သောကြာနေ့ ညကဖြစ်သည်....
ဆိုင်သိမ်း၍ ဝန်ထမ်းများ အိမ်ပြန်ခါနီးတွင်...
“မင်းတို့ရဲ့ လက်မှာဝတ်ထားတဲ့ လက်ပတ်နာရီတွေကို ချွတ်ကြပါ”...တဲ့
“ဗုဒ္ဓေါ”..
ဘာလုပ်မလို့ပါလိမ့်...
ကျမတို့ဆိုင်မှ မန်နေဂျာ၏ စကားကြောင့် ကျမ အပါအဝင် ဝန်ထမ်းများ အားလုံး ၏ မျက်နှာမှာ ဆူးစမ်းခြင်း၊အံ့သြခြင်းတို့ဖြင့် မိမိတို့လက်မှာ ဝတ်ထားသော နာရီကို ချွတ်ရင်း မန်နေဂျာထံမှ ဆက်လက်ပြောလာမည့် စကားကို စောင့်ဆိုင်းနေကြသည်။
“ မင်းတို့ရဲ့လက်ထဲက နာရီမှာ အခု မနက် ၁နာရီ(1am) ထိုးပြီး၊ အဲဒီအချိန်ကို ည ၁၂နာရီ(12pm) ဖြစ်အောင် ပြောင်းကြပါ။ ”
အန်...
ကျမတို့ မြန်မာနိုင်ငံတွင် ထိုကဲ့သို့ နာရီအချိန်ပြောင်းသည်ဟု ကျမ တသက်တာတွင် မကြားဘူးခဲ့ပါ။
ကျမကဲ့သို့ပင် မြန်မာနိုင်ငံမှ လူအတော်များများသည်လည်း ဤကဲ့သို့သော အဖြစ်အပျက်မျိုးကို ကြုံတွေ့ခဲ့ဖူးမည်မထင်ပါ။
ကျမလက်ထဲမှ လက်ပတ်နာရီကို အချိန်ပြောင်းရင်း ရွေ့လွှားနေသော အချိန်ကို အဘယ်အကြောင်းကြောင့် လူတို့ ရှေ့တိုး၊ နောက်ဆုတ် ပြုလုပ်ကြပါသနည်း..ဟု ကျမသိချင်စိတ်ဖြင့် မန်နေဂျာအား မေးရင်း..
ကျမသိသမျှကို စာဖတ်သူ သူငယ်ချင်းများအား မျှဝေလိုက်ပါသည်။
Europe ဟုခေါ်သော အနောက်နိုင်ငံများတွင် ထိုကဲ့သို့ အချိန်ပြောင်းသော ဓလေ့ရှိသည်ဟု ကျမကြားသိခဲ့ရပါသည်၊ ဤဓလေ့ကို ကျမထက်ပိုပြီးသိသူ အနောက်တိုင်းတွင်နေထိုင်လျှက်ရှိကြသော သူငယ်ချင်းများအား Comment နေရာတွင် မိမိတို့၏ ဗဟုသုတများကို မျှဝေပေးပါရန် မေတ္တာရပ်ခံပါသည်။
ကျမ ခေတ္တနေထိုင်လျှက်ရှိသော ဆိုက်ပရပ်စ်(Cyprus) နိုင်ငံတွင် အချိန်နာရီကို တနှစ်လျှင် (၂)ကြိမ်မျှ ရှေ့တိုး၊ နောက်ဆုတ် လုပ်ရသော အစဉ်အလာရှိသည်။
ဆောင်းရာသီကုန်ဆုံးသော မတ်(March)လ၏ နောက်ဆုံးအပတ်ဖြစ်သည့် သောကြာ(သို့) စနေနေ့တွင် မူလ အချိန်ကို ၁နာရီ ရှေ့တိုး၍သော်၎င်း၊ နွေရာသီကုန်ဆုံးသော အောက်တိုဘာ(October) လ၏ နောက်ဆုံးအပတ်ဖြစ်သည့် သောကြာ(သို့) စနေနေ့တွင် ရှိရင်းစွဲအချိန်ကို ၁နာရီနောက်ဆုတ်၍သော်၎င်း၊ အချိန်ပြောင်းလေ့ရှိသည်။
ဆိုက်ပရပ်စ်တနိုင်ငံလုံးတွင် ရှိကြသော အချိန်နှင့် အလုပ်လုပ်ကြရသည့် ရုံးဝန်ထမ်းများ၊ အလုပ်သမားများ၊ ကျောင်းသားများ အတွက် အချိန်ပြောင်းလဲလိုက်သည်ကို မသိပဲ ၁နာရီနောက်ကျ၍သော်၎င်း (သို့) ၁နာရီစော၍သော်၎င်း ၊ လုပ်ငန်းချိန်၊ ကျောင်းချိန်များ မှားယွင်းမှုများမဖြစ်ရလေအောင် အချိန်ပြောင်းတိုင်းလည်း သောကြာ(သို့) စနေနေ့တွင်သာ ပြောင်းလေ့ရှိသည်။ ထို့အတွက် ရုံးများ၊ ကျောင်းများဖွင့်သော တနင်္လာနေ့တွင် လူတိုင်းလိုလို အချိန်မှန် နေရာမှန်သို့ ရောက်ရှိနေကြလေပြီ။
ထိုသို့အချိန်ပြောင်းခြင်း အားဖြင့် မန်နေဂျာ၏ အကြောင်းပြချက်မှာ “ Save the energy”ဟုသိရှိရသည်။
မှတ်ချက်။ ။ ဆိုက်ပရပ်စ်နိုင်ငံတွင် (၆)နှစ်ခွဲခန့် ရှိနေပြီဖြစ်သော ကျမအတွက် အဆန်းမဟုတ်တော့သော်လည်း အမှတ်ရအနေဖြင့် ဤ post ကို အချိန်ပြောင်းချိန်နှင့်တိုက်ဆိုင်ခဲ့သဖြင့် ယခုမှ ရေးဖြစ်ခဲ့ခြင်းဖြစ်သည်။
Dear Angel.....(23)
18 hours ago
22 comments:
မမနတ်သမီး.......
အဲလို လုပ်တာ ကမ္ဘာမှာ နိုင်ငံပေါင်း 70 လောက်ချိဒယ် တဲ့။ အဲ.... သူတို့ ပြောပုံ အရ ဘာကြီးက ဘယ်ကိုရွေ့သွားလို့ ဘာကြောင့်ဆိုလားပဲ။
အဲဒါကို ဥာဏ်ကြီးရှင် သိပ္ပံပညာရှင်များကလဲ ဘာဖြစ်တယ် ဆိုလားပဲ ပြောကြတယ်လား မသိ...
ဟဲဟဲ ရှင်းသွားပြီ မဟုတ်လား... သိတာတွေရှိသေးတယ် နာ့အစ်မ နတ်သမီး ထပ်မူးသွားမှာ စိုးလို့ နကြောတော့ ပါဝူး။ ဂြီ
နတ်သမီးလေးရေ
ဘယ်နှစ်နာရီရှိပြီလဲ
အချိန်နာရီတိုက်ထားချင်လို့ပါ:P
ဆိုက်ပရပ်စ် နိုင်ငံကိုမရောက်ဖူးပေမဲ့
အစဉ်အလာဓလေ့စရိုက်တွေကို သိရှိရတဲ့အတွက်
ကျေးဇူးတင်ရှိပါတယ်
ခင်မင်စွာဖြင့်
ညအလင်္ကာ
ကမ္ဘာ့မြောက်ချမ်းနိုင်ငံတွေက ၂၃ ၁/၂ စောင်းနေတော့ အချိန် ကို save လုပ်ကြတာလေ၊ ရှေ့တိုးနောက်ဆုတ်နဲ့ နေရတော့တာပဲ
Daylight saving time လို့ခေါ်ပါသည်။ ဆောင်းအ၀င်နဲ့ ဆောင်းအကုန်မှာ တစ်နာရီ ရှေ့တိုး နောက်ဆုတ် လုပ်ကြပါတယ်။ DST ကို အီကွေတာရဲ့ မြောက်ဘက်ပိုင်း နဲ့ တောင်ဘက်ပိုင်း နိုင်ငံအများစု စုစုပေါင်း နိုင်ငံပေါင်း 70 လောက်မှာ ကျင့်သုံးကြပါတယ်။
မတ်လ ဧပရယ်လ မှ စတင် စက်တင်ဘာ အောက်တိုဘာ နိုဝင်ဘာ ထိ ကျင့်သုံးကြပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံတော့ ကွာခြားမှုတွေရှိပါတယ်။
ညသန်းခေါင်နဲ့ မနက်သုံးနာရီကြား တစ်နာရီ ရှေ့တိုးနောက်ဆုတ် လုပ်ကြပါတယ်။ အမေရိကန် သမတ္တ ဘင်ဂျမင် ဖရင်ကလင် (benjamin franklin) က 1748 မှ ပထမဆုံး စတင် အကြံပြု ပါတယ်။ အဲဒီက စတင်ပြီး ငြင်းခုန် မှုတွေ ရှိပါတယ်။
1916 ခုနှစ်က စပြီး ဂျာမဏီနဲ့ သြစတေးလျ စတင်ပြီး ကျင့်သုံးပါတယ်။ DST ကြောင့် သက်ရောက်မှု မျိုးစုံရှိပါတယ်။ ညသန်းခေါင်ကျော် မွေးတဲ့သူက ပြီးခဲ့တဲ့ မွေးစာရင်းမှာ ပါသွားတော့ အမေရိကားမှာ ဖြစ်ပျက်ခဲ့တာက ဗီယက်နမ် စစ်ပွဲမှာ စစ်မှု ထမ်းစရာ မလိုတော့တာဖြစ်ခဲ့ပါတယ်။ နောက် လျှပ်စစ်မီး ချွေတာရာ ရောက်တယ်၊ အမှုအခင်း တွေ ယာဉ်တိုက်မှုတွေ လျော့ကျစေတယ်လို့ ယူဆသူတွေလဲ ရှိပါတယ်။ အိပ်ချိန် တစ်နာရီဆုံးရှုံး တာတွေ ရေဒီယို အသံလွှင့် ဌာနတွေမှာ လဲ အထူးသဖြင့် လှိုင်းတို တွေကို ပြောင်းလဲ ရပါတယ်တဲ့။
ကဲ ကြားဖူးနားဝ တွေ ပြန်ကြောတာပါ အစ်မရယ် ။
post လေးနဲ့ ပါတ်သက်တဲ့ နတ်သမီး တကယ်မသိခဲ့တဲ့ အချက်တွေကို ဖြည့်စွက် ပြောပေးသွားကြတဲ့ ဘကျောက်နဲ့တကွ...
မောင်လေးတို့ကို အရမ်းကျေးဇူးတင်ပါတယ်...။
စာရေးသူ၊ စာဖတ်သူ အချင်းချင်း အမြင်လေးတွေနဲ့ ဗဟုသုတလေးတွေကို ဆက်လက်မျှဝေရင်း ..
ကျန်ရှိနေသေးတဲ့ သူငယ်ချင်းတို့လည်း ထပ်သိသေးရင်...ထပ်ပြီးမျှဝေပေးပါအုံးနော်...
ဘာမှမသိလို့ ဘာမှကိုဝင်မပြောတော့ဘူးနော် ...
ကြားဖူးရုံပဲ ရှိပါတယ်။ သေချာ မသိသေးတော့ မပြောသွားတော့ပါဘူး။
မင်္ဂလာပါ ရောက်လာပါတယ် နတ်သမီးရေ ..... စာတွေလာဖတ်သွားပါတယ် ..... အနောက်ဥရောပ မှာကတော့ အချိန်ကို စနေနေ့ကနေ တနင်္ဂနွေနေ့အကူးမှာပဲပြောင်းကြပါတယ် ......... သီတင်းကျွတ်ပြီးသွားပြီနော် နတ်သမီး မင်္ဂလာဆောင် ဖို့အစီအစဉ်လုပ်ပြီးရင်လည်း ကြိုပြောထားနော် မင်္ဂလာ လက်ဖွဲ့တခုခုပို့ပေးနိုင်အောင်ကြိုးစား ကြည့်မလို့ပါ ............... :D
ဒီရောက်မှ သိတာ အချိန်ကို ရှေ့တိုးနောက်ဆုတ် ဆော့နေတာဆိုတာလေ ကိစ မစိဘူး များက ကွန်ပူကတာ နာရိကို ဒီနိုင်ငံအချိန်ပေးထားတာ သူ့အလိုလို ချိန်းပေးသွားတယ် ဟိုးး တခါ စောင့်ကြည့်တယ် သိလား
မနက် ၁ နာရီလဲ ထိုးရော နာရီက အလိုလို ၁၂ ကိုပြောင်းသွားတာ သိလား အံ့သြစရာရယ် ခစ်ခစ်
အဟဲ ပြောရဦးမယ် အဲဒီ ပြောင်းတဲ့နေ့က များ တနာရီ ပို အိပ်လိုက်ရတယ် ခစ်ခစ်
လာပါလိမ့်မယ် နွေရာသီကျရင် ရှေ့တိုး လိမ့်မယ်
နေကောင်းလား အမရေ.. မတွေ့တာကြာပေါ့နော.... အခုအချိန်တွေပြောင်းသွားတဲ့ရာသီလည်းရောက်လာပြီ... အေးလည်းအေးလာပြီနော်...း)))...
ခင်မင်တဲ့
နေ၀သန်
ကိုကြီးကျောက်ပြောတာလေးရှင်းတယ်....
မရေ...ခုမှ ကြားဖူး သိဖူးတာမို့ 
ဆည်းပူးသွားခဲ့ပေမဲ့ ပြန်မပြောနိုင်ခဲ့ပါဘူး..
တော်တော်လေးကို စိတ်ဝင်စားစရာ ကောင်းပါတယ်။
ညီမကတော့ ညီမပတ်တဲ့ နာရီကို အမြဲပုံမှန် ၁၅ မိနစ်
မြန်မြန်ထားတယ်။ ဘာလုပ်လုပ် စောစောပြီးနေအောင်
လို့ ...:)
..ခင်မင်လေးစားလျှက်...ခင်မာလာအောင်...:)
မွေးနေ့ လေးတောင် တော်တော် နီးလာပြီနော်..မ...:)
ဗဟုသုတသိပ်မရှိလို့ အချိန်နဲ့ပတ်သက်ပြီး မပြောပြနိုင်ပေမဲ့ ဒီပို့စ်လေးနဲ့ ကွန်မန့်တွေက ရတဲ့ ဗဟုသုတအတွက်တော့ ကျေးဇူးပါ
ကျေးဇူးတင်ပါတယ်မ..။
ညီမ ရေ
ညီမ ရဲ့ ဝေမျှမှု့လေး တွေအတွက် ကျေးဇူးတင်တယ် နော် အမ မသိသေးတာလေးတွေ သိခွင့်ရတယ်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ဟုတ်ပ.....။
ကိုဏီးတို့များ.....ခုမှသိတယ်လေ.....။
ကျေးဇူးပဲ....နတ်သာမီးရေ့....။
(သူများတွေပြောကုန်.......သီတင်းကျွတ်စ်ပြီတဲ့ဗျိုးးးးးးး...............း))
ခင်မင်ခြင်းအားဖြင့်........
ဏီလင်းညို
ကျနော့်ကွန်ပြူတာက ဟိုတနေ့က အလိုလို တနာရီ နောက်ကျနေတယ်။ ဘယ်လိုဖြစ်တာလဲ မသိဘူး တွေးပြီးမှ ဥရောပ အချိန်ကို ကျနော့် ကွန်ပြူတာဆက်တင်ထဲ ဘယ်လို လုပ်ထားမှန်း မသိလိုက်ဘူး။
ဥရောပက အချိန်ပြောင်းတာက အာရှက ကျနော့် ကွန်ပြူတာပါ အချိန်ပြောင်းသွားသေးတယ်။
ဘာဆိုဒ်မှ ၀င်မရနေချိန် ဖေ့ဘွတ်သာ ရံဖန်ရံခါရချိန် .....
ကိုယ့်ဘလော့ခ်လေး ၀င်မိပါရဲ့ .....
ပိတ်ထားတာလား ဘာမှန်းကို မသိရဘူး ....
လောလောဆယ်ရလို့ ဘလော့ခ်ဝင်ဖတ်ချိန်
အချိန်ပြောင်းလဲခြင်းကို ဖတ်ရင်း
မွေးနေ့ အတွက် ကဗျာကို ဘယ်လို ဘယ်ပုံ ပို့ရမယ်ဆိုတာ တွေးတောရင်း...
ဆိုဒ်က ဘာဖြစ်မှန်း မသိဘူး ....:(((((((((((((((
အချိန်နာရီတွေ ပြောင်းလဲခြင်းနောက်
တစ်ဦးတစ်ယောက်ရဲ့ အမြင်
နောက်တစ်ဦးအတွက် မျှဝေရင်း
ရာသီ အချိန်တွေ ဘယ်လိုပင်ပြောင်းပြောင်း
မသိခြင်း သိခြင်းကို အက္ခရာတင်လို့ ......။
idulize(အရုပ်ကလေး)
ဆိတ်ဆိတ်နေတာပဲကောင်းမယ်ထင်တယ်း))
တကယ်တော့ မသိလို့ပါ။းP အချိန်ပြောင်းသွားတာလောက်ပဲသိတာလေ
ကျွန်တော်တို့ဆီမှာလည်း ပြီးခဲ့တဲ့ တနင်္ဂနွေကပဲ အချိန်ပြောင်းသွားတယ်။ နောက်ဆုတ်လိုက်တာတော့မဟုတ်ဘူး။ တစ်နာရီတိုးလိုက်တာ။ ဘာတွေကောင်းလဲသေချာတော့မသိဘူး။ ပြောင်းလိုက်တဲ့အတွက် ၃နာရီ၎နာရီလောက်နဲ့ မိုးချုပ်တာတို့ ၈နာရီ ၉နာရီထိ မိုးမလင်းသေးတာတို့ မဖြစ်တော့ဘူး..
နေကောင်းအောင်လည်းနေဦးနော်အစ်မ.. သီတင်းကျွတ်မှန်းလည်း ဘလော့ဂ်တွေ ပတ်သွားမှ သတိထားမိတယ်.. သီတင်းကျွတ်လို့ စိတ်ဓါတ်လည်း ကျမနေနဲ့ဦး ..ဟီး နောက်တာ.. :)
အဓိက ရာသီဥတုပြောင်းလဲမှု နွေနဲ့ဆောင်းမှာ အခုလိုအချိန်တွေပြောင်းတတ်ကြပါတယ်......ဥပမာ ဆောင်းတွင်းမှာဆိုရင် ညနေပိုင်းဆိုရင် စောပြီးမှောင်လာတယ် မိုးချုပ်လာတယ်ပေါ့ဗျာ...မနက်ခင်းကလည်း ခါတိုင်းလိုမဟုတ်တော့ပဲ အစောကြီးမိုးလင်းလာတယ်..
ပုံမှန် ဥပမာ ၇ နာရီလောက်မှ မိုးလင်းပေမယ့် ဆောင်းတွင်းရောက်တော့ ၆ နာရီလောက်နဲ့မိုးလင်းလာတာတွေ့ရမယ်...ဒါက ဥရောပနိုင်ငံတွေမှမဟုတ်ဘူး ကျုပ်တို့ အာရှ မြန်မာနိုင်ငံမှာလည်း ထိုနည်းပဲ...အင်္ဂလိပ်တွေ လက်ထပ်က ကျုပ်တို့မြန်မာနိုင်ငံလည်း ဒီလိုအချိန်ပြောင်းသုံးစွဲတာရှိခဲ့ဖူးတယ်...
အမှန်ကတော့အချိန်က အတူတူပါပဲ အလုပ်လုပ်ချိန်ပေါ့လေ...ခါတိုင်း မနက်ခင်း ၇ နာရီမှထတယ် မိုးမလင်းသေးဘူး စောတယ်ထင်တယ်ပေါ့...အခု ဆောင်းတွင်းမှာ ၇ နာရီဆို မိုးလင်းနေပြီ ဒီတော့ မစောတော့ဘူး အချိန်နောက်ကျနေပြီထင်သွားတယ်...ကျုပ်အထင်တော့ အချိန်က အတူတူပဲထင်တာပဲ...
ဆောင်းတွင်းရောက်လို့ မနက်ခင်းမှာ အလင်းရောင်ထွက်တာမြန်သလို ညနေခင်းမှာ ပိုမှောင်သွားတာပဲရှိတာပါပဲ...
စွမ်းအင်ချွေတာမှုလည်းဖြစ်တယ်လို့လည်းပြောတာပဲ သိတဲ့သူတွေကို မေးပြီးမှပြောတော့မယ် အခုကတော့ ကျုပ်အမြင်လေးသတ်သတ်ပါ... :)
မောင်ကာလု
ဟုတ်တယ် မမ နတ်သမီးလေးရေ..ဒီဂျာမနီမှာလဲ ဒီလိုပဲ..အမြဲ အလုပ်ရှုပ်ရတယ်...
Post a Comment