လွန်ခဲ့တဲ့ ၃ရက်လောက်က Aphrodite Waterpark ကို သူငယ်ချင်းများနဲ့ သွားရောကလည်ပတ်ခဲ့သည်။
ကျမနေထိုင်သောနေရာမှ Waterpark သို့၁၀မိနစ်ကြာမျှ ဘတ်စ်ကားစီးရပါသည်။
၁၀နာရီကျော်ကျော်လောက်တွင် ပန်းခြံရှေ့သို့ရောက်ရှိကြပြီး ပန်းခြံထဲကိုဝင်မည့်သူများနဲ့အတူ ကျမတို့သူငယ်ချင်း၃ယောက်လည်း ၁၀း၃၀မှာဖွင့်မည်လက်မှတ်ရောင်းဋ္ဌါနတွင် တန်းစီစောင့်ခဲ့သည်။
ခြံပေါက်ဝတွင်တော့ ဖားဝတ်စုံကိုဝတ်ဆင်ထားသည့် တာဝန်ရှိဝန်ထမ်းလေးတဦးက ဧည့်သည်များ၏ ခလေးများနှင့်ကစားရင်း ဧည့်ခံပေးလျှက်ရှိသည်။
နံက်(၁၀)နာရီခွဲတွင်တော့ လက်မှတ်ရောင်းဋ္ဌါနမှ လူကြီးတယောက်အတွက် ၂၉ယူရို၊ ခလေးတယောက်အတွက် ၁၆ယူရျိုနှုန်းဖြင့် လက်မှတ်ဝယ်ပြီး ပန်းခြံထဲသို့ စတင်ဝင်ရောက်ကြရသည်။
သူတို့၏ လက်မှတ်ရောင်းsystem မှာ လူတယောက်အတွက် ကုတ်နံပါတ်ပါသော လက်မှတ်တစောင်ကို လက်တွင် ပတ်ပေးပြီး ပန်းခြံထဲတွင်ရောင်းချသော ဆိုင်ခန်းများတွင် ငွေလက်ငင်းရှင်းရန်မလိုပဲ မိမိတို့အလိုရှိရာ အစားအသောက်များကို ၎င်းကုတ်နံပါတ်ကိုပြ၍ စားသောက်စေသည်။
ပန်းခြံမှ ထွက်သည့်အခါတွင်တော့ ၎င်းကုတ်နံပါတ်ကို စစ်ဆေးပြီး ကျသင့်သလောက်ကို ငွေပေးချေပြီးမှသာ ပန်းခြံတွင်းမှ ထွက်ခွင့်ရသည်။
ကျမနှင့် သူငယ်ချင်း(၂)ယောက်ကတော့ အဲဒီနေ့က ၄နာရီကြာ နေပူထဲတွင် ဆော့ကစားခဲ့ကြရင်း...မှတ်တမ်းတင်ခဲ့သော ဓာတ်ပုံများကို သူငယ်ချင်းတို့အတွက် မျှဝေလိုက်တယ်နော်...။
Meditation retreat at Mrauk Oo Dhamma Center
16 hours ago
2:22 PM
လင်းထက်
Posted in: 

Nicosia Time
10 comments:
ရောက်ဖူးချင်လိုက်တာ။ ဒါပေမဲ့ မလွယ်။း)))
ခင်မင်လျက်
အာ...အသဲအေးလိုက်တာ..မရယ်..
သူများကအမြင့်ကြောက်တယ်..
ကြည့်ခွင့်ရလို့ကျေးဇုးပါ
ခင်တဲ့
ချစ်ခြင်းအလကာင်္
သူကြီးမင်းပြောသလိုပါပဲ ရောက်ဖူးချင်လိုက်တာ။ ဒါပေမယ့် နော့အီးစီ။ ပျော်စရာကြီးနေမှာနော်...နတ်သမီးရေ ဆိုက်ပရပ်စ်မှာလည်း ယူရိုပိုက်ဆံပဲ သုံးတာပေါ့နော်...
ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...
ကျုပ်ကတော့ ပုံတွေ မမြင်ရပါလား
ဘယ်လိုဖြစ်ပါလိမ့်
နောက်မှ ပြန်လာကြည့်ဦးမယ်
ဟုတ်ပ မမရေ..ရောက်ဖူးချင်လိုက်တာ...:)
ပျော်စာဂျီး... :D
ဗဟုသုတအဖြစ် မြန်မာပြည် ကွန်နက်ရှင်နဲ့ စိတ်ရှည်ရှည်လေး ကြည့်သွားပါတယ်ကွယ်း) ပျော်ရွှင်ပါစေနော်။
မေတ္တာဖြင့်
အန်တီတင့်
အောင်မလေး ယူရို၃၀နီးပါးဆိုတော့ မြန်မာငွေနဲ့တွက်ကြည့်ပြီး ခေါင်းကြီးသွားတယ်...ကိုယ့်ဖာသာကိုယ်ဆို ပေသီးခေါက်နေမိတာနဲ့ သွားဖြစ်မှာတောင်မဟုတ်တော့ဘူး...နတ်သမီးသွားလို့သာ ရောက်ဖြစ်လေခြင်း...များများသာသွား နတ်သမီးရေ...အားပေးတယ်ထင်ထင် မြှောက်ပေးတယ်ထင်ထင် မတတ်နိုင်ဘူး...သူများနောက်က လိုက်ချောင်းရတာ ဖွတ်ကလိဒင်္ဂါးကုန် သက်သာတယ်မဟုတ်လား...
ဈေးကြီးလို့ သူများလည်တာကိုပဲ လာကြည့်တယ်ဗျို့ ...
တော်တော်မိုက်တယ်။ သွားလည်ချင်လိုက်တာ။ မြန်မာပြည်မှာတော့ လူသေရတာနဲ့ ၊ လက်ပြတ်ရတာနဲ့ ကြားနေရလို့ အရမ်းကြောက်နေတာ။ အခုတော့ နတ်သမီးရဲ့ ပို့စ်ကို ကြည့်ပြီး သဘောကျနေတယ်။ အဲ.. ကျန်ခဲ့ပြီ...သီချင်းလေးလည်း အရမ်းကြိုက်တယ်။
ခင်မင်လေးစားလျက်
Post a Comment