Saturday, July 9, 2011

အငှါးဥယျာဉ်


ဧည့်ကြိုအလုပ်အပြင် ဆိုင်(၃)ဆိုင်က ဝန်ထမ်းတွေရဲ့ ဝတ်စုံတွေကိုချုပ်ရ၊ လက်သုတ်ပုဝါ၊ စားပွဲခင်း၊ ထိုင်ခုံစွတ်၊ တွေကိုပါ တာဝန်ယူ ချုပ်လုပ်ပေးနေရတဲ့အထဲ အပိုအလုပ်တခုပါ ထပ်လုပ်နေရပါတယ်။
အဲဒါကတော့ ဆိုင်က ပန်းပင်လေးတွေကို ပြုစုပျိုးထောင်ပေးရတဲ့အလုပ်ဟာ ကိုယ့်ဝါသနာနဲ့ ဆက်နွယ်နေတဲ့အလုပ်မို့ ကျမပျော်ပါတယ်။
ကျမနေရတဲ့အခန်းမှာ ၄ပေပတ်လည်ပြတင်းပေါက်တစ်ခုပဲရှိတဲ့အတွက် ပန်းပင်လေးတွေစိုက်ချင်ပေမယ့်လည်း အခွင့်ရေးမရခဲ့ပါဘူး။
ခုတော့ ဆိုင်က ပန်းပင်လေးတွေကို ပြုစုစောင့်ရှောက်ရတဲ့တာဝန်ကို ကျမရရှိခဲ့တဲ့အတွက် ကိုယ်ပိုင်ပန်းဥယျာဉ်မဟုတ်ပေမယ့်လည်း “အငှါးဥယျာဉ်”အဖြစ် ပန်းပင်လေးတွေကြားမှာ ကျမအလုပ်များနေခဲ့ပါတယ်။
ကျမရဲ့ အလုပ်ထဲမှာ လူပင်ပမ်း၊ စိတ်ပင်ပမ်းသမျှတွေကို ပန်းပင်လေးတွေထဲမှာ နှစ်မြှုတ်ရင်း ၂လလောက်တော့ အလုပ်တွေအရမ်းများနေရပါအုံးမယ်။
ရေးစရာတွေလည်း စိတ်ကူးထဲမှာ အများကြီးရှိပေမယ့် ရေးဖို့အချိန်မရတာကြောင့် ကျမရဲ့ဘလော့ဂ်လေးကို လာလည်ကြတဲ့ သူငယ်ချင်းတို့အတွက် အဆာပြေပို့စ်လေးအဖြစ် up to date လုပ်ပေးလိုက်ပါတယ်နော်...။
အပေါ်ဆုံးကပုံလေးကတော့“အဖြူရောင်နတ်သမီး” လို့အမည်ပေးထားတဲ့ ဇီဇဝါ ပန်းလေးများပွင့်နေတဲ့ ဆိုင်အဝင်ဝက ပန်းအိုးလေးပါ။(ပန်းတွေထဲမှာ ကျမအကြိုက်ဆုံးပန်းလေးလည်းဖြစ်ပါတယ်)။




အုတ်နံရံမှာ ကပ်ပေါက်နေတဲ့“Lucky Plant” နွယ်ပင်လေးများနဲ့ “ရွှေလာငွေလာ” ပန်းအိုးလေးရှိတဲ့ Private Room ထဲက ရေတံခွန်လေးပါ။
အဲဒီရေတံခွန်လေးကို ဓာတ်ပုံရိုက်တဲ့ မျက်နှာချင်းဆိုင်အနေအထား နေရာပါ။
ဆိုင်အပြင်ဘက်က စက္ကူပန်းပင်လေး၊ အခုမှ“စ”ပျိုးထားတုန်း



ဒီပန်းပင်လေးကို မှတ်မိကြအုံးမလားပဲ..၊ လွန်ခဲ့တဲ့ ဒီဇင်ဘာလတုန်းက ကျမခါးနာတဲ့အချိန်မှာ ဧည့်သည် Mr.David တို့လင်မယားက ကျမကို လက်ဆောင်ပေးခဲ့တဲ့ ပန်းပင်လေးကို ပန်းအိုးကြီးထဲ ပြောင်းစိုက်ထားတာ..၊ အပင်လေးတွေက (၃)ဆလောက်ပိုပွားလာတယ်..။



(၁၂)လရာသီလုံး ပန်းပွင့်တဲ့ Petounia “ပက်တိုနီးယား”လို့ခေါ်တဲ့ ပန်းလေးတွေပါ..၊
ပန်းနုရောင်၊ ပန်းရင့်ရောင်၊ အဖြူရောင်၊ ခရမ်းရောင်၊ အဝါရောင်နဲ့ အရောင်စပ်ကြားတွေရှိပါတယ်။
အနံ့လေးက သင်းသင်းလေးပါ။





ကျမက လူတမျိုး...
“ပန်း” ဆိုရင် ပွင့်မှကြိုက်တယ်၊ တခါပွင့်ပြီး အကြာကြီးနေမှ နောက်တခါထပ်ပွင့်တဲ့ ပန်းပင်မျိုးကို မစိုက်ချင်ဘူး၊
ဒီပန်းလေးတွေကတော့ နေ့တိုင်းကိုပွင့်တာ.. အမုန်းပါပဲ..(ရွဲ့ပြီးတော့ကို ပွင့်ပေးနေသလားပဲ)



ကျမရဲ့ အငှါးပန်းဥယျာဉ်လေးကို Video File လေးနဲ့ အကျယ်ကြည့်နိုင်ဖို့ တင်ပေးလိုက်ပါတယ်နော်..။





15 comments:

မိုးယံ said...

ရောက်တတ်ရာရာ သွားရင်း ရောက်တတ်ရာရာ ခေါင်းစဉ်အောက်က အငှားဥယျာဉ် ထဲမှာ အပန်းဖြေသွားသည်။

Anonymous said...

ပုံထဲမှာပါတဲ့ နွယ်ပင်လေးတွေ အရင်ဆိုင်မှာတုန်းက ပေနှစ်ဆယ်လောက်ရှိမယ် ရှည်နေတာကို ဖြတ်ပစ်လိုက်တာ...မျက်စိထဲရှင်းသွားတာဘဲ :P

Anonymous said...

မမရေ..မောင်လေးအတွက်စံပယ်ပင်လေးစိုက်ပေးထားနော်

တောက်ပကြယ်စင် said...

ဒကာမရေ အငှားဥယျာဉ်ထဲက ပန်းပင်လေးတွေ အကုန်လုံးသဗျာ။ (ဒီနေ့က အင်တာနက် လိုင်းသိပ်မကောင်းတာနဲ့ အပေါ်ဆုံးက ဇီဇ၀ါပုံနဲ့ အောက်က နှစ်ပုံမပေါ်ဘူး ဖြစ်နေတယ်။ မနက်ဖန်ကျမှ ထပ်ကြည့်လိုက်ပါဦးမယ်)
ကျန်းမာပျော်ရွှင်ပါစေနော့...

ချော(အစိမ်းရောင်လွင်ပြင်) said...

လှတယ်အေ အငှားဥယျာဉ်လေးက ချစ်ဖို့ကောင်းတယ်
အငှားဘဲဖြစ်ဖြစ် ကိုယ်ပိုင်ဘဲဖြစ်ဖြစ် ကိုယ့်ဘေးမှား အပင်တွေ ရှိတာ စိတ်ချမ်းသာစရာရယ်

september rainbow said...

ကြည်နူးစရာကောင်းပါပေ့....

ဝင်းမင်း

ဆွေလေးမွန် said...

ဇီဇ၀ါပန်း ကို အကြိုက်ဆုံးပဲ မနတ်သမီးရေ..
ပန်းစိုက်ရတာကလဲ လွယ်တာဟုတ်ဘူး...

ညိမ်းနိုင် said...

ပန်းဆိုတာအမြဲပွင့်နေမှသဘောကျတယ်ဆိုရင် ပလတ်စတစ်ပန်းစိုက်ပါလားဗျ....:D (ဟိ....စတာနော်
နတ်နတ်...) ပန်းဥယျာဉ်လေးမှာခဏတာအပန်းဖြေသွား
တယ်ဗျိုးးးးးးးးးးးး။

တောက်ပကြယ်စင် said...

ပုံတွေထပ်လာကြည့်ဖြစ်တယ် ဒကာမရေ။ ဇီဇ၀ါလေးက မွှေးနေပါလား...
ကျန်းမာပျော်ရွှင်ပါစေဗျာ...

SHWE ZIN U said...

ညီမ ရေ

ပန်းပင်လေး တွေကြားအလည်လာခဲ့တယ်နော်

ကိုကိုမောင်(ပန်းရနံ့) said...

နတ်သမီး ကိုယ်ပိုင် ပန်းခင်းလေး အရမ်းလှတယ်။ ဒါပေမဲ့ တစ်ခြား စည်းကမ်းမရှိတဲ့ နိုင်ငံမှာဆိုရင်တော့ ပန်းအိုးထဲ ကွမ်းသွေးတွေ ဗြစ်ကနဲ ဗြစ်ကနဲ ထွေးထည့်ခံနေရဦးမှာ မြင်ယောင်မိသေးတယ်။ ဟာ ဟ။း))))

မှတ်ချက်။ သူကြီးမင်းက ကွမ်းလဲမစား ဆေးလိပ်မသောက်ပါ။ :D :D :D

ပျော်ရွှင် ကြည်နူးနိုင်ပါစေ။

ိခင်မင်လျက်

Han Kyi said...

ဝါသနာနဲ့ လက်တွေ့နဲ့ တစ်ထပ်တည်းကျသွားတယ်ထင်ပါရဲ့...စိတ်တိုင်းကျကို လက်စွမ်းပြတော့တာပါကလား...စကားမစပ် နတ်သမီးရယ်...ပန်းဆိုရင်တော်ရောပေါ့ ပွင့်သောပန်းလည်း လှသလို၊ ဖူးသောပန်းလည်း မွှေးရှာပေမပေါ့...အောင်မလေး...သက်မဲ့ဖြစ်တဲ့ ပန်းကိုတောင်မှ မျက်နှာလိုက်ပြီး ကြိုက်တာနော်...

မိုးငွေ့...... said...

တော်လိုက်တဲ့ နတ်သမီး မလုပ်တတ်တာများရှိသေးလားလို့....။

ဆောင်း said...

ညီမက လက်ဆိပ်ရှိတယ် အမဆိုရင် စားပင်စိုက်ဖူးတယ် ပန်းပင် တော့သိပ်မဖြစ်ဘူး ထင်တာဘဲ
ညီမ ပန်းပင်လေးတွေကြည့်ပြီး စိတ်ကြည်နူးသွားတယ်

ညီမ ကောင်းကောင်း နေကောင်းသွားပြီလား

Angelhlaing(May everybody be happy and healthy! said...

ပန်းပင်လေးတွေ ပတ်ချာရံပြိး ကြည်နူးနေမယ့်မမကို မြင်ယောင်ရင်း ကြည်နူးမိတယ်....:)

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger