ကျမရဲ့သူငယ်ချင်းတယောက် ဆိုက်ပရပ်စ်နိုင်ငံမှာ Visa ကုန်လို့ မြန်မာပြည်ကို အပြီးပြန်သွားတယ်။ သူနဲ့ကျမကလည်း တနိုင်ငံထဲမှာ အတူရှိနေကြပြီး တမြို့စီဖြစ်နေကြတဲ့အတွက် တယောက်နဲ့တယောက် မတွေ့ဖြစ်ကြပဲ ဖုန်းနဲ့သာ စကားပြောဖြစ်ခဲ့ကြတာ များပါတယ်။ ပြီးခဲ့တဲ့လက Visa ကုန်လို့ သက်တန်းထပ်တိုးလို့မရတဲ့အတွက် မြန်မာပြည်ပြန်တော့မည်ဖြစ်ကြောင်း သူဖုန်းဆက်လာခဲ့တယ်။
သူပြန်တဲ့ နေ့မှာပဲ ကျမလည်း အလုပ်တွေများနေတာကြောင့် သူ့ကိုနှုတ်ဆက်စကားတောင် မဆိုမိလိုက်ပါဘူး။ နောက်(၃)ရက်အကြာမှာတော့ သူ ရန်ကုန်မှာ ၃သောင်း၃ထောင်တန် (၁)လစာ အသုံးပြုလို့ရတဲ့ ဖုန်းကဒ်ဝယ်ကိုင်ထားကြောင်း၊သူ့ဆီကို တလအတွင်းဖုန်းဆက်နိုင်ကြောင်း၊ ၁လကျော်သွားလျှင်တော့ ရန်ကုန်မှာမရှိတော့ကြောင်း မိဘများရှိရာ နယ်သို့ပြန်တော့မည်ဖြစ်ကြောင်းနဲ့ သူ သုံးစွဲလျှက်ရှိတဲ့ ဖုန်းကဒ်ရဲ့ ဖုန်းနံပါတ်နဲ့အတူ သူ့ရဲ့ E Mail တခု ကျမဆီကိုရောက်လာခဲ့ပါတယ်။
ကျမလည်း စီးပွားရေး၊ လူမှုရေး စတဲ့ အရှုပ်အထုတ်တွေကြားမှာ အလုပ်တွေရှုပ်နေရင်း ၂ပတ်လောက်ကြာမှ သတိရလို့သူ့ဆီဖုန်းဆက်လိုက်တော့ ဖုန်းကဒ်Expire ဖြစ်လို့ ဆက်သွယ်လို့မရတော့ပါဘူး။၂ပတ်အတွင်းမှာ သူအသုံးပြုနေတဲ့ ၂သောင်း၃ထောင်တန်ဖုန်းကဒ်ဟာ သတ်မှတ်ထားတဲ့ ငွေပမာဏ ကုန်သွားပြီဖြစ်တာကြောင့် အလုပ်မလုပ်တော့ကြောင်း ကျမသိလိုက်ရတယ်။ ဒါနဲ့ပဲ သူ့ဆီကို E Mail ပို့ပြီး ကျမဘက်က ဖုန်းဆက်နောက်ကျသွားကြောင်း တောင်းပန်ခဲ့ရပါတယ်။
သူကမှ တော်သေးတယ်...။ ကျမ မြန်မာပြည်ကို အလည်ပြန်ခဲ့တုန်းကဆိုရင် ၁လအတွင်းမှာ အဲဒီလိုကဒ်မျိုး ၄ကဒ်ကုန်ခဲ့တာ၊ ပိုက်ဆံဖြတ်တာလည်း မြန်သလားမမေးနဲ့။ ပြည်ပကနေ အဲဒီကဒ်ကို ဖုန်းခေါ်ရင် တော်ရုံနဲ့ မဝင်ဘူး၊ ဒါပေမယ့် အဲဒီကဒ်ကနေ ပြည်ပကို ဆက်ရင်တော့ ချက်ချင်းဝင်တယ်ရှင့်..။ “လူလည်”....အဲ..မှားလို့..“ကဒ်လည်”....;(..;(
ကျမကလည်း အပေါင်းအသင်းက ခပ်များများဆိုတော့ ပြည်ပကနေ ကျမဆီကို ဖုန်းခေါ်လို့ရတဲ့အခါမျိုးရှိသလို ကျမကနေမဖြစ်မနေ ပြန်ခေါ်ရတဲ့အခါမျိုးလည်း ရှိတဲ့အတွက် အဲဒီ၁လအတွင်းမှာ ဖုန်းကဒ်၎ကဒ်ကုန်ခဲ့ပါတယ်။
၁ကဒ်ကုန်လို့ ဖုန်းကဒ်အသစ်လဲတိုင်းလည်း ဖုန်းနံပါတ်က ပြောင်းသွားတာမို့ ပြည်ပကသူငယ်ချင်းတွေနဲ့ ပြည်တွင်းကသူငယ်ချင်းတွေကို ဖုန်းနံပါတ်အသစ်ပြောင်းကြောင်း ပြောတာနဲ့တင် ဖုန်းထဲက ပိုက်ဆံက တဝက်ဖြတ်ပြီးနေပြီလေ။ အဲဒီလိုနဲ့ပဲ မုန့်လုံးစက္ကူကပ်ခဲ့ရတဲ့ မြန်မာပြည်က တလသုံး GSM ဖုန်းကဒ်လေးအကြောင်းကို ဓာတ်ပုံနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်...။
သူပြန်တဲ့ နေ့မှာပဲ ကျမလည်း အလုပ်တွေများနေတာကြောင့် သူ့ကိုနှုတ်ဆက်စကားတောင် မဆိုမိလိုက်ပါဘူး။ နောက်(၃)ရက်အကြာမှာတော့ သူ ရန်ကုန်မှာ ၃သောင်း၃ထောင်တန် (၁)လစာ အသုံးပြုလို့ရတဲ့ ဖုန်းကဒ်ဝယ်ကိုင်ထားကြောင်း၊သူ့
ကျမလည်း စီးပွားရေး၊ လူမှုရေး စတဲ့ အရှုပ်အထုတ်တွေကြားမှာ အလုပ်တွေရှုပ်နေရင်း ၂ပတ်လောက်ကြာမှ သတိရလို့သူ့ဆီဖုန်းဆက်လိုက်တော့ ဖုန်းကဒ်Expire ဖြစ်လို့ ဆက်သွယ်လို့မရတော့ပါဘူး။၂ပတ်အတွ
သူကမှ တော်သေးတယ်...။ ကျမ မြန်မာပြည်ကို အလည်ပြန်ခဲ့တုန်းကဆိုရင် ၁လအတွင်းမှာ အဲဒီလိုကဒ်မျိုး ၄ကဒ်ကုန်ခဲ့တာ၊ ပိုက်ဆံဖြတ်တာလည်း မြန်သလားမမေးနဲ့။ ပြည်ပကနေ အဲဒီကဒ်ကို ဖုန်းခေါ်ရင် တော်ရုံနဲ့ မဝင်ဘူး၊ ဒါပေမယ့် အဲဒီကဒ်ကနေ ပြည်ပကို ဆက်ရင်တော့ ချက်ချင်းဝင်တယ်ရှင့်..။ “လူလည်”....အဲ..မှားလို့..“ကဒ်
ကျမကလည်း အပေါင်းအသင်းက ခပ်များများဆိုတော့ ပြည်ပကနေ ကျမဆီကို ဖုန်းခေါ်လို့ရတဲ့အခါမျိုးရှိသလို
၁ကဒ်ကုန်လို့ ဖုန်းကဒ်အသစ်လဲတိုင်းလည်း ဖုန်းနံပါတ်က ပြောင်းသွားတာမို့ ပြည်ပကသူငယ်ချင်းတွေနဲ့ ပြည်တွင်းကသူငယ်ချင်းတွေကို ဖုန်းနံပါတ်အသစ်ပြောင်းကြောင်း ပြောတာနဲ့တင် ဖုန်းထဲက ပိုက်ဆံက တဝက်ဖြတ်ပြီးနေပြီလေ။ အဲဒီလိုနဲ့ပဲ မုန့်လုံးစက္ကူကပ်ခဲ့ရတဲ့ မြန်မာပြည်က တလသုံး GSM ဖုန်းကဒ်လေးအကြောင်းကို ဓာတ်ပုံနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်...။
အတွက်ကတော့ FEC ပြား၉၀ ဖြတ်ပြီး ၊ ပြည်တွင်း message အတွက် ၅ပြား ဖြတ်ပါတယ်။
17 comments:
အ၀င်ဖြတ် အထွက် ဖြတ် ။ မက်ဆေ့ခ်ျ ပို့ ရင်ဖြတ် လက်ခံရင် ဖြတ်။ ဖုန်းကိုင်ထားရင် ဖြတ်။ လကုန်ရင် ဖြတ်. ဖြတ် ဖြတ်ဖြတ် မင့် ငါ့ကို ဖြတ်လိုက်တော့ (R ဇာနည်)
ငြိမ်းချမ်းပါစေ
မိုးယံ
အ၀င်ဖြတ် အထွက် ဖြတ် ။ မက်ဆေ့ခ်ျ ပို့ ရင်ဖြတ် လက်ခံရင် ဖြတ်။ ဖုန်းကိုင်ထားရင် ဖြတ်။ လကုန်ရင် ဖြတ်. ဖြတ် ဖြတ်ဖြတ် မင့် ငါ့ကို ဖြတ်လိုက်တော့ (R ဇာနည်)
ငြိမ်းချမ်းပါစေ
မိုးယံ
ကမ္ဘာမှာ ရှာမှရှားတဲ့ ဖုန်းကဒ်ပါပေတကား...
ဂုဏ်ယူပါ၏...
GSM မဝယ်ရသေးခင် နှစ်ခါ သုံးခါ တစ်ခါသုံးကဒ် ဝယ်ကိုင်သေးတယ်.. ဘယ်မှ မဆက်ဘူး.. အိမ်ကပဲ အမြဲ ဆက်တယ်.. ဟဲဟဲ
သမီးလိမ္မာလေးနော်.. အဲဒီကဒ်က အဲလိုမှ တစ်လလောက် သုံးရတာ..
အို...တန်ပါတယ်အေ..
ကိုယ်မှ မလုပ်တတ်တာတော့ :P
လုပ်ပေးတဲ့ သူတွေ ကျေးဇူးကြီးမားလှပါတယ်။
သိပ်လည်တဲ့ ကဒ်ပဲနော်..
သတိထား ဘာတွေဖြတ်အုံးမယ်မသိး))
အင့် လုပ်ပေါ့ များက ဒါတွေတော့အသိဘူးရယ် ဟိဟိ
မမ နေကောင်းလား မီးလဲ ခြေချုပ် အဲ လက်ချုပ်မိနေတယ် ဟိဟိ
အဲဒီကဒ်ကိုင်ပြီး အီစီကလီ ထုတတ်တဲ့လူတွေတော့ မွဲမှာဘဲ..း)
ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးဖုန်းတယ်လီဖုန်းခကို ပိုင်ဆိုင်ထားတဲ့ မြန်မာပြည်အနေနဲ့ ကြံဖန်ဂုဏ်ယူသင့်ပါတယ်.း)
အင်း ဈေးကြီးမှာပေါ့လေ မြန်မာပြည်မှာ သဘာဝဓာတ်ငွေ့တွေ၊ ကျောက်စိမ်းတွေ၊ ပတ္တမြားတွေ ဒီလောက်ထွက်နေတာ
တယ်လီဖုန်းခ ဈေးကြီးတာလောက်တော့ အပျော့ပေါ့...
အဲလိုအဖြတ်မျိုးနဲ့ဖြတ်နေတာပေါ့နော်..။
ခေတ်နောက်ကျနေလို့သိဘူးးးးးးးးးးးခုမှသိတယ်။
ဒါနဲ့မေးလ်မှာinvite လုပ်ထားတယ်။
ခင်တဲ့
သဒ္ဓါ
ဟဟ မအနမ်ရာ အသာလုပ်ပါ ပိုက်ဆံပဲဖြတ်တာပါဗျ..။ ကိုးကတော့သုံးဘူး ပိုက်ပိုက်ကုန်မှာကြောက်လို့.. ၀ယ်နိုင်မှ 800 ဖုန်းဝယ်ကိုင်မယ် အဲဒါဆိုပိုက်ပိုက်သိပ်မကုန်ဘူး။ ကိုးကလည်း လူလည်ပဲ ကဒ်လည်လောက်ကတော့ပျင်းတောင်ပျင်းသေး ဟဲဟဲ ဟုတ်ဘူးလားနော့
ခင်မင်လျှက်
ိကိုကိုးအိမ်
အော်....တို့မြန်မာပြည်မှာများ ကြားလိုက်ရသမျှ စားသုံးသူ
ခံဘက်ကချည်းပါပဲလားဗျာ...။
ရန်ကုန်ပြန်ရင်မဝယ်တော့ဘူး
အဲဒီကဒ်လည်..ကို..
အင်တာနက်ဆိုင်မှာဘဲတနေကုန်နေပလိုက်မယ်...
" နက် "လေးကကြည်ဖြူပါ့မလားမသိပါဘူးနော်
အစကတော့ ဂွင်ပေါ့ဗျာ အားလုံးဝယ်သုံးလောက်တယ် ဆိုပြီးထုတ်လိုက်တာထင်ပါတယ် တကယ့်စီးပွား ရေးသမားလဲ ကိုင်လို့မဖြစ် ဖုန်းနံပါတ်သိအောင် သူ့ပါတနာတွေအသိပေးရင် ဖုန်းကဒ်ကငွေတွေ ကုန်သေပြီဆရာပဲလေ....
ဒီတော့ အဲဒီဖုန်းကဒ်ဝယ်ပြီး မဟုတ်တာလုပ်မယ့် သူတွေ အချိန်းချက်သမား တွေအတွက်တော့ ဂွင်ပေါ့ အဲလိုအဲလို အဲဒီဖုန်းကဒ်စထွက်တုန်းက ဘာမှရီဂျင်စတာလုပ်စရာမလိုဖူးလေ နောက်မှ အရူးချီးပန်း လုပ်ရမယ်ဖြစ်လာတာ
သြော် ဦးနှောက်များပြောပါတယ် ဟိဟိ
လစ်မှ ပြောချင်တာပြောခဲ့ပြီး)း)
ကြားတယ်အစ်မရေ... ကြားတယ်။ အဲဒီကောင်လေး ကောင်းသတင်းကို။ မကြားချင်မှအဆုံး။
ဒါနဲ့ အစ်မရော နေကောင်းတယ်ဟုတ်။
အခုတော့ ထိုင်းကဒ်နဲ့မျောနေတယ် မအဖြူရောင်ရေ. ရွှေကဒ်ကိုတော့ ရွှေခေတ်ကုန်မှ ပြည်တော်ပြန် ဈေးသက်သက်သာသာနဲ့ ဆက်သွယ်ရေး ၀န်ဆောင်မှုကောင်းတဲ့ ရွှေနိုင်ငံဖြစ်မှ သုံးဖြစ်မယ်ထင်တယ်. အမှတ်တရများနဲ့...
အခုတော့ ထိုင်းကဒ်နဲ့မျောနေတယ် မအဖြူရောင်ရေ. ရွှေကဒ်ကိုတော့ ရွှေခေတ်ကုန်မှ ပြည်တော်ပြန် ဈေးသက်သက်သာသာနဲ့ ဆက်သွယ်ရေး ၀န်ဆောင်မှုကောင်းတဲ့ ရွှေနိုင်ငံဖြစ်မှ သုံးဖြစ်မယ်ထင်တယ်. အမှတ်တရများနဲ့...
နမ်းမ၀သုံးခဲ့သော ကဒ်နံပါတ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်...။
၁) 45557922
၂) 43331607
၃) 43341651
၎) 43348889
Post a Comment