Friday, January 7, 2011

နတ်သမီးရေချိုးတဲ့နေရာ


ဟိုး.......ရှေးရှေးတုန်းက...“ဆိုက်ပရပ်စ်”လို့ခေါ်တဲ့ ကျွန်းကလေးတစ်ခုမှာ “အက်ဖရိုဒိုက်”(Aphrodite) လို့ခေါ်တဲ့ အချစ်နတ်သမီးလေး(Goddess of Love) တစ်ပါးရှိတယ်။
အဲဒီမင်းသမီးလေးကို ဖန်ဆင်းရှင် အဖိုးဖြစ်သူက..ပင်လယ်ရေမျက်နှာပြင်ကို သူ့ရဲ့လက်နဲ့ရိုက်ပြီး လှိုင်းများထစေကာ ဖြစ်ပေါ်လာတဲ့ ရေမြှုတ်တွေကနေတဆင့် “အက်ဖရိုဒိုက်” မင်းသမီးလေးကို မွေးဖွားခဲ့တယ်။ မင်းသမီးလေး ဖွားမြင်တဲ့ အဲဒီကမ်းခြေမှာ “Rock of Aphrodite”လို့ခေါ်တဲ့ ကျောက်တုံးကြီးကို ဂရိ(Greece)နိုင်ငံကနေ တန်ခိုးနဲ့ယူဆောင်လာပြီး ပင်လယ်ကမ်းခြေမှာ တည်ထားခဲ့တယ်..။


မင်းသမီးလေးဟာ အရွယ်ရောက်လာတော့ “အာကာ့မတ်စ်” (Acamas)လို့ခေါ်တဲ့ ပန်းပေါင်းစုံ၊ဆေးမြစ်၊သစ်ဥ၊သစ်ဖု တို့စုံလင်စွာပေါက်ရောက်တဲ့ ဒေသက နွယ်ပင်တွေနဲ့ ဖုံးအုပ်နေတဲ့ ရေတံခွန်ရှိတဲ့ လှိုင်ဂူသေးသေးလေးတစ်ခုမှာ ရေသွားချိုးလေ့ရှိတယ်။
အဲဒီနေရာကို မင်းသမီးလေးဟာ သူ့ရဲ့ရွှေဝေါယာဉ်ကြီးကို စီးပြီး ရေအောက်ကနေ မြေလျှိုး...(အဲ..မှားလို့/ ရေလျှိုး)ပြီးသွားလေ့ရှိတာကြောင့် အဲဒီနေရာကို “Beth of Aphrodite” လို့ခေါ်တွင်စေခဲ့တယ်။

“အက်ဖရိုဒိုက်”မင်းသမီးလေးရဲ့အသားအရောင်ဟာလည်း ရွှေရောင်ကဲ့သို့ဝါဝင်းပြီး သိပ်ချော သိပ်လှတဲ့ အဆင်းရုပ်သွင်နဲ့ပြည့်စုံတာကြောင့် တန်ခိုးရှင် မင်းညီ/ မင်းသားတို့ရဲ့အလည်မှာ ထင်ရှားခဲ့တာပေါ့။ မင်းသမီးလေးဟာ သိပ်လှတဲ့ “အာကာ့မတ်စ်”ဒေသရဲ့ အရှင်သခင် “ဇာတ်စ်”(Zeus)Father of the God နဲ့ချစ်ကြွမ်းဝင်ခဲ့တယ်။ သူတို့ချစ်သူစုံတွဲတွေ ကျက်စားခဲ့တဲ့နေရာလေးကတော့ “Mount Olympus”လို့ခေါ်တဲ့ နှင်းတွေနဲ့ပြည့်နှက်နေတဲ့ “ထရိုဒို”(Troodos Mauntain) တောင်ပဲဖြစ်တယ်။ [Image]အဲဒီမှာတင် မင်းသမီးလေးကို တဖက်သတ်ကြိုက်နေတဲ့ “ပါ့ပို့စ်”(Paphos) လို့အမည်တွင်တဲ့ တခြားမြို့က ဘုရင်“ပေမလွန်”(Pygmalion) မင်းသားလေးဟာ အသဲကွဲပြီး မခံမရပ်နိုင်ပဲ “အက်ဖရိုဒိုက်” မင်းသမီးလေးရဲ့ပုံတူရုပ်ထုကို ပြုလုပ်ပြီး [Image]မှော်အတတ်နဲ့ အသက်သွင်းကာ “နို့ရည်ကဲ့သို့အဆင်းရှိသော”လို့အဓိပ္ပါယ်ရတဲ့ “ဂါလတီယာ”(Galatea) ဘွဲ့အမည်နဲ့ “အက်ဖရိုဒိုက်”မင်းသမီးလေးရဲ့ကိုယ်ပွားကို ဖန်ဆင်းပြီး လက်ဆက်ခဲ့ကြတယ်။
အဲဒီမင်းသားလေးနဲ့ ကိုယ်ပွားမင်းသမီးလေး“ဂါလတီယာ”တို့ လက်ဆက်ခဲ့ကြတဲ့ နေရာကတော့ ကျမ လက်ရှိနေထိုင်လျှက်ရှိသော “ပါ့ပို့စ်”မြို့လေးပဲဖြစ်ပါတယ်။
အဲဒီအချစ်ဇာတ်လမ်းလေးကို အစွဲပြုပြီး အင်္ဂလန်ကစုံတွဲအတော်များများဟာ ဒီမြို့လေးကို တကူးတကလာပြီး လက်ထပ်ပွဲတွေကျင်းပလေ့ရှိတယ်။ [Image]တခုထူးခြားတာက “အက်ဖရိုဒိုက်”မင်းသမီးလေးမွေးဖွားရာ ကမ်းခြေက ကျောက်တုံးလေးတချို့ဟာ အသဲပုံသဏ္ဍာန်ဖြစ်နေပြီး / ကျောက်တုံးလေးတွေထဲက အကြောလေးတွေဟာ ပန်းပုံသဏ္ဍန်လေးတွေပေါ်နေတာကို တွေ့ရတတ်ပါတယ်။ [Image]ချစ်သူစုံတွဲတွေဟာလည်း “Rock of Aphrodite” လို့ခေါ်တဲ့ ကျောက်တုံးကြီးပေါ်မှာ မိမိတို့ရဲ့ဆန္ဒကိုချရေးကာ၊ အဲဒီကျောက်တုံးကြီးကို (၃)ပတ် ပတ်ပြီး ချစ်သူတွေ ဆုံဆည်းကြဖို့ ဆုတောင်းရင် ဆုတောင်းပြည့်တယ်လို့သိရပါတယ်။
အဲဒီကျောက်တုံးကြီးရဲ့မျက်နှာပြင်မှာ ချစ်သူစုံတွဲတွေရဲ့အမှတ်တရရေးထားတဲ့ စာတန်းလေးတွေကိုလည်း တွေ့မြင်နိုင်ပါတယ်။
နောက်တခုက “အက်ဖရိုဒိုက်”မင်းသမီးလေးရေချိုးတဲ့ Bath of Aphrodite က ထွက်ရှိတဲ့ စိမ့်စမ်းရေနဲ့မျက်နှာသစ်ရင် မျက်နှာပွင့်လန်းတယ်..တဲ့။
ပြီးတော့ မင်းသမီးလေးစီးခဲ့တဲ့ ရွှေဝေါယာဉ်ကြီးကိုလည်း အဲဒီရေတံခွန်လျှိုလေးရဲ့အောက်မှာ သိုက်ပစ္စည်းအဖြစ်နဲ့ နစ်မြုတ်နေဆဲလို့ဒေသခံတွေက ယုံကြည်ကြတယ်။


[Image]
ကဲ.... အချစ်ရာဇဝင်လေးတွေနဲ့ပြည့်နှက်နေတဲ့ “ဆိုက်ပရပ်စ်”ကိုရောက်ရင်
[Image]“Rock of Aphrodite” ကျောက်တုံးကြီးပေါ်မှာ စာရေးပြီး ကျောက်တုံးကြီးကို (၃)ပတ် ပတ်ပြီးဆုတောင်းဖို့ရယ်..၊ “Bath of Aphrodite”က စိမ့်စမ်းရေနဲ့ မျက်နှာသစ်ဖို့ မမေ့ကြနဲ့နော်။







18 comments:

မောင်လေး said...

စိမ့်စမ်းရေ နဲနဲလောက် ပါဆယ်ပို့ ပေးပါလား
နတ်သာမီးရေ....:)

မောင်မျိုး said...

လှလိုက်တဲ့ နေရာလေးဗျာ အချစ်ရာဇ၀င်လေးပါဖတ်လိုက်ရတယ် ကျေးဇူးးပါ .

Anonymous said...

ကဲ ကဲ...ကျောက်တုံးပေါ်မှာစာရေးခဲ့ပြီ နော် မြင်ရလားလေ......

ကိုဇော် said...

ဆိုက်ပရပ် နိုင်ငံကူးလက်မှတ်ကို နတ်သမီးပုံနဲ့ ထုတ်လို့ အခု ပြဿနာတွေ တတ်နေတယ် ကြားတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူ့နိုင်ငံနဲ့ သူ့သဘာဝပါပဲ။ မြန်မာ တစ်ယောက် အဖို့တော့ သူ့တိုလိုတော့ လိုက်မဖြစ်မိဘူး ထင်ပါတယ်။ တခြားသူတွေတော့ မသိ။

အင်္ဂါဟူး said...

ဒါက ဒီလိုချိဒယ်ဗျ... အနော်တို့ ရွာက ဒွေးလေးနဲ့ ဘကြီးတို့ အဲဒီကို မရောက်ဖူးဘူး ဒါပေမယ့် သက်ဆုံးတိုင် ပြီး ရိုးမြေကျ ထိပဲ..


ဒါနဲ့ အသက်သွင်းလို့ရတဲ့ အတတ်လေး မေးလ်ပို့ပေးပါ.. ဒီမှာ ဘာဘီရုပ်ကြီးကြီး ၀ယ်ထားတယ်။

Shinlay said...

တနေ့ တော့ရောက်အောင်လာပြိးကြည့်ပါအုံးမယ်။
စိတ်ဝင်စားစရာလေးပြောပြလို့ ကျေးဇူးတင်ပါတယ်။
နေကောင်းသွားပြီလား။ ဂရုစိုက်နော်။

ချော(အစိမ်းရောင်လွင်ပြင်) said...

စိတ်ဝင်စားစရာဘဲ
နတ်သမီးရော အဲဒီရေနဲ့မျက်နှာသစ်ပုံရတယ်..
ဒါကြောင့် လူချစ်လူခင်များတာဖြစ်မယ်
ပြန်လာရင် ပုလင်းလေးနဲ့ အဲဒီရေကို လက်ဆောင်ယူလာပေးပါ....

ကိုကိုမောင်(ပန်းရနံ့) said...

နတ်သမီးလေးက ပုံပြောအရမ်းကောင်းတယ်။ ဖတ်ရင်းနဲ့ ရာဇ၀င်ထဲရောက်သွားသလိုဘဲ။ ဆိုက်ပရပ်ကို လာချင်စိတ်တောင် ပေါက်သွားပြီ။းဝ))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

စော(အဝါရောင်မြေ) said...

ပုံပြောကောင်းတယ် . . .။
အဲဒီနေရာလေးကို သဘောကျတယ်။
ဒန်နာရီပဲဖြစ်ဖြစ်၊ အကြောင်းအရာလေးကတော့ စိတ်ဝင်းစားစရာကောင်းတယ်။ မြန်မာပြည်က ရှင်မွေးလွန်းနဲ့  မင်းနန်ဒါဇာတ်လမ်းတောင် သွားသတိယတယ် ။ သူတို့ က မီးခိုးခြင်ပေါင်းတယ်လို့  ဆိုတာက ဒန်နာရီလိုပါပဲ။
ပြောပြတဲ့သူတော်လို့  ထင်တယ်။

လင်းခေတ်ဒီနို said...

စိတ်ဝင်စားစရာကောင်းတယ် နတ်သမီးရေး)

Anonymous said...

ညီမ ရေ

ဖတ်ရတာကြည့်ရတာ ကောင်းလိုက်တာ ကျေးဇူးဘဲ ရောက်ဘူးချင်လိုက်တာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ဟန်နာ said...

လှလိုက်တဲ့ နေရာလေးတွေ.. ဟန်နာလည်း တစ်ခေါက်လောက်တော့ ရောက်ဖူးချင်လိုက်တာ.. :)

ဆွေလေးမွန် said...

နေရာလေးကလဲလှ နှစ်သက်ဖို့လဲကောင်း
ရှုခင်းပုံလှလှလေးတွေမြင်ရလို့ ကျေဇူး

အဖြူရောင်နတ်သမီး said...

အဖြူရောင်နတ်သမီး said...

မောင်လေး။ ။ အဲဒါ စဉ်းစားနေတာ..၊ ပုံပြင်အညွှန်းလေးနဲ့ စိမ့်စမ်းရေကို ပုလင်းသေးလေးတွေနဲ့ထည့်ရောင်းရင်တော့ သူဋ္ဌေးဖြစ်ပြီပဲ...။ ဘယ်လိုလဲ....ရှယ်ယာပါမလား..။ :D

ကိုဇော်။ ။ အဲဒီကိစ္စ ညီမ မသိသေးဘူး ကိုဇော်ရဲ့၊ ဦးဆိုးစီလည်းပြောတယ်..၊ စုံစမ်းကြည့်လိုက်အုံးမယ်..။

အင်္ဂါဟူး။ ။ မှော်အတတ်နဲ့အသက်သွင်းလို့
ရရင် နိုင်ငံခြားက နံမည်ကြီးမင်းသားတွေရဲ့ ကိုယ်ပွားတွေလုပ်ပြီး မြန်မာပြည်မှာ ရုံသွင်းပြစားမယ်...ဒန်တန့်တန်

မချော။ ။ စိမ့်စမ်းရေနဲ့မျက်နှာသစ်ဖို့ ခနခနစဉ်းစားခဲ့ဖူးတယ် မချောရေ။ ဒါပေမယ့် အဲဒီနေရာကိုရောက်တိုင်း လိမ်းထားတဲ့ မိတ်ကပ်က အဖွေးသားနဲ့မို့ မိတ်ကပ်တွေပျက်ကုန်မှာဆိုးတာနဲ့ပဲ မသစ်ခဲ့ရပြန်ဘူး..။ :P

စော(အဝါရောင်မြေ)။ ။ အဲဒီလို ဒဏ္ဍာရီအချစ်ပုံပြင်တွေ..နေရာတွေ ဆိုက်ပရပ်စ်မှာတော်တော်များတယ်၊ ခက်တာက နတ်သမီးက အင်္ဂလိပ်လို သိပ်မကြွမ်းတော့ ဘာသာပြန်ရတာ အခက်အခဲရှိနေတယ်..။အမှားပါမှာစိုးလို့...။

မောင်နှမများအားလုံး။ ။ အားလုံးကို တကယ်လာစေချင်ပါတယ်..။ နေရာအနှံ့လိုက်ပို့ပေးချင်တာ...။

sosegado said...

တော်တော်လှတဲ့နေရာတွေပါပဲ၊ ဒီရာသီကြောင့်ပဲဖြစ်မှာပါ၊ ပုံပြင်များစွာ ကျွန်းတစ်ခုပါပဲ။

rose of sharon said...

ရောက်ဖူးချင်လိုက်တာ... ဒါနဲ့စကားမစပ် နေကောင်းသွားပြီလားသူငယ်ချင်းလေး?

ဆူးသစ် said...

ထူးတော့ထူးဆန်းသား။ ဗဟုသုတ ရတယ်။ ကျေးဇူးပါ နတ်သမီးရေ

အဖြူရောင်နတ်သမီး said...

nude photo of Aphrodite in the New Cyprus Passports created conflicting views from foreign and interior ministry of Cyprus. The new passport was reported to have the photo of the naked Aphrodite, also known as the Goddess of Love and beauty in Greek Mythology.

According to the Foreign Ministry of Cyprus, the naked image of Aphrodite may depict a negative image on Cyprus citizens in foreign countries.

The new Cyprus passport will also feature a biometric tracking chip for security and ease of verification.

She may be the ancient Greek Goddess of Love, but a picture of a nude Aphrodite on the new passport of Cyprus has set more than hearts racing.

Cypriot diplomats are furious with the interior ministry for failing to consult with the foreign ministry before issuing passports with a depiction of a naked immortal that might offend conservative foreign cultures.

“They are worried that civilians and diplomats could get into trouble, particularly traveling to very conservative Islamic countries,” the authoritative Phileleftheros daily newspaper wrote on Thursday.

The interior ministry said it was too late to change them, the newspaper said.


2011 နှစ် ၊ဇန်နဝါရီလမှ“စ”၍ ဆိုက်ပရပ်စ်နိုင်ငံသားများကို ထုတ်ပေးမည့် နိုင်ငံကူးလက်မှတ်စာအုပ်ထဲတွင် ဆိုက်ပရပ်စ်နိုင်ငံ သမိုင်းတွင် နာမည်ကြီးခဲ့သော အချစ်နတ်သမီး(Goddess of love) “အက်ဖရိုဒိုက်”၏ အဝတ်မပါသော (Naked) ကိုယ်လုံးတီးပုံကို ထည့်သွင်းအသုံးပြုသည့်ကိစ္စနှင့်ပတ်သက်၍ ထည့်သွင်းရန်မသင့်တော်ကြောင်း ဇာတ်ကြီးလူမျိုးတချို့မှဝေဖန် ကန့်ကွက်ကြသော်လည်း ဆိုက်ပရပ်စ်အစိုးရမှာ ၎င်းတို့၏ လုပ်ငန်းများကိုဆက်လက်အကောင်အထည်
ဖော်လျှက်ရှိကြောင်း ကြားသိခဲ့ရသည်။
ဆိုက်ပရပ်စ်လူမျိုးများမှာမူ ထိုကိစ္စနှင့်ပါတ်သက်၍ ကန့်ကွက်ရန်မရှိကြောင်း ဒေသခံတဦးထံမှ ပြောကြားခဲ့သည်။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger