ရေးမယ်..ရေးမယ်နဲ့ ကျမကို “ဂေါက်”နေတယ်လို့ ပြောခံရမှာကြောက်တာကြောင့် ဒီပို့စ်ကို မရေးဖြစ်ခဲ့ပါဘူး။
ဒီနေ့တော့ စိတ်ထဲမှာ ရေးချင်စိတ်တွေ ပေါက်လာတာနဲ့ပဲ အရဲစွန့်ပြီး ချရေးမိပါတယ်..။
2010,July လတုန်းက မြန်မာပြည်ကို ကျမအလည်ပြန်ခဲ့တဲ့ အချိန်တုန်းကပေါ့..။
ဆိုက်ပရပ်စ်နိုင်ငံကနေ မြန်မာပြည်ကိုရောက်ဖို့ လေယာဉ်(၃)ဆင့်စီးရပါတယ်။
ဆိုက်ပရပ်စ်နိုင်ငံ လာနကာ လေဆိပ်မှ ဂျော်ဒန်နိုင်ငံရှိ အာမန်လေဆိပ်သို့(၁နာရီခွဲကြာ) ၊ အာမန်လေဆိပ်မှ ထိုင်နိုင်ငံ ဘန်ကောက်လေဆိပ်သို့(၈နာရီခွဲကြာ) ၊ ထိုမှတဆင့် ဘန်ကောက်လေဆိပ်မှ မြန်မာပြည်သို့ရောက်ရှိခဲ့တယ်။
ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်ကိုရောက်လို့ မြန်မာပြည်ကိုသွားမယ့် လေယာဉ်ရဲ့ စင်္ကြန်နံပတ်ကို လိုက်ရှာနေစဉ်မှာပဲ အမှတ်မထင်တွေ့လိုက်ရတဲ့ ထိုင်းလူမျိုးများရဲ့ ရိုးရာနတ်စင်တခုကို ကျမတွေ့လိုက်ရတယ် ဆိုရင်ပဲ ကျမရဲ့ခြေလှမ်းများ တုန့်ကနဲ ရပ်ဆိုင်းသွားခဲ့တယ်..။
အဲဒီနတ်စင်မှာ တွေ့လိုက်ရတာကတော့ အုန်းရွက်များနဲ့ပြုလုပ်ထားတဲ့ လက်ရာမြောက်လှတဲ့ အုန်းနဂါးများပါပဲ..။
အဲဒီနတ်စင်ကိုကြည့်ရင်း မြွေနဂါးများနဲ့ ပတ်သက်တဲ့ ကျမရဲ့အိပ်မက်တချို့ကို ပြန်ပြီးသတိရခဲ့ရတယ်..။
လွန်ခဲ့တဲ့(၁၃)နှစ်လောက်ကတည်းက မြွေနဂါးများနဲ့ ပတ်သက်တဲ့ အစွဲလေးတခု ကျမမှာရှိနေခဲ့တယ်။
အဲဒီအစွဲရဲ့ အစ ကတော့ ရှမ်းပြည်နယ်၊ ကလောမြို့တနေရာက “ပေါက်ရတနာမွန်” ဆိုတဲ့ နတ်နန်းတခုကို အသိမိတ်ဆွေများဖြစ်ကြတဲ့ ရုပ်ရှင်သရုပ်ဆောင်(မ)တင့်တင့်ထွန်း၊ သိမ့် လို့ခေါ်တဲ့ ယနေ့ခေတ်မှာ နာမည်ကြီးနေတဲ့ အဆိုတော် သျှီ ၊တောင်ကြီးမြို့မှ“နန်းကေသီ လှရိပ်မြုံပိုင်ရှင်” ကိုကြီးဖေ၊ တို့နဲ့အတူ လိုက်သွားရင်း ကျမရောက်ခဲ့တယ်။
နတ်နန်းဆိုတော့လည်း (၃၇)မင်း၊ အထက်ပုဂ္ဂိုလ် အောက်ပုဂ္ဂိုလ်များရဲ့ ရုပ်ထုတွေနဲ့ ပြည့်နှက်နေတာပေါ့။
“နတ်နန်း”လို့ ခေါ်မယ့်အစား “ဓာတ်ခန်း” လို့ပဲ ကျမတို့ကခေါ်ကြပါတယ်၊ ဘာလို့လည်းဆိုတော့ (၇)ရက်သားသမီးများရဲ့ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ အစရှိတဲ့ အခက်အခဲများကို အဲဒီနတ်နန်းက ဆရာမက ဓာတ်ရိုက် ဓာတ်ဆင်လုပ်ပေးရင်း (၇)ရက်သားသမီးများကို ကူညီနေလို့ပါပဲ။
အဲဒီဓာတ်ခန်းကို ကျမရောက်သွားတယ်ဆိုရင်ပဲ စပ်စုတတ်တဲ့ကျမဟာ ၁၂ပေခန့်သာရှိတဲ့ ဓာတ်ခန်းထဲက ပုံတော် ရုပ်ထုတွေကို လျှောက်ကြည့်နေမိရင်း ရုပ်ထုတခုဆီသို့ အကြည့်ရောက်သွားခဲ့တယ်။
လူတရပ်ခန့်အမြင့်ရှိပြီး မြစိမ်းရောင် မင်းသမီးဝတ်စုံကို ဝတ်ဆင်ထားတဲ့ ချောမောလှပတဲ့ အမျိုးသမီးတယောက်ရဲ့ရုပ်ထုတခုပါ
လက်အုပ်ချီ အနေအထားနှင့် ခေါင်းမှာလည်း နဂါးရုပ်ပါတဲ့ ဆီးပုံ ခေါင်းဆောင်းကို ဆောင်းထားတဲ့ အမတော်မြနန်းနွယ်ရဲ့ ပုံကို ကြည့်ရင်း စိတ်ထဲမှာ ဝမ်းနည်းသလို ခံစားမိဖူးတယ်။
(ရုပ်ထုဆိုပေမယ့် တကယ့်ကို အသက်ဝင်တဲ့ သူ့ရဲ့အကြည့်ကို အခုချိန်ထိ ကျမ မှတ်မိနေဆဲပါ)။
အဲဒီနောက်ပိုင်းမှာတော့ မြွေနဂါးများနဲ့ ပတ်သက်တဲ့ အိပ်မက်များကို မှတ်မှတ်ရရ မကြာခန ဆိုသလို မက်တတ်လာခဲ့တယ်။
ကျမ မက်ခဲ့ဖူးတဲ့ အိပ်မက်တချို့ကို ပြောပြမယ်နော်...။
၃၆လမ်းမှာ ဖွင့်ထားတဲ့ ကျမ အဒေါ်ရဲ့ ဗီဒီယို ထုတ်လုပ်ဖြန့်ချီရေးကုမ္ပဏီရုံး
တနေ့မှာ ကျမ အိပ်မက် မက်ခဲ့ပါတယ်။
ဆောင်းတွင်းအိပ်မက်မို့ ကယောက်ကယက် မက်သည်ပဲလားဆိုတာ ကျမကိုယ်တိုင် မဝေခွဲတတ်ခဲ့ပါဘူး။
ကျမရဲ့အိပ်မက်ထဲမှာ အဲဒီအပေါက်ထဲကနေ မြွေတကောင် ဆင်းလာပါတယ်။
အဲဒီမြွေရဲ့အရောင်ဟာ အဖြူရောင်ပေါ်မှာ လိမ္မော်ရောင် အကွက်တွေရှိပါတယ်၊ စာဖတ်သူများ အလွယ်တကူ မြင်အောင် ပုံဖော်ရမယ်ဆိုရင် အလှမွေးတဲ့ ရွှေဝါငါးကြင်းလိုမျိုး အဖြူနဲ့ လိမ္မော်အကွက်တွေနဲ့ပါ ။
ထူးခြားတာက အဲဒီမြွေရဲ့ဦးခေါင်းမှာ ကြက်ဖတွေမှာ ပါရှိတဲ့ အမောက်အနီရောင် သေးသေးလေးတောင် ပါလိုက်ပါသေးတယ်။
အိပ်မက်ဆိုတော့လည်း မက်ချင်ရာ မက်မှာပေါ့နော်။
အိပ်မက်ကို ဆက်ရအောင်..
လူတွေလည်း ကြောက်လန့်တကြား ထွက်ပြေးကြတာပေါ့၊ ကျမလည်း ပြေးပါတယ်၊ အဲဒီမြွေဟာ ကျမရဲ့နောက်ကို ထပ်ကြပ်မခွာ လိုက်ပါတယ်။
နောက်ဆုံးမှာ ကျမလည်း မပြေးနိုင်တော့ပဲ အမိခံဖို့ ဆုံးဖြတ်လိုက်တယ်။
စိတ်ထဲကလည်း “ကဲ..ငါ့နောက်ကို ဒီလောက်လိုက်နေတာ ကိုက်ချင်လည်း ကိုက်ပါစေတော့ နင့်ကို ငါမေတ္တာပို့မယ်” ဆိုပြီး မြွေလာရာဘက်ကို မျက်နှာမူလိုက်ပါတယ်၊ ပြီးတော့ မျက်လုံးမှိတ် လက်အုပ်ချီပြီး မေတ္တာသုတ်ကိုရွတ်နေလိုက်ပါတယ်။
အဲဒီလိုနဲ့ မြွေဟာ တရွေ့ရွေ့နဲ့ကျမရဲ့ကိုယ်ပေါ်ကို တက်လာပါတယ်။
ကျမလည်း ကြောက်လည်းကြောက် အသည်းယားယုံကလွဲလို့ ဘာတတ်နိုင်မှာလည်းနော်။
ဘုရားစာကိုပဲ ကြိုးစားပြီးရွတ်နေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အဲဒီမြွေဟာ ကျောကုန်းနားအရောက်မှာ ကျမ အိပ်မက်က လန့်နိုးခဲ့ရတယ်။
အိပ်မက်က လန့်နိုးသည်အထိ ကျမဟာ မလှုပ်ရဲပဲ ခနကြာမျှ ငြိမ်နေခဲ့ပါတယ်။
..............................
ဓာတ်ပုံရဲမြင့်လွင်နှင့် တပည့်(၂)ယောက်၊ ကျမနဲ့ ကျမရဲ့အဒေါ်၊ မော်ဒယ်(၄)ယောက်တို့ဟာ ပြကဒိန်အတွက် ဓာတ်ပုံရိုက်ဖို့ ကယားပြည်နယ် လွိုင်ကော်မြို့ကို သွားခဲ့ကြဖူးတယ်။
အဲဒီအချိန်က ကယားပြည်နယ်မှာ တိုက်ပွဲမကြာခန ဖြစ်တယ်လို့ဆိုပါတယ်။
ရန်ကုန်က ဗီဒီယိုရိုက်ကူးရေးအဖွဲ့အတွက် အဲဒီနယ်မှာ တာဝန်ကျတဲ့ စစ်ဗျူဟာမှူးနဲ့လည်း ခင်နေတဲ့အတွက် သူကပဲ လုံခြုံရေးအတွက် စစ်တပ်မှ လူတချို့ကို ကျမတို့အဖွဲ့နဲ့အတူ ရှိနေစေခဲ့ပါတယ်။
ကယားပြည်နယ်က အလှဆုံးရှုခင်းနေရာတွေနဲ့ အရပ်သားများ သွားခွင့်မရှိတဲ့ ကျောက်လှိုင်ဂူကြီး ၂ခုထဲကိုလည်း ဗျူဟာမှူးရဲ့အကူအညီနဲ့ ရောက်ရှိခဲ့ဖူးပါတယ်။
အဲဒီဂူထဲမှာ ကျောက်စက်ရေကြောင့် သဘာဝ ဖြစ်ပေါ်နေတဲ့ စိတ်ကူးနဲ့ပုံဖော်လို့ရတဲ့ ရုပ်ပုံများနှင့်အတူ စစ်တပ်က ကိုးကွယ်ပူဇော်ထားတဲ့ နဂါးရုံဘုရားတဆူကိုလည်း ဖူးမျှော်ခဲ့ရဖူးပါတယ်။
အဲဒီညမှာပဲ ကျမ အိပ်မက်တခု မက်ခဲ့ပြန်ပါတယ်..။
လွိုင်ကော်မြို့ထဲက ဘီလူးချောင်းထဲမှာ လူတဖက်စာလောက်ရှိတဲ့ မြွေကြီးတစ်ကောင် ရေကူးနေတာကို ကျမတွေ့ရတယ်။
ထူးဆန်းတာက အဲဒီမြွေဟာ တခြားမြွေတွေလို လှုပ်ရှားခြင်းမျိုးမဟုတ်ပဲ စက်ပလိန်လိုမျိုး တဖက်ရစ်ပုံစံနဲ့ လှုပ်ရှားနေတာပါပဲ။
..............................
ကျမတို့ကုမ္ပဏီက ထုတ်လုပ်တဲ့ “ပျံသန်းငှက်တို့နားခိုရာ” လူငယ်ပညာပေး ဗီဒီယိုဇာတ်ကားကို ရိုက်ကူးဖို့ အတွက် ကျမတို့ ချောင်းသာကို သွားခဲ့ကြတယ်။
အဲဒီညမှာပဲ ကျမရဲ့အိပ်မက်ထဲမှာ အဖိုးအိုတယောက်ဟာ ကျမကို ချောင်းသာ ပင်လယ်ရေအောက်မှာ ရှိတဲ့လှိုင်ဂူတခုဆီကို ခေါ်ဆောင်သွားခဲ့တယ်။
သစ်လုံးတွေကို နံရံမှာကပ်ပြီး အိမ်အဖြစ်ဖန်တီးထားတဲ့ ရှေးကျတဲ့ပျဉ်ထောင်အိမ်တလုံး၊ အဲဒီအိမ်ထဲက သစ်သားစားပွဲဟောင်းတခုပေါ်မှာတော
အဲဒီဘုရားတွေထဲကမှ “အဲဒါ ခလေးမ ကိုးကွယ်ရမယ့် ဘုရားပဲ” လို့ဆိုပြီး အဖိုးအိုညွှန်ပြခဲ့တဲ့ ဘုရားတဆူကတော့ အနေအထား မတူညီသော နဂါး(၉)ကောင် ဝိုင်းရံယှက်ထားတဲ့ (ကုလားမြွေ ဘုရားနဲ့ခပ်ဆင်ဆင်တူပါတယ်) နဂါးရုံဘုရားတဆူပါပဲ။
နောက်တနေ့ မနက်မှာတော့ ကျမရဲ့အိပ်မက်အကြောင်းကို အဒေါ်ကိုပြောပြခဲ့ပြီး ချောင်းသာကမ်းစပ်မှာရှိတဲ့ ဘုရားတဆူမှာ အမွှေးတိုင်၊ ဖုယောင်းတိုင်များနဲ့ အိပ်မက်ပေးသူများကို အမျှပေးဝေခဲ့ပါတယ်။
(အဲဒီအိပ်မက်ကြောင့် ချောင်းသာပင်လယ်ထဲကို ကျမ ဆင်းကစားခွင့်မရခဲ့ပါဘူး)။
..............................
မကြာခန မက်တတ်တဲ့ အိပ်မက်တချို့ကတော့ ဘယ်နေရာမှာမှန်းမသိတဲ့ တောနက်ကြီးတစ်ခု...
ဘုရားတည်ရန် ရာထားတဲ့ သဲဖြူခင်းထားတဲ့ မြေကွက်လပ်တခု....
ဘိလပ်မြေ၊ အုတ်များဖြင့် တည်ထားသည့် ဆေးမသုတ်၊ ရွှေမချရသေးသည့် ဘုရားတဆူ....
ဘုရား၏ အမည်ကိုရေးရန် ကဗျည်း (ဘာမှရေးမထားရသေးသည့်) ဆိုင်းဘုတ်အလွတ်တခု...
မှန်စီရွှေချရန် ကျန်ရှိနေသေးသည့် ဘုရားကို ဝန်းရံထားသော အုတ်တံတိုင်းပေါ်က အမှီးချင်းဆိုင်၊ ခေါင်းချင်းဆိုင် အနေအထားရှိသည့် နဂါးရုပ်ထု(၂)ခု...
တို့ပဲဖြစ်ပါတယ်..။
..............................
အဲဒီအချိန်က“စ”လို့ မြွေနဂါးများနဲ့ပတ်သက်တဲ့ အိပ်မက်များကြောင့် ကျမရဲ့စိတ်မှာ အစွဲတခုဖြစ်လာခဲ့တယ်။
မြန်မာပြည်မှာကျမ နေစဉ်အခါတုန်းက ဗိုလ်တထောင်ဘုရားမှာရှိတဲ့ အမတော် မြနန်းနွယ်ဆီကို သွားရောက်လေ့ရှိပါတယ်။
ဘုရားရှိခိုးတိုင်းလည်း မြွေနဂါးများကို မေတ္တာပို့ အမျှပေးဝေပါတယ်။
အစားအသောက် စားရာမှာလည်း မြွေကဲ့သို့ ရှည်လျှားသည့် ခန္ဓာကိုယ်ရှိသော အသားများ(အရှည်သားများ)ကိုလည်း ရှောင်ပါတယ်။
ကြေးခွံမပါသော ရေသတ္တဝါ အသားများ ကိုလည်းရှောင်ကျဉ်ပါတယ်။
ခြေ(၄)ချောင်းသားများကိုလည်းရှောင်ပါတယ်။
..............................
ဆိုက်ပရပ်စ်နိုင်ငံမှာ ၆နှစ်ခွဲကြာမျှ နေထိုင်ခဲ့ပြီး မြန်မာပြည်ကို လွန်ခဲ့တဲ့ ၈လခန့်က အလည်ပြန်ခဲ့တဲ့အချိန်မှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့လေဆိပ်မှာတွေ့ခဲ့
တိုက်ဆိုင်လို့ပဲလား... အစွဲအလန်းကြောင့်ပဲလား...ပဋ္ဌာန်းဆက်ကြောင့်ပဲလား ဆိုတာကို အခုချိန်ထိ အတိအကျမပြောနိုင်သေးပေမယ့် မြန်မာပြည်ကို အလည်အဖြစ်ပြန်လာခဲ့တဲ့ကျမကို မြွေနဂါးများက ၎င်းတို့နဲ့ပတ်သက်တဲ့ ကျမမက်ခဲ့ဖူးတဲ့အိပ်မက်များကို ပြန်လည်သတိရစေခဲ့ပါတယ်။
ကျမရဲ့ အိပ်မက်အရ ရေနှင့်ပတ်သက်တဲ့ မြွေနဂါးများဖြစ်နေတာကြောင့် ကျမသည် မြစ်၊ ချောင်း၊ ပင်လယ် အစရှိသည့် ရေနှင့်နီးသော နေရာဒေသတွင်သာ အသက်မွေးဝမ်းကြောင်းပြုရမည်ဟု လူကြီးတယောက်က ပြောပြခဲ့ဖူးပါတယ်။
ပြီးတော့ ပင်လယ်ထဲမှာ ၅မိနစ်ထက်ကြာအောင် ကျမ ရေမကူးရဲပါဘူး။
ရေထဲကနေ တခုခု ကျမဆီကို လာနေသလို ခံစားနေရလို့ပါ။
အဲဒီလိုမျိုး ခနခနဖြစ်တာကြောင့် ပင်လယ်ထဲကိုလည်း သိပ်ဆင်းလေ့မရှိပါဘူး။
မည်သို့ပင်ဆိုစေကာမူ လောလောဆယ်တော့ ဆိုက်ပရပ်စ်နိုင်ငံက ပင်လယ်ရေများဝိုင်းရံထားတဲ့ ကျွန်းကလေးတခုပေါ်တွင် ယခုအချိန်ထိ ရှိနေခဲ့ပါတယ်။
စာဖတ်သူ သူငယ်ချင်းများကရော...
ကျမရဲ့ အိပ်မက်များနဲ့ပတ်သက်ပြီး ယုံကြည်ခြင်း.. မယုံကြည်ခြင်း တို့အပေါ် ဘယ်လိုကွဲလွဲချင်ပါသလဲ....။
..............................
မှတ်ချက်။ ။ အထက်ပါ အကြောင်းအရာများသည် ကျမ အမှန်တကယ်မက်ခဲ့သော အိပ်မက်များပင်ဖြစ်ပါသည်။
ဇာတ်လမ်းတပုဒ်ဖြစ်စေရန် လုပ်ကြံရေးထားခြင်း တခုမှမပါဝင်ပါကြောင်း ဤနေရာတွင် သစ္စာဆိုပါသည်။
ကျမ၏ သစ္စာမှန်ကန်ပါက သာသနာပြုခွင့်ရသော သူတယောက်ဖြစ်ရပါလို၏။
အကယ်၍ လုပ်ကြံရေးသားခြင်း ဖြစ်ခဲ့ပါက ကျမပြုခဲ့သော လိမ်လည်မှု၏ အကျိုးကို ကျမပြန်လည်ခံရပါစေသား...။
42 comments:
အင်း... ဒါ ထူးဆန်းတာဘဲ။ အိပ်မက်ထဲမှာတော့ မြွေတွေ နဂါးတွေကို မြင်မက်ရင် လာဘ်ကောင်းတယ်လို့ ဖတ်မှတ်ဖူးတယ်။ ပဋ္ဌာန်းဆက်ကြောင့် တော်စပ်ခဲ့တဲ့ ဆွေတော်မျိုးတော်တွေကများ ကုသိုလ်ကောင်းမှု ပြုလုပ်ဖို့ သတိပေးတာလဲ ဖြ စ်နိုင်ပါတယ်။ သိုက်က လာခဲ့တာ ဖြစ်နိုင်တာဘဲ။ ဒါပေမဲ့ အားလုံးကတော့ ပြောရခက်ကြီးပါ။ အိပ်မက်က အမှန်ဆို လေးမျိုးဘဲ ရှိတာပါ။ လွန်ခဲ့တဲ့ နှစ်နှစ် ကျော်ကျော်က ကျနော် အိပ်မက်အကြောင်းအခန်းဆက် ရေးခဲ့ဖူးသေးတယ်။ ဒီမှာပါ။ http://kokomaunguk.blogspot.com/2008/12/blog-post_6941.html. ပြောချင်တာကတော့ အိပ်မက်တွေထဲမှာလဲ အမှန်တကယ် လက်တွေ့ ဖြစ်လာမဲ့ အိပ်မက်တွေ ရှိနေတတ်တယ်။
ဘယ်လိုဘဲ ဖြစ်ဖြစ် မြွေတွေ နဂါးတွေကို မြင်မက်တာတော့ အဆိုးမရှိနိုင်ပါဘူး။ စီးပွါးရေးတောင် တက်တတ်ပါသေးတယ်။
ပုံပြင်လိုလို ဒဏ္ဍာရီလိုလို ပုံပြင်လေးတစ်ပုဒ် ကြားဖူးတယ်။ တစ်ခါတုန်းက ရွာတစ်ရွာမှာ ကောင်လေးတစ်ယောက်ရှိတယ်တဲ့။ အဲဒီကောင်လေးဟာ ညတိုင်း မြွေတွေကို အိပ်မက်မက်တယ်တဲ့။ မြွေတွေမှ အများကြီးဆိုဘဲ။ ကြီးစဉ်ငယ်လိုက် တန်းစီပြီး တစ်ကောင်ချင်းစီ သူ့ရှေ့က ဖြတ်သွားတယ်တဲ့။ သူလဲ ဘာလုပ်ရမှန်း မသိဘူးတဲ့။ အဲဒီ အိပ်မက်ကို ညစဉ်မက်နေတယ်တဲ့။
ဒါနဲ့ ရွာဦးကျောင်း ဆရာတော်ကို သွားမေးလိုက်တယ်တဲ့။ ဆရာတော်ကလဲ ဒီကောင် ထူးဆန်းတယ် သိုက်နန်းက လာတာဖြစ်ရမယ်ပေါ့။ ဒါနဲ့ ဆရာတော်က မင်း နောက်တစ်ခါ အဲဒီလို မြွေတွေ တန်းစီပြီးလာတာကို ထပ်အိပ်မက်မက်ရင် ဒီကြိမ်လုံးလေးနဲ့ ရှေ့ဆုံးက မြွေကြီးရဲ့ ခေါင်းတည့်တည့်ကို အသာလေးထိလိုက်ပါ၊ ရော့ ဒီကြိမ်လုံးလဲ ယူသွားလို့ ပြောသတဲ့။ ဒါနဲ့ အဲဒီကောင်လေးလဲ ဆရာတော်ပေးတဲ့ ကြိမ်လုံးလေး အိမ်ကို ယူပြီး ပြန်လာခဲ့တယ်တဲ့။ ညဘက်ရောက်တော့ စိတ်ထဲမှာ ဒီတစ်ခါ အိပ်မက်မက်ရင် ဒီကြိမ်လုံးနဲ့ မြွေခေါင်းကို ထိကို ထိမယ်လို့ စဉ်းစားပြီး အိပ်ပျော်သွားသတဲ့။
အိပ်မက်ထပ်မက်ပြန်သတဲ့။ အရင်က အိပ်မက်အတိုင်းဘဲတဲ့။ ဒါနဲ့ သူလဲ အိပ်မက်ထဲမှာ ဆရာတော်ပေးခဲ့တဲ့ ကြိမ်လုံးနဲ့ ရှေ့ဆုံးက မြွေခေါင်းကို ထိမယ်လို့ ကြံလိုက်တယ်။ ဒါပေမဲ့ မြွေက ကြီးလွန်းတော့ ကြောက်စိတ်ဝင်ပြီး မထိလိုက်ရဘူးတဲ့။ မြွေတွေ အတော်များများကိုလဲ ကြောက်လို့ မထိလိုက်ရဘူးတဲ့။ ဒီလိုနဲ့ နောက်ဆုံး ခပ်သေးသေး မြွေလေးကိုဘဲ ထိလိုက်ရတယ်တဲ့။ အဲဒီမြွေလေးရဲ့ ခေါင်းကို ထိထိချင်း အဲဒီ မြွေလေးက မြွေဘ၀ကနေ ရွှေချောင်း ဘ၀ကို ရောက်သွားသတဲ့။ မြွေသေးသေးလေးဆိုတော့ ရွှေချောင်းလဲ သေးသေးလေး ရတာပေါ့။ မြွေအကြီးကြီးကိုထိခဲ့ရင် ရွှေချောင်း အကြီးကြီးရမှာလေ။ အိပ်မက်ထဲမှာ အဲဒီကောင်လေးလဲ ဒီလိုမှန်းသိရင် ငါ မြွေအကြီးကြီးကို ထိခဲ့ပါတယ်လို့ တွေးနေသတဲ့။
နောက်တစ်နေ့ အိပ်ရာနိုးပြီး ရွာဦးကျောင်းဆရာတော်ကို သွားလျောက်တော့ ဆရာတော်က ထီထိုးခိုင်းသတဲ့။ အဲဒီကောင်လေးလဲ ထီထိုးလိုက်တာ ထီပေါက်တယ်တဲ့။ ဒါပေမဲ့ ဆုအကြီးကြီးတော့ မဟုတ်ဘူးတဲ့။ ဆုမကြီးပေမဲ့လဲ သုံးလောက် စွဲလောက်တော့ ရှိသတဲ့။ ဒါနဲ့ အဲဒီကောင်လေးလဲ ဆရာတော်အကြံပေးတဲ့အတိုင်း အလှူအတန်းလေး ပြုလုပ်ခဲ့ပါသတဲ့။
ပုံပြင်ကတော့ အဲဒါပါဘဲ။ နတ်သမီးလေးတစ်ယောက် စဉ်းစားတတ်ဖို့ပါ။
အားလုံးအဆင်ပြေပြီး သာသနာပြုနိုင်တဲ့ မိန်းမကောင်း မိန်းမမြတ်တစ်ယောက် ဖြစ်ပါစေ။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
ရှည်လျားလှတဲ့သံသရာကြီးမှာ တဘဝမကြုံ ..တဘဝမှာ ကြုံခဲ့ရသူတွေအများကြီးပါ..မဖြစ်ခဲ့ဘူးတဲ့ ဘဝဆိုတာလဲ မရှိခဲ့တာမို့ အတိတ်က ဆွေမျိုး..မိတ်သင်္ဂဟတွေကို မေတ္တာပို့ အမျှအတမ်းပေးဝေလိုက်ပေါ့ နတ်သမီးရယ်..မြင်ရမှ ယုံမယ်ဆိုတဲ့ သူတွေ ကိုယ့်အဘိုး..အဘေးတွေရှိခဲ့တယ်ဆိုတာ မမြင်ခဲ့ဖူးပဲ ဘာလို့ ရှိတာကို လက်ခံကြသလဲ..ဘကျောက်လဲ အိပ်မက်တခုထဲကို ခနခနမက်ဖူးတယ်..နိုးလာရင်..တကယ်လားလို့ ဇဝေဇဝါဖြစ်တာခနခနပဲ..
ညီမ ပြောတဲ့ အကြောင်းအရာတွေ အပေါ် အကိုယုံတယ်။ ဘာကြောင့်ဘယ်လို ဆိုတာတော့ မရှင်းပြချင်ဘူး။ သိုက်ဆက်ရှိတယ်ဆိုတာတော့ ငယ်ငယ်တုန်းက ယုံတယ်။ အခုတော့ မယုံဘူးလားဆိုတော့ အရင်ငယ်ငယ်တုန်းက လိုတော့ သိပ်မရှိတော့ဘူး။ ညီမ ဗိုလ်တစ်ထောင်ဘုရား ရောက်ဖူးလား။ မကွေးမြသလွန် ဘုရားဖူးကိုကော ရောက်ဖူးလား။ ဘာကြောင့် မေးရတယ်ဆိုတော့ ညီမညွှန်းထားတဲ့ မြနန်းနွယ်နဲ့ဆက်လို့ နဂါးသိုက်ပဲ။ ဒါတွေထားပါလေ။ အစ်ကို ညီမကို မမြင်ဖူးပါဘူး။ ဒါပေမယ့် အစ်ကို ပြောမယ် ညီမ အသားဖြူဖြူ ချောလိမ့်မယ်။ အကောင်းဆုံးကတော့ တရားထိုင်ပါ။ အကောင်းဆုံး အကြံဥာဏ်ကတော့ ငယ်ရွယ်နုပျိုတုန်း ဥာဏ်စဉ်ရတဲ့အထိ တရားအားထုတ်ကြည့်ဖို့ တိုက်တွန်းပါတယ်။ ဒါမှ နောက်နောင် ညီမ ဒီလိုမျိုး အိပ်မက်တွေမမက်မှာ။ ဘာကြောင့်ဘယ်လိုဆိုတာ ကမ္မဌာန ဆရာတော်တွေကို မေးလျောက်ကြည့်ပါ။ သူတို့ ညီမကို အမှန်ကန်ဆုံး အဖြေကို ပေးပါလိမ့်မယ်။
မြွေနဂါး အဆက်ဆိုရင်တော့ ဂဠန် ကိုသတိထားပါ၊းD
မေတ္တာပို့ပေါ့ လူက သူတို့ထက်မြတ်ပါတယ်၊
သိုက်တွေရဲ့ အဆိုအရတော့ မြွေနဂါး သိုက်က အများဆုံးလို့ ဆိုတာပဲ။ ဒီတော့ ဘယ်သူမဆို ပတ်သတ်ဆက်နွယ်မှုတွေ ရှိနေနိုင်ပါတယ်။ ဒါပေမဲ့လည်း ဥပဒ်ဒဏ်ကြောင့် ဥပဒ် ဖြစ်နေပါဦးမယ်။
ကိုယ့်ဖာသာ ကောင်းမှု ကုသိုလ် လုပ်ပေါ့။ ဘာမှ စိတ်ထဲမှာ အစွဲထားမနေနဲ့။ အဆင်ပြေ သွားမှာပါ။
ထူးဆန်းတဲ့ အဖြစ်လေးတွေ ဖတ်သွားတယ် ညီမရေ မေတာပို့ အမျှဝေရင် တူသော အကျိုးပေးမှာပါ ညီမ
ဗိုလ်တထောင်က မမြနန်းနွယ် ပြုံးတာ ကိုကြည့်ရတာ တကယ် အသက်ဝင်တယ် အဟုတ်ဘဲ
ဆောင်း
နတ်သမီးရေ
ထူးဆန်းပြီး စိတ်ဝင်စားဖို့ ကောင်းလှပါတယ်
တစ်ချို့ကိစ္စတွေဟာ သာမာန်စဉ်းစားလို့ လိုက်မမှီတာမျိုး ဖြစ်တတ်ကြတယ်နော်
တစ်ချိန်မှာ သာသနာပြုခွင့်ရမဲ့ နိမိတ်ကောင်းနဲ့ တူပါတယ်...
ထူးထူးခြားခြား သာသနာပြုနိုင်ပါစေ လို့ ဆုတောင်းပေးပါတယ်နော်
ခင်တဲ့
မချော
အစ်မရေ..အစ်မက သိုက်ကလာတာများဖြစ်နေမလားပဲ အဆက်အစပ်ရှိမှ ဒီလိုအိပ်မက်မျိုးက မက်တတ်တာဆိုတော့လေ.....အားလုံးကိုမေတ္တာထားနိုင်ရင်မေတ္တာရဲ့အကျိုးကိုပြန်လည်ခံစားရမှာအမှန်ပါပဲ :D
ဒါဆို နတ်သမီး အခြေအနေပေးလို့ အခွင့်ရရင် ကမ္ဘောဒီးယားကို လာလည်ကြည့်ပါလား။ ထိုင်းက နဂါးမျိုးကို ခမာတွေလဲကိုးကွယ်တယ်။ ဘုရားတွေ အန်ကောဝပ်ကဘုရားကျောင်းတွေအားလုံးမှာ အဲဒီ ခေါင်း၇လုံးနဲ့ မြွေနဂါးတွေရှိတယ်။ ထိုင်းနတ်ကွန်းကပုံက အဲဒီနဂါးပုံဘဲ။
သိုက်ကြောင်းသေချာမလေ့လာထားတော့ မသိဖူး။
ဒါပေမယ့်အိမ်မက်ကြောင်းတော့ယုံတယ်။ မိုးတောင်သိုက်ကြောင်းရေးဖူးပါတယ်။ ဒါပေမယ့်ခံစားဖူးသမျှအကုန်မရေးခဲ့ဖူး။
နောက်ပိုင်းတော့အဲဒါခေါင်းထဲကထုပ်ပလိုက်မိတယ်။
ဘာလို့ လဲဆိုတော့ အသက်တောင်းနေရလို့ လေ။
အသက်ကလည်းတောင်းမှတောင် နှစ်များများမတောင်းပေးကြဖူး ခဏ ခဏ အသည်းသန်ဖြစ်တယ်လေ။ သိုက်ကခေါ်တယ်ဆိုလား ဒါနဲ့နောက်ပိုင်း ခေါ်ချင်တဲ့သူခေါ် ဘုရားတရားတခုပဲနှစ်လုံးသွင်းမိတယ်။ ငယ်ငယ်ကဆို ကိုယ့်ကိုကိုယ် ဘယ်ချိန်သေမလဲပဲ စောင့်နေသလိုမျိုးကြီးဖြစ်နေတာ လေ။ နတ်သမီးလည်း ဖြစ်ချင်တဲ့သာသနာပြုနိုင်တဲ့သူ ဖြစ်ပါစေလို့ ဆုတောင်းပေးသွားပါတယ်။
သာယာချမ်းမြေ့ပါစေရှင်း
မိုး
ps: နဂါးရုပ်တွေနားသွားရင် တမျိုးကြီးခံစားရတယ် ဗိုလ်တထောင်ဘု၇ားမှာ ဦကျော်ဟိန်းတည်တဲ့ဘု၇ားနားမှာ ကြာကြာတောင်မနေရဲဖူးဖြစ်ခဲ့ဖူးတယ်။ ခုနောက်ပိုင်းတော့ အဲဒါတွေ မေ့မေ့ပျောက်ပျောက်ပါပဲ။
ကိုချမ်းလင်းနေ ပြောသွားတာ ခုမှဖတ်ကြည့်မိတယ်။
အကြံပေးသွားတာလေး ကောင်းတယ် နတ်သမီးရေ အဲဒီလိုပဲကြိုးစားကြည့်စေချင်တယ်။ နတ်သမီးလည်း ဆုတောင်းကြည့်ကတည်းက ဘုရားတရားလုပ်မှန်းသိပါတယ်။
ကျမ်းမာပျော်ရွှင်ပြီးအိမ်မက်လှလှတွေနဲ့နေ့ရက်တိုင်းမှာစိတ်အေးချမ်းသာစွာဖြတ်ကျော်နိုင်ပါစေ..
လင်းခေတ်ဒီနို said...
မေတ္တာပို့ပါ . . . ကိုယ်က သိုက်ကဆိုလည်း သူတို့က သူတို့ ကောင်းမှုအတွက် ကိုယ့်ကိုယ် ကုသိုလ်ပြုဖို့ လွှတ်လိုက်တာပဲ . . . မြင်မြင်နေကျ သဲဖြုခင်းထားတဲ့ ဘုရားနေရာဟာ ကိုယ် ကောင်းမှု ပြုလို့ရမယ့် နေရာလည်းဖြစ်ချင်ဖြစ်မှာပဲ . . .
သူငယ်ချင်း ကံကောင်းမှာပါ မြွေနဂါးတွေဟာ ကံကောင်းတတ်ကြတယ်း))))
မြွေတွေနဲ့ အရင်ဘဝက အဆက်ရှိခဲ့ဖူးတယ် ထင်တယ်...
နဂါး ၀င်ပူးတာ မြင်ဘူးတယ်။ အ၀င်ခံရတဲ့သူက မြေကြီးပေါ်မှာ လူးလွန့်နေတာပဲ။
နတ်သမီးရေ ဦးဇင်းရဲ့အိပ်မက်ကို Share လုပ်မယ်နော်၊ နားထောင်မှာမလား၊ ပြီးမှ နတ်သမီးရဲ့အိပ်မက်နဲ့ တိုက်ဆိုင်ကြည့်ပေါ့၊ ဦးဇင်းက မြွေတွေ၊ ဘုရားရုပ်တုတော်တွေမက်ရင် အလိုလိုလာဘ်ဝင်လာပါတယ်၊ မှတ်မှတ်ရရ အိပ်မက်ထဲမှာ "ဆိုင်ခန်းတစ်ခုကို မီးလောင်သွားတော့ ရွှေရောင်ဝင်းနေတဲ့ ဘုရားရုပ်တုတော်တစ်ဆူပဲ ကျန်တယ်"လို့ မြင်မက်တယ်၊ မနက်ဖန်ကျတော့ လုံးဝကြိုပြောထားခြင်းလည်း မရှိဘူး၊ မျှော်လည်းမမျှော်လင့်ဘဲနဲ့ ရဟန်းအစ်မက လိုရာသုံးဖို့ဆိုပြီး ငွေကျပ်သုံးသောင်းလာလှူသွားတယ်၊ နောက်တစ်ခါ မြွေမက်ပြန်တော့လည်း အဲဒီလိုပဲ မထင်ထားတဲ့ လာဘ်တွေဝင်လာတတ်တယ်၊ ခု နတ်သမီးလည်း မက်ခဲလှတဲ့ အိပ်မက်ကို မက်တာဆိုတော့ နတ်သမီးဖြစ်ချင်နေတဲ့ တစ်ခုခု ဥပမာ သာသနာပြုခွင့်ရမည့် နိမိတ်ကောင်းတစ်ခုခုစသည် ဖြစ်လာလိမ့်မယ်လို့ ထင်မိပါတယ်၊ တစ်နည်းပြောရရင် အိပ်မက်ဆိုတာလည်း ခက်သားဗျ၊ ဗေဒင်လို သဘောထားရလိမ့်မယ်ထင်တယ်၊ တစ်ဝက်ယုံ၊ တစ်ဝက်ကိုတော့ မယုံနဲ့၊ အဲဒီလိုပေါ့။ ရွှင်လန်းချမ်းမြေ့ပါစေဗျာ
အစ်မ နတ်သမီးရဲ့ မြွေနဂါး အိပ်မက် အကြောင်းလေး လာဖတ်ပါတယ်။ အင်းနော်... လောကမှာလည်း ဒီလို ထူးဆန်းတဲ့ အဖြစ်တွေ ရှိတတ်တယ်။ မြွေနဂါးတို့ ဘာတို့ ဆိုတာ ပာိုးး တစ်ချိန်က တကယ် ရှိခဲ့တာလားပာင်။ ရို့စ်လည်း မြွေချစ်တယ်။ ရို့စ်ကို ရို့စ် အမေ ကိုယ်ဝန်ဆောင်ခဲ့စဉ်က အမေ့ဗိုက်ကို မြွေ အကြီးကြီး တစ်ကောင် ရစ်ပတ်ထားတယ်လို့ အိပ်မက် မက်ခဲ့တယ်တဲ့။ ရို့စ်လည်း မြွေမြင်ရင် သိပ်သဘောကျတာ။ အပီားး သူများတွေကတော့ အဆိပ်ရှိတဲ့ မြွေဆိုတော့ အသက် အန္တရာယ် ပေးနိုင်တဲ့ပာာကို ကြံကြံဖန်ဖန် သဘောကျတယ်လို့ ဆိုတယ်။ အစ်မ ကျန်းမာ ပျော်ရွှင်ပါစေရှင်။
သူငယ်ချင်းမတစ်ယောက်ဆိုရင်သိုက်အဆက်အနွယ်မို့လို့စိတ်ကလဲနူးညံသူဆိုတော့နတ်ပွဲတွေနားမသွားရဲဘူးလို့ပြောတယ်။သွားရင်ဘာမှသတိမရတော့ဘဲ ပွဲခင်းထဲလူတွေရှေ့မှာ ၀င်ပူးပြီး ကတာ ခဏခဏ သူကလဲခေတ်လူငယ်ဆိုတော့ရှက်လဲရှက်မယုံရအောင်လဲလက်တွေ့ဖြစ်နေတာကိုး။လောလောဆယ်တောဘုရားတရားနဲ့ အေးချမ်းနေလေရဲ့။
ကျွန်မယုံတယ် ကျွန်မလည်းတစ်ခါတစ်လေမှာမက်ဖူးတာတွေပြန်မက်တယ်။ တစ်ခါတစ်လေ အိမ်မက်အတိုင်းအပြင်မှာဖြစ်တတ်လွန်းလို့ လန့် တောင်လန့်တယ် .
အကြိမ်ကြိမ်အခါခါ မက်တာဆိုတော့ သာမန်တိုက်ဆိုင်မှုထက် ပိုပြီးဆန်းကျယ်နေပြီ။
ရည်စူးပြီး မေတ္တာပို့ အမျှအတန်းဝေပေါ့။ ထူးခြားမှုတွေ ရှိလာရင်လည်း သတိထား စောင့်ကြည့်ပြီး အလှူအတန်း လုပ်ပေါ့။
ဘယ်လောက်ပဲခေတ်ပညာတွေတတ်နေပါစေ ကိုယ်တွေ့နဲ့ယှဉ်လာရင်တော့ စိတ်နယ်လွန်ဖြစ်ရပ်တွေ၊ ပရလောကနဲ့ ပတ်သက်နေတာတွေကို ယုံကြည်လာရစမြဲပါ...သုံးလောကထွတ်ထား မြတ်စွာဘုရားရှင်ရဲ့ သံသရာစက်ဝိုင်းနိယာမအတိုင်း ဘ၀သံသရာမှာ ဘာတွေဖြစ်ခဲ့မယ်၊ ဘယ်ဘ၀တွေကို ဖြတ်သန်းခဲ့ရမယ်ဆိုတာ မှန်းဆကြည့်လို့ မရနိုင်ပါ...ဘ၀တစ်ခုကနေ တစ်ခုကို ကူးပြောင်းကြတဲ့အခါ အိပ်မက်တစ်ခုကနေနိုးလာသလို ဘာကိုမှ တိတိပပ မမှတ်မိနိုင်တော့ဘဲ တပိုင်းတစကိုသာ မှတ်မိလေ့ရှိတတ်ပါတယ်တဲ့...ဒါပေမယ့် အကြောင်းတိုက်ဆိုင်တဲ့အခါမျိုးမှာတော့ အရင်ဘ၀ရဲ့ တစိတ်တပိုင်းကို ပြန်သတိရလာလေ့ရှိတတ်တဲ့ မသိစိတ်ရဲ့ သဘောကြောင့်ပဲ ဖြစ်မယ်ထင်ပါတယ်...ဘာပဲဖြစ်ဖြစ် အရေးအကြီးဆုံးက ဒီဘ၀၊ ဒီအချိန်ပဲမို့ ရလာတဲ့ဘ၀ကို အကျိုးရှိအောင် ကျင့်ကြံနေထိုင်ခြင်းက ပိုပြီးတန်ဖိုးရှိပါလိမ့်မယ်...
ချမ်းမြေ့ပါစေ...
အမမှာ အစောင့်အရှောင့်ရှိလိမ့်မယ်။
နတ်သမီးရေ.. အောက်ကလင့်ခ်လေးပါ။
http://kokomaunguk.blogspot.com/2008/12/blog-post_6941.html
အဲဒါ ဖွင့်လို့ မရဘူးဆိုရင် Google Search မှာ အိပ်မက်(၁) ဆိုပြီး ရိုက်ရှာကြည့်လေ။ ကိုကိုမောင် (ပန်းရနံ့) အိပ်မက်(၁)ဆိုပြီး တွေ့လိမ့်မယ်။
နဲနဲတော့ ရှည်တယ်။ အပိုင်း ၉ ပိုင်း ခွဲပြီး ရေးထားတာ။
အားလုံး အဆင်ပြေပါစေ။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
နန်းရေ..
နေ့တိုင်းမေတ္တာပို့ပေးပါ..
အထူးသဖြင့် အိပ်မက်ထဲမှာ မက်တဲ့ အရာတွေကို
မေတ္တာပို့ အမျှဝေပေးပေါ့.။
သာသနာပြုခွင့်ရနိုင်သော အမျိုးကောင်းသမီးလေး
တယောက်ဖြစ်ပါစေ..။
ချစ်တဲ့
သဒ္ဓါ
နဂါးကို စိတ်ဝင်စားတယ်...
ခင်မင်တဲ့
နေ၀သန်
အင်း...နတ်သမီးပြောတာကို အပြည့်အဝယုံပါတယ်..။
ဒါမျိုးတွေက အတော်တော့ထူးဆန်းတယ်ဗျ...။
အလှူအတန်းပြုဖြစ်တဲ့အခါမှာ သူတို့ကို အမျှဝေပေးနော်...
အတိတ်ဘဝရယ် မသိစိတ်ရယ် အစွဲအလန်းတွေရယ် အားလုံး ဆက်စပ် နေမယ် ထင်တယ် ...
မမြင်ရတဲ့ ဘုံဘဝသား အားလုံးကို မေတ္တာပို့ သ အမျှဝေပေါ့ လေ ....
ဥပါဒ် ဒါန်ကြောင့် ဥပါဒ် မရောက်စေဖို့ လည်း သတိပြုပါ ...
( စကားမစပ် ..နဂါးတို့ မျက်စောင်း အကြောင်း သုံးပါး မရွေးဘူး ဆို ပဲ ...း)) )
ခင်တဲ့
မကိ ။
သံသရာ တစ်ကြောက ဆွေတော်မျိုးတော်တွေ ဖြစ်နိုင်သလို ဆောင်းတွင်းအိမ်မက်လဲ ဖြစ်နိုင်တယ်.. သို့သော် ခဏခဏ ဆိုတော့ ထူးဆန်းတယ်...
မေတ္တာသုတ်ရွတ် အမျှအတန်းဝေပါလေ။
မဖြူ
ဘာမှ အကွန့် တက်စရာမလိုအောင်ကို ယုံကြည်ပါတယ်..
၃၁ဘုံမှာဆွေမျိုးမတော်စပ်ဘူးသူမရှိဘူးလို့ မှတ်သားနာကြားဘူးပါတယ်..။
လက်ခံတယ်..။
ဥပါဒါန်အစွဲတော့မထးပါနဲ့ ..ဘာဥပါဒ်မှမဖြစ်ပါဘူး..မဖြူစိတ်ပါရင် ရွှေလက်စွပ်လေးကိုနဂါးပတ်ပုံလေးလုပ်
်ဝတ်ကြည့်ပါလား...လက်ညှိုးမှာလေ..။
မဖြူလူမသိအောင်ရည်မှန်းထားတဲ့ ကိစ္စ၂ခု...
အေးဆေးပေါ့..း)
အများကြီးပြောမပြချင်ပါဘူး။
စကားမစပ် ..
မဖြုကို ဘယ်လိုစာပို့ ရမလဲ မသိပါ..
naungngzaw@gmail.com
အတိတ်ဘဝရယ် မသိစိတ်ရယ် အစွဲအလန်းတွေရယ် အားလုံး ဆက်စပ် နေမယ် ထင်တယ် ...
မမြင်ရတဲ့ ဘုံဘဝသား အားလုံးကို မေတ္တာပို့ သ အမျှဝေပေါ့ လေ ....
ဥပါဒ် ဒါန်ကြောင့် ဥပါဒ် မရောက်စေဖို့ လည်း သတိပြုပါ ...
( စကားမစပ် ..နဂါးတို့ မျက်စောင်း အကြောင်း သုံးပါး မရွေးဘူး ဆို ပဲ ...း)) )
ခင်တဲ့
မကိ ။
သံသရာ တစ်ကြောက ဆွေတော်မျိုးတော်တွေ ဖြစ်နိုင်သလို ဆောင်းတွင်းအိမ်မက်လဲ ဖြစ်နိုင်တယ်.. သို့သော် ခဏခဏ ဆိုတော့ ထူးဆန်းတယ်...
မေတ္တာသုတ်ရွတ် အမျှအတန်းဝေပါလေ။
အမမှာ အစောင့်အရှောင့်ရှိလိမ့်မယ်။
မြွေတွေနဲ့ အရင်ဘဝက အဆက်ရှိခဲ့ဖူးတယ် ထင်တယ်...
အစ်မ နတ်သမီးရဲ့ မြွေနဂါး အိပ်မက် အကြောင်းလေး လာဖတ်ပါတယ်။ အင်းနော်... လောကမှာလည်း ဒီလို ထူးဆန်းတဲ့ အဖြစ်တွေ ရှိတတ်တယ်။ မြွေနဂါးတို့ ဘာတို့ ဆိုတာ ပာိုးး တစ်ချိန်က တကယ် ရှိခဲ့တာလားပာင်။ ရို့စ်လည်း မြွေချစ်တယ်။ ရို့စ်ကို ရို့စ် အမေ ကိုယ်ဝန်ဆောင်ခဲ့စဉ်က အမေ့ဗိုက်ကို မြွေ အကြီးကြီး တစ်ကောင် ရစ်ပတ်ထားတယ်လို့ အိပ်မက် မက်ခဲ့တယ်တဲ့။ ရို့စ်လည်း မြွေမြင်ရင် သိပ်သဘောကျတာ။ အပီားး သူများတွေကတော့ အဆိပ်ရှိတဲ့ မြွေဆိုတော့ အသက် အန္တရာယ် ပေးနိုင်တဲ့ပာာကို ကြံကြံဖန်ဖန် သဘောကျတယ်လို့ ဆိုတယ်။ အစ်မ ကျန်းမာ ပျော်ရွှင်ပါစေရှင်။
ညီမနတ်သမီးရေ အမကိုလည်း ဆရာတော်တပါးက ဟောဖူးတယ် ညည်းက နဂါးဆက်တဲ့၊ ဘာပဲဖြစ်ဖြစ် အမကတော့ အဲဒါတွေ စိတ်ထဲ မထားပဲ လှူတဲ့တန်းတဲ့အခါသာ မေတ္တာပို့ အမျှဝေလိုက်တာပဲ။ ရှည်လျားလှတဲ့ သံသရာမှာ နိဗ္ဗာန်က လွဲလို့ မရောက်ဖူး မဖြစ်ဖူးတဲ့နေရာမှ မရှိဘဲ ညီမရယ်...။ အဆက်တွေ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိ ဘဝ ပစ္စုန်သာ ကြည့်ပါ ညီမရေ...
ချစ်ကြည်အေး
လာဖတ်သွားတယ်သူငယ်ချင်းရေ... မရောက်ဖြစ်တာကြာသွားတာ ဆောရီးနော်...
မြွေ ဆိုတာ လျှို့ဝှက် ဆန်းကျယ်မှု့တွေရဲ့ သင်္ကေတ လို ပါပဲ။
ထူးဆန်းတယ်နော်။ ဒီထက်ထူးဆန်းတာတွေလည်း တွေ့နိုင်သေးတယ်။ လူကြီးတွေပြောသလို ရေတော့ ရှောင်တာ ကောင်းမယ်ဗျ။ ကျွန်တော်ကတော့ မြွေတွေလိုက်တာ မက်ဖူးတယ်။ ဘုရားတရားပိုလုပ်ပေါ့။
မမရေ...
ဥပမာ တစ်ခုနဲ့ပြောရရင် ....
ဒီကနေ့ အဖြူရောင်နတ်သမီးဆိုတဲ့ လူသားတစ်ယောက်ကို နှင်းကတွေ့ရတယ်ဆိုပါတော့...။
အရင်နေ့တွေကလဲ အဖြူရောင်နတ်သမီးဆိုတဲ့လူသားတစ်ဦးဟာ ကမ္ဘာမြေပေါ်မှာရှိခဲ့ဘူးတယ်လို့ တစ်ယောက်ယောက်ကပြောလာရင် နှင်းကမျက်စေ့စုံမှိတ်ပြီးငြင်းလို့ရတယ်...။
ဟင့်အင်း မဖြစ်နိုင်ဘူး အရင်က ငါသူနဲ့တစ်ခါမှမတွေ့ခဲ့ဘူးဘူး ခုမှတွေ့ဘူးတာ ဘာနဲ့သက်သေပြမှာလဲလို့မေးလို့ရတယ် ....။စိတ်ထဲမှာတော့ မနေ့ကရှိလို့ ဒီနေ့ကိုယ်မြင်ရတယ်ဆိုတာကို လက်ခံနေပြန်တယ်....။
အဲဒီလိုပါပဲ နှင်းပြောတဲ့သဘောတရားလေးကို အခြေခံကြည့်ခြင်းအားဖြင့် မမသဘောပေါက်နားလည်မယ်လို့ယူဆမိတယ်...။
အရင်ဘ၀ဘ၀က အကြောင်းတရားတွေကို လူတွေမြင်သာအောင် နားလည်အောင်ပြောပြဖို့ ရှင်းပြဖို့ သက်သေအထောက်အထားတွေပြဖို့ခက်ပေမယ့် ရင်ထဲမှာကိုယ့်ဘာသာ လက်ခံယုံကြည်လို့ရနေတာတွေအများကြီးရှိနေတတ်တယ်....။ မမရဲိ့ပ်မက်က ထူးခြားသလို အံ့သြဆန်းကြယ်မှုတစ်ခုပါပဲ...။ အကောင်းဆုံးကတော့ နဂါးသိုက်နန်းရှင်တွေ သိုစောင့်တွေ ၊ ဘ၀အဆက်ဆက်က ဆွေဟောင်းမျိုးဟောင်း မိဟောင်းဘဟောင်း ဘိုးဘွားဟောင်းတွေလို့တိုင်တည်ပြီး ကောင်းမှုကုသိုလ်လုပ်ခြင်း အမျှပေးဝေခြင်းမေတ္တာပို့ခြင်းတွေနဲ့ အမြဲနေထိုင်သွားပါလို့ အကြံပြုပါတယ်....။
တကယ်စိတ်ဝင်စားစရာကောင်းတဲ့အိမ်မက်လေးပါပဲ။ အိမ်မက်နောက်ကိုတော့ အရမ်းကြီးစိတ်မစွဲလမ်းမိပါစေနဲ။ တစ်ချို့အရာတွေက စွဲလမ်းလွန်းအားကြီးသွား၇င် စိတ်ဖိစီးမှုတွေဖြစ်လာတတ်ပါတယ်။ စိတ်ဖိစီးမှုတွေဖြစ်ပြီး ကိုယ့်ရဲ့ အိမ်မက်က ဖြစ်စေချင်တဲ့အတိုင်း ကိုယ်မလုပ်ပေးနိုင်တာတို့၊ လုပ်ပေးခွင့်မရတာတို့ကနေ စိတ်သောကရောက်တတ်ပါတယ်။ ဒါောကာင့် အရမ်းတော့ မစွဲလမ်းပါနဲလို့ တိုက်တွန်းပါတယ်။
ဒါပေမယ့် အိမ်မက်ထဲကကိုယ်နဲဆက်စပ်တဲ့သူတွေအားလုံးကိုတော့ ကိုယ်ကေင်းမှုပြုတိုင်း အမျဝေပေးပါ။ မမေ့ပါနဲလို့မှာလိုက်ပါရစေ။
အိမ်မက်ထဲက ကဗျည်းမထိုးရသေးတဲ့ဘုရားလေးမှာ ကဗျည်းထိုးပြီးလှူနိုင်တဲ့ ဘုရားဒကာမလေးဖြစ်ပါစေ.... အဲဒီအိမ်မက်တွေက ကိုယ့်ရဲ့သာသနာပြုလုပ်ငန်းမှာ များစွာအထောက်ကူပြုပါစေ.....ဟု ဆုတောင်းပေးပါတယ်။
ထူးတော့ထူးဆန်းတယ်။ ကျွန်တော် လဲ အဲလိုမျိုးတွေမက်တတ်တယ်။ မြွေကိုမက်တာတော့မဟုတ်ဘူး။ နန်းတော်ပျက်ထဲရောက်သွားတာတို့။ နန်းတော်ပျက်ထဲကနေထွက်ခွင့်မရှိတာ မျိုးမက်တယ်။ အဲလိုမက်ပြီးရင် စိတ်ထဲမှာ တစ်မျိုးဖြစ်နေရော။ ကျွန်တော် ပုဂံသွားလည်တော့ စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်နေပြန်ရော။ အိမ်မက်ထဲက ပုံနဲ့တူသလိုဖြစ်နေတယ်။ ကျွန်တော် ပုဂံကို အရမ်းစိတ်ဝင်စားသွားပြီး အဲဒီမှာဘဲ နေချင်တဲ့စိတ်တွေ ဖြစ်နေမိတယ်။ ကျွန်တော် ပုဂံသွားတုန်းက ဒီနေ့သွားပြီး နောက်တစ်ရက်ဆိုတာနဲ့ပြန်လိုက်ရတော့ ကျွန်တော်မှာ ဝမ်းနည်းပြီး ငိုလိုက်ရတာ။ စိတ်ထဲမှာ အရမ်းဝမ်းနည်းတာ။ ကျွန်တော်က ပုဂံကို ရှုခင်းအနေနဲ့ သွားချင်တာမဟုတ်ဘူး။ ကျွန်တော် အိမ်မက်နဲ့ ပုဂံက ဆက်စပ်မှုရှိနေတယ်လို့ ကျွန်တော်ထင်နေတာ။
ဘိုးမင်းခေါင် ပေးသည့် အိပ်မက်၊ နောက်တစ်ခုက ခွေးနက်ကြီးနှစ်ကောင် နဲ့ အိပ်မက် ဆိုပြီး အိပ်မက် အကြောင်းနဲ့ ပတ်သက်လို့ Aung.info မှာ ရေးထားဖူးပါတယ်။ ဖတ်ကြည့်ပါဦးလား။
ဖတ်သွားပါတယ်...
တရားထိုင်ဖို့ပဲ ပြောတတ်တယ်...
အေးချမ်းပါစေ....
Post a Comment