သဲသောင်ကမ်းစပ်
လှိုင်းပျိုပုတ်ခတ်
ကြတ်ခွတ်သံတို့
တေးချိုချိုနဲ့...နှစ်သစ်ကိုကြို။
ပန်းမြက်ပင်တို့
ယိမ်းနွဲ့ကခုန်
ကကွက်စုံစုံ...နှစ်သစ်ကိုကြို။
ကောင်းကင်ထက်မှာ
လေဟုန်ကိုစီး တောင်ပံခြင်းယှက်
ကစားကြည်စယ်
ငှက်စင်ယော်တို့...နှစ်သစ်ကိုကြို။
ငှက်စင်ယော်တို့...နှစ်သစ်ကိုကြို။
နှစ်ဟောင်းကိုချန် နှစ်သစ်လမ်းမှာ..
စိတ်သစ် လူသစ် အသစ် အသစ်တွေနဲ့
လူမျိုးမပျောက် ယဉ်ကျေးမှုအောက်က
ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်
ကြိုဆိုကြမယ် နှစ်သစ်ကိုကွယ်...။
HAPPY MYANMAR NEW YEAR...
HAPPY MYANMAR NEW YEAR...
1:49 PM
လင်းထက်
Posted in: 

Nicosia Time
11 comments:
ကဗျာလေးလာအားပေးပါတယ်မမကြီး
နှစ်သစ်မှာပျော်ရွှင်ပါစေနော်
ကြိုဆိုပါတယ် နှစ်သစ်ရယ်..။
မွမွ နတ်သာမီး နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေ။
နံပြားအားလုံးကို ခွေးစားပါတယ်။
နှစ်သစ်မှာပျော်ရွှင်ကြပါစေ..။
Happy Myanmar New Year . . .
ကြိုပါတယ်ဗျာ...ကြိုပါတယ်...။ကြိုတာမှ တရုတ်နှစ်သစ်မှာ
လည်းကြို..၊သိုးဆောင်းနှစ်သစ်မှာလည်းကြို...၊ခုဒို့ရွေမြန်
မာနှစ်သစ်မှာလည်း အားရပါးရကို ကြိုပလိုက်တယ်...:D
နှစ်သစ်ကို နတ်သမီးကြိုဆိုသလို ကြိုဆိုလိုက်ပါတယ်။
ဒါနဲ့... နတ်သမီးလေး.. နှစ်ဆန်းတစ်ရက်နေ့ ဥပုသ်စောင့်ဖြစ်သေးလား။း))))
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
နမ်း..
မင်္ဂလာရှိသော နှစ်သစ်မှာ ကျန်းမာရွှင်လန်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး လိုအပ်သောဆန္ဒတွေ အားလုံးပြည့်ဝပါစေ.။
ချစ်တဲ့
သဒ္ဓါ
နတ်သမီးရေ မင်္ဂလာနှစ်သစ်ပါ ၊
နှစ်သစ်မှာ အစစအရာရာ ပိုပြီး တိုးတက်အောင်မြင်ပါစေ
အတူတူ ကြိုသွားပါတယ်။
နှစ်သစ်မှာ ပျော်ရွှင်ပါစေနော်...မတွေ့တာလည်း ကြာပြီ...ဘုန်းဘုန်းကို မှတ်မိပါသေးရဲ့လား...နှစ်သစ်ကို ကြိုဆိုတဲ့ကဗျာကို လာဖတ်သွားတယ်...ကောင်းတယ်...ကျန်းမာရွှင်လန်း အေးချမ်းပါစေနော်...
နေကောင်းပြီလား..ဘာဖြစ်လို့ အရေးပေါ်ဖြစ်သွားတာလဲ
Post a Comment