
စွဲလန်းမြင်မက်
လမိုက်ညမှာ
အလင်းတန်းအောက်က
ကဗျာနန်းတော်
ပြန့်ကျဲကြေမွ
သူ့ရဲ့ကဗျာအပိုင်းအစများ...
ကိုယ့်ရင်ခွင်ထဲ
တစချင်း ကောက်ထည့်
နွေးထွေးပွေ့ပိုက်
တရှိုက်မက်မက်
ကိုယ်နမ်းရှိုက်လိုက်တဲ့ တဒင်္ဂ...
ကဗျာရဲ့ဖျားယောင်းခြင်း အဆိပ်ငွေ့တွေကြား
ကိုယ့်နှလုံးသားလေး မူးမိုက်ရီဝေခဲ့ဖူးတဲ့
အိပ်မက်ထဲက
သူ့ရဲ့...
“ကဗျာနန်းတော်”
9 comments:
ကဗျာနန်းတော်ထဲ ၀င်ရောက်ခဲ့ပါတယ်။ ကဗျာအပိုင်းအစလေးတွေ လိုက်ကောက်ရင်း သံယောဇဉ်အငွေ့အသက်တွေ ရှူရှိုက်သွားမိရော။
နတ်သမီးရဲ့နန်းတော် ပြအိုးပစ္စင်တွေနဲ့ တင့်တယ်နိုင်ပါစေကြောင်း ဆုတောင်းပေးခဲ့ပါတယ်။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
သူ့ရဲ့ ကဗျာနန်းတော်ထဲက အဖြူရောင် နတ်သမီးလေးပေါ့။နောင်တချိန်မှာ တကယ့်ရင်ခွင်နန်းတော်လည်း ဖြစ်လာနိင်မှာပဲမဟုတ်လား။
ကဗျာမှာတောင် နတ်သမီးရဲ့ အတ္တပေါ်လွင်တယ်.. ဘာတဲ့.. “တစ်စချင်း ကောက်ထည့်” တဲ့ သူများကို ဝေမျှမယ် မစဉ်းစားဘူး .. ကိုယ့်အိပ်ထဲ ကောက်ထည့်ဖို့ ပဲ... ဟွန်း။ :P :P :P
ပုံ/
ဒေဝေါ
ကဗျာဖတ်ပြီး တစ်စုံတစ်ရာ ခံစားသွားမိတယ်
စိတ်မကောင်းစရာဘဲ..း(
ကိုယ့်ရင်ခွင်ထဲ
တစချင်း ကောက်ထည့်
ကဗျာရဲ့ဖျားယောင်းခြင်း အဆိပ်ငွေ့တွေကြား
ကိုယ့်နှလုံးသားလေး မူးမိုက်ရီဝေခဲ့ဖူးတဲ့
အိပ်မက်ထဲက
သူ့ရဲ့ . . . . . ခံစားချက် သိပ်ကောင်းတယ်
ဒီကလေးမ ခုတလော ကဗျာတွေချည်းစပ်နေပါရောလား...
ကဗျာ ခြွေလို့
ကြွေတဲ့ ခရေ
နမ်းရှိုက်သူကို
မူးမိုက်စေခဲ့ပြီ...............
ကဗျာနန်းတော်ထဲ ဝင်ပြိး ခံစား အားပေးသွားတယ်မမ.
သင်တန်းလေးကြောင့် ပု့မှန်မရောက် ဖြစ်တာပါ...
ကောင်းသောနေ့လေး ဖြစ်ပါစေမမ။
ကဗျာနန်းတော် စံပျော်နတ်သမီး
ရင်းနှီးခင်မင် ပျော်ရွှင်စေကြောင်း
ဆုကိုတောင်းမည်
ရာသီတိုင်းမှာ လန်းဖြာစေ...
Post a Comment