ပန်းချီ၊ပန်းပု၊အနုပညာနှင့် ဒီဇိုင်း အတတ်ပညာများကို ရူးသွပ်သူများအတွက် လေ့လာရန် အကောင်းဆုံးနေရာကတော့ ကျမလက်ရှိနေထိုင်လျှက်ရှိသော ဆိုက်ပရပ်စ်နိုင်ငံ လမ်ဘာမြို့လေးတွင် ဖွင့်လှစ်ထားသည့် “Cyprus College of Art” အမည်ရှိ တက္ကသိုလ်ကျောင်းလေးပဲဖြစ်ပါသည်။
ဤကျောင်းကို England နိုင်ငံရှိ Leed Collegeof Art မှ ကဗျာဆရာများနှင့် ပိသုကာ အနုပညာသည်များက ၁၉၆၉ ခုနှစ်တွင် အစမ်းသဘောဖြင့် စတင်ဖွင့်လှစ်ခဲ့ရာမှ အောင်မြင်မှု ရရှိသည့်အတွက် ယင်း ကောလိပ်ကို သင်တန်းကျောင်းများ ပြန့်ပွား၍ ဆက်လက်ဖွင့်လှစ်ခဲ့သည်။
ယင်းကျောင်းမှာ ဆိုက်ပရပ်စ်နိုင်ငံတွင် ရှေးအကျဆုံးနှင့် ပထမဦးဆုံး ဖွင့်လှစ်ခဲ့သော အနုပညာ သင်တန်းကျောင်းဖြစ်ပြီး Cyprus College of Art မှ သင်ကြားပို့ချပေးသော ဘာသာရပ်များမှာ
* Foundation Art and Design.
* Undergraduate Fine Art.
* Postgraduate / MA Fine Art.
* Study Abroad and JYA တို့ ဖြစ်သည်။

သင်တန်းကာလမှာ (၁)နှစ်သင်တန်း၊ (၄)နှစ်သင်တန်း၊ ရက်တို နွေရာသီ သင်တန်းဟူ၍ (၃)မျိုးခွဲခြားထားသည်။
သင်တန်းပို့ချသည့် ဆရာ/ ဆရာမများမှာ (၈)ဦးခန့်ရှိပြီး နိုင်ငံပေါင်းစုံမှ လာရောက်ကြသည့် အနုပညာရှင်များဖြစ်သည်ဟု သိရှိရပါသည်။

ဤအနုပညာကျောင်းသည် အခြားတက္ကသိုလ် ကျောင်းများနှင့် မတူပဲ သင်တန်းမှ ပို့ချသော ဘာသာရပ်များအပြင် မိမိတို့၏ ရင်ထဲမှ ခံစားချက်များ နှင့် လူ့သဘော သဘာဝတို့ကို လွတ်လပ်စွာတွေးခေါ်ပြီး လက်တွေ့အကောင်အထည်ဖော်နိုင်သည့် အနုပညာ စိတ်ကူးပုံဖော်မှုများကို ဖန်တီးနိုင်သည့် ကျောင်းလည်းဖြစ်သည်။

သင်တန်းကာလမှာ (၁)နှစ်သင်တန်း၊ (၄)နှစ်သင်တန်း၊ ရက်တို နွေရာသီ သင်တန်းဟူ၍ (၃)မျိုးခွဲခြားထားသည်။
သင်တန်းပို့ချသည့် ဆရာ/ ဆရာမများမှာ (၈)ဦးခန့်ရှိပြီး နိုင်ငံပေါင်းစုံမှ လာရောက်ကြသည့် အနုပညာရှင်များဖြစ်သည်ဟု သိရှိရပါသည်။
ဤအနုပညာကျောင်းသည် အခြားတက္ကသိုလ် ကျောင်းများနှင့် မတူပဲ သင်တန်းမှ ပို့ချသော ဘာသာရပ်များအပြင် မိမိတို့၏ ရင်ထဲမှ ခံစားချက်များ နှင့် လူ့သဘော သဘာဝတို့ကို လွတ်လပ်စွာတွေးခေါ်ပြီး လက်တွေ့အကောင်အထည်ဖော်နိုင်သည့် အနုပညာ စိတ်ကူးပုံဖော်မှုများကို ဖန်တီးနိုင်သည့် ကျောင်းလည်းဖြစ်သည်။
ကျမ စိတ်အဝင်စားဆုံး အရာကတော့ မိမိပုံဖော်ချင်သည့် အရာဝတ္ထု သက်မဲ့ပုံသဏ္ဍာန်တခုအတွက် တန်ဖိုးရှိသော ပစ္စည်းများကို အသုံးမပြုပဲ စွန့်ပစ်ပစ္စည်း အကြိုးအပဲ့များကို အသုံးပြုပြီး ဖန်တီးထားသော သူတို့၏ အနုပညာ လက်ရာများကတော့ ကျမအတွက် မချီးကျူးပဲ မနေနိုင်အောင် ဖြစ်ခဲ့ရသည်။

“ဟင်...အစုတ်အပြတ်တွေချည်းပဲ..ဒါလား...အနုပညာ တက္ကသိုလ်..” ဟု ပြောကောင်းပြောကြပါလိမ့်မည်။ သူတို့ဖန်တီးထားတဲ့ အဲဒီ အစုတ်အပြတ်တွေက ပြောတဲ့ ခံစားချက်တွေကို ခံစားတတ်သူ ကျမကတော့ နားလည်ခဲ့ပါပြီ။
အနုပညာဆိုတာ... တန်ဖိုးရှိသော အရာတွေနဲ့ ပြုလုပ်ဖန်တီးမှ အနုပညာ လက်ရာ တခု ဖြစ်လာခြင်းမဟုတ်ပါ။ အနုပညာမှာ အသုံးမဝင်သည့် ပစ္စည်းဆိုတာ မရှိ၊ စွန့်ပစ် ပစ္စည်း တိုင်းသည် အနုပညာ သမားတယောက်အတွက်တော့ သူ့နေရာနှင့်သူ အမြဲတန်းအသုံးဝင်နေခဲ့သည်။“ဟင်...အစုတ်အပြတ်တွေချည်းပဲ..ဒါလား...အနုပညာ တက္ကသိုလ်..” ဟု ပြောကောင်းပြောကြပါလိမ့်မည်။ သူတို့ဖန်တီးထားတဲ့ အဲဒီ အစုတ်အပြတ်တွေက ပြောတဲ့ ခံစားချက်တွေကို ခံစားတတ်သူ ကျမကတော့ နားလည်ခဲ့ပါပြီ။
ဘဝဆိုတာလည်း ထိုနည်း၎င်း ပါပဲ...။ ကိုယ့်ကိုယ်ကို အသုံးမကျသူလို့ ထင်ထားတဲ့ လူ တယောက်...သူနဲ့ သင့်တော်မယ့် နေရာကို ရောက်သွားခဲ့ရင်တော့...တန်ဖိုးမဖြတ်နိုင်တဲ့ လူတယောက် ဖြစ်လာနိုင်တယ်ဆိုတာကို...
ကျမ ကိုယ်တိုင် သွားရောက် လည်ပတ်ခဲ့သော ဤအနုပညာ သင်တန်းကျောင်းမှ စိတ်ဝင်စားစရာ ဓာတ်ပုံတချို့ကို ဖော်ပြရင်း ဆိုက်ပရပ်စ် နိုင်ငံမှ ကျမအတွက် စိတ်အဝင် စားဆုံး နေရာ တခုအဖြစ် မှတ်တမ်းတင်အပ်ပါသည်။
14 comments:
အမှိုက်ကို ရွှေဖြစ်အောင် လုပ်တတ်ကြသူများပေါ့ ညီမရယ်...:)
ဆန္ဒရှိသလိုဖြစ်သော နှစ်သစ်မင်္ဂလာ ဖြစ်ပါစေ :)
ပို့စ်မော်ဒန်တွေပေါ့....
ကြိုက်ပါတယ်..ဒါပေမဲ့ နားလည်ရခက်တယ်။
တကယ်ကို စိတ်ဝင်စားစရာ ကောင်းတာပဲ ညီမရေ ... ။ တခြား တက္ကသိုလ်တွေနဲ့ မတူဘဲ ကိုယ့်ရင်ထဲက ခံစားချက်တွေကို လွတ်လပ်စွာ တွေးခေါ် အကောင်အထည် ဖော်နိုင်တဲ့ ... တက္ကသိုလ် ဆိုတော့ ပိုစိတ်ဝင်စားမိတယ်။ ရောက်ဖူး လေ့လာဖူးချင်လိုက်တာ။
အဲဒီလို တက္ကသိုလ်မျိုး မြန်မာပြည်မှာလဲ ရှိချင်စမ်းပါဘိ။
အဟီး...အဘတို့ကတော့ လှတာလေးမှကြိုက်တယ်..
အဲကွယ်.. စစမြင်ရတာတွေကြောင့် ရှက်ကိုးရှက်ကန်းနဲ့ပဲ ဆက်ကြည့်သွားပါတယ်ဗျာ...
နောက်ဆို အဲလိုမျိုးတွေ တင်နဲ့နော်.. တို့က အသည်းငယ်တယ်.. ဂွီ
အဲ...
ဒီကောင်...
စာတွေး တွေး...စာကြည့် ကြည့်လေ....
ငါ..ခေါက်ချလိုက်ရ....
:=
လူကိုယ်တခြမ်းလုပ်ထားတာလေး သဘောကျတယ်။
လုပ်တတ်တယ်နော်..
အနုပညာမြှောက်တယ်..
ဘယ်တော့ပြန်လာမှာလဲ..
လက်ဖက်သုပ်စားဖို့ စောင့်နေတယ်နော်..:D
မရေ...
အနုပညာဆိုတာ နှလုံးသားချင်း ဆက်နွယ်တာလေ... ရီမိုးရဲ့အယူအဆပေါ့နော်...
အခုလဲ နှလုံးသားချင်း ထပ်တူကျဖို့ ကြိုးစားပြီးကြည့်သွားပါတယ်နော်....
နှစ်သစ်မှာ ပျော်ရွှင်ပါစေ....
လက်ရာ မြောက်တယ်နော်..
Happy New Year!!!
ကြို ဆုတောင်းသွားပါတယ်..
အနုပညာကိုမြင်ဖို့...အနုပညာမျက်လုံးရှိမှလည်းဖြစ်မှာ..
အချို့ပုံတွေက မပေါ်ဘူးဖြစ်နေတယ်..နတ်သမီးရေ..
အချို့ဘလော့တွေလည်း ၀င်မရဘူး။
စီဗုံးလည်း မရတာကြောင့်.. နှစ်သစ်အတွက် ဒီကပဲဆုတောင်းလိုက်တယ်နော်...
Happy New Year !
အသုံးမ၀င်တော့တဲ့ ပစ္စည်းတွေကို အသုံးဝင်အောင် အသုံးချတတ်တာကို သဘောကျမိတယ်.. စိတ်ကူးကောင်းတယ် ပြောရမယ်...
အနုပညာဆိုတာ ခံစားတဲ့သူပေါ်မူတည်ပြီး တန်ဖိုးတက်သွားရတာပါဘဲ.
နှစ်သစ်မှာ ပျော်ရွှင် အဆင်ပြေပါစေ
ဆန္ဒအားလုံး ပြည့်ဝပါစေ ညီမလေးရေ..
အားလုံးကိုယ်စား...ငမ်းသွားပါ၏..
နတ်သမီးရေ ကျေးဇူးတင်ပါတယ် မန့်အတွက်..
၂၀၁နှစ်သစ်က မင်္ဂလာနှစ်သစ်ဖြစ်ပါစေ
ခင်တဲ့
ကိုကြီး
Post a Comment