Thursday, February 17, 2011

အဖြူရောင်နဲ့ အနက်ရောင်ကို ညီတူညီမျှကြိုက်တဲ့ ကိုဏီလင်းညို




ကိုဏီလင်းညို: ဟေ့......နှပ်သောင်ဘီးးးးး

me: ဟေးးးးးးးးးးးးးးးးးးကိုဏီကြီး သတိရတယ်အရမ်းပဲ

ကိုဏီလင်းညို:
ကျုပ်လည်း....ရပါ့ဗျား.....

me: နေကောင်းလား

ကိုဏီလင်းညို:
ဟား....ဟား.......


me:
မေကြီးနဲ့ပျော်နေတယ်ပေါ့ ...
နွယ်နဲ့ရော အဆင်ပြေရဲ့လား

ကိုဏီလင်းညို: လာသေးတယ်.......
စာထဲကဟာတွေပါဟ..... စာရေးတာလေ...ဟိဟိ

me: ကိုဏီ့မွေးနေ့ရောက်တော့မယ်နော်
နောက်၆ရက်ဆိုရင်

ကိုဏီလင်းညို:
ဟုတ်ပါ့ဗျား

me:
မွေးနေ့လုပ်ပေးချင်လို့၊ ငြင်းမှာလား

ကိုဏီလင်းညို:
မငြင်းပေါင်ဗျား

me: :)...အင်း ဒါဆို လာဖတ်နော်

ကိုဏီလင်းညို: ကိုဏီက လုပ်ပေးရင်တောင်ကျေးဇူးတင်ရဦးမည်......

me:
ဒါဆို အဲဒီနေ့ကျရင် လာဖတ်နော်

ကိုဏီလင်းညို:
ဟုတ်ပြီ

me: Blogspot မှာ နတ်သမီးဆိုတာ မရှိတော့ရင်တောင် သူ့ရဲ့ ဒိုင်ယာယီလေးတခု ကျန်ခဲ့ချင်လို့ပါ၊
သူချစ်တဲ့သူငယ်ချင်းတွေ၊ သူချစ်တဲ့ ကဗျာ တွေ၊ သူရေးခဲ့တဲ့ သူ့ဘဝရဲ့ တစိတ်တဒေသတွေပေါ့

ကိုဏီလင်းညို: ရက်စ်ပါဗျား

me: ကိုဏီ ဘာအရောင်ကိုအကြိုက်ဆုံးလဲ

ကိုဏီလင်းညို:
အဖြူရောင်နဲ့ အနက်ရောင်ကို ညီတူညီမျှကြိုက်သည်။

me:
အင်း

ကိုဏီလင်းညို:
အလုပ်မဆင်းရဘူးလားဟ

me: အခန်းထဲမှာ အခန်းရှင်းနေတာ

ကိုဏီလင်းညို:
ရဲဘော် ဆက်လုပ်.........ဟားဟား

me: ဟုတ်...မွေးနေ့ကျရင်တွေ့မယ်နော် တာ့တာ သတိရတယ် ငါ့အကိုကြီးကို

ကိုဏီလင်းညို:
အိုကေပါဗျား

အဲဒီလိုနဲ့ပဲ အဖြူရောင်နဲ့ အနက်ရောင်ကို ညီတူညီမျှကြိုက်တယ်ဆိုတဲ့ အကိုလို ခင်မင်ရတဲ့ “ကိုဏီလင်းညို ရဲ့မွေးနေ့ပွဲလေးကို လုပ်ဖြစ်ခဲ့ပါတယ်။
ထုံးစံအတိုင်း ကျမရဲ့ဝါသနာအရ Google ကနေ Virus ၁၈ကောင်အကိုက်ခံပြီးရှာထားတဲ့ စားဖွယ်သောက်ဖွယ်ရာများကို မျက်စိအရသာခံ သုံးဆောင်ရင်း“ ကိုဏီလင်းညို ရဲ့မွေးနေ့ပွဲလေးကို ဆင်နွှဲလိုက်ကြရအောင်လားရှင်...။

အရောင်၊အနံ့၊အရသာနဲ့ပြည့်စုံတဲ့ Cocktails တချို့ပါ



ဒါကတော့ မမူး မူးအောင်ကို စပယ်ရှယ်ဖျော်စပ်ထားတဲ့ အရက်မျိုးစုံပါဝင်တဲ့ Punch ပါ
စတော်ဗယ်ရီပေါ်ချိန်မို့ စတော်ဗယ်ရီMilk shakeလေး




ဂျပန်စတိုင်လ် ပုဇွန်ဂျင်းကပ်ကြော်(စားကြည့်လိုက်ရင် ဂျင်းအနံ့လေးနဲ့ မွမွလေး)



ဒင်းမ်ဆန်းအစုံအလင်...


ပုဇွန်ထုတ်ကြိုက်သူများအတွက်...





Sea food plata ပါ...


စတော်ဗယ်ရီ အချိုပွဲများ




အဖြူရောင်နဲ့ အမဲရောင် စပ်ထားတဲ့ စတော်ဗယ်ရီမွေးနေ့ကိတ်လေးနဲ့အတူ...




ကိုဏီကြိုက်တဲ့ အဖြူရောင်နဲ့ အနက်ရောင်ပါတဲ့ မွေးနေ့ကဒ်လေးပါ


ကဒ်လေးထဲမှာရေးထားတာကတော့...
ကိုဏီရေ...
ဘဝဆိုတာ တကယ်တော့ သိပ်ကို တိုတောင်းတဲ့အချိန်ကာလလေးတခုပါ..။
အဲဒီကာလလေးအတွင်းမှာ မိသားစုသွေးသားရင်းမဟုတ်ကြပေမယ့် တစ်မြေထဲမှာမွေးပြီး ကံအကြောင်းကြောင့် အချင်းချင်း သိကြွမ်းခင်မင်ခွင့်ရခဲ့ကြတဲ့ ညီမတို့ အကိုတို့ဟာ မြန်မာသွေးမောင်နှမတွေပဲ မဟုတ်လား။

အခုလို ပွင့်လင်း ရိုးသားတဲ့ကိုဏီရဲ့ မွေးနေ့ပွဲလေးဟာ ကိုဏီ့အတွက် အမှတ်တမဲ့မှ အမှတ်တရဖြစ်ပါစေ...မြန်မာလူမျိုးအချင်းချင်း မောင်နှမအရင်းချာလို ရိုင်းပင်းကုညီတတ်တဲ့ ကိုဏီတစ်ယောက် ရောက်လေရာမှာ အခက်ခဲများကြားမှကျော်လွှားနိုင်ပြီး ကူညီမယ့်သူပေါ်ပါစေ...။
အမျိုး၊ဘာသာ၊သာသနာကို ထိန်းသိမ်းနိုင်တဲ့ ယောက်ျားကောင်းတစ်ယောက်ဖြစ်ပါစေ...။
မိဘကို ကျေးဇူးဆပ်နိုင်တဲ့ သားကောင်းတစ်ယောက်ဖြစ်ပါစေ...။
မိမိရဲ့ မိသားစုကို နွေးထွေးလုံခြုံမှုပေးနိုင်တဲ့ ၊ အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်ပါစေ...။
ကိုယ်ချစ်သောသူနဲ့အမြန်ဆုံး လက်တွဲနိုင်ပါစေ...။
ဘဝမှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ကိုယ်ဖြစ်ချင်သော ဘဝကို အမြန်ဆုံးလျှောက်လှမ်းနိုင်ပါစေ..လို့ ဆုတောင်းပေးလိုက်တယ်နော်..။
(ဟူးးးးးးးးးးးး...မောလိုက်တာ...)



ဒါလေးကတော့ ကိုဏီရဲ့ဘဝမှာ အမှတ်တရဖြစ်စေမယ့်အရာတွေကို လုံခြုံစွာ သိမ်းဆည်းထားနိုင်ပြီး သတိရတိုင်းထုတ်ကြည့်နိုင်တဲ့ အဖြူရောင်နဲ့အနက်ရောင်ပါတဲ့ Memory Hard Disk လေးပါ..
ကိုဏီလင်းညိုရဲ့ ၁၈.၀၂.၂၀၁၁(သောကြာနေ့)မှာကျရောက်တဲ့ မွေးနေ့မှစ၍ လိုအင်ဆန္ဒအားလုံး ပြည့်ဝနိုင်ပါစေသော်....
Happy Birthday.... “ကိုဏီလင်းညို”


မှတ်ချက်။ ။ စံတော်ချိန်ချင်းမတူလို့ တစ်ရက်ကြိုပြီး ဒီပို့စ်လေးကို ကြိုတင်လိုက်ပါတယ်။
ကိုဏီလာဖတ်တဲ့အခါ comment တချို့ကိုပါ ဖတ်စေချင်လို့ပါ။
ကိုဏီ့အတွက် အမောပြေပေါ့..။
ကိုဏီတစ်ယောက် မွေးနေ့မှာ ပြုံးရွှင်နိုင်ပါစေရှင်။

49 comments:

မောင်လေး said...

ပျော်ရွင်ကြည်နူးဖွယ်မွေးနေ့လေးဖြစ်ပါစေ...ကိုဏီရေ....။
နတ်သာမီးလည်း အစစအရာရာ အဆင်ပြေပါစေဗျိုးးးး

ဆွေလေးမွန် said...

ယနေ့ကျရောက်သော မွေးနေ့မှသည် နောင်နှစ်ပေါင်း များစွာတိုင် စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့် ဘ၀ရဲ့ အောင် မြင်မှုများကို ပိုင်ဆိုင်နိုင်ပါစေ ကိုဏီးရေ..

မရေ စိတ်ကူးလေးကောင်းတယ်

နေ၀သန် said...

Happy Birthday ပါ ကိုဏီးရေ..း)).. ပို့စ်လေးက ထူးထူးဆန်းဆန်းပုံစံလေးနဲ့ရေးထားတယ်.. မိုက်စ်...

ခင်မင်တဲ့
နေ၀သန်

အနော် said...

ပျော်ရွှင်တဲ့မွေးနေ့တိုင်းကို ပိုင်ဆိုင်နိုင်ပါစေ ကိုဏီလင်းညိုရေ..
အမ နတ်သမီးက ဗိုင်းရပ်စ် ၁၈ ကောင် အကိုက်ခံပြီးရှာထားတဲ့ စားသောက်စရာတွေကို ဗိုက်ထဲက ပိုး ၁၈ ကောင် ထကြွသလိုမျိုး တကွီကွီအော်မြည်ပြီးကို စားချင်မိတယ် :D
အပြင်မှာ တကယ်စားရရင် ကောင်းမယ် ဟိဟိ :)

ကိုကိုမောင်(ပန်းရနံ့) said...

မွေးနေ့ရှင် ကိုဏီကော မွေးနေ့ဆုတောင်ပေးတဲ့ နတ်သမီးလေးရော ပျော်ရွှင်မှုအပေါင်းနဲ့ ပြည့်စုံပါစေ။ ကြည်နူးမှုအပေါင်းနဲ့ ပြည့်စုံပါစေ။ ကျန်းမာချမ်းသာကြပါစေ။

နတ်သမီးလေးတည်ခင်းကျွေးမွေးတဲ့ဟာလေးတွေကို အစုံအလင်စား(ကြည့်)သွားပါတယ်။

အဆင်ပြေပါစေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

လရိပ်အိမ် said...

Happy birthday ကိုဏီလင်းညို , may this day always be a special one to remember.
ကြိုဆုတောင်းပေးထားမယ် ၊ နက်ဖန်မလာမိမှာဆိုးလို့ပါ။

မြစ်ကျိုးအင်း said...

ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေ သူငယ်ချင်းရေ
အစစအရာရာအဆင်ပြေပါစေ။
မမေ့မလျော့သတိရတဲ့ နတ်သမီးရဲ့ အစီအစဉ်လေးကလည်း ကောင်းလွန်းတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုဏီရေ
Happy Birthday ပါ။
မွေးနေ့မှာ ပျော်ရွှင်ကျန်းမာ စိတ်ရွှင်လန်းပါစေနော်
စိတ်ဆန္ဒအားလုံး ပြည့်ဝပါစေ
မိသားစုနဲ့အတူ ချစ်ခင်ကြည်လင်စွာ ရာသက်ပန် ပျော်ရွှင်နိုင်ပါစေနော်

ညီသူအိမ် said...

လောကထဲ ရောက်အောင် မွေးထုတ်ပေးခဲ့တဲ့
အမေ့ကို အရင်ဆုံး ဦးချနော်အကို..။
ပြီးတော့ မိဘနှစ်ပါးအရိပ်အောက်မှာ
အဖိုးတန်တဲ့ သြ၀ါဒလေးတွေ နားထောင်ရင်း
တစ်နေ့တာကို အေးချမ်းငြိမ်သက်စွာ
ဖြတ်သန်းနိုင်ပါစေပေါ့..။

တောက်ပကြယ်စင် said...

မွေးနေ့ကိတ်ကြီးကို မဘုဉ်းပေးရလည်း ဘုဉ်းပေးလိုက်ရသကဲ့သို့ အာရုံပြုကာ ကိုဏီကြီးရော နတ်သမီးပါ ယခုချိန်မှစ၍ နောင်နှစ်ပေါင်းများစွာတိုင်အောင် ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းအပေါင်းနှင့် ပြည့်စုံနိုင်ကြပြီး အမျိုး၊ ဘာသာ၊ သာသနာကိုလည်း ဆတက်ထမ်းပိုး တိုးကာတိုးကာ ပြုနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်ခင်ဗျာ...

ခြင် said...

ဏီဏီလေးတယောက် ဘဝတလျှောက်လုံး... အပျော်တွေ အများကြီး ပိုင်ဆိုင်နိုင်ပါစေ..... (အဲဒီထဲမှာ ရေခဲမုန့် အရေပျော် ချောကလက် အရေပျော် ပျော်လို့ရတာမှန်သမျှ အကုန်ပါတယ်နော်.... ) ဟီး

အင်္ဂါဟူး said...

အော် အန်တီညို့တောင် အသက် 18 နှစ်ပြည့်ပြီးကို.. ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေ ကိုဏီလင်းညို (အန်တီညို)ရေ....။


နတ်သမီးရဲ့ ရှာဖွေချက်တော့ လက်လန်တယ်.။

ကိုဇော် said...

ပျော်ရွှင်စရာကောင်းသော မွေးနေ့ နှစ်ပတ်လည်နေ့များကို ပိုင်ဆိုင်နိုင်ပါစေဗျား . . .

အဖြူရောင်နတ်သမီး said...

“စာကြွင်း ... မွေးနေ့ပေမယ့်လည်း ကျွန်တော် ဘာအထိမ်းအမှတ်မှ မလုပ်ဖြစ်ပါဘူးခင်ဗျာ...။ သာမန်လက် လုပ်လက်စား ဆင်းရဲသားမို့.... ဘလော့ဂ်ပေါ်မှာလည်း... ဘာမှ မကျွေးနိုင်တာခွင့်လွှတ်ကြပါလို့....:D”...

ဆိုတဲ့ မနှစ်(ဒီအချိန်)က ကိုဏီ ရေးခဲ့တဲ့ ပို့စ်လေးတစ်ခုကြောင့် ဒီနေ့ (၁၈.၀၂.၂၀၁၁)မှာကျရောက်တဲ့ မွေးနေ့ကို ရောက်အောင် (၁)နှစ်လုံးလုံးစောင့်ခဲ့ရပါတယ်။

ကဲ..
ကိုဏီရေ...
မနှစ်တုန်းက မလုပ်ခဲ့ရတဲ့ မွေးနေ့ပွဲအတွက် ဒီနှစ်မှာတော့ ကိုဏီ့အတွက် အွန်လိုင်းမွေးနေ့ပွဲလေးတခု လက်ဆောင်ပေးလိုက်တယ်နော်...။

Happy Birthday ပါ ကိုဏီရေ..။

မာမီကျောက် said...

ဏီးဏီးရေ...
မွေးနေ့လေးမှာ ပျော်ရွှင်နိုင်ပါစေ..

Anonymous said...

ကိုဏီးရေ သတိရတယ်ဗျိုးးးး
ပျော်ရွှင်မှုများနဲ့သာကြုံတွေ့ပါစေ..။
ခင်မင်တဲ့
မြတ်မွန်

လင်းခေတ်ဒီနို said...

ကိုဏီး ချစ်အကိုကြီး ဘက်ပီးဟက်ဒေးပါလို့း))))

မိုးငွေ့...... said...

ဆယ့်ငါးယောက်မြောက်တဲ့ စားစရာတောင်ကျန်ပါ့မလား..။
နတ်သမီးလုပ်ပေးတဲ့ မွေးနေ့ထဲမှာ ကိုဏီ့မွေးနေ့ရဲ့ အကျွေးအမွေးကို အကြိုက်ဆုံးပဲ....။
မောင်လေးဏီဏီရေ.....ဒီမွေးနေ့မှ နောင်နှစ်ပေါင်းများစွာတိုင် ကိုယ်ချစ်ခင်တဲ့ သူတွေနဲ့အတူအေးအေးချမ်းချမ်းနေထိုင်သွားနိုင်ပါစေလို့ ဆုတောင်းလိုက်တယ်နော်....။
အင်း...ဗိုက်တော်တော်တင်းသွားပြီ....။ ကျေးဇူးနတ်သမီးလေ.....


ခင်တဲ့
မိုးငွေ့

Anonymous said...

HAPPY BIRTHDAY PAR :)
ွှပျော်ရွှယ်ဖွယ်မွေးနေ့နှင့်အတူ
သာယာချမ်းမြေ့တဲ့မိသားစုဘဝလေးကိုပိုင်နိုင်ပါစေရှင်း
မိုး
အဖြူကြည်ရောင်ခွက်ထဲကပန်းရောင်ပျော့ပျော့ စတော်ဗယ်ရီမစ်shake သုံးဆောင်သွားပြီနော်း)

SHWE ZIN U said...

happy birthday ပါ ကိုဏီ ရေ

နတ်သမီး ရေ အမ အတွက်လည်း မွေးနေ့လုပ်ပေးအုန်းနော် စားစရာတွေက ကောင်းလွန်းလို့

ခင်မင်စွာဖြင့်
ရွှေစင်ဦး

blackroze said...

ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ..ကိုဏီရေ...
မွေးနေ့မှာကျွေးတာတွေကတော့ရှယ်ပါဘဲလေ...

Ingjin said...

ကိုဏီးးးးးးးး
ညီမလေးတို့တွေကို သတိရောရသေးရဲ့လား.....မြန်မာပြည်မှာ အရမ်းပျော်နေပြီလား....နေရောကောင်းသွားပြီလား...
ငါ့အစ်ကိုကြီးဒီမွေးနေ့မှသည်နောင်နှစ်များစွာတိုင်အောင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတွေနဲ့အတူ အောင်မြင်ပျော်ရွှင်မှုတွေကိုသာ ရရှိပိုင်ဆိုင်နိုင်ပါစေ....

ကိုဏီးအတွက် မွေးနေ့ကို အခုလို ပြည့်ပြည့်စုံစုံစီစဉ်ပေးတဲ့ မမအဖြူရောင်နတ်သမီးကိုလည်း ချီးကျူးမိတယ်။း)

ညီမလေး
အင်ကြင်း

မောင်မျိုး said...

ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ ကိုဏီ ရေ နတ်သမီးနဲ့ကျနော်တော့ တူနေပြီး ကျနော်လည်း သူများမွေးနေ့တွေ ခဏခဏအမှတ်တရပို့စ်တင်လို့ မွေးနေ့ပွဲစားတောင်ဖြစ်တော့မယ် ဒါမယ့် ပျော်တယ်း)

မောင်လေး said...

ဟီင်္း....ဆောတီး နတ်သာမီးရေ....၊ဝဲက စွဲလိုက်မစွဲလိုက်နဲ့
ခုတော့ကင်းသွားပြန်ပြီ...။တရက်လောက်တော့ကြည့်လိုက်ဦးမယ်...၊တောင်းပန်တယ်ဗျိုးးးးးး)

phyophyo said...

ကိုဏီ ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ
နတ်သမီးလေးလည်း ပျော်ရွှင်ချမ်းမြေ့ပါစေ။

ချမ်းလင်းနေ said...

ဏီလင်း....အတွက် သူဆိုဒ်မှာ သွားဆုတောင်းပြီးပြီ။
ဒီမှာ လာဆုတောင်းပေးတာ။
ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေလို့ပါ။
သူ့ကဗျာဟောင်းတွေဖတ်ပြီး သတိရနေတယ်လို့။

SHWE ZIN U said...

မွေးနေ့နီးရင်ပြောမယ်နော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

လရိပ်အိမ် said...

Happy birthday ကိုဏီလင်းညို , may this day always be a special one to remember.
ကြိုဆုတောင်းပေးထားမယ် ၊ နက်ဖန်မလာမိမှာဆိုးလို့ပါ။

အင်ကြင်း said...

ကိုဏီးးးးးးးး
ညီမလေးတို့တွေကို သတိရောရသေးရဲ့လား.....မြန်မာပြည်မှာ အရမ်းပျော်နေပြီလား....နေရောကောင်းသွားပြီလား...
ငါ့အစ်ကိုကြီးဒီမွေးနေ့မှသည်နောင်နှစ်များစွာတိုင်အောင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတွေနဲ့အတူ အောင်မြင်ပျော်ရွှင်မှုတွေကိုသာ ရရှိပိုင်ဆိုင်နိုင်ပါစေ....

ကိုဏီးအတွက် မွေးနေ့ကို အခုလို ပြည့်ပြည့်စုံစုံစီစဉ်ပေးတဲ့ မမအဖြူရောင်နတ်သမီးကိုလည်း ချီးကျူးမိတယ်။း)

ညီမလေး
အင်ကြင်း

blackroze said...

ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ..ကိုဏီရေ...
မွေးနေ့မှာကျွေးတာတွေကတော့ရှယ်ပါဘဲလေ...





blackroze

မိုး said...

HAPPY BIRTHDAY PAR :)
ွှပျော်ရွှယ်ဖွယ်မွေးနေ့နှင့်အတူ
သာယာချမ်းမြေ့တဲ့မိသားစုဘဝလေးကိုပိုင်နိုင်ပါစေရှင်း
မိုး


အဖြူကြည်ရောင်ခွက်ထဲကပန်းရောင်ပျော့ပျော့ စတော်ဗယ်ရီမစ်shake သုံးဆောင်သွားပြီနော်း)

မိုးငွေ့ said...

ဆယ့်ငါးယောက်မြောက်တဲ့ စားစရာတောင်ကျန်ပါ့မလား..။
နတ်သမီးလုပ်ပေးတဲ့ မွေးနေ့ထဲမှာ ကိုဏီ့မွေးနေ့ရဲ့ အကျွေးအမွေးကို အကြိုက်ဆုံးပဲ....။
မောင်လေးဏီဏီရေ.....ဒီမွေးနေ့မှ နောင်နှစ်ပေါင်းများစွာတိုင် ကိုယ်ချစ်ခင်တဲ့ သူတွေနဲ့အတူအေးအေးချမ်းချမ်းနေထိုင်သွားနိုင်ပါစေလို့ ဆုတောင်းလိုက်တယ်နော်....။
အင်း...ဗိုက်တော်တော်တင်းသွားပြီ....။ ကျေးဇူးနတ်သမီးလေ.....


ခင်တဲ့
မိုးငွေ့

လင်းခေတ်ဒီနို said...

ကိုဏီး ချစ်အကိုကြီး ဘက်ပီးဟက်ဒေးပါလို့း))))

မြတ်မွန် said...

ကိုဏီးရေ သတိရတယ်ဗျိုးးးး
ပျော်ရွှင်မှုများနဲ့သာကြုံတွေ့ပါစေ..။


ခင်မင်တဲ့
မြတ်မွန်

မာမီကျောက် said...

ဏီးဏီးရေ...
မွေးနေ့လေးမှာ ပျော်ရွှင်နိုင်ပါစေ..

အဖြူရောင်နတ်သမီး said...

“စာကြွင်း ... မွေးနေ့ပေမယ့်လည်း ကျွန်တော် ဘာအထိမ်းအမှတ်မှ မလုပ်ဖြစ်ပါဘူးခင်ဗျာ...။ သာမန်လက် လုပ်လက်စား ဆင်းရဲသားမို့.... ဘလော့ဂ်ပေါ်မှာလည်း... ဘာမှ မကျွေးနိုင်တာခွင့်လွှတ်ကြပါလို့....:D”...

ဆိုတဲ့ မနှစ်(ဒီအချိန်)က ကိုဏီ ရေးခဲ့တဲ့ ပို့စ်လေးတစ်ခုကြောင့် ဒီနေ့ (၁၈.၀၂.၂၀၁၁)မှာကျရောက်တဲ့ မွေးနေ့ကို ရောက်အောင် (၁)နှစ်လုံးလုံးစောင့်ခဲ့ရပါတယ်။

ကဲ..
ကိုဏီရေ...
မနှစ်တုန်းက မလုပ်ခဲ့ရတဲ့ မွေးနေ့ပွဲအတွက် ဒီနှစ်မှာတော့ ကိုဏီ့အတွက် အွန်လိုင်းမွေးနေ့ပွဲလေးတခု လက်ဆောင်ပေးလိုက်တယ်နော်...။

Happy Birthday ပါ ကိုဏီရေ..။

ကိုဇော် said...

ပျော်ရွှင်စရာကောင်းသော မွေးနေ့ နှစ်ပတ်လည်နေ့များကို ပိုင်ဆိုင်နိုင်ပါစေဗျား . . .

အင်္ဂါဟူး said...

အော် အန်တီညို့တောင် အသက် 18 နှစ်ပြည့်ပြီးကို.. ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေ ကိုဏီလင်းညို (အန်တီညို)ရေ....။


နတ်သမီးရဲ့ ရှာဖွေချက်တော့ လက်လန်တယ်.။

ခြင် said...

ဏီဏီလေးတယောက် ဘဝတလျှောက်လုံး... အပျော်တွေ အများကြီး ပိုင်ဆိုင်နိုင်ပါစေ..... (အဲဒီထဲမှာ ရေခဲမုန့် အရေပျော် ချောကလက် အရေပျော် ပျော်လို့ရတာမှန်သမျှ အကုန်ပါတယ်နော်.... ) ဟီး

တောက်ပကြယ်စင် said...

မွေးနေ့ကိတ်ကြီးကို မဘုဉ်းပေးရလည်း ဘုဉ်းပေးလိုက်ရသကဲ့သို့ အာရုံပြုကာ ကိုဏီကြီးရော နတ်သမီးပါ ယခုချိန်မှစ၍ နောင်နှစ်ပေါင်းများစွာတိုင်အောင် ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းအပေါင်းနှင့် ပြည့်စုံနိုင်ကြပြီး အမျိုး၊ ဘာသာ၊ သာသနာကိုလည်း ဆတက်ထမ်းပိုး တိုးကာတိုးကာ ပြုနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်ခင်ဗျာ...

ညီသူအိမ် said...

လောကထဲ ရောက်အောင် မွေးထုတ်ပေးခဲ့တဲ့
အမေ့ကို အရင်ဆုံး ဦးချနော်အကို..။
ပြီးတော့ မိဘနှစ်ပါးအရိပ်အောက်မှာ
အဖိုးတန်တဲ့ သြ၀ါဒလေးတွေ နားထောင်ရင်း
တစ်နေ့တာကို အေးချမ်းငြိမ်သက်စွာ
ဖြတ်သန်းနိုင်ပါစေပေါ့..။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုဏီရေ
Happy Birthday ပါ။
မွေးနေ့မှာ ပျော်ရွှင်ကျန်းမာ စိတ်ရွှင်လန်းပါစေနော်
စိတ်ဆန္ဒအားလုံး ပြည့်ဝပါစေ
မိသားစုနဲ့အတူ ချစ်ခင်ကြည်လင်စွာ ရာသက်ပန် ပျော်ရွှင်နိုင်ပါစေနော်

မြစ်ကျိုးအင်း said...

ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေ သူငယ်ချင်းရေ
အစစအရာရာအဆင်ပြေပါစေ။
မမေ့မလျော့သတိရတဲ့ နတ်သမီးရဲ့ အစီအစဉ်လေးကလည်း ကောင်းလွန်းတယ်။

ကိုကိုမောင်(ပန်းရနံ့) said...

မွေးနေ့ရှင် ကိုဏီကော မွေးနေ့ဆုတောင်ပေးတဲ့ နတ်သမီးလေးရော ပျော်ရွှင်မှုအပေါင်းနဲ့ ပြည့်စုံပါစေ။ ကြည်နူးမှုအပေါင်းနဲ့ ပြည့်စုံပါစေ။ ကျန်းမာချမ်းသာကြပါစေ။

နတ်သမီးလေးတည်ခင်းကျွေးမွေးတဲ့ဟာလေးတွေကို အစုံအလင်စား(ကြည့်)သွားပါတယ်။

အဆင်ပြေပါစေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

အနော် said...

ပျော်ရွှင်တဲ့မွေးနေ့တိုင်းကို ပိုင်ဆိုင်နိုင်ပါစေ ကိုဏီလင်းညိုရေ..
အမ နတ်သမီးက ဗိုင်းရပ်စ် ၁၈ ကောင် အကိုက်ခံပြီးရှာထားတဲ့ စားသောက်စရာတွေကို ဗိုက်ထဲက ပိုး ၁၈ ကောင် ထကြွသလိုမျိုး တကွီကွီအော်မြည်ပြီးကို စားချင်မိတယ် :D
အပြင်မှာ တကယ်စားရရင် ကောင်းမယ် ဟိဟိ :)

နေဝသန် said...

Happy Birthday ပါ ကိုဏီးရေ..း)).. ပို့စ်လေးက ထူးထူးဆန်းဆန်းပုံစံလေးနဲ့ရေးထားတယ်.. မိုက်စ်...

ဆွေလေးမွန် said...

ယနေ့ကျရောက်သော မွေးနေ့မှသည် နောင်နှစ်ပေါင်း များစွာတိုင် စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့် ဘ၀ရဲ့ အောင် မြင်မှုများကို ပိုင်ဆိုင်နိုင်ပါစေ ကိုဏီးရေ..

မရေ စိတ်ကူးလေးကောင်းတယ်

မောင်လေး said...

ပျော်ရွင်ကြည်နူးဖွယ်မွေးနေ့လေးဖြစ်ပါစေ...ကိုဏီရေ....။
နတ်သာမီးလည်း အစစအရာရာ အဆင်ပြေပါစေဗျိုးးးး

မောင်မျိုး said...

ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ ကိုဏီ ရေ နတ်သမီးနဲ့ကျနော်တော့ တူနေပြီး ကျနော်လည်း သူများမွေးနေ့တွေ ခဏခဏအမှတ်တရပို့စ်တင်လို့ မွေးနေ့ပွဲစားတောင်ဖြစ်တော့မယ် ဒါမယ့် ပျော်တယ်း)

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger