Friday, June 11, 2010

မြန်မာပြည်သို့ အလည်တခေါက်

ကျမသိပ်ပြီး လွမ်းဆွတ်ခဲ့ရတဲ့ “အမိမြန်မာပြည်”....
ပြန်လာချင်လွန်းလို့အိပ်မက်အခါခါမက်ခဲ့ရတဲ့“အမိမြန်မာပြည်”...ကိုလေယာဉ်ပေါ်ကနေလှမ်းမြင်လိုက်ရ
တယ်ဆိုရင်ပဲ ကျမရဲ့ရင်ခုန်နှုန်းတွေမသိမသာ မြန်ဆန်လာခဲ့ရတယ်..။

" ဘာအတွက်ရင်ခုန်တာလဲ?? " . . . . .
ချစ်သူနဲ့တွေ့ရမှာမို့လား?? ... ချစ်သူက မြန်မာပြည်တွင်းမှာမှမဟုတ်တာပဲ...မိဘတွေနဲ့ တွေ့ရမှာမို့
လား?? ... ကျမရဲ့မိဘတွေ ဆုံးပါးသွားခဲ့တာ ကြာခဲ့ပြီပဲ....

" အဲဒါဆိုရင်...ကျမဘာကြောင့် ရင်ခုန်ခဲ့ရတာလဲ??? " . . . . .
ကျမဖွားမြင်ရာ “မြေ”... ကျမကြီးပြင်းရာ “မြေ”...ဒီ “မြေ”ပေါ်မှာနေ...၊ ဒီ“ရေ” ကို သောက်....ပြီးကြီးပြင်းခဲ့တဲ့ ကျမရဲ့ “အမိမြန်မာပြည်” ကို ခြေချရတော့မှာမို့ ကျမရင်ခုန်ခဲ့သည်ပဲ..။

လေယာဉ်ပေါ်က အဆင်းမှာ မိုးရွာပြီးကာစမြေသင်းနံ့သင်းသင်းလေး တခုကိုအားပါးတရ ရှူရှိုက်မိလိုက်
တယ်ဆိုရင်ပဲ လွမ်းလိုက်တာ အမိမြန်မာပြည်ရယ်....။လေယာဉ်လှေခါးပေါ်မှ တထစ်ချင်း လျှောက်လှမ်းရင်း အဆောက်အဦးကြီးထဲကို ကျမရောက်ရှိခဲ့တဲ့အချိန်မှာတော့ ကျမရဲ့မျက်လုံးတွေကို မယုံနိုင်လောက်အောင် ကပြောင်းလဲခဲ့တဲ့ လွန်ခဲ့တဲ့ (၆)နှစ်တာ ကာလက အဆောက်အဦးနဲ့ များစွာကွဲပြားခြားနားတဲ့ ခမ်းနားလှတဲ့ လေယာဉ်အဆောက်အဦးကြီးက ကျမကို ဆီးကြိုလို့ပေါ့...။

ပြည်ပဧည့်သည်များဆိုက်ရောက်ရာ နေရာမှာ စောင့်ကြိုနေကြတဲ့ လူတွေကြားထဲက ကျမရဲ့တဦးတည်း
သောအန်တီကို လက်ပြရင်း အန်တီရဲ့ကြိုတင်စီစဉ်ထားမှုနဲ့ အစစ်ဆေး၊ အမေးအမြန်းမရှိပဲလေယာဉ်အ
ဆောက်အဦးထဲကမှအိမ်သို့အမြန်ဆုံးပြန်ခွင့်ရရှိခဲ့တယ်..။လေယာဉ်ကွင်းကအထွက်မှာည၇နာရီခွဲကျော်
နေပြီဖြစ်တာကြောင့် ရန်ကုန်မြို့ကြီးလည်း မှောင်နေပြီပေါ့ ။

လေဆိပ်ကနေ အိမ်ရောက်တဲ့အထိ မီးပွိုင့်တွေကို တခုချင်းဖြတ်ကျော်ရင်း အိမ်အရောက်မှာတော့ အသင့်စောင့်နေတဲ့ မြန်မာထမင်းဟင်းဝိုင်းက ကျမကို ခရီးဦးကြိုနေလေရဲ့။

ခနနားပြီး ရေချိုးပြီးချိန်မှာတော့ အဆင်သင့် စောင့်နေတဲ့ ထမင်းပွဲရှေ့အရောက်မှာ “ဗြုန်း” ဆို မီးက ပျက်သွားပါလေရေ. ဟီး....အဲဒါလဲ မဆိုးပါဘူး...၊ ဘိုတိုင်းပြည်ကလို စားပွဲအလည်မှာ ဖုယောင်းတိုင်လေးနဲ့ ညစာ စားလိုက်ရတာလည်း အရသာတမျိုးပါပဲ..။(နောက်ပိုင်းသိလိုက်ရတာက ရပ်ကွက်တွေကို အလှည့်ကျ မီးပေးစနစ်နဲ့ မီးပေးတာတဲ့လေ)။

ထမင်းစားပြီးတဲ့အချိန်မှာ အန်တီနဲ့ စကားတွေအကြာကြီးပြောဖြစ်ခဲ့တယ်...။ အိပ်တော့မယ်ဆိုပြန်တော့ အဲယားကွန်းရှိ ပေမယ့်လည်း မီးမလာတဲ့အတွက် လေရနိုင်တဲ့ ဧည့်ခန်းထဲမှာပဲ ယပ်တောင်လေးတဖြတ်
ဖြတ်နဲ့ ပထမဦးဆုံးည ကို ဖြတ်ကျော်ခဲ့ရတယ် နောက်နေ့မနက်စောစောမှာတော့ နားထဲကို တိုးဝင်လာတဲ့ “ပဲပြုတ်..ပဲပြုတ်” “ဝါးလုံး...ဝါးလုံး”“ရွှေတွေ...ငွေတွေ..စံပ္ပါယ်တွေ”....“ကောက်ညှင်းပေါင်း...ကောက်ညှင်းငချိတ်”....
စတဲ့ မကြားရတာကြာပြီဖြစ်တဲ့ အသံလေးတွေဟာ ကျမကိုနိုးထစေခဲ့ပါတယ်..။

ကျမမျက်နှာသစ်ပြီးချိန်မှာတော့ စားပွဲပေါ်က မြောင်းမြဒေါ်ချို မုန့်ဟင်းခါးကို အဝစားပြစ်လိုက်တယ်၊ ပြီးတော့ ဆိုက်ပရပ်စ်က ပါလာတဲ့ သူငယ်ချင်းတွေရဲ့ လူကြုံပစ္စည်းတွေကို အိမ်တိုင်ရာရောက်လိုက်ပို့ဖို့ အိမ်ကနေ “စ”ထွက်ရင်းရန်ကုန်မြို့ တခွင်လှည့်လည်ပြီးတွေ့ရှိခဲ့သမျှတွေကိုတင်ပြရင်း....သူငယ်ချင်းတို့ကြည့်ဖို့
(ထုံးစံအတိုင်း ဓာတ်ပုံလေးတွေ ပို့ပေးလိုက်တယ်နော်)။

" ရာသီဥတု အခြေအနေ " ။ ။ နေသားမကျသေးတဲ့ ကျမအတွက်တော့ ရန်ကုန်မြို့ရဲ့ရာသီဥတုဟာ သိပ်ပူပါတယ်...။လူတကိုယ်လုံး ပူစပ်ပူလောင်ခံစားချက်တွေနဲ့ အချိန်ပြည့်ချွေးစည်းတွေထွက်နေ
တတ်ပါတယ်။ ဆိုက်ပရပ်စ်က ပါလာသမျှ ကျမရဲ့အဝတ်အစားတွေဟာလည်း ပူပြင်းလွန်းတဲ့ရာသီကြောင့် အသုံးမဝင်တာကြောင့် သင့်တော်မယ့် ချည်သားအဝတ်အထည် ၃/၄ စုံကိုအရင်ပြေးဝယ်ရပါတယ်..။
ဆံပင်ကို ဖားလျှားချပြီး ပဲများမယ့်အစီအစဉ်ကို ဖျက်ပြီး ဆံပင်ကို ကျောလယ်လောက်ညှပ်လိုက်ပြီး အချိန်
ပြည့် ကလစ်တခုနဲ့ ဂုတ်ပေါ်အောင် ပင့်တင်ထားရပါတယ်..။

" ကုန်ဈေးနှုန်း " ။ ။ ကိုယ်တိုင်ဈေးဝယ်ထွက်တာဆိုလို့ အဝတ်အစားပဲရှိတာမို့ အပေါ်အင်္ကျီတထည်ကို ၁သောင်းခွဲနဲ့ ၂သောင်းဝန်းကျင်ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဆိုက်ပရပ်စ်က ဈေးနှုန်းထက် အများကြီးသက်သာတဲ့အပြင် ကျမအကြိုက်ဒီဇိုင်းလေးတွေမို့ ကျမကျေနပ်ပါတယ်။

"လမ်းပမ်းဆက်သွယ်ရေး " ။ ။ ဘယ်ပဲ သွား သွား..Taxi နဲ့သွားရတာမို့ အဆင်ပြေပါတယ်၊ ကားခကတော့ အနည်းဆုံး ၂၀၀၀ ကျပ်ကပုံမှန် လိုဖြစ်နေပါပြီ။ ကျမက လူကြုံပစ္စည်းတွေ လိုက်ပို့ရတာမို့ တရက်ထဲနဲ့ ၃နေရာလောက်သွားနေရပါတယ်။

" အင်တာနက် " ။ ။ တနာရီကို ၅၀၀ကျပ်ပါ၊ မီးမလာတဲ့အချိန်တွေမှာ လူတွေဟာ မီးစက်နဲ့ဖွင့်တဲ့ အဲယားကွန်းရှိတဲ့ အင်တာနက်ဆိုင်တွေမှာ အချိန်ဖြုန်းရင်း ပြည့်လျှံလို့နေပါတယ်..၊ အင်တာနက်ဆိုင်တွေအတွက် အတော်ကို အလုပ်ဖြစ်ပါတယ်။

" မြို့သန့်ရှင်းမှု " ။ ။ ဘယ်နေရာကိုကြည့်ကြည့် ကုက္ကိုလ်ပင်၊ ဘန်ဒါပင်၊ ညောင်ပင်တွေနဲ့ စိမ်းလန်းစိုပြေလှတဲ့ ရန်ကုန်မြို့တွင်းမှာ အမှိုက်သရိုက်များ ကင်းရှင်းနီုင်လျှင်တော့ အလွန်ကျက်သရေရှိသော မြို့ကြီးဖြစ်မှာ သေခြာပါတယ်။ တချို့နေရာလေးတွေကတော့ တော်တော်လေးကို သန့်ရှင်းလှပါတယ်..။

" ဖုန်းဆက်သွယ်ရေး " ။ ။ ကျမရဲ့ဖုန်းထဲကို FEC ၂၀ တန် ဖုန်းကဒ် လေးတကဒ်ဝယ်ထည့်ထားပါတယ်..။ရန်ကုန်မြို့တွင်းအတွက် အဆင်ပြေပြီး နိုင်ငံခြားမှသူငယ်ချင်းတချို့က ခေါ်လို့ရပြီး အများစုက ကျမကို ဆက်သွယ်လို့မရဘူးလို့သိရပါတယ်။

" ဆွေမျိုး " ။ ။ ကျမမြန်မာပြည်ကို မရောက်ခင်ကာလက (၂၇.၀၃.၂၀၁၀)နေ့က ဆွေမျိုးတော်ဆပ်သူ ယောင်းမတယောက် ကားအက်ဆီးဒန့်ဖြစ်ပြီး ရုတ်တရက်ဆုံးသွားပါတယ်။
" မိုး " ။ ။ မရွာလျှင်လည်း ပူပါတယ်၊ ရွာပြန်တော့လည်း ကားလမ်းမတွေ ရေမြုတ်တဲ့အထိ ရေများတာကြောင့် လမ်းပမ်းဆက်သွယ်ရေးတွေ ပြတ်တောက်တဲ့အထိပါပဲ။

" ရေ " ။ ။ သူများတွေရဲ့အိမ်တွေမှာ ရေအခက်အခဲရှိတယ်လို့သိရပါတယ်..၊ ကျမနေတဲ့အိမ်မှာတော့ ရေပေါပါတယ်..။" သူငယ်ချင်း " ။ ။ ဘလော့ကာ သူငယ်ချင်းများဖြစ်ကြတဲ့ ရန်ကုန်က မမိုးငွေ့၊ ကိုတူး(ညလင်းအိမ်)၊ ဒေါင်းဒေါင်(အနှိုင်းမဲ့)၊ ကိုသက်တန့်ချို၊ ကိုနေညိုရင့်၊ တို့နဲ့ ဖုန်းအဆက်အသွယ်ရပါတယ်။ ကိုလင်းဦး(စိတ်ပညာ) ကို ဖုန်းခေါ်ပေမယ့် ဖုန်းမကိုင်ပါ၊ မမိုးငွေ့၊ ကိုတူး၊ ကိုနေညိုရင့် တို့နဲ့တော့အပြင်မှာတွေ့ပြီးပါပြီ၊ ကိုသက်တန့်ချို၊ ဒေါင်းဒေါင် နဲ့ ကိုလင်းဦးတို့နဲ့တွေ့ဖို့ ကြိုးစားနေဆဲပါ။

" စားခဲ့ပြီးသော အစားအစာများ " ။ ။ ငပိရည်တို့စရာ၊ ပုဇွန်ဆီပြန်၊ ချဉ်ပေါင်နဲ့မြှစ် ချဉ်ရည်ဟင်း၊ငါးဖယ်ဆီပြန်၊ ငါးဖယ်သုပ်၊ ဘဲဥဆီပြန်၊ ချစ်တီးထမင်း၊ ဒူးရင်းသီး၊ သရက်သီး၊ မုန့်ဟင်းခါး၊ ကြေးအိုး၊ တုန်ယမ်ချဉ်စပ်၊ ....တွေကို စားပြီးပါပြီ။

" အနုပညာလှုပ်ရှားမှု " ။ ။ ဗုဒ္ဓဟူးနေ့မှာ ချယ်ရီ FM က အယ်ဒီတာ မခင်လိမ္မာနဲ့ ကရဝိတ်ခမ်းမဆောင်မှာ (ရေဒီယိုမှာ ၁၀မိနစ်စာ ထုတ်လွှင့်မှုအစီအစဉ်အတွက်) အင်တာဗျူးရှိပါတယ်။
၂၀ ရက်နေ့နောက်ပိုင်းမှာသီချင်းအတွက် VDC ရိုက်ဖို့ရှိပါတယ်။ ပြီးတော့ ဆိုက်ပရပ်စ်မပြန်ခင်မှာ ကိုယ်တိုင်ဆို သီချင်းတပုဒ်အတွက် မီးမှောင်မှောင်ထဲမှာ သီချင်းကျက်နေရပါတယ်..။

" ရင်ထဲက ဆန္ဒ " ။ ။ မြန်မာပြည်ကို လွမ်းလို့အလည်ပြန်လာတဲ့ ကျမအတွက် မြန်မာပြည်က တိုးတက်မှုတွေ ဆုတ်ယုတ်မှုတွေ၊ ဒုက္ခ၊ သုခ၊အားလုံး...အားလုံးကို မြန်မာပြည်ထဲက မြန်မာပြည်သူများနဲ့ထပ်တူ ကျေနပ်စွာ မျှဝေခံစားရင်း ဘလော့ကာ သူငယ်ချင်းအားလုံးနဲ့ စာဖတ်သူ သူငယ်ချင်းအားလုံးကို အရမ်းသတိရနေပါကြောင်း အသိပေးရင်း “မြန်မာပြည်သို့ အလည်တခေါက် အပိုင်း(၁) အစီအစဉ်ကို သူငယ်ချင်းတို့နဲ့မျှဝေခံစားရင်း ......


26 comments:

မဗေဒါ (၈၈) said...

ညီမရေ ..

ဖတ်သွားတယ်.. ခံစားသွားတယ်.. မမြင်ရပေမဲ့လည်း ခံစားပေးလို့ ရပါတယ်.. ကိုယ်ကြီးပျင်းလာရတဲ့ ရေမြေဆိုတော့ အလိုလို စိတ်က ခံစားပေးလို့ ရနေတာဖြစ်မယ်ထင်ပါတယ်..။

ညီမ အလုပ်တွေလည်း အဆင်ပြေပါစေလို့..။

မဗေဒါ (၈၈)

shwezinu said...

တခါ မကဘူးလွမ်းလို့ တခါ မက အားဘွားးးးးးးးးးး

ခင်မင်စွာဖြင့်
ရွှေစင်ဦး

မန်းလေး လာတော့ဘူးလားဗျ

ရွှေရတုမှတ်တမ်း said...

ဓါတ်ပုံတွေလှချက်တော့ဗျာ....ဗမာပြည်မှာ ပျော်နေပြီပေါ့လေ..ပြန်လာရင် မုန့်ဝယ်ခဲ့ပါ...

ချော(အစိမ်းရောင်လွင်ပြင်) said...

" စားခဲ့ပြီးသော အစားအစာများ " ။ ။ ငပိရည်တို့စရာ၊ ပုဇွန်ဆီပြန်၊ ချဉ်ပေါင်နဲ့မြှစ် ချဉ်ရည်ဟင်း၊ငါးဖယ်ဆီပြန်၊ ငါးဖယ်သုပ်၊ ဘဲဥဆီပြန်၊ ချစ်တီးထမင်း၊ ဒူးရင်းသီး၊ သရက်သီး၊ မုန့်ဟင်းခါး၊ ကြေးအိုး၊ တုန်ယမ်ချဉ်စပ်၊ ....တွေကို စားပြီးပါပြီ.
အဟား သွားရေကျအောင် လုပ်နေတာလား
မနာလိုအောင် လုပ်နေတာလား
ဘာဘဲဖြစ်ဖြစ် နတ်သမီး စားရတယ်ဆို ကျေနပ်ပါတယ်ကွယ်..
ပြန်ခွင့်ရချိန်လေးမှာ ၀အောင် ပျော်ခဲ့ပါ..
စိတ်ကြိုက်လည်ခဲ့ပါ..အနုပညာလှုပ်ရှားမှုလေးတွေလဲ အောင်မြင်ပါစေနော်..

ကိုဇော် said...

ဗဟုသုတ မြန်မာနိုင်ငံ အလွမ်းအတွက် . .
ကျေးဇူးပါ နတ်သမီးရေ. .

ပျော်ရွှင်ပါစေ။

မိုးခါး said...

ဂလု ဂလု ဂလု
စားစရာတွေနေရာမှာ တံတွေးပဲ မြိုချသွားတယ် .. :D
စားချင်တယ်
မုန့်ဟင်းခါးကောင်းကောင်း
ကော်ပြန့်ကြော်
အသုတ်စုံ
ကြာဇံဟင်းခါး
အုန်းနို့ခေါက်ဆွဲ
ထပ် ဂလုသွားပြီ
:D

ခိုင်နုငယ် said...

ဘလောပ့်ကိုဝင်ဝင်ချင်း..မြန်မာပြည်သို့အလယ်တစ်
ခေါက်ဆိုတာကိုတွေ့လိုက်တာနဲ့..အရောက်လာခဲ့ပါတယ်။
ဓါတ်ပုံတွေလည်းကြည့်သွားတယ်။..မြန်မာပြည်ရေးရာကိုလည်းဖတ်သွားပါတယ်။
အမအလုပ်တွေလည်းအဆင်ပြေပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Nann Laypyaenu said...

အဆင်မပြေတာတွေ ဒီနိုင်ငံမှာ များတယ်ဆိုပေမယ့် နွေးထွေးမှုတော့ နတ်သမီးလေး ရမှာပါ..
ပျော်ရွှင်ပါစေ..
( နန်း နေရာမှာ လင့်လေး ချိတ်ထားပါတယ် ကြိုခွင့်မတောင်းတဲ့အတွက် တောင်းပန်သွားပါတယ်) :P

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

ပျော်နေတယ်ပေါ့။

အစားအသောက်တွေ ဂရုစိုက်ပါ နတ်သမီးလေးရေ... ရာသီဥတု နဲ့ အစားအသောက် အပြောင်းအလဲ ကို သေချာ ဂရုစိုက်ပါ...

မုန့်ဝယ်ခဲ့... :) :)

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

သဒ္ဓါလှိုင်း said...

စစခြင်းအလှဓါတ်ပုံလေးကိုတွေ့လိုက်ရတယ်..။
မြန်မာ့မြေပေါ်ကိုခြေချလိုက်လို့ဝမ်းသာနေတဲ့မျက်နှာ
လေးကိုလည်းတွေ့ရတယ်..။
စားချင်တာတွေတ၀ကြီးစားခဲ့ပေါ့နော်..။
သတိရပါတယ်..ပျော်ရွှင်ပါစေရှင်...။

ခင်တဲ့
သဒ္ဓါ

သိင်္ဂါကျော် said...

ကြိုဆိုပါတယ် နတ်သမီးရေ..
ရောက်တုန်း လုပ်ချင်တာလေးတွေ ဝအောင် လုပ်သွားနော်..

မိုးငွေ့...... said...

နတ်သမီးရေ...ကျော်ခွတတ်သွားပြီပေါ့လေ...။
နတ်သမီးနဲ့ အလှချင်းပြိုင်တော့ မိုးငွေ့ရှုံးသွားတယ်..။



ခင်မင်စွာဖြင့်
မိုးငွေ့

:) said...

အရမ်းလှနေတယ်...။

ဏီလင်းညို said...

နတ်သာမီးရေ.........

မြန်မာပြည်မှာပျော်ပါစေဗျား.......။
ကိုတူးတို့နဲ့ တွေ့တာပျော်နေတယ်ပေါ့ဟုတ်........?
မမိုးနဲ့ရောလေ............။
အားကျ၏။

ခင်မင်တဲ့
ဏီလင်းညို

မောင်ဘကြိုင် said...

ငါ့အစ်မပျော်နေပြီပေါ့ဗျာ
း) ခဏကြာမှ ညစ်မှာ ဟိဟိ
တားတော့ ညစ်နေပြီ
နက်ဆိုင်ထိုင်လည်း အဆင်မပြေ
အိမ်မှာနေလည်း မီးပျက်
မီးစက်သံတွေနဲ့ ရန်ကုန်မြိှု့ကြီး ဆူညံလို့း)

ခြင် said...

နှပ်သမီးလေးရေ... အမိမြေမှာ ပျော်ရွှင်စရာတွေ ကြုံခဲ့ရပါစေ...

အဖြူရောင်နတ်သမီး said...

အရုပ်ကလေး၊ကိုမင်းသုခ၊အနှိုင်းမဲ့၊ တာတာ၊လဲ့ရည်၊ ရင်ခတ်နွယ်(ကိုမင်း)၊ ကိုဖြိုး(ရင်နင့်သူ)၊အချစ်မဲ့ဂီတာ...စတဲ့ ဘလော့ကာသူငယ်ချင်း များနဲ့ ထပ်တွေ့ပြီးပြီ....

အဖြူရောင်နတ်သမီး said...

(၁၂)ရက်နေ့က မမိုးရဲ့အိမ်မှာ မမိုးချက်တဲ့ မမိုးရဲ့လက်ရာ...ကောင်းမှကောင်းပဲဗျို့....
နတ်သမီးကတော့ ကြက်သားဟင်းစားတယ်၊ ကိုတူးကတော့ ဝက်သားဟင်းစားတယ်...
ငပိထောင်း၊ကျောက်ဖရုံသီးဟင်းရည်၊ယိုးဒယားငါးဟင်းရည်အစပ်၊ ခရမ်းသီးမွှေနဲ့ကြက်ဥရောကြော်၊သရက်သီးနဲ့သခွားသီးတို့စရာ၊လ္ဘက်သုတ်၊သရက်သီးမှည့်။။။။
ဟိ...ကောင်းမှကောင်းပဲ...


(၁၃)ရက်နေ့က BAK Shopping center မှာ အများရဲ့မျက်စောင်းထိုးခြင်းကိုခံနေရတဲ့ ကိုတူး(ညလင်းအိမ်)ပွဲတိုင်းကျော်အပါအဝင်....
အရုပ်ကလေး၊ကိုမင်းသုခ၊အနှိုင်းမဲ့၊ တာတာ၊လဲ့ရည်၊ ရင်ခတ်နွယ်(ကိုမင်း)၊ ကိုဖြိုး(ရင်နင့်သူ)၊အချစ်မဲ့ဂီတာ...စတဲ့ ဘလော့ကာသူငယ်ချင်း များနဲ့ ထပ်တွေ့ပြီးပြီ....

blackroze said...

အားကျတယ်အမရာ
ညီမလဲမြန်မာပြည်ပြန်ရင်စားချင်တာတွေတဝကြီးစားပြီး
ဘလော့ဂါ..အကိုတွေအမတွေနဲ့အကုန်တွေ့ဦးမယ်..
အမရေ..ရခိုင်မုန့်တီနဲ့ကြေးအိုးပါစားခဲ့ဦးနော်
ကြေးအိုးကykko ကနော်...
ခင်တဲ့ညီမ...Blackroze

မင်းပျို said...

ပြန်သွားပြီးပြီလား...ကျနော်ကခုမှပြန်မလို. ကျနော့အိမ်ကိုလာလည်ပါဦးနော်..အသစ်တင်ထားတယ်

အရုပ်ကလေး said...

နာမည်ပေး ကင်ပွန်း မတပ်သေးလို့ တော်သေးတးယ် ..
မပြောရဘူးနော် .. :P

မြတ်မွန် said...

ပျော်စရာကြီးနော်..
ကိုယ်တိုင်ရောက်နေရတာလိုပါပဲ..မမရေ..

sosegado said...

ပျော်စရာကြီးပါပဲ၊

အွန်စော said...

အသစ်လည်းတင်ဘူး။ မမနတ်သမီးနေကောင်းရဲ့လား။ ဘလော့မိတ်ဆွေတွေလည်ပတ်တွေ့ရတာနဲက မောနေရော့ပေါ့။ အွန်စောဆီလည်း အရောက်လာခဲ့နော်။

နွေဆူးလင်္ကာ said...

ဂျီးတော် ကျုပ်ကိုကျ ဓါတ်ပုံလဲ မပို့ဘူး။ ဒါပဲ။

အဖြူရောင်နတ်သမီး said...

ပို့စရာလား...ဦးလေးကို...
ပို့မယ့်ပို့....ဂျီးတော်ရဲ့ ချစ်သူ(မောင်)ဆီကိုပဲပို့မှာပေါ့...
ဟွန်း...ဓာတ်ပုံတော့မရဘူး..လက်သီးပဲရမယ်...
းး))

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger