Tuesday, June 28, 2011

ကိုကို..မောင်မောင်တို့အတွက် ချစ်သူအတွက် လျှက်တပျက် လက်ဆောင်



ပုံတွင်ပြထားသည့်အတိုင်း ဘေးတဖက်စီကို အလယ်သို့ခေါက်ပါ


ပိုနေသော စာရွက်သားများကို ဖြတ်ထုတ်ပြစ်ပါ




ဖြတ်ထုတ်လိုက်သော ဘက်မှ အထက်သို့ (၂ဖက်လုံး) ခေါက်ပါ။ ထိပ်အချွန်လေးကို ဟ၍ ဘေးတိုက်အနေထေားဖြစ်အောင် ပြန်ဖိပါ


၂ဖက်လုံးကို ဤကဲ့သို့ ခေါက်ပါ

လက်မနှင့် ဖိပြထားသောဒေါင့် ၄ဒေါင့်ကိုကျန်ရှိနေသော ထိပ်ချွန်၂ဆီသို့ ပြန်ခေါက်တင်ပါ




ပြီးလျှင် ပြောင်းပြန် ခေါက်ပါ




ထိပ်ချိန်လေးများကို ဟပြီး ပြားချလိုက်ပါ

ပုံတွင်မြင်ရသည့်အတိုင်း အခေါက်သေးလေးများဖြစ်အောင် ထပ်ခေါက်ပါ

ထိပ်ချွန်လေးများကို ဟပြီး ပြားချပါ

ထိုသို့ ၄ဖက် ၄တန်ပန်းပွင့်ပုံသဏ္ဌာန်ဖြစ်သွားပြီဆိုလျှင် မိမိကြိုက်ရာထိပ်ချွန်တဖက်ကို အခြားတဖက်နှင့် ပူးပါ(ခေါက်ပါ)





ထိုအဆင့်များပြီးသွားလျှင်တော့ ပုံတွင်မြင်တွေ့ရသည့် “ စက္ကူ အသဲလှလှလေး” တခု ကို ချစ်သူအတွက် လက်ဆောင်ပေးလို့ရပါပြီရှင်...

ကိုကို မောင်မောင်တို့အတွက် ချစ်သူ့အတွက် လက်ဆောင်ဝယ်ဖို့ မေ့ခဲ့သည့်အခါ မိမိတို့၏ချစ်သူများ ရွှေစိတ်တော်မညှိုးစေဖို့ လျှပ်တပျက် အသဲလက်ဆောင်ပေးနိုင်ရန် စက္ကူခေါက်နည်းလေးကို လက်ဆောင်အဖြစ် မျှဝေလိုက်ပါတယ်ရှင်...။

16 comments:

အလင်းသစ် said...

သေချာကိုကြည့်သွားပါတယ်။။။ တစ်နေ့နေ့တော့
အသုံးဝင်မယ်ထင်တယ်...:D

mstint said...

လုပ်နည်းလေးသဘောကျတယ် ရွှေဉာဏ်တော်လေး စူးရောက်ပါ့ အဖြူရောင်နတ်သမီးလေးရေ။ အန်တီတော့ ဦးအတွက် လုပ်ပေးမှထင်တယ်း))

မေတ္တာဖြင့်
အန်တီတင့်

Dream..(selda) said...

အသဲပုံလေးတွေ သူငယ်ချင်းက လက်ဆောင်ပေးဖူးတယ်.. လုပ်နည်းကို ခုမှပဲ သိတော့တယ် ..ကျေးကျေး..ပြီးတော့ ကဗျာလေးယူသွားလို့ ရမလားမသိဘူး.. dream က ကရင်လူမျိုးမို့လေ ဒီကဗျာလေး လိုချင်လို့ ..၆ တန်းကဗျာသာဆိုတာ Dream ကမှတ်တောင်မမှတ်မိတော့ဘူးလေ အဲ့ဒါကြောင့်..နော်

Dream..(selda) said...

နတ်သမီးလေးရေ..တစ်ခုမေးမလို့ ကဗျာထဲက နုရွှေကမ်းလား နုရွှေကွမ်းလားဟင်...
ကွမ်းလားလို့... dream လဲ သေချာသိဝူး

Han Kyi said...

အင်း...ကလေးတွေဆိုတော့ အသည်းလေးတွေ ဘာလေးတွေ လုပ်ကြပါစေဗျား...အခုမှ ၁၆နှစ် တစ်ရက်လျော့ပဲ ရှိသေးတယ်မဟုတ်လား နတ်သမီးရဲ့...အဲဒါကလေး ချိုးပြီး အိမ်ရှင်မကို လက်ဆောင်ပေးရပြန်ရင်လည်း မကြီးမငယ်နဲ့ သူငယ်ပြန်သလားဆိုပြီး ဗိုက်ခေါက်လိမ်ခံရမှာမို့ မှတ်ရုံပဲ မှတ်သွားတယ်...စိတ်နောက်ကိုတော့ ကိုယ်မပါတော့ပါဘူးလေ...

စကားမစပ် ဖိုးစော်ကဲ ကဗျာကို အခုမှပဲ ကောင်းကောင်းဖတ်မိတယ်...နေရာတော်တော်များများမှာ မှားနေတာတွေ့ရလို့ အစအဆုံး ပြန်ရေးပေးလိုက်ပါတယ်...

“ဖိုးစော်ကဲ”
လွမ်းမပြေ မန်းမြေတမိတော့
ကမ်းခြေမှာ စမ်းရေကျသံနှင့်
ဖြန်းလေက တသုန်သုန်။

တဲတစ်ဖက် ဆွဲဖျက်ကာအလျင်လိုရော့ထင့်
ကရင်အို ယာပြင်ကြီးမှာ
မီးထည့်ကာလှုံ။

မပူပေါင်နောက်ဆီကချမ်းရော့ထင့်
အဖြူစောင် ခေါက်ထည်ကြမ်းကိုလ
လွှမ်းတဲ့လို့လွှားကာခြုံ
ပါးမှာငုံပါလို့ ငုဝါကွမ်း။

ဘေးအိတ်ကိုလျှို
ဆေးလိပ်တို နားမှာထိုးပါလို့
တောင်ရိုးမှာ ဘာသာပျော်ကြ
အမိုးခေါ် ဖိုးစော်ကဲတို့မှာ
ကွင်းအငူ နှင်းမြူမစဲခင်က
တဲဖျက်တဲ့လမ်း။ ။

မော်ကွန်းသစ် said...

ချစ်သူကိုပေးလိုက်ပါ့မယ်...။

Anonymous said...

နတ်သမီးတို့များ သေသေချာချာကိုလုပ်ပြထားတာ...
တော်တော်စိတ်ရှည်တယ်နော်...
ဘယ်လိုပင်ပြပြ လုပ်မတက်ဘူးကွယ်...တုံးထှာ

Angelhlaing(May everybody be happy and healthy! said...

သေချာမှတ်ထားရမယ် မမ..:):)
ကောင်းသောနေ့လေး ဖြစ်ပါစေလို့ ဆန္ဒပြုရင်း..

ချော(အစိမ်းရောင်လွင်ပြင်) said...

ခေါက်နည်းအတွက်တော့ ကျေးဇူးပါ
ဒါပေမဲ့ ပေးရမဲ့သူမရှိ
ပေးမဲ့သူမရှိ
း)

မင်းခ said...

သဘောကျတယ်ဗျာ..အဲ့ဒါမျိုးလေးမလုပ်တက်သေးဘူး..ဟီးဟီး ကလိကြည့်လိုက်မယ်...:D

တောက်ပကြယ်စင် said...

ဟွန်း ဒီနည်းလေးလည်း မှတ်ထားဦးမှပဲ။ နမ်းမ၀ရေ ကျေးဇူးနော်။ ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...

နေ၀ဿန် said...

အဲ... လှလိုကတဲ့ အသည်းလေးဖြစ်သွားတယ်.. လုပ်ကြည့်ဦးမှ..


ခင်မင်လျက်
နေ၀ဿန်

ကိုကိုမောင်(ပန်းရနံ့) said...

အဲဒီလိုလုပ်ပြီး ပေးရင် တကယ် စိတ်ကောက် ပြေမှာလား မသိ။း)))

ခင်မင်လျက်

အဖြူရောင်နတ်သမီး said...

Dream>>>ကူးလို့ရပါတယ် ညီမငယ်ရေ..၊ အမလည်း ကဗျာလေးရဲ့အဓိပ္ပါယ်ကိုသဘောကျလို့ တင်ထားတာ၊ ကဗျာကအနေအထားမမှန်လို့ အကိုတွေ ဝင်ဝင်ပြီး ပြင်ပေးနေတာ ခနခနပါပဲ။

ကိုဟန်ကြည်>>>>ကျေးဇူး ကိုဟန်ကြည်ရေ။

ညိမ်းနိုင် said...

မိုက်ဒလယ်...ခက်တာက ပေးရမယ့်သူရှိဘူးရယ်...:(((

Anonymous said...

သားလည်းလာဖတ်သွားတယ်နော..ပြန်ရင်တော့၅ခုလောက်လုပ်ရမယ်ဟိဟိ..ဟုတ်ပါဝူး..တစ်ခုဆိုရမလားပဲနော

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger