ခါးဒဏ်ရာကြောင့် ၂ပတ်ခန့်အနားယူခဲ့တဲ့ကျမ မနေ့က အလုပ်ပြန်ဆင်းခဲ့ပါတယ်။
ဆိုင်ရောက်ရောက်ချင်းပဲ ကျမရဲ့အလုပ်စားပွဲပေါ်မှာ ပန်းအိုးလေးတလုံးနဲ့ ကဒ်လေးတခုကို တွေ့လိုက်ရတယ်။
ကဒ်ထဲမှာရေးထားတာကတော့ ကျမအမြန်နေကောင်းပါစေဆိုတဲ့ ဆုတောင်းလေးနဲ့ အားပေးစကားလေးတွေပါ။
ပေးပို့တဲ့သူများကတော့ David နဲ့ သူ့ရဲ့ဇနီး Beth တို့ပဲဖြစ်ပါတယ်။
သူတို့လင်မယားဟာ ကျမကို အလွန်ခင်ကြပါတယ်။ ဆိုင်မှာ ညစာ လာစားတိုင်းလည်း ကျမကို သူတို့ရဲ့ သမီးလေးလို ကြင်နာစွာ ဆက်ဆံရင်း ကျမရဲ့ ရှေ့ရေးကို ဆွေးနွေးလေ့ရှိပါတယ်။ မိဝေး ဖဝေးနဲ့ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်လျှက်ရှိကြသော ကျမတို့လို လူများအတွက် နွေးထွေးတဲ့မေတ္တာဆိုတာ သိပ်ကိုလိုအပ်ပါတယ်။
ပန်းအိုးလေးတလုံးရဲ့ တန်ဖိုးဟာ ဘာမှမရှိပေမဲ့ သူတို့ရဲ့ မေတ္တာကတော့ ဘာနဲ့မှတန်ဖိုးမဖြတ်နိုင်ခဲ့ပါဘူး။
ကျမ ချက်ချင်းပဲ သူတို့ဆီကို ဖုန်းဆက်ပြီး ကျေးဇူးတင်စကားပြောရင်း ကျမရဲ့ဝေဒနာအကြောင်းကိုပြောဖြစ်ခဲ့တယ်။
ခါးနာပျောက်ဆေးတွေကတော့ ကို့စ်ပြတ်တဲ့အထိ တနေ့(၃)ကြိမ်သောက်နေရပါတယ်၊ ပြင်းလွန်းတဲ့ခါးနာပျောက်ဆေးများကို မသောက်ခင် ၎င်းဆေးများကြောင့် ဗိုက်အောင့်ခြင်းမရှိရလေအောင် ဗိုက်နာပျောက်ဆေးကို အရင်သောက်ရပါတယ်။ လိမ်းဆေးကိုလည်း တနေ့(၃)ကြိမ်လိမ်းရပါတယ်။
ခါးနာခြင်း ဝေဒနာကတော့ ၁၀%ခန့်ကျန်ရှိနေပါသေးတယ်၊ မနေ့ညက အလုပ်ထဲမှာ ၇နာရီကြာမျှ မတ်တပ်ရပ်လိုက်ရတဲ့အတွက် ဒီနေ့မနက်မှာ အနည်းငယ်မျှ ပြန်လည်ကိုက်ခဲလာခဲ့ပါတယ်။
ဤကဲ့သို့သော ခါးနာရောဂါမှာ အချိန်မရွေးပြန်ဖြစ်တတ်ခြင်း ၊ အမျိုးသမီးများအနေနှင့် ကိုယ်ဝန်ဆောင်ချိန်တွင် ခါးနာပါက ဓာတ်မှန်ရိုက်၍မရခြင်း၊ ခါးနှင့် ပတ်သက်သော အကိုက်အခဲဆေးများကို သောက်ရန်မသင့်တော်ခြင်းများကြောင့် အထိုင်အထနှင့် လေးလံသော ပစ္စည်းများကို မသည့်အခါ ပုံစံကျကျ “မ” ရန်၊ ကီလို၂၀ ထက်လေးသော ပစ္စည်းများကို မ “မ”ရန် ဆရာဝန်မှ တားမြစ်ထားပါတယ်။
ဆရာဝန်ညွှန်ကြားချက်အရ ခါးနှင့်သက်ဆိုင်သော လေ့ကျင့်ခန်းများကိုလည်း နေ့စဉ် ဖြည်းဖြည်းချင်း လုပ်လျှက်ရှိပါကြောင်း ပြောကြားရင်း ကျမအတွက် ဆုတောင်းပေးကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ရှိရင်း...သူငယ်ချင်းတို့ရဲ့ ပို့သတဲ့မေတ္တာကြောင့် “ကျမ နေကောင်းသွားပါပြီ”မှတ်ချက်။ ။ ပို့စ်တင်လောက်တဲ့ အကြောင်းအရာတခု မဟုတ်ပေမဲ့ ကျမအတွက် အမှတ်တရရှိနေစေဖို့ ရည်ရွယ်ပါသည်။
နွေဦးတော်လှန်ရေး - ၄၄
3 hours ago
21 comments:
နေကောင်းလာပြီဆိုလို့ဝမ်းသာပါတယ်...။
ခါးကတော့ ဂရုစိုက်ဗျို့...တော်ကြာ ဒဏ်ဖြစ်သွားဦးမယ်..။
မဖြူ
၁၀၀% ကောင်းဘို့ လိုတယ်နော်..
မပေါ့ပါနဲ့ ။ ကျနော့်အလုပ်က နော်ဝေ အမျိုးသမီဲးံမထင်မှတ်ဘဲ ခါးနာတယ် ဆို ပြီးနည်းနည်းပေါ့နေလိုက်တာ..ကြာမှ မခံနိုင်လို့ ဆေးခန်းပြတာ..ခါးဆစ်၂ခုကြားက အရိုးနုလေး ကျိုးသွားတာ..ဆေးဆက်စစ်ရင်းနဲ့ မှ သိလိုက်တာ..သူ့ မှာ သွေးကင်ဆာပါ ဖြစ်နေတာ သူမသိရှာဘူး..
ဆေးခါင့်ပြည့်လို့  အခုအလုပ်ပြန်ဆင်းပေမယ့်
အ၇မ်းပိန်သွားတယ်..
အလုပ်လုပ်နေရတဲ့  ဘ၀တူတွေ ဘယ်သူမှ နေမကောင်းမဖြစ်စေချင်ဘူး..
ဂရုစိုက်ပါ..
မဖြူ နေကောင်းပါစေ..။
နေပန်ကောင်းတယ်ဆိုတော့ ၀မ်းသာဒယ်။ ဓါတ်မှန် ရိုက်မရချိန်ကတော့ လိုသေးတယ်ဆိုတော့ သိပ်မပူပါဘူး.. လေ့ကျင့်ခန်းကိုသာ များများလုပ်စေချင်ပီး... ဆေးပြင်းများ လျှော့်သောက်နိုင်ရန် ရည်သန်ပါသည်။
တစ်စုံတစ်ယောက်ရဲ့ ဘာမှမဟုတ်လောက်တဲ့ နွေးထွေးဂရုစိုက်မှုဟာ တစ်ဖက်လူအတွက်ကြီးကျယ်တဲ့ အင်အားတွေ ပီတိတွေကြည်နူးမှုတွေ ခံစားရစေတယ်နော်...
ဒါကြောင့်လည်း တစ်ဦးနဲ့တစ်ဦးကြားမှာ နွေးထွေးမှုဆိုတာ လိုအပ်တာပေါ့။
သက်သာလာပြီဆိုလို့ ၀မ်းသာပါတယ် နတ်သမီးရေ..
အနေအထိုင် ဂရုစိုက်ပြီး အရှင်းပျောက်ကင်းလာအောင် လုပ်ပါနော်..
အလည်ရောက်လာပါတယ် နတ်သမီးရေ..
တခါတည်း နေကောင်းကျန်းမာလာအောင် ဆုတောင်းပေးသွားတယ်နော် ..
ပျော်ရွှင်ပါစေ..
ခင်တဲ့
ယွန်း
မမအဖြူရောင်လေးရေ....
“အာရောဂျံ ဘရမံလာဘံ ” ကျန်းမာခြင်းသည် မြတ်သောဆုလာဘ်တစ်ခုဖြစ်သည် ဆိုတဲ့အတိုင်းပဲ အာရောဂျံ ... မကျန်းမာရတဲ့ ဝေဒနာဒဏ်ကနေ အမြန်ဆုံးပျောက်ကင်း၍ ဘရမံ .. မြတ်သော လာဘံ ကိုယ်ကျန်းမာ၍ စိတ်ချမ်းသာသော ဆုလာဘ်တစ်ခုကို အမြန်ဆုံးရရှိနိုင်ပါစေလို့ အဝေးတစ်နေရာကနေပဲ ဆုတောင်း မေတ္တာပို့သ ပေးလိုက်ပါတယ်နော် ....။
ချစ်တဲ့ ညီမလေး နှင်း
နွေးထွေးတဲ့ မေတ္တာဆိုတာ လူတိုင်းအတွက်လိုအပ်ပါတယ်။ အထူးသဖြင့် တစ်ယောက်တည်းဖြစ်နေပြီ နေမကောင်းတဲ့ အချိန်မျိုး မှာ ဂရုစိုက်ခံရတာမျိုးဆိုရင် အားဆေးတစ်ခွက်ပါပဲ
မရေ။
၁၀၀ % နေမြန်မြန်ကောင်းပါစေနော် မ။
ညီမ နေကောင်းသက်သာသွားတဲ့ အတွက်ဝမ်းသာပါတယ်
ချစ်အမကြီး
ရွှေစင်ဦး
မင်္ဂလာပါ..
အစဉ်ထာဝရ ကျန်းမာ ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆုမွန်ချွေလိုက်ပါတယ် ဗျာ....
David Ko Myo (အညာမြေ) :) ::) :P
နေကောင်းသွားပြီ ဆိုလို့ ဝမ်းသာပါတယ်..
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်..
hi , i am alex from malaysia , i am looking around your website very nick and interested , you tell alot for job and about your country now you working ,but you never told how to come to there and how to apply and how is the immigration rule, sometime i am thinking we are come and go far away from myanmar for money but it is not important in life ,because of government ,last time i work in singapore ten years but now in malaysia working as technician , i always on line , take care of your waist be careful ,my email mr.jargyi@gmail.com
ဟုတ်ကဲ့...ကိုအဲလက်စ်(Alex)ရှင့်...
ကိုအဲလက်စ်ရဲ့ မေးမြန်ချက်ကို ကျမ ပို့စ်တခုအနေနဲ့ သီးသန့်တင်ပေးပါ့မယ်။
ရက်အနည်းငယ်လောက် စောင့်ပေးစေလိုပါတယ်ရှင့်..။
အချိန်ယူပြီး ရေးရမှာမို့လို့ပါ..။
ခါးနာတဲ့ရောဂါက တကယ်ဖြစ်ဖူးမှ သိတာ အတော်ခံရခက်တာပဲဗျာ။ မပေါ့နဲ့နော် အမရေ။သက်သာသွားတယ်ဆိုလို့ ဝမ်းသာမိပါတယ်။
ကိုယ့်ကိုချစ်သူခင်သူတွေက ဒီလိုမျိုး မေတ္တာနဲ့ပို့ပေးတာကိုမြင်ရတော့ ကြည်နူးမိတယ်ဗျာ... အမခါးနာတာလည်း သက်သာပါစေလို့....
ခင်မင်တဲ့
နေ၀သန်
ဟုတ်ပါတယ် အရာဝတ္ထုတွေသာတန်ဖိုးဖြတ်နိုင်ပေမဲ့ မေတ္တာတရားကတော့ဘာနဲ့ဖြတ်မရဖူးနော် ခါးနာတာချက်ခြင်းမပျောက်တတ်ဖူး ခုလိုကောင်းသွားတယ်ကြားတော့ဝမ်းသာစရာပါ။ အကောင်းပကတိဖြစ်ကောင်းလာနိုင်ပါစေ...
သာယာချမ်းမြေ့ပါစေရှင်း
မိုး
မမရေ..ကောင်းကောင်းနေကောင်းသွားပြီလား။
သတိရလျှက်။
100% recover for lovely angle
God bless you
with love
ခါးနာတာ ဆိုရင်တော့ ဂရုစိုက်. . .
ခါးနာတာက သေရာပါ လို့ ပြောလို့ ရတယ်။
အလေးအပင် မလိုက်တာနဲ့ ပြန်ဖြစ်တာပဲ။
ကီလို ၂၀ ဆိုတာတောင်မှ များလွန်းပါတယ်။ အနေအထား မမှန်ရင် ၅ ကီလိုတောင်မှ ဒုက္ခပြန်ပေးနိုင်တယ်။ သတိထား ဂရုစိုက်..
They never use Mr with first name. Mr with full name or Mr with last name. First name stands alone.
Thank you for teaching me.
ခါးနာတာ တော်တော်သက်သာလာလို့ ဝမ်းသာပါတယ်
သက်သာတယ်ဆိုပြီးလည်းမပေါ့နဲ့ ပေါ့ဗျာ ဆေးလေး
တော့မှန်မှန်လိမ်းဖို့ လိုအုံးမယ်ထင်တယ်နော့်း)
Post a Comment