ပုံတွင်ပြထားသည့်အတိုင်း ဘေးတဖက်စီကို အလယ်သို့ခေါက်ပါ
၂ဖက်လုံးကို ဤကဲ့သို့ ခေါက်ပါ
ထိပ်ချိန်လေးများကို ဟပြီး ပြားချလိုက်ပါ
ပုံတွင်မြင်ရသည့်အတိုင်း အခေါက်သေးလေးများဖြစ်အောင် ထပ်ခေါက်ပါ
ထိပ်ချွန်လေးများကို ဟပြီး ပြားချပါ
ထိုသို့ ၄ဖက် ၄တန်ပန်းပွင့်ပုံသဏ္ဌာန်ဖြစ်သွားပြီဆိုလျှင် မိမိကြိုက်ရာထိပ်ချွန်တဖက်ကို အခြားတဖက်နှင့် ပူးပါ(ခေါက်ပါ)
ထိုအဆင့်များပြီးသွားလျှင်တော့ ပုံတွင်မြင်တွေ့ရသည့် “ စက္ကူ အသဲလှလှလေး” တခု ကို ချစ်သူအတွက် လက်ဆောင်ပေးလို့ရပါပြီရှင်...
ကိုကို မောင်မောင်တို့အတွက် ချစ်သူ့အတွက် လက်ဆောင်ဝယ်ဖို့ မေ့ခဲ့သည့်အခါ မိမိတို့ရဲ့ချစ်သူများ ရွှေစိတ်တော်မညှိုးစေရန် လျှပ်တပျက် အသဲလက်ဆောင်လေး ပေးနိုင်ရန် စက္ကူခေါက်နည်းလေးကို လက်ဆောင်အဖြစ် မျှဝေလိုက်ပါတယ်ရှင်...။
1 comments:
နှစ်ထပ်အသဲပုံခေါက်တာပဲသိတယ်။ ဒီနည်းမသိသေးဘူး။စမ်းကြည့်ဦးမယ်
Post a Comment