ရွာသားတယောက် ငါးမြှားနေပုံပါ..။ ငါးရမယ်၊ မရဘူး ဆိုတာကိုတော့ ကျမ မသိပါ...။ သူကတော့ ခပ်အေးအေးပါပဲ..။
နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့ (ကျမအပါအဝင် )လူအတော်များများဟာ မိသားစုအတွက်၊ ဝမ်းရေးအတွက် ပူပင်သောကတွေနဲ့ နိုင်ငံခြားငွေတွေကို ရှာနေကြတဲ့အချိန်မှာ ဓာတ်ပုံထဲက ဦးကြီးကတော့ ဧရာဝတီမြစ်ကမ်းနဘေးမှာ ဝမ်းစာအတွက် ငါးမြှားနေပုံကတော့ ကျမတို့လိုလူမျိုးတွေကို လှောင်နေသလိုပါပဲ။
အဲဒါပြောတာ..ဘယ်နေရာမျိုးမှာမဆို နေတတ်ရင် ကျေနပ်စရာကြီးပါပဲ ဆိုတာ..။အဓိကကတော့ ရောင့်ရဲတင်းတိမ်တတ်ဖို့နဲ့ “စိတ်”ကလေး ထားတတ်ဖို့ပဲလိုပါတယ်..။အထက်၊ အောက် ဓာတ်ပုံ၂ပုံကတော့ မိသားစု တစုထဲပါပဲ..။
ရိုးရှင်းတဲ့ မြင်ကွင်းဆိုပေမယ့် နေရာဒေသနဲ့ ကိုက်ညီတဲ့မြင်ကွင်းတခုဟာ ဓာတ်ပုံထဲမှာထက် အပြင်မှာပိုလို့တောင် သဘာဝကျ လှပနေပါသေးတယ်။
ပုဂံမြို့သူ၊ မြို့သားတွေ မြစ်ကမ်းနဘေးတွင် ရေချိုးနေကြပုံ...
တဲထဲမှာ အိပ်နေတဲ့လူတယောက်...
သူ့ဘဝ ငြိမ်းချမ်းလိုက်တာများ...
အနှောက်ယှက် ကင်းစွာ နှစ်ချိုက်စွာ အိပ်နေလေရဲ့...
သူ..ဘဝ တကယ်ပဲ ငြိမ်းချမ်းရဲ့လား..
မှတ်ချက်။ ။ ပုဂံမှ ပခုက္ကူသို့ ဇက်နှင့်အကူး ဧရာဝတီမြစ်တလျှောက် တွေ့မြင်ခဲ့ရသော ဧရာဝတီမြစ်ကမ်းနဘေးက သဘာဝကျလှသော လူနေမှုစရိုက်တခုကို ဓာတ်ပုံဖြင့် မှတ်တမ်းတင်ခဲ့ခြင်းဖြစ်ပါသည်။(ဓာတ်ပုံ..နမ်းမဝ)
Dear Angel.....(23)
18 hours ago
16 comments:
လောဘမရှိတဲ့စိတ်လေးနဲ့ အေးချမ်းစွာထားတတ်သူဟာ
လောကမှာအချမ်းသာဆုံးဖြစ်မယ်။ အဓိကက
စိတ်ချမ်းသာဖို့ပဲနော်..။
ချစ်တဲ့
သဒ္ဓါ
နတ်သာမီး..ဒါဘယ်တုန်းက သွားရိုက်ထားတာတုန်း..
တကယ့်လူမှုဘ၀ပုံရိပ်လေးတွေကိုအမိအရဖော်ပြပေးနိုင်တဲ့အတွက်လေးစားပါတယ်။
အလိုဆန္ဒတွေကို ဖယ်ခွါနိင်မယ်။ နေ့စဉ် အသက်ရှင်နေ ခွင့်ကိုပဲ ရောင့်ရဲ တင်းတိမ်မယ်ဆိုရင် ဒီလိုတွေ နေလို့ရနိင်မှာပါ။
နွားလှည်းသွားစီးတုန်းက ရိုက်ထားတဲ့ပုံတွေဖြစ်မယ်၊ သိမ်းထားတန်ဘိုးရှိတဲ့ပုံတွေဖြစ်လာမှာပါ
တော်လိုက်တဲ့ ဦးပေါက်ဖော်ကြီး။။။
မှန်လိုက်လေခြင်း...
နွားလှည်း သွားမောင်းတုန်းက ရိုက်လာတာ...ဟိ
ဘယ်နေရာမှာဘဲနေနေ စိတ်ထားတက်ရင် ပျော်စရာကြီးနဲ့ နေချင်စရာကြီးနော်။
ခွန်ကတော့ တခါတလေတွေးတယ်
အော်... ဒီမှာနေတာလည်း တနည်းပြောရရင် ကိုယ့်ဒုက္ခကိုယ်ရှာတာနဲ့ တူတူပါဘဲလို့။
ဧရာဝတီမြစ်ကမ်းဘေးက တကယ့်လူနေမှုဘဝတွေ.. ထင်ဟပ်ပြထားတဲ့သယုဂ်က လှလိုက်တာ အမ နတ်သမီးရေ..
ဒီနေရာလေးတွေကို မရောက်ဖူးသေးလို့ 
ဓာတ်ပုံထဲကတဆင့် ငေး ရင်း မော ရင်း ..
အဖြူရောင် နတ်သမီးသည်. . .
၁။ နမ်းမဝလည်း ဖြစ်သည်။
၂။ လှပသော ဧည်ကြိုလည်း ဖြစ်သည်။
၃။ စာရေးကောင်းသူလည်း ဖြစ်သည်။
၎။ ကဗျာဆရာမ တစ်ယောက်လည်း ဖြစ်သည်။
၅။ ဓါတ်ပုံဆရာမလည်း ဖြစ်သည်။
နောက်ဆုံး. . .
ချစ်သူကို အရမ်း ချစ်တတ်သူလည်း ဖြစ်သည်။
တော်လိုက်တာ သူများသားသမီးတွေများ။
ဟိဟိ..
နောက်တခုကျန်သေးတယ်...
သီတင်းကျွတ်လပြီးရင် ဘာလလဲ....
“တန်ဆောင်မုန်း”..ဟုတ်တယ်ဟုတ်!
တန်ဆောင်မုန်းလ(နိုဝင်ဘာ ၁၉ ရက်)မှာ မွေးတဲ့ အဖြူရောင်နတ်သမီးအတွက်...
“ကဗျာ” လက်ဆောင် ပေးဖို့ အတင်းဓားမြတိုက်ပြီး တောင်းတတ်တဲ့သူလည်းဖြစ်ပါသည်ရှင့်..။
ဒန်တန့်တန်...
အမငီးးးးးးးးးးးးးး
ဒါကတော့ မကောင်းဆုံးပဲ...
အဟဲ...မသိချင်ယောင်ဆောင်နေမှ..ဟဲဟဲဟဲ..
ကိုဇော် ဘာဘာ ဘာမှ မသိတော့ပါ...ဟိဟိ။
အဝေးကမြင်ရတဲ့ ဘဝနဲ့ လက်တွေ့ဘဝက မတူဘူး နတ်သမီးရေ့..
ဘကျောက်တို့က အဲလိုနေခဲ့ဖူးပါရဲ့..
လူတရာမှာ ပူစရာတွေ ကိုယ်စီနဲ့ပါပဲ..
မြင်နေရုံနဲ့ စိတ်ချမ်းသာတယ်လို့ မဆိုနိုင်ပါဘူး
သူ့ရင်ထဲမှာဘာတွေဘယ်လောက်တောင်များပူနေလဲဆိုတာမသိနိုင်ဘူးလေ
ဒါပေမဲ့မြင်လိုက်ရတဲ့သူအဖို့အတွက်ကတော့ အေးချမ်းနိုင်ပါတယ်
ညအလင်္ကာ
ဘယ်ကလာ အေးချမ်းမတုန်း နတ်သမီးရယ်
အဲဒီလူကျောတွေပူ ရင်တွေပူနေမှာ သေချာတယ်။ နေက တော်တော်ပြင်းပုံ ရတယ်လို့ ထင်မြင်မိလို့ပါဂျာ။
နမ်းမ၀ နဲ့ နတ်မသီး အဲ နတ်သမီးကို တစ်ယောက်တည်းမှတ်တာ အခုတော့ အတူတူဖြစ်နေတာကိုး။ :P
တန်ဖိုးဖြတ်မရတဲ့ ပန်းချီဆရာ ကဗျာဆရာ
စာရေးဆရာ ဓာတ်ပုံဆရာတွေ လိုအနုပညာ
ရှင်တွေအတွက်သာမကဘဲ လူတိုင်းအတွက်
ခံစားလို့ ကောင်းတဲ့ ရှုခင်းလေးတွေပါဘဲ...
Post a Comment