ရှေ့က အမများ၊ ညီမများက ဟင်းချက်နည်းအမျိုးမျိုးကို ကြည့်ရင်း ကျမလည်း အားကျလာတာကြောင့် ဒီနေ့တော့ “မှိုအစာသွတ်ကြော်” လုပ်နည်းလေးကို တင်ပြလိုက်ရပါတယ်။
“မှိုအစာသွတ်ကြော်” အတွက် လိုအပ်တဲ့ ပစ္စည်းများကတော့...
၁။အသင့်ဆေးကြောပြီးသားမှို
၂။ပြောင်းမှုန့်
၃။Carnation မုန့်ကြွပ်အမှုန့်
၅။ဂဏန်းအသားချောင်း
၆။Water Chestnuts(ရေသစ်ချသီး)
၇။ကြက်သား၊ ၈။ကြက်ဥ ၊
၉။အချိုမှုန့် နှင့်
၁၀။ဆားအနည်းငယ်တို့ဖြစ်သည်။
ရှေးဦးစွာ ကြက်သားအနည်းငယ်၊ ဂဏန်းအသားချောင်း၊Water chestnuts၊ အချိုမှုန့်အနည်းငယ်၊ ဆားအနည်းငယ်တို့ရောနှောပြီး ပုံတွင်ပြထားသည့်အတိုင်း တောက်တောက်စင်းပါ။ပြီးလျှင်တော့ မှိုထဲသို့ သွတ်ပါ။
အစာသွတ်ပြီးသား မှိုများကို ပြောင်းမှုန့်များနှင့် လူးပါ။
သွတ်ထားသော အစာများထွက်ကျမလာစေရန် ကြက်ဥရည်ထဲနှစ်၍ မုန့်ကြွပ်မှုန့်များနှင့်ကပ်ပါအားလုံး ပြီးလျှင်တော့ ဆီများများနှင့်ကြော်ပြီးလျှင်တော့
အသင့်စားသုံးနိုင်ပြီဖြစ်တဲ့ “မှိုအစာသွတ်ကြော်”လေးများကို ပုံပါအတိုင်းတွေ့မြင်ကြရပါပြီ။
“မှိုအစာသွတ်ကြော်”လေးများကို သူငယ်ချင်းများနှင့်စကားပြောရင်း အပျင်းပြေလုပ်စားကြည့်လိုက်ကြရအောင်လားရှင်။
Dear Angel.....(23)
18 hours ago
22 comments:
ဒါတော့ စိတ်ဝင်စားတယ် :-)
i like it...
လုပ်ထားတာလေးကတော့မိုက်တယ်ဗျာ စားချင်စရာ
လေးတွေဘဲ အရသာလေးမြည်းရရင်ရှယ်ဘဲ :D
နတ်သမီးရေ တစ်ပွဲလောက် ကပ်လိုက်ပါဦး ဗိုက်စာလို့...ကျန်းမာပျော်ရွှင်ပါစေ
တောက်ပကြယ်စင်
တရုပ်ဆိုင်မှာလုပ်တုန်းကစားဖူးတယ်..ကြိုက်တယ်..
water chestnut ကို ဗမာလို ကျွဲခေါင်းသီး ခေါ်သလားမသိဘူး..
တရုပ်ဆိုင်မှာလုပ်တုန်းကစားဖူးတယ်..ကြိုက်တယ်..
water chestnut ကို ဗမာလို ကျွဲခေါင်းသီး ခေါ်သလားမသိဘူး..
စားချင်သည် မှိုအစာသွပ်ကြော် ။ လုပ်ရမှာ ပျင်းပါသည်။
ကြော်ပြီးသားနှစ်ပွဲပေးပါဗျာ
ဝေး
စားချင်စရာပါလား
စိတ်ဝင်စားတယ်တော့
Water Chestnuts ကို မြန်မာမှာတော့ ၀က်မြေဥ သို့မဟုတ် မြေဇာဥ လို့ ခေါ်ကြတယ်..
မြန်မာပြည် အလယ်ပိုင်းအောက်ပိုင်းတော့ ရှိမရှိ မသိဘူး
အစ်မတို့ ကချင်ပြည်နယ်မှာတော့ စားကြတယ်..
အစိမ်းကို ပြုတ်ပြီး သွားရေစာအဖြစ်စားကြတာများတယ်..
ဟင်းလဲချက်စားတယ်..
လွယ်တယ်နော် မမ
လုပ်စားကြည့်အုံးမယ်။
ကျေးဇူးပါမမ။
ကောင်းသောနေ့လေးဖြစ်ပါစေ။
မှိုထဲအစာသွပ်ထားတာစားချင့်စရာ
များသောအားဖြင့် မှိုကို တောက်တောက်စင်းပြီး တခြားမှာ သွပ်တဲ့အစာလုပ်တာ ဘဲ စားဖြစ်တယ်။ နောက်လုပ်စား အုန်းမှ
ညီမ မဲဝဲထိမှာစိုးလို့  အနောနီးမတ်နဲ့ ကော်မဲန့်ပေးမလို့  ညီမက အကောင့်နဲ့ဝင်ရတာ ဆိုတော့ အင်းလေ အမ ဘလော့က ဘာမှ မရေးဖြစ်တော့ ၀ဲကင်းပါတယ်
စားချင်စရာကြီး . . . .
သြော် . .အွန်လိုင်းပေါ်က နှိပ်စက်သူ နောက်တစ်ယောက် တိုးပြန်ပါပေါ့လား။
( အွန်လိုင်းပေါ်က နှိပ်စက်ခြင်း ကင်းဝေးကြပါစေ )
တော်တော် စားလို့ကောင်းမယ့်ပုံပဲ။ ခက်တာက မှိုကြီးကြီး ရှိမှ လုပ်စားကြည့်လို့ရမယ်။
အစ်ကို့ ဇနီး ပါရမီဖြည့်ဖက်လေးလည်း အချက်အပြုတ်တွေရေးတယ်။
အဆန်းဘဲသူငယ်ချင်းရေ... တစ်ခါမှမစားဖူးဘူး...
စားဖူးချင်တယ်...
တခါမှမစားဖူးဘူး။စားချင်စရာလေးနော်။
လုပ်နည်းလေးသိရတာကျေးဇူးပါနော်။
အိမ်မှာဝယ်ထားတဲ့ မှိုတွေကုန်သွားမှ ဒီပို့စ်လေးဖတ်လိုက်မိတယ်။
နောက်တခေါက်ဝယ်မှပဲ လုပ်စားတော့မယ်။
လုပ်စားကြည့်ဦးမယ် မမအဖြူရောင်လေးရေ
စားချင်စရာလေးနော်
နှင်းက မှိုဆို အရမ်းကြိုက်တယ်
ဆီနဲ့ အဲလို ခြောက်ခြောက်လေး ကြော်တဲ့ဟာတွေဆိုလဲကြိုက်တယ်
ညီမလေး နှင်းဟေမာ
စားချင်စရာလေးးး ..
ပုံမှာ မြင်တော့
အာလူး ကပ်သလိတ်ကြော် ထင်နေတာ ..
မိုက်တယ် ...
လုပ်စားကြည့်အုံးမယ် ...
ကျေးးကျူးးးးးး ..း))
ခင်မင်လျှက်
ဆောင်းနှင်းရွက်
ပိုစ့်ဖတ်ပြီးတိုင်းမန့် လိုက်အဆင်မပြေတာနဲ့အမန့်ခဲ့ရဖူး
မှိုကြော်လေး လုပ်စားချင်စိတ်ပေါက်သွားပြီး
ကျေးကျေး နည်းသိရလို့း)
သာယာချမ်းမြေ့ပါစေရှင်း
အကတင်တုန်းက သဘောကျလို့ မန့်တာမရဖူး
ရေခဲမိုးလည်းဒီလိုပဲ ရေခဲမိုးလေးတွေကအသဲယားစရာလေးတွေ အဲမိုးမိရင်နာလား မိုးစက်ကြီးတော့ နာမှာပေါ့နော်
သာယာချမ်းမြေ့ပါစေရှင်း
မိုး
နတ်သာမီး လိုင်းပြောင်းပြီ...။ မှိုအစာသွပ်လေးက စားချင်စရာ လုပ်စားဦးမယ်...။ အဲဒါ မြေစာသီးလို့ခေါ်တယ်...။
ရှမ်းပြည်မှာပေါတယ်
ခင်တဲ့
မိုးငွေ့
water chestnut ကို ဆိုက်ပရပ်စ်ရောက်မှ စားဖူးတဲ့ ကျမအတွက် မြန်မာလို ဘယ်လိုခေါ်မှန်း တကယ်ကို တိတိကျကျမသိခဲ့ပါဘူး..။
အခုလို သူငယ်ချင်းများက အမည်ဖော်ပေးတဲ့အတွက် သူငယ်ချင်းများအားလုံးကို တကယ်ပဲ ကျေးဇူးတယ်ပါတယ်..။
တခါမှ မစားဖူးဘူး နတ်သမီးရေ
နည်းလေး ဝေမျှပေးတာကျေးဇူးတင်တယ်
ပုံထဲမှာ ကြည့်ရတာတော့ စားချင်စရာလေးနော်။
Post a Comment