ချစ်ခြင်းတရားရဲ့ နောက်ကွယ်မှာ.......
ယောက်ျားတွေဟာ သူတို့ရဲ့ချစ်သူအတွက်
ဘဝတခုလုံးကို ပေးဆပ်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ တပြိုက်နက်
ချစ်သူဆီက “လက်ထပ်ခွင့်” ကို တောင်းခံကြတယ်..။
မိန်းမတွေကျပြန်တော့ သူတို့ရဲ့ချစ်သူအပေါ်မှာ
သံသယကင်းတဲ့ ယုံကြည်မှုတခုကို ရလိုက်တာနဲ့
သူတို့ချစ်သူရဲ့ “လက်ထပ်ခွင့်” ကို ခေါင်းညိတ်ပြီး လက်ခံလိုက်ကြတာပါပဲ..။
တကယ်တော့ “လက်ထပ်ခြင်း” ဆိုတာ.........
“ဘဝတခုလုံး”နဲ့ “သံသယကင်းတဲ့ ယုံကြည်မှု”
လဲလှယ်ခြင်းပဲဖြစ်ပါတယ်...။
23 comments:
ဘယ်လိုပဲဖြစ်ဖြစ်လက်ထပ်စာချုပ်လေးကအရမ်းလှတယ်။
ခင်တဲ့
သဒ္ဓါ
အမယ်... မကြာမီလာတော့မယ်ထင်တယ်။
အဲဒါကြောင့် Intro ၀င်ထားတာမလား..ဟင်းဟင်း
တိနေတယ်နော်..တိနေတယ်.... အပျိုကြီးတော့..ဟွန်း... :P
အန်တီနတ်သမီး ရေးတဲ့ပို့စ်ထဲမှာ အတိုဆုံးတဲ့ အဓိပ္ပါယ်အလေးနက်ဆုံး ပို့စ်လေးတစ်ခုပါပဲ...။ အဲဒီလို သတ္တိမျိုးရှိတဲ့ မိန်းမတိုင်းကို ချီးကျူးပါတယ်..ဘာလို့လဲ ဆိုတော့ သူတို့ဟာ အနာဂတ်ရဲ့မိခင်လောင်းဖြစ်လာကြမှာလေ။
ချစ်တဲ့
မီးမီး
အမှန်ပေါ့ ညီမရယ်။
ရယ်စရာလေး တစ်ခုတော့ ကြားဖူးတယ်။
ယောက်ျားများသည် မိန်းမလိုချင်၍ မင်္ဂလာဆောင်ပြီး
မိန်းမများသည် မင်္ဂလာဆောင်ချင်၍ ယောက်ျားယူသည် ...တဲ့.။ အကို ပြောတာ ဟုတ်ဝူးနော်...ဟီး။
အရမ်းမိုက်တယ်.. ဆက်ပြီး အားပေးပါ့မယ်
အချိန်ရမှ follow လိုက်ပါ့မယ် ခုတော့ မအားလို့ ဖတ်...ပြန်.....
အဟင်း...မကြာမီလာတော့မယ်ထင်တယ်...
ဖိတ်စာတွေ..ကြိုပြနေပြီ...
ဒီလောက်လှတဲ့..ကိုယ့်တူမအပျိုကြီးဘဝက ကျွတ်တော့မယ်ထင်ပါရဲ့
ဟင်းဟင်း
တစ်ခုခုတော့ တစ်ခုခုဘဲနော်
ဘာလဲတော့မသိဘူး ထူးခြားတယ်..
အားကျအောင်လုပ်နေပြန်ပြီ.
တို့လဲ ဖိတ်စာရိုက်ထားပြီးပါပြီနော်
(သီလရှင်ဝတ်ပွဲဖိတ်စာ)
ဘယ်တော့ စားရမလည်းးး
ဘီဒူ နဲ့လည်းးးး ဟင်..
မြန်မြန်လေး လုပ်နော်.. အချိန်တွေ သိပ်မဆွဲ နေနဲ့ ..
ရေ မရှိ ၊ မီး မရှိ လည်း ဖြစ်တယ် ဟုတ်...
အချစ်သာ ရှိ .. အားလုံး ရှိ ၏ ....တဲ့ ..
ဘာရှိတာလဲ တော့ မသိ .. ဟိဟိ
အစ်မပြောတဲ့ နှစ်ချက်လုံးကို လက်ခံတယ်။ ချစ်ခြင်းကို မယုံပေမယ့် လက်ထပ်ခြင်းကိုတော့ လေးစားတယ်။ ယုံကြည်တယ်။ လက်လည်း လက်ခံတယ်။ လူအသိုင်းအ၀ိုင်းတစ်ခုကို တည်ထောင်တယ်လို့ မြင်တယ်။ အောင်မြင်တာ မအောင်မြင်တာက နောက်ပေါ့။ ချစ်ခြင်းရဲ့ နောက်ဆက်တွဲ စာမျက်နှာဟာ လက်ထပ်ခြင်းမဟုတ်ပေမယ့် လက်ထပ်ခြင်းရဲ့ နောက်ဆက်တွဲ စာမျက်နှာကတော့ အချစ်ဖြစ်ရမယ်။
ညီမလေးရေ အမြဲရောက်တယ်.... မင်္ဂလာဆောင်ပြီးရင် စလုံးလာလယ်ဦးနော်.... :))
ဘ၀တစ်ခုလုံး နဲ့ သံသယကင်းတဲ့ ယုံကြည်မှု ကိုလဲ
လှယ်ဖို့အတွက် ချစ်သူဘ၀ကနေ ကူးပြောင်း လက်ထပ်
ခွင့်တောင်း၊ လက်ထပ်ကြတယ်၊ လက်ထပ်ပြီးနောက်ပိုင်း
မှာလည်း ယောက်ျားလေးတွေဘက်က ဘ၀တစ်ခုလုံး
ဆက်ပုံအပ်ဖို့၊ မိန်းကလေးတွေဘက်ကလည်း သံသယ
ကင်းတဲ့ယုံကြည်မှုမျိုးဆက်ပေးနိုင်ဖို့ အရေးကြီးပါတယ်၊
အဓိက က သူသာကိုယ်နာ ဆိုတဲ့ဈေးတွက်တွက်တဲ့
စိတ်မျိုးမရှိကြဖို့ပါဘဲ၊
အဖြူရောင်နတ်သမီး ပျော်ရွှင်ချမ်းမြေ့ပါစေ။
သီဟသစ်
သူငယ်ချင်းရေ...... ဖိတ်စာလေး မြင်ပြီး ရင်တောင်ခုန်တယ်။း)
ပြန်လာမယ့် အချိန်နဲ့ ဒီလို အချိန်လေးကို မျှော်နေတယ်နော်။ နွယ့်အိမ်လေးကို အမြဲတမ်း လာကြည့်ပေးထားလို့ ကျေးဇူးပါ။
ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ
ပွဲနီးရင်လက်တို့နော် အစ်မ တားမှာ ပွဲတိုးမယ့် ကုတ် လေးဘာလေးရှာဖို့အချိန်လိုတယ် တိုက်ပုံနဲ့ပုဆိုးဝယ်ရအုံး မယ်ဗျး)
အလှကြိုက်တဲ့ ညီမ
အချစ်လှလှ လက်ထပ်ခြင်းလှလှ ဘဝလှလှ လေးတွေ နဲ့သာ ကြုံတွေ့နိုင်ပါစေလို့
ခင်တဲ့
မမရွှေစင်
အဆူအဆလေးကိုထောက်ခံ၏ ။
လက်ထပ်ခွင့် မပိုင်တဲ့၊ လက်ထပ်ခြင်းကို ခေါင်းငြိမ့်လိုက်ရတဲ့ သူတွေလည်းရှိပါတယ်၊
ဘဝတစ်ခုလုံးကို ဘာနှင့် လဲလိုက်သလဲ မသိလိုက်ကြပါဘူး၊ သူတို့အတွက်ကတော့ လက်ထပ်ခြင်းဟာ အတူနေခြင်းနဲ့ ကာမပိုင်ဆိုင်ခြင်းပဲဖြစ်ပါတယ်၊ တကယ်လို့ ချစ်သူကလက်ထပ်ခွင့်တောင်း လက်ထပ်ခြင်းဖြစ်မြောက်လာရင်တော့ ကံကောင်းတဲ့ သူတွေပါပဲ။ ဒါကြောင့်လည်း ချစ်သူတိုင်းလည်း ညားကြပါစေ၊ ညားသူတိုင်းလည်း ချစ်ကြပါစေ …ရှိလာတယ်မဟုတ်လား….
နတ်သမီးလေးဆီကိုခုမှရောက်လာရတယ်...။
လက်ထပ်ခွင့်လေးဖတ်သွားတယ်.....
နတ်သမီးလေးထင်ထားတဲ့လက်ထပ်ခွင့်ကိုလည်း
အပြည့်အ၀ထောက်ခံသွားပါတယ်ခင်ဗျာ...။
လေးလေးနက်နက် အတွေးအခေါ်ပါပဲ
ယုံကြည်မှု ရှိဖို့ သိပ်အရေးကြီးပါတယ်။
အနာဂါတ် ခရီးလမ်းအတွက် ယုံကြည်မှုက
လူနှစ်ယောက်လုံးအတွက် လက်နက်ကောင်း ပါပဲ။
မမတို့ လက်ထပ်စာချုပ်လေးလား.....ပန်းရောင်လေး ချစ်စရာလေး.... လှပါ့
ပူးတေတို့ လက်ထပ်စာချုပ်က အနီလေး.... chinese ဆိုတော့လေ....
မမပြောတဲ့ "ဘဝတစ်ခုလုံး" နဲ့ "သံသယကင်းတဲ့ ယုံကြည်မှု " ကို လဲလှယ်ခြင်းဆိုတာလေးကို အရမ်းသဘောကျမိတယ်......
နတ်သာမီးရေ......
ဘယ်လိုလည်း...... ကိုဏီတို့ စားရဖို့နီးပြီထင်ပါရဲ့လေ....း))
ဖိတ်ဦးနော်..... မင်္ဂလာချောင်ရင်.......။
ကိုဏီ့အတွက် ဂါဝန်တစ်ထည်ချုပ်ထားပေး....
မင်္ဂလာပွဲတက်ဖို့......
ဒါဘာဗြဲ...........း))
(ရေးထားတာလေး..... အဓိပ္ပာယ်ကောင်းပါဗျား.....)
ခင်မင်တဲ့
ဏီလင်းညို
သံသယကင်းစွာ စောင့်မျှော်နေပါကြောင်း.........။
လာလည်ဖို့ပျော်တာပါ။ ပျော်ရွှင်ပါစေ
ဖိတ်စာလေးက လှလိုက်တာ.. ခရမ်းရောင်လေးဆိုတော့ ဆန်းနေတယ်..
မကြည့်ရသေးတဲ့ ပုံတွေအများကြီး ခုမှပဲ လာကြည့်ဖြစ်တယ်.. :)
"လက်ထပ်ခွင့်"
ပိုစ့်လေးလာဖတ်သွားပါတယ်။
link ပါချိတ်သွားတယ်နှော်အမ
ခွင့်ပြုပါ။ ပျော်ရွှင်ပါစေ
Post a Comment