Sunday, January 9, 2011

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ...



တိုက်တိုက်ဆိုင်ဆိုင်ပါပဲ...
မေ့တတ်လွန်းတဲ့ ကျမအတွက် သူငယ်ချင်းတွေရဲ့မွေးနေ့များကို အလွယ်တကူ မှတ်မိစေဖို့ ရည်ရွယ်ပြီး မှတ်မိသမျှ မွေးနေ့ရက်စွဲလေးတွေကို စုစည်းပြီး မနေ့က“မွေးနေ့...များစွာ” ဆိုတဲ့ ပို့စ်လေးတခုကို တင်ဖြစ်ခဲ့တယ်။
မွေးနေ့စာရင်းထဲမှာ မပါရှိသေးတဲ့ သူငယ်ချင်းများရဲ့ မွေးနေ့ရက်စွဲလေးများကိုလည်း Comment ထဲမှာ ချန်ထားပေးဖို့ မေတ္တာရပ်ခံရင်း မောင်လေးဝေလင်းရဲ့ အသက်(၂၀)ပြည့်မြောက်တဲ့(၉.၀၁.၂၀၁၁)မွေးနေ့ဟာ ဒီနေ့ ဆိုတာကို သိခဲ့ရတဲ့အတွက် ထုံးစံအတိုင်း မောင်လေးဝေလင်းအတွက် မွေးနေ့ပွဲလေးတခု ကတိုက်ကရိုက်စီစဉ်လိုက်ရပါတယ်။

HAPPY BIRTHDAY ....“ WAI LINN”


လိုအင်ဆန္ဒတွေ အပြည့်ထည့်ထားပေးတဲ့ လက်ဆောင်ဗူးလေး
ကောက်တေးလ်ချိုချိုများ...
အစားအစာများကိုတော့ အင်တာနက်ကနေပဲ မှာယူဧည့်ခံလိုက်ပါရစေ..။လတ်ဆတ်တဲ့ သီးစုံအချိုပွဲ

ဆိုက်ပရပ်စ်နိုင်ငံက ထုတ်လုပ်တဲ့ KEO(ခေအို)ဘီယာ


ကဗျာလေးတွေထဲမှာ လွမ်းဆွေးနေတတ်တဲ့ မောင်လေး ဝေလင်းတယောက် လက်တွေ့မှာ မိမိအလိုရှိသော ချစ်ခြင်းမေတ္တာများကို ပိုင်ဆိုင်နိုင်ပါစေ...။
“ဝ”လုံးလေးတွေ မရေးတတ်တော့တဲ့သူ...
“လ”ကိုတောင် တခြမ်းပဲ မြင်ရတဲ့သူ...
အဖေ့အတွက် “ပခုံးခုဝတ်လေး” ဖြစ်ချင်ခဲ့သူ....
မောင်လေး ဝေလင်းတယောက် ယနေ့မှ“စ”လို့ ..လိုအင်ဆန္ဒများ တလုံးတဝတည်း ပြည့်စုံပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်...။

HAPPY BIRTHDAY ...ပါ ဝေလင်းရေ

16 comments:

အင်ကြင်းသန့် said...

“ဝေလင်းအတွက်ပျော်ရွှင်ဖွယ်ရာမွေးနေ့ဖြစ်ပါစေ....” လို့ ဆုတောင်းပေးခဲ့ပါတယ်။ :)

မိုးယံ said...

ဦးဝေလင်း ယခု ကျရောက်သော မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်မှု အောင်မြင်မှု များ ဆင်မြန်းနိုင်ပါစေ..

မွေးနေ့ ဖန်တီးသူနတ်သမီးလဲ မြန်မြန် အိုပါစေ။

kiki said...

မွေးနေ့ရှင် မောင်ဝေလင်း.. HAPPY BIRTHDAY ပါနော်..

ဂလိုသာဆို ဒို့ နတ်သမီးလည်း မွေးနေ့ ပွဲ များစွာ ကျင်းပ ပေးနေရတာ နဲ့ တနှစ်ပတ်လုံး အားမယ် မထင်ဘူး ... ။ မွေးနေ့ ကန်ထရိုက် ယူထားတယ် ပေါ့ လေ ..း)))

ပြန်ရောက်ပြီဆိုတော့ မကြ ခဏ လာလာ စ မှာနော်..ဒါဗြဲ ..

မကိ

naylinnhtun said...

ဘီယာနာမယ်ကလည်း ခဲအိုတဲ့ ဟွန့်  . .ခယ်မ ဘီယာရှိဘူးလား
. . . . . .

naylinnhtun said...

ဘီယာနာမယ်ကလည်း ခဲအိုတဲ့ ဟွန့်  . .ခယ်မ ဘီယာရှိဘူးလား
. . . . . .

naylinnhtun said...

ဘီယာနာမယ်ကလည်း ခဲအိုတဲ့ ဟွန့်  . .ခယ်မ ဘီယာရှိဘူးလား
. . . . . .

naylinnhtun said...

ဘီယာနာမယ်ကလည်း ခဲအိုတဲ့ ဟွန့်  . .ခယ်မ ဘီယာရှိဘူးလား
. . . . . .

naylinnhtun said...

ဘီယာနာမယ်ကလည်း ခဲအိုတဲ့ ဟွန့်  . .ခယ်မ ဘီယာရှိဘူးလား
. . . . . .

အဖြူရောင်နတ်သမီး said...

မိုးယံ(ဗိုက်ပူ)..
ကိုယ့်အမကို အတင်းအိုခိုင်းမနေနဲ့...
အိုတော့မှာ စိတ်ချ၊ ၁နှစ်ပဲစောင့်...။
..................
မကိ
မွေးနေ့ပြောသွားအုံးလေ...
သူငယ်ချင်းတွေရဲ့မွေးနေ့ပွဲလေးတွေကို စီစဉ်ပေးရင်း စားစရာ သောက်စရာ ပုံလေးတွေကို စုနေတာ..။
ရန်ကုန်မှာ ဆိုင်ဖွင့်ခဲ့ရင် ဒီဇိုင်းအတွက် အထောက်အကူရတာပေါ့...။
..........................

ကိုဇော် said...

HAPPY BIRTHDAY ပါဗျာ။
ဒီနေရာကို အမြဲတမ်း လာလာအော်ပြီး စားလိုက် သောက်လိုက်ရတာလဲ ခဏခဏပဲ ပလပ် ပလပ် . . အေ့ . . .ရှလွှတ်။

နှင်းဟေမာ said...

ံHappy Birthday ပါမွေးနေ့ရှင်ရေ ....း)

နှင်း

ရွှေရတုမှတ်တမ်း said...

စားစရာတွေ သူလုပ်တာမှတ်လို့..
အင်တယနက်ကတဲ့ဗျာ..
အန်ကယ်ဝေလင်း..ကျန်းမာပါစေ..

ခြင် said...

Happy Birthday Ko Wai Linn... :))

noblemoe said...

မွေးနေ့ရှင်းကိုယ်ရောစိတ်ပါကျန်းမာပြီး
သာယာချမ်မြေ့ပါစေရှင်း
မိုး

မြစ်ကျိုးအင်း said...

နောက်ကျပြီးမှ ရောက်လာပေမယ့် မွေးနေ့ရှင်အတွက် ကျန်းမာပျော်ရွှင်စေဖို့ ဆုတောင်းပေးပါတယ်။ အောင်မြင်ပျော်ရွှင်သော ဘဝကိုပိုင်ဆိုင်နိင်ပါစေ

ဝေလင်း said...

ကိုယ်တိုင်တောင် မလုပ်ဖြစ်တဲ့ မွေးနေ့ပွဲလေးကို အမှတ်တရလုပ်ပေးခဲ့တဲ့ အစ်မ အဖြူရောင်ကို ကျေးဇူးအရမ်းတင်ပါတယ် အစ်မရေ...။ စားလည်းစား သောက်လည်းသောက် မမှောက်ရုံပဲ ကျန်တော့တယ်။ တစ်နှစ်ပဲ စောင့်ဆိုတော့ တစ်နှစ်ပြည့်ရင်ရော မင်္ဂလာအရက် လာသောက်ရဦးမှာပေါ့.. အဟဲ...။ ကျွန်တော်ကတော့ ငယ်ပါသေးတယ်...။ မဟိုင်းသေးဘူးဆိုပါတော့။ ဒါပေမယ့် အခုမှ ၂၀ ပဲပြည့်သေးတာကို ကျွန်တော့်ကို အန်ကယ်တွေကော ဦးလေးတွေကော စုံသွားတာပဲ...။ မရဘူးဗျ...။ သိလားအစ်မ ကျွန်တော်သိသမျှ blogger တွေထဲမှာ ကျွန်တော်က အငယ်ဆုံး..။ အစ်ကို Craton တောင် ကျွန်တော့်ထက်ကြီးတယ်။ အဲဒါကို ဦးလေးတဲ့ အန်ကယ်တဲ့ :( သူတို့နောက်လိုက်သွားပြီး အဘိုးအဘွားပြန်ခေါ်ပစ်မယ်... ဟင်းဟင်း။
ပျော်လို့နောက်သွားတာ.. ပြီးတော့ နောက်ကျပြီးမှ လာဖတ်ဖြစ်တာ ခွင့်လွတ်နော်အစ်မ စာမေးပွဲတွင်းဖြစ်နေလို့ မရောက်ဖြစ်တာ...။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger