ဝိတ်ကလည်း တက်... ခါးက ဒါဏ်ရာက ကြာကြာထိုင်ရင် ပြန်ပြန်နာတာကြောင့် အညောင်းမမိအောင် မနက်မနက်ဆိုရင် ကမ်းခြေတလျှောက် ထထပြေးနေတာ ၂ပတ်တောင်ကျော်လာခဲ့ပါပြီ။
အဲဒီလိုပြေးတိုင်းလည်း လက်ထဲက ကင်မရာလေးနဲ့ ရှုခင်းလှလှတွေ့တိုင်း ဓာတ်ပုံတွေရိုက်ရတာလည်း အမောပါပဲ..။
ဒီတခါတော့ ဓာတ်ပုံကနေ တဆင့်တက်ပြီ ဗီဒီယိုရိုက်လာခဲ့ပါတယ်။
မနက်ဆည်းဆာအလှနဲ့ ပင်လယ်လေလတ်လတ်ဆတ်ဆတ်လေးကို ရှူရှိုက်ရင်း ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ် နတ်သမီးကို အားကျလို့ပဲဖြစ်ဖြစ် နတ်သမီးနဲ့အတူ တခါလောက် ပြေးကြည့်လိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်...။
ကဲ...
ပြေးလိုက်ကြစို့ သူငယ်ချင်း...
၁...
၂...
၃.....
အဲဒီနေရာလေးကိုရောက်ရင် ခနနားပါတယ်..။
ပင်လယ်ကြီးကိုကြည့်ပြီး ရင်ထဲက ခံစားချက်လေးတွေကို စာရွက်လေးထဲမှာ ချရေးတတ်ပါတယ်...။
တောင်ကုန်းပေါ်မှာ ကဗျာရေးနေတဲ့ နတ်သမီး
အဲဒီလိုစာတွေရေးပြီးတဲ့အချိန်မှာတော့ နေက မွန်းတည့်ချိန်ရောက်နေပြီလေ..
အဲဒီလို အချိန်ဆိုရင် နေရောင်ကို အပြည့်အဝ ရမှ ပွင့်တဲ့ ခရမ်းရောင် Irish ပန်းလေးတွေကလည်း အလုအယက်ပွင့်လို့နေကြပြီပေါ့....။
အဲဒါတွေပြီးရင်တော့ လမ်းဘေး တဖက်တချက်မှာ ပွင့်နေတဲ့ ပန်းတချို့ကို ဘုရားကပ်ဖို့ ခူးပြီးအိမ်ပြန်ခဲ့ပါတော့တယ်..။
Dear Angel.....(23)
18 hours ago
14 comments:
ရှုခင်းလေးတွေလှလိုက်တာကွယ်... အဲလိုနေရာမျိုးနဲ့နီးရင် နေ့တိုင်း မပြေးဖြစ်တောင် လမ်းတော့လျှောက်မိမှာ...
ပြေးတာကောင်းသည်ဟုမှတ်သားဘူးပါသည်၊
ပြေးနိုင်တဲ့သူတွေပြေးကြပေါ့
ဒါမှာလည်း ကိုယ်လုံးလေးလဲမဝ ကျန်းမာအလှတိုးမှာပေါ့၊
မမရဲ့ စိတ်အပန်းဖြေ တဲ့ပုံစံလေး အရမ်းသဘောကျ မိတယ်...
ဝိတ်ချနေတယ်ပေါ့လေ.. ဟုတ်လားအစ်မ.. :)
ကျွန်တော်ကတော့ ဖုန်ခါမလို့ဟာ တံမြက်စည်းနဲ့ ခါရင်ကောင်းမလား ဖုန်ခါတံနဲ့ခါရင်ကောင်းမလား စဉ်းစားနေတာ..
ကိုယ်တောင် ဒီလိုနေရာလေး လိုက်ပြေးချင်မိသေးတယ်
စိတ်ချမ်းသာဖို့ကောင်းလိုက်တာ...
ပြေးထား.. အားမလျော့နဲ့
ဘေးမှာ အဖော်ပါတယ် သဘောထားး)
ဝိတ်ချနေသူတိုင်း ၀ိတ်ကျပါစေ.. :P..
ခင်မင်လျက်
နေ၀ဿန်
အိုင်းရစ်ပန်းလေးတွေကို ချစ်တယ်....နတ်သမီး ဒီလောက်ပြေးတာ ၀ိတ်တော်တော်ကျလောက်ပြီ ဒီတစ်ခေါက်ပြန်လာရင် အရမ်းကိုလှနေမှာသေချာတယ်..။
ခင်တဲ့
မိုးငွေ့
ကဗျာဆန်တယ်နော်..ငါ့အမကတော့ :)
နတ်သမီး ဘုရားပန်းခူးတာနဲ့ တောပြုန်းတော့မယ်။း)))
ကမ်းစပ်ဆိုတော့ ပင်လယ်ရေကို ဖြတ်သန်းလာတဲ့ လေကြောင့် အသားတွေ ညိုကုန်တော့မှာဘဲ။ အင်းလေ... နတ်သမီးတို့က အပိုမပြောဘူး ညိုချော စာရင်းဝင်တွေကိုးးးးးးး)))
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
ရှုခင်းလေး လှ လိုက် တာ..
ပင်လယ်ထဲက ရေသူထီးများ ထွက်လာမလား မသိ ..နော် ..
ပြေးထား ပြေးထား..နတ်သမီးရေ ။
လိုက်သူရှိရင်တော့ မပြေးနဲ့ . .
ရပ်ပြီး အဖမ်းသာ ခံ လိုက် ..ဟိဟိ
ဒါမှ စွံမှာ .. ဟားဟား
ခင်တဲ့
မကိ..
ပြေး . . ပြေး . . . ဒို့ဂျီးတော်ကြီး ပထမ ။ ရှေ့မှာ တီဗီပုံးခွံကြီးက စောင့်နေတယ် ...............................................................................................................................................................လို့ ငယ်ငယ်က သူများကို နောက်ခဲ့တာ ပြန်အမှတ်ရမိတယ်။
အခုတော့ အသက်အရွယ်အရ ပြေးသင့်ပါတယ်။ နောင်ရေး အတွက် အိုကေတာပေါ့ . . . ပြေးသာ ပြေး . . . . .
လာလည်ချင်လိုက်တာ နတ်သမီးလေးရယ်... လာလည်ရမလား... :))
ပြေးတာက ဟုတ်ပါပြီ..ဘယ်သူက ပြေးခိုင်းတာတုန်း ၊ ဘယ်သူက နောက်က လိုက်လာလို့တုန်း၊ တို့များ ညစားလေးစားလိုက် ကတင်ပေါ်ပြေးတက်ပြီး ရုပ်ရှင်ကြည့်လိုက်နဲ့.. တစ်သားမှ မမွေးပဲ။ ဗိုက်ကလေးကို ၀ လို့ လှလို့ ပါအေ။ ပိန်လို့ လှလို့ ပါလား လို့ တစ်ခါမှ မှမကြားဖူးပဲကိုး။
နတ်သမီးရေ။
နောက်ဆို ပြေးမယ်ဆိုအကြောင်းကြာားဦးနော်။ အဖော်လိုက်မလို့။ ပြေးတဲ့အားကစားကို လုပ်ရမှာတော့ ပျင်းပါ့။မောလွန်းလို့။ငယ်ငယ်ကတော့ သူငယ်ချင်းတွေ စုစုပြီး ကျောင်းတော့ ခဏခဏပြေးဖူးတယ်။အဟဲ။ နှစ်သစ်မှာ ပျော်ရွှင်ပါစေ။
Post a Comment