Tuesday, December 28, 2010

နတ်သမီးနေတဲ့...ကျွန်း(၂)





“မြန်မာပြည်ကို အပြီး မပြန်ခင် အင်တာနက်ပေါ်မှာ “နတ်သမီးနေခဲ့ဖူးတဲ့...ကျွန်း” Video File လေးတခုအဖြစ် အမှတ်တရ သိမ်းထားခြင်းဖြစ်ပါသည်။”...
ဆိုတဲ့ စာတန်းလေးကြောင့် ဘကျောက်နဲ့တကွ နတ်သမီးချစ်ရတဲ့ မောင်နှမများရဲ့ အဓိပ္ပါယ်ကောက်လွဲမှားပြီး စိုးရိမ်စွာ သတင်းမေးရင်း စိတ်မကောင်းဖြစ်ခဲ့ကြတဲ့အတွက် အထူးပဲ တောင်းပန်ပါတယ်..။
နွေရာသီမှာ အလုပ်ပိတ်ရက်မရှိပဲ တပတ်လုံး အလုပ်လုပ်ရတဲ့ နတ်သမီးအဖို့ အခုလို ဆောင်းရာသီမှာ တနှစ်စာအတွက် အလုပ်ပိတ်ရက်များကို စုပြီး ခွင့်ရက်များရလေ့ရှိပါတယ်..။
အဲဒီလိုအားလပ်တဲ့ အချိန်တွေမှာ ဆိုက်ပရပ်စ်တမြို့လုံးကို လျှောက်သွားရင်း ဆိုက်ပရပ်စ်နိုင်ငံရဲ့ ရှုခင်းတချို့ကို VIDEO ရိုက်ရင်း အင်တာနက်ပေါ်တင်ခဲ့ပါတယ်။
နတ်သမီးရဲ့ အဓိက ရည်ရွယ်ချက်ကတော့ နောင်တချိန်မှာ နတ်သမီးအတွက်ရော... သူငယ်ချင်းတို့အတွက်ပါ ဆိုက်ပရပ်စ်နိုင်ငံအကြောင်း အပြည့်အစုံမဟုတ်သည့်တိုင်အောင် အနည်းငယ်မျှ လေ့လာသိရှိနိုင်ဖို့အတွက်.. ဆိုက်ပရပ်စ်နိုင်ငံရဲ့ မြင်ကွင်း၊ ယဉ်ကျေးမှု၊ လူနေမှုစရိုက်၊ ဗဟုသုတ တချို့တို့ကို နတ်သမီး မြန်မာပြည်ကို အပြီးပြန်ဖို့ ယခုအချိန်ဖြစ်တဲ့ ၁နှစ်အလိုကတည်းက ကြိုတင်ပြင်ဆင်ပြီး ဓာတ်ပုံများအဖြစ်သော်၎င်း၊ Video File များအဖြစ်သော်၎င်း ရသလောက် စုဆောင်းတင်ပြရင်း.....
“နတ်သမီး မြန်မာပြည်မပြန်သေးပါကြောင်း”






ယခုမြင်တွေ့ရတဲ့ ကျွန်းကတော့ AKAMA (အာကမာ့စ်) လို့ခေါ်တဲ့ ကျွန်းပါပဲ..။
ပင်လယ်ထဲက လိပ်ကလေးတွေဟာ ညအချိန်အခါမှာ အဲဒီကျွန်းပေါ်ကို တက်လာကြပြီး ဥလေ့ရှိတယ်လို့ ကမ္ဘာလှည့်ခရီးသည် လမ်းညွှန်စာအုပ်ထဲမှာ ရေးသားထားတာကိုလည်း တွေ့ရပါတယ်..။တောင်စောင်းပေါ်က ဆိုင်းဘုတ်တခု
VIDEO FILE ထဲက မြင်ကွင်းရဲ့ အောက်ခြေ ကမ်းစပ်ကို ဆင်းရိုက်ထားတဲ့ပုံပါ...



ဒုတိယပုံကတော့ ပထမVIDEO FILE ထဲက မျက်နှာချင်းဆိုင်အနေအထားရှိတဲ့ ကားများရပ်ထားတဲ့ တောင်စောင်းအောက်မှာ ကျောက်တုံးများနဲ့အခန်းဖွဲ့ထားတဲ့ ကျောက်အိမ်လေးတလုံးပဲဖြစ်ပါတယ်။





ပထမ VIDEO FILE ထဲက ရှုခင်းရဲ့ ဆန့်ကျင်ဘက်မှ ပြန်ရိုက်ထားသော မြင်ကွင်းဖြစ်ပါတယ်။

3 comments:

ကိုဇော် said...

တော်သေးတာပေါ့ မပြန်သေးလို့. . .
ဒါရိုက်တာ လုပ်ရင်တော့ ခေါ်ပါဗျာ။
ခေါင်းစောင်း မင်းသား နေရာလေးဆိုရင် တော်ပါပြီ။

ရိုက်ချက်တွေကတော့ လွှတ်ကောင်းပဲ။

ရွှေရတုမှတ်တမ်း said...

ဒီနတ်သမီး ပြန်မရအောင်..သုဓနုမင်းသားက နတ်ဝတ်တန်ဆာတွေ ဖွက်ထားပြီထင်တယ်..
ကျောက်လွှာ bedding တွေကိုတော့ ဘူမိသမားတယောက်အနေနဲ့ ကြည့်သွားကြောင်းပါခင်ဗျာ..

အနမ်း said...

ပြန်ရင်ပြောနော်..
လာကြိုမလို့ဟုတ်ဖူး၊ လက်ဆောင်လာတောင်းမလို့..းP
(နောက်တာပါ..ညီမရေ)

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger