သူး “ဟိုး....ရှေးရှေးတုန်းက နတ်သျှင်နောင်ဆိုတဲ့ မင်းသားလေးတပါးရှိတယ်..၊ အဲဒီမင်းသားလေးဟာ ဓာတုကလျာမင်းသမီးလေးကို မြင်မြင်ချင်း နှစ်နှစ်ကာကာချစ်မိသွားပြီး ချစ်ခွင့်ပန်ဖို့အတွက် ဘယ်လိုဆက်သွယ်ရမှန်းမသိ၊ မင်းသမီးလေးသိအောင် ဘယ်လိုလုပ်ရမှန်းလည်း မသိနဲ့ပေါ့...။
မင်းသားလေးဟာ ရင်ထဲ့ ခံစားချက်တွေကို မခံစားနိုင်တဲ့အဆုံး ကဗျာတပုဒ်ကို ရေးဖွဲ့လိုက်တယ်...၊ ခေတ်ဟောင်းကတော့ ရတုပေါ့...၊ အခုခေတ်ကတော့ မော်ဒန်ပို့စ်ပေါ့...၊ အဲဒီလိုခံစားချက်တွေ ပေါက်ထွက်ပြီး မင်းသမီးလေးဆီကို ချစ်စာလွှာပါးဖို့အတွက် ရွှေကျေးတမာကို ရှာတယ် ၊ ဖြစ်ချင်တော့ ရွှေကျေးတမာကလည်း အစာရှာထွက်နေလို့ မအားတာနဲ့ on line ကနေ ချစ်စာလွှာကို တိုက်ရိုက်တင်လိုက်တဲ့အခါမှာတော့ တဆင့်စကား တဆင့်ပေါက်ကြားပြီး မင်းသမီးလေးရဲ့နားထဲရောက်သွားခဲ့တယ်...။အရင်ခေတ်ကတော့ ခေတ်ဟောင်းနတ်သျှင်နောင်က နေပြည်တော်မှာ သူ့လူတွေကို ဓာတုကလျာလေးအနားမှာထားပြီး သတင်းရယူခဲ့တယ်..။
ဒီဘက်ခေတ်က အိုင်တီခေတ်ဆိုတော့ တိတ်တခိုးခြေရာရဲ့ သဲလွန်စတွေကနေ မင်းသမီးလေးအလာကို နေ့တိုင်းစောင့်ကြည့်ခဲ့ရတယ်..။
မင်းသမီးလေး...လာဖတ်နိုး..လာဖတ်နိုးပေါ့..။
အဲဒီလိုနဲ့ တနေ့မှာ မင်းသမီးလေးက မင်းသားလေးရဲ့ ရင်ဖွင့်ကဗျာကို လာဖတ်မိသွားပါရော..။
ဒါပေမဲ့ မင်းသမီးလေးဟာ မသိချင်ယောင်ဆောင်ပြီး မသက်ဆိုင်တဲ့ အကြောင်းအရာတွေကို မှတ်ချက်ပေးသွားခဲ့တယ်..။
အဲဒီအချိန်မှာ မင်းသားလေးက တစုံတရာကိုခံစားမိပြီး ပျော်သွားခဲ့တယ်..။ ဘာလို့လဲဆိုတော့ နှလုံးသားချင်းက နီးစပ်နေတော့ သေခြာမသိပေမဲ့ ရင်ထဲက ခံစားချက်တွေကို ကိုယ်စီနားလည်သွားလို့ပါတဲ့...”။
သူမက ဖန်သားနန်းတော် ...
ဒီဇင်ဘာ ယဉ်စွန်းတန်းနဲ့အတူ
နတ်သျှင်နောင်ကို ပြုစားခဲ့လေရဲ့......
အဲဒီညက သူမနှင့် သူ တယောက်တလှည့် ပုံပြင်ပြောပြကြရင်း မိုးလင်းသွားခဲ့ရသည်..။
နောက်တနေ့တွင် သူမနှင့် သူ ချစ်သူများအဖြစ်သို့ ရောက်ရှိခဲ့ကြလေသည်။
လသာတဲ့ည...တညမှာ
Romantic ဆန်တဲ့ ကဗျာတပုဒ်
အသက်ဝင်နိုးထလာခဲ့တယ်...
တိုက်ခတ်နေတဲ့ လေညှင်းလေးနဲ့အတူ
နင်သောက်လက်စ စပျစ်ဝိုင်တခွက်နဲ့
ချိုအီနေတဲ့ ငါ့ရဲ့ကဗျာတပုဒ်...
ထာဝရရှင်သန်နေမဲ့
ယစ်မူးစွာချစ်ခဲ့ကြတဲ့ ဘဝနှစ်ခုရဲ့
Romantic ညလေး..တည....
သီချင်းတပုဒ်ကို ငါသီဆိုနေခဲ့မယ်ဆိုရင်
You are my melody
နင်ဟာ ငါ့ရဲ့သံစဉ်လေးတွေပဲပေါ့....
ကဗျာတပုဒ်ကို ငါရေးစပ်နေမယ်ဆိုရင်
You are my rhyme
နင်ဟာ ငါ့ကဗျာထဲက ကာရန်လေးတွေပဲပေါ့....
အချစ်ဇာတ်လမ်းလေးတပုဒ်ကို ငါစိတ်ကူးယဉ်မိနေမယ်ဆိုရင်
You are my honey
နင်ဟာငါ့ရဲ့အချစ်သူရဲကောင်းလေးပဲပေါ့....
အကယ်၍ ...
နင်ရေးစပ်ခဲ့တဲ့ ကဗျာထဲက
မင်းသမီးလေးဟာ ငါဖြစ်ခဲ့မယ်ဆိုရင်
I am your Angel
ငါဟာနင့်ရဲ့နတ်သမီးလေးပဲပေါ့...
တခါတရံ...လူတွေ တယောက်နှင့်တယောက် ဘယ်လိုချစ်ကြပါသလဲ...။
တချို့ကပိုင်ဆိုင်ဖို့သက်သက်နှင့် မိသားစုဘဝကို လိုချင်၍ဖြစ်သည်။
တချို့က ခနတာ ပျော်ဖို့ ဖြစ်ကြသည်။
တချို့ကတော့ လှတဲ့အရုပ်ကလေးတရုပ်ဝယ်ချင်တဲ့သဘောဖြစ်သည်။
ရိုးသွားတော့လည်း အရုပ်အသစ်လိုချင်ကြပြန်သည်။
တချို့က အရည်အချင်းကို သဘောကျ၍ဖြစ်သည်။
တချို့က ချမ်းသာသည့်ဓနအင်အားကိုကြိုက်၍ဖြစ်သည်။
တချို့ကတော့ သနားရာမှစသည်။
တချို့ကတော့ နီးစပ်မှုသက်သက်ဖြစ်သည်။
ဘာပဲဖြစ်ဖြစ်..တခနဖြစ်ဖြစ်...တဘဝဖြစ်ဖြစ်...ပိုင်ဆိုင်လိုကြ၍ ကြိုးစားကြခြင်းသာဖြစ်သည်။
သူမကရော...........
ဇာတ်သိမ်း..*****မျှော်*****
10 comments:
မမ နတ်တမီး... ရေလည်ဖွဲ့ဒယ်.. အဲလို အချစ်အကြောင်းတွေကျတော့ ဖတ်သာ ဖတ်သွားဒယ် နားကိုမလည်တာဗျာ...
ဟိ မမ ရေ စာလာဖတ်တယ်
ရေးထားတာ မိုက်တယ်
ဇာတ်သိမ်းမြော့ နေမယ်နော် ခစ်ခစ်
နတ်သမီးတို့ကတော့ အချစ်ဘက်မှာ တကယ့် အိန်ဂျယ်ပဲ
အပျိုကြီးကတော့..အချစ်အနုအရွအဖွဲ့အနွဲ့မှာတော့ရှယ်ပဲ....
ကိုယ်တွေ့ ကိုယ်ပိုင်ဇတ်လမ်းလေးများလား
ကောင်းပါ့ဗျာ ကောင်းပါ့
အမ.. ဒီ သူမ၏ သူ ရေးထားပုံလေးကို သိပ်ကြိုက်တာပဲ...။ နူးညံ့ပြီး ဖတ်လိုက်တာနဲ့ ကြည်နူးစိတ်တွေပေါ်လာတယ်....း))).... ဇတ်သိမ်းကိုလည်း မျှော်နေမယ်...
ခင်မင်တဲ့
နေ၀သန်
အခုတစ်လော အချစ် အကြောင်းတွေ အရမ်းကို ဖွဲ့နွဲ့ပြနေတဲ့ အပျိုကြီးဘလောခ်ဂါ မမနတ်သမီးနဲ့ လူပျိုကြီးဘလောခ်ဂါတစ်ယောက်ကလည်းအချစ်နဲ့ ပတ်သတ်ပြီးအရမ်းကို နု ပြနေတယ်........ ...။
အင်းးးးးးးးးး စဉ်းစားစရာ ပဲ
ခင်မင်သူ
ညီမငယ် :P
နတ်သာမီးရဲ့ ကိုယ်တွေ့ပဲဖြစ်ရမယ်...:)။
ဗုဒ္ဓေါ...
ငါ့ညီမ နဲ့ ငါ့မောင်တို့....
မှားမယ်နော်...မိုးကြိုးတွေတော့ ပစ်ကုန်တော့မှာပဲ...
စိတ်ကူးယဉ်ဝတ္ထုမှ စိတ်ကူးယဉ်ဝတ္ထု စစ်စစ်ပါကွဲ့..။
ဇာတ်သိမ်း တင်ပါတော့ ဗျို့...
Post a Comment