
ကဗျာအသစ်လေးလာဖတ်သွားပါတယ် နတ်သမီးရေ ခဏတာလေး ဝေးနေရရင်တော့ လူတိုင်းနီးပါးပဲ ခံနိုင် ရည်ရှိကြမှာပေါ့နော် ဒါပေမယ့် နှစ်နဲ့ချီဝေးနေရတာ မျိုးတွေကြတော့ ခဏတာမဟုတ် လို့ အောင်မလေး နော် အလွမ်းတွေတောင်ရင့်ကုန်ပြီ ...... :)
ပျော်ရွင်ပါစေ။
ပိုလှလာတယ။် တစ်ကယ်။
ကဗျာလေးကချစ်စရာ.... အဖြူရောင်နတ်သမီးလေးရဲ့မောင်က အရမ်းလွမ်းနေမှာဘဲ.... သူ့ချစ်သူလှလှလေးကို.... ရန်ကုန်အလည်ခရီးမှာ အပျော်တွေယူသွားပြီး... ပြန်လာရင် အပျော်တွေပြန်သယ်လာခဲ့ပါ... ဓာတ်ပုံလှလှလေးတွေမျှော်နေမယ်...
အားကျလိုက်တာနော်... ဟိ ဟိ ... အစားအသောက်ရော အာဘွားရော....
ငါ့ဆီ တခုတ်တရ လာလည်တာ ၀မ်းသာပါတယ်သူငယ်ချင်း နင်နေကောင်းပါစေ။ မြန်မာပြည်ရောက်တော့လည်း ကျန်းမာအောင် နားလိုက်ပါဦး၊ ပြီးမှ အိမ်ထောင်လေးဘာလေး ပြုချင်ပြုပေါ့ ဟားဟား။ နင့်ဘလော့ဂ်မှာ လက်သရမ်းတတ်တဲ့ကောင်တွေကြောင့် စီဘောက်စ် မတွေ့ရတာတော်တော်ကြာနေတာတော့ စိတ်မကောင်းဘူး သူငယ်ချင်း။ ဆိုက်ပရပ်စ် ပြန်ရောက်ရင်လည်း သတင်းပေးဦးနော်။ စာရေးလည်း မပြတ်ပါနဲ့ နင်က ကဗျာရေးတော့ အရမ်းကောင်းတယ်။ စာကတော့ အရေးအသားနည်းနည်း နု တယ်လို့ ငါထင်တယ်။ ဘာပဲဖြစ်ဖြစ် မိန်းကလေးတစ်ယောက်အနေနဲ့ အချိန်ပိုမရှိအောင် နေထိုင်ရှင်သန်နိုင်တဲ့ နင့်ကို ငါချီးကျူးသလို လေးလည်း လေးစားပါတယ်။ နင်ဝါသနာပါတဲ့ ခံစားချက် ကဗျာတွေ စာတွေလည်း ရေးနိုင်ပါစေလို့ ငါ ဆန္ဒပြုနေပါတယ်။ နင့်ရဲ့ ရန်ဖြစ်ဘက်သူငယ်ချင်း (ငြိမ်းချမ်းအိမ်)
နှပ်သမီးလေးရေ... အားကျတယ်ကွာ... အပြန် စလုံးဝင်ခဲ့ပါလား.... တပတ်လောက်.... တကယ်ကျောတာ... လာမယ်ဆို ကွန်တတ်လုပ်ဘို့ ပေးမယ်လေ....
ပြန်ပြီလား နတ်သမီးရေ.. အလည်လာအုံးလေ.း))
“Aries's said...
ငါ့ဆီ တကူးတက လာလည်တာ ၀မ်းသာပါတယ်
သူငယ်ချင်း နင်နေကောင်းပါစေ။ မြန်မာပြည်ရောက်တော့လည်း ကျန်းမာအောင် နားလိုက်ပါဦး၊ ပြီးမှ အိမ်ထောင်လေးဘာလေး ပြုချင်ပြုပေါ့ ဟားဟား။ နင့်ဘလော့ဂ်မှာ လက်သရမ်းတတ်တဲ့ကောင်တွေကြောင့် စီဘောက်စ် မတွေ့ရတာတော်တော်ကြာနေတာတော့ စိတ်မကောင်းဘူး သူငယ်ချင်း။ ဆိုက်ပရပ်စ် ပြန်ရောက်ရင်လည်း သတင်းပေးဦးနော်။ စာရေးလည်း မပြတ်ပါနဲ့ နင်က ကဗျာရေးတော့ အရမ်းကောင်းတယ်။ စာကတော့ အရေးအသားနည်းနည်း နု တယ်လို့ ငါထင်တယ်။ ဘာပဲဖြစ်ဖြစ် မိန်းကလေးတစ်ယောက်အနေနဲ့ အချိန်ပိုမရှိအောင် နေထိုင်ရှင်သန်နိုင်တဲ့ နင့်ကို ငါချီးကျူးသလို လေးလည်း လေးစားပါတယ်။ နင်ဝါသနာပါတဲ့ ခံစားချက် ကဗျာတွေ စာတွေလည်း ရေးနိုင်ပါစေလို့ ငါ ဆန္ဒပြုနေပါတယ်။ နင့်ရဲ့ ရန်ဖြစ်ဘက်သူငယ်ချင်း (ငြိမ်းချမ်းအိမ်)”
May 29, 2010 9:55 PM
-----------------------------------------------------
သူငယ်ချင်းရေ...
လူတွေထဲမှာတော့ နင်ဟာ သိပ်ကိုဖြောင့်မှန်လွန်းတဲ့သူပါပဲ..။
လူမုန်းမှာမကြောက်ပဲ အမှန်ကို အမှန်အတိုင်းဝေဖန်တတ်တယ်..၊
ငါကလည်း ငါ့ကိုအပြစ်ပြောတာ နည်းနည်းမှ ကြိုက်တဲ့သူမဟုတ်တော့ နင်နဲ့အမြဲတန်းရန်ဖြစ်နေရတာပေါ့..း)
ဒါပေမယ့် နင့်ရဲ့ဝေဖန်ချက်တွေကို ခနတာစိတ်ဆိုးပေမယ့် ငါလက်ခံခဲ့တာပဲလေ...နင်ပြောတာက မှန်နေတာကိုး..း)
နောင်လည်း ငါ့ကို ဆက်ပြီးဝေဖန်ပေးဖို့ ငါတောင်းဆိုပါရစေနော်..။
နောက်တခုက ငါ့မှာ C Box မရှိတဲ့ကိစ္စပါ..။
အကြောင်းအမျိုးမျိုးကြောင့် C Box ဖြုတ်ထားရပေမယ့်
ငါ ကျေနပ်တယ်သူငယ်ချင်းရေ..။
ငါ့မှာ Comment Box ရှိနေတာပဲလေ..၊ ရေးချင်တဲ့သူတွေက Comment Box ထဲမှာ ရေးသွားလိမ့်မယ်.. ငါ ကျေနပ်ရင်publish..၊မကျေနပ်ရင် reject ပေါ့....ငါ့အတွက် ပိုတောင် safe ဖြစ်သေးတယ်..။
ငါ့နည်းတူ ဘလော့ဂါမိတ်ဆွေတချို့လည်း C Box ကနေ နှောက်ယှက်တာကို ခံနေကြရတယ်လေ..၊ သူတို့ကိုလည်း ငါ့လိုပဲ C Box ကိုဖြုတ်ပြီး Comment Box ပဲ ထားဖို့အကြံပြုချင်တာပါပဲ..။
နင်လည်း ငြိမ်းလေးနဲ့ အဆင်ပြေပါစေနော်...
သြော်..မေ့လို့...
ငြိမ်းလေးကတောင် ပြောနေသေးတယ်..၊ “မနမ်းမဝ အရင်အိမ်ထောင်ပြုပြီးမှ သူပြုရင်ကောင်းမယ်”တဲ့...။ရှေ့ကလူတွေကို အကြောပေးထားတာပါတဲ့လေ..။ဟားဟား..သွားဆူမနေနဲ့အုံးနော်..။ငါ့မင်္ဂလာဆောင်က နောက်နှစ်မှပါ...စောပါသေးတယ်..
အချိန်ကျတော့ ပြောမှာပေါ့...
ဓာတ်ပုံတွေဝေဝေဆာဆာနဲ့ကို ကြေငြာအုံးးးးးးးးမှာာာာ.း)
အစစ အဆင်မပြေတဲ့ မြန်မာပြည်ကြီးမှာ အစစ အဆင်ပြေခဲ့ပါစေဗျာ ... ။။
ခင်မင်လျက်
မင်းဒင်
အန်တီနတ်သမီး ဖုန်းလဲ ဆက်ဘူး....။
စောင့်နေမယ်..တွေ့ကြရအောင်...
မုန့်တွေတ၀ကြီးကြွေးမယ်နော်...။
ခင်မင်စွာဖြင့်
မိုးငွေ့
ှတစ်ခါလွမ်းတိုင်း တစ်ခါနမ်းခိုင်းနေရင်တော့
အမနတ်သမီးချစ်သူကတော့ စကားပြောချိန်
တောင်ရမယ်မထင်ဘူး ဟီး အာဝါးကြီးပေနေ
ရတော့ ပါးစပ်ဟချိန်မရ စကားပြောမရ
မန်းမန်းစားမရနဲ့ ဟီး ရီဆိုက်ကယ်တွေရပ်
ကုန်ရင်တော့ အဲအစ်ကိုတော့ပြသနာပါဘဲဗျာ :D
နတ်သမီးမှာ ဒီလောက်နတ်သားတွေဝိုင်း---အဲ--ဟုတ်ပါဘူး။ အပေါင်းအသင်းတွေဝိုင်းနေမှန်းမသိဘူး။ အွန်စောမနာလိုတော့ဘူးနော်။ နတ်သမီးလေးကို ဘာလို့အဲလောက်ဝိုင်းအုံချစ်နေကြတာလဲဟင်။ ကိုရီးယားမင်းသမီးတောင် အရှုံးပေးနေရပါလား။ အင်း ဘာပဲဖြစ်ဖြစ် ကုလားပဲတော့ကြိုက်တယ်----အဲ---မှားသွားလို့။ မြန်မာပြည်ပြန်လက်ဆောင်မျှော်နေမယ်နော်။ မပါလျှင်သိမယ်။ ဒါပဲ။ အွန်စော။
ကော်ဖီလိုက်တိုက်မယ် ...
ကိုယ့်ဖာသာနမ်းခိုင်းလိုက်တာ....
အနမ်းလွန်သွားလို့ ဓာတ်ပုံပါ ပြန်ဖြုတ်သိမ်းလိုက်ရတယ်ဗျို့.....အဟတ်
လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကို နတ်သမီးကလည်း အာဘွားပြန်ပေးပါတယ်နော်....
Post a Comment