လူတွေပြောပြောနေတဲ့“စကား”
“အမှန်တရား” ....တဲ့“အမှန်” နောက်မှာ“တရား” ရှိပေမယ့်
“တရား” မရှိကြတဲ့သူတွေကြား
“အမှန်” ဆိုတာရော ရှိပါအုံးမည်လား
လူတွေ..လူတွေ
ပြောတော့ “တရား” လုပ်တော့“အမှား”
ဝမ်းစာအတွက် တဏှာရမ္မက်ဖက်
စိတ်ဓာတ်ကိုအရောင်ဆိုး
အမှောင်ကို တိုးနေကြတယ်
ဘုရားမရှိ တရားမသိ
မေတ္တာတရားတွေခေါင်းပါး
စာနာစိတ်တွေမထား
မစ္ဆယစိတ်တွေပွားများ
ဘာသာ သာသနာကိုစော်ကား
ငရဲကိုလားဖို့အတွက်
ထင်ရာစိုင်းပြီး ရမ်းကားနေလိုက်ကြတာ...
ဒီလိုပါပဲ...
အလင်းရောင်အောက်က
ဖြူစင်ခြင်းတွေခါးသီး
ကမ္ဘာကြီးလည်း ဥပက္ခာပြုခဲ့ပြီ
အဖြူတွေအားနည်း
အမဲ+အမဲခြင်းလက်တွဲ
အဖြူ=အမဲဆိုတာ ကွယ်ပျောက်
ညီမျှခြင်းမရှိတော့တဲ့ အရောင်ပျောက်တဲ့ အလင်းအောက်
နေရောင်အောက်က...ငါ
အရောင်မဲ့စွာ လမ်းဆက်လျှောက်ရအုံးမှာ....။
18 comments:
နမ်းရေ
ညီမျှခြင်းဆိုတာတွေပျောက်နေတဲ့ ခေတ်ကြီးထဲမှာ
အရောက်ပျောက်နေတဲ့ အလင်းရောင်အောက်မှာပဲ
တကိုယ်စာအလင်းလေးနဲ့ ဝိုင်းကူဖေးမလို့ လျှောက်ကြရအောင်လေ.။
ချစ်တဲ့
သဒ္ဓါ
မမရေယယကဗျာလေးလာဖတ်တာပါ..
အလုပ်မများတဲ့ဆော့ဝဲတင်ထားတယ်..လာယူနော်..
မမရေ ကဗျာလေး ခံစားအားပေး သွားလျှက်...
ကောင်းသောနေ့လေး ဖြစ်ပါစေလို့..
မရှိဘူး နတ်သမီးရေ...ညီမျှခြင်းဆိုတာ...ဒီကမ္ဘာကြီးမှာ
ဘယ်တုန်းကမှမရှိခဲ့တာ...။မရှိလည်း လျှောက်ရဦးမှာ
ပဲလေ..နော့
ကဗျာရဲ့ အနှစ်က အတော်လေး လေးနက်တယ်.... အရမ်းကြိုက်တယ်.....း)))
ခင်မင်လျက်
နေ၀ဿန်
ကဗျာလေး သိပ်ကောင်းတယ် ညီမရေ
မှတ်တာပေါ့..ဖြူစင်ခြင်းတွေပျောက်ကွယ်ကုန်ကြပြီ...
ဘယ်သူတွေ ဘာပြောပြော ကိုယ့်လမ်းကိုကတော့ ဆက်လျှောက်နေရဦးမှာပါပဲ။
အမှန် နောက်မှာ တရားရှိတယ်...
ဟုတ်တယ်နော်.။
ကိုယ့်တရားနဲ့ကိုယ် ကိုယ့်အလင်းကိုယ်ထွန်းပြီး ဆက်လျှောက်ပါလေ။ ဒါ ဘဝပဲ မဟုတ်လား။
အဲဒီလူတွေ ကြားထဲမှာ ဆက်လျှောက်မယ်ပေါ့ အဲလိုလား ... :P
နေမှာပါ အရောင်မရှိတော့ တာလားဟင်?
အားလုံးပြည့်စုံ လှပတဲ့ ကဗျာလေးပါပဲ။
နောက်ဆုံး နှစ်ကြောင်းပဲ ခေါင်းစားသွားတယ်။
ဒီလိုပဲ ဆက်လျှောက်ရမှာပဲ ညီမ နတ်သမီးရေ...။ အမှန် အမှားတွေ အဖြူ အမဲတွေ... ဥပက္ခောပြုခဲ့ကြတာ ကြာပေါ့....။ သူ့သမိုင်းနဲ့သူပေါ့ နတ်သမီးရေ....
လူညစ်တွေကြား ငါကားအဖြူ
သွေးကူရောယှက် အရောင်စွက်သော်
မနက်ဖြန်မှာ
ငါဘာရောင်များပြောင်းမည်နည်း...
လွန်ခဲ့တဲ့ ငါးနှစ်လောက်က ရေးဖြစ်ခဲ့တဲ့ ကဗျာလေးပါ။ စိတ်ကူးတူ အတွေးတူနေလို့ ပြန်ရေးပြမိတယ်...
မစ္ဆရိယ လို့ ပေါင်းတယ်ထင်တယ် ညီမရေ။ ကဗျာဖတ်သွားပါတယ်။ အနုပညာဆိုတာ ရင်ထဲက ခံစားရတာကို ဖွဲ့နွဲ့ကြရတာလို့ ထင်ပါတယ်။ စိတ်မဆိုးနဲ့နော်။ ရေးဖော်ချင်းမို့ ခံစားမိတာ ပြောရရင် ညီမက ဒေါသထွက်မှ ကဗျာရေးသလို ဖြစ်နေတယ်။
ဟုတ်ပ ကိုဆူးသစ်ရေ..
အဲလိုဖြစ်နေတယ်..
ပေါက်ကွဲသံစဉ်တွေများနေတယ်..
လာအုံးမယ်.. နောက်ပို့တစ်ခု...
ပေါက်ကွဲအုံးမှာ..မျှော်...
ကဗျားလေးကကောင်းတယ်ဗျ. အားပေးခဲ့ပါတယ်. အမှတ်တရသတိတရနဲ့ပေါ့ မအဖြူရောင်ရေ.
ညီမျှခြင်းမရှိတော့တဲ့ အရောင်ပျောက်တဲ့ အလင်းအောက်
နေရောင်အောက်က...ငါ
အရောင်မဲ့စွာ လမ်းဆက်လျှောက်ရအုံးမှာ....။
(ညီမျှခြင်းတွေမရှိတော့တဲ့နောက်တော့
အရာရာဟာတစ်ဘက်စွန်းကျနေတော့မှာပေါ့
ဒီတော့ကျွန်တော်လည်းနေရောင်အောက်မှာ
အရောင်မဲ့စွာလွင့်လိုက်အုံးမယ်အစ်မရေ..)
Post a Comment