လစန်းရယ်တဲ့ ငွေဘုံဆောင်။
ပြည့်ဝန်းကြယ် သရဝနဏ်နှင့်
နယ်တဝှန် ရှစ်ခွင်တိုင်းမှာ
မှိုင်းရီလို့ မှောင်။
ငွေတာရာ သိန္ဓာငယ်တို့
ဝေဟာမှာ အရှိန်ပြပါတဲ့
ချိန်သမယ လဝါခေါင်မှာ
ငွေသောင်မြစ် ပြည့်လျှမ်း။
ခတ္တာငုံ
ချပ်လွှာမှုံ တကြူကြူနှင့်
ပြည်နိဗ္ဗူ ပတ္ထနာသန်လို့
စာရေးတံ လှူတော်ပွဲကို
(အိုကွယ်) နွှဲပျော်ဖို့လှမ်း။
“ဝါဆိုဝါခေါင် ရေဖောင်ဖောင်” ဟူသော ဆိုရိုးစကားနှင့်အညီ ဤနှစ်ကာလအတွင်း မိုးဖြိုင်ဖြိုင်ရွာ၍ တောင်သူလယ်သမားတို့အလုပ်များသော အချိန်အခါဖြစ်သည်။ အထူးသဖြင့် ဝါခေါင်လသည် မိုးရာသီ၏ အလယ်၊ မိုးလယ်လဖြစ်၍ ထိုလတွင် ထွန်တုံးထွန်တံတို့ကိုကိုင်၍ တောင်သူလယ်သမားတို့ အင်တိုက်အားတိုက် လယ်ကိုစိုက်ပျိုးကြသည်။ ဤကဲ့သို့ စိုက်ပျိုးချိန်အတွင်း လူအများသည် လုပ်ငန်းခွင်၌ မအားမလပ်ရှိကြ၍ ပွဲကြီးပွဲလမ်းများစွာမရှိချေ။
သို့ရာတွင် တခါတရံ အစာရေစာခေါင်းပါးသော အဖြစ်နှင့်ကြုံတွေ့ရတတ်သည်။ မနှစ်က သိုမှီးစုဆောင်းသော ဝမ်းစာစပါးကုန်၍ မျက်မှောက်ကာလ၌လည်း စိုက်ပျိုးဆဲဖြစ်၍ ဆန်စပါးမရသေးသောကြောင့် တိုင်းသူပြည်သားတို့ အကြပ်တွေ့ကြရသည်။ မြတ်စွာဘုရားသခင်လက်ထက်တော်၌ ဝေရဉ္စာမြို့သည် အစာခေါင်းပါး၍ အသက်မွေးမြူရန် ခဲယဉ်းသော အဖြစ်နှင့်ကြုံခဲ့ရ၏။ ထို့ကြောင့် လူတို့သည် စာရေးတံလက်မှတ်ဖြင့် အသက်မွေးကြရသည်။
စာရေးတံလက်မှတ်ဆိုသည်မှာ ယခုခေတ် ရာရှင်စနစ်ခေါ် စားနပ်ရိက္ခာအသုံးအဆောင်တို့ကို အများအတွက် မျှတအောင် ဝေငှပေးရသော စနစ်မျိုးဖြစ်သည်။ ထိုကဲ့သို့ အကြပ်အတည်းတွေ့ရသော ကာလတွင် ရဟန်းသံဃာတို့သည် ဆွမ်းခံရန်ခက်ခဲ၏။ တရံခါသော် ဥတ္တရာ ပထတိုင်းသား မြင်းကုန်သည်တို့သည် မြတ်စွာဘုရား သီတင်းသုံးတော်မူသော အစာရေစာ ရှားပါးလှသည့် ဝေရဉ္စာမြို့၌ ဆွမ်းခံဝင်သော် ဆွမ်းမရကြသဖြင့် မြင်းကုန်သည်တို့ထံ၌ ဆွမ်းအတွက် လှည့်လည်ကြ၏။
ထိုအခါ မြင်းကုန်သည်တို့သည် တစလယ်စီမျှသော မုယောဆန်ကို သံဃာတော်တို့အား လှူဒန်းရာ သံဃာတော်တို့လည်း ယင်းမုယောဆန်ကို ကျောင်းအရာမ်တွင်းသို့ယူဆောင်ပြီးလျှင် ဆုံ၌ဖွပ်၍ အာဟာရကိုမျှတရ၏။
ဤကဲ့သို့ ဆွမ်းအခက်အခဲနှင့် ကြုံတွေ့ရသောကာလ၌ ရဟန်း သံဃာတို့သည် သကာလဘတ္တခေါ် စာရေးတံဆွမ်းအလှူကို လက်ခံကြရသည်။
စာရေးတံဆိုသည်မှာ စာအက္ခရာအမှတ်အသားပါသော ဝါးခြမ်းပြားပင်ဖြစ်သည်။ ဤအလှူမျိုးကား သံဃာတော်အများကို ဒကာ ဒကာမတို့က ဆွမ်းပင့်ဖိတ်သောအခါ မည်သည့်ဒကာ ဒကာမသည် မည်သည့်သံဃာကို ဆွမ်းကျွေးစေဟု ဆုံးဖြတ်ရန်မရကောင်းသောကြောင့် စာရေးတံ ဝါးခြမ်းပြား၌ သံဃာအရေအတွက်ကို အမှတ်အသားပြု၍ ကံအလျောက်ဆွမ်းကပ်နိုင်ကြစေရန် အိမ်စဉ်အရ မဲနှိုက်စေ၍ လှူသောအလှူဖြစ်သည်။
ထို့ပြင် တနည်းကား စာရေးတံဝါးခြမ်းပြားပေါ်တွင် အလှူခံပုဂ္ဂိုလ်၏အမည်ကိုရေး၍ စာမတတ်သူ မျက်မမြင် စသည်တို့က စာရေးတံမဲကိုမွှေနှောက်နှိုက်ယူပြီးလျှင် လှူဖွယ်ဝတ္ထုပေါ်၌ ချထားရသည်။
ထိုအခါ အလှူခံပုဂ္ဂိုလ်သည် မိမိ၏ ကံကုသိုလ်အလျောက်ရအပ်သော လှူဖွယ်ဝတ္ထုကိုရလေသည်။
ဤဖြစ်ခဲ့ဖူးသော သာဓကကိုမှီ၍ ရှေးမြန်မာဘုရင်တို့သည် ဤဝါခေါင်လတွင် စာရေးတံမဲဖြင့် ဆွမ်းကွမ်းလှူဖွယ်ဝတ္ထုတို့ကို ဆက်ကပ်လှူဒါန်းကြသည်။
ဤသည်ကို အစွဲပြု၍ ဝါခေါင်လတွင် စာရေးတံလှူပွဲကျင်းပကြသည်ဟုဆိုသည်။ ဤသည်ကိုရည်၍ ဦးယာက ဆယ့်နှစ် ရာသီဘွဲ့ လူးတား ဝါခေါင်လဘွဲ့၌ .....
ရတုဝါခေါင်
တိမ်တောင်ပတ်ယှက်
သည်ရက်အခါ
မြတ်စွာထွတ်ထား
ရွှေစကားတွင်
ပွဲများခြိမ့်ခံ
စာရေးတံဟု
စီမံခင်းကျင်း
စသည်ဖြင့် စပ်ဆိုခဲ့ပါကြောင်း ဗဟုသုတအနေဖြင့် တင်ပြရင်း ယနေ့( ၁၅.၀၈.၂၀၁၁) တနင်္လာနေ့တွင် ကျရောက်သော ညီအမအရင်းသဖွယ် ချစ်ခင်ရပါသော သူငယ်ချင်း သဒ္ဓါလှိုင်း၏ မွေးနေ့လေးကို အမှတ်တရ ကျင်းပပေးလိုက်ပါတယ်ရှင်..
အေးဆေးတည်ငြိမ်လွန်းတဲ့ ချစ်ရတဲ့ သူငယ်ချင်းလေးရဲ့ မွေးနေ့လေးမှာ စာဖတ်သူများအားလုံးအတွက် Chocolate Milk shake လေးများကို စီစဉ်ပေးထားပါတယ်..
သုံးဆောင်လိုက်ကြပါအုံးရှင်...
သဒ္ဓါ့အတွက် မွေးနေ့ကိတ်လေး..
လက်ဆောင် လက်စွတ်လေး..(တကယ်ပေးချင်တယ်..သိလား)
မွေးနေ့ကဒ်လေး(ကြိုက်မယ်ထင်ပါတယ်.. နမ်းအကြိုက်ရွေးထားတာ..)
ချစ်ရတဲ့ သူငယ်ချင်း သဒ္ဓါ တယောက် စိတ်သွားတိုင်းကိုယ်ပါပြီး လိုအင်ဆန္ဒတွေ အားလုံး ပြည့်ဝနိုင်ပါစေလို့ဆုတောင်းပေးလိုက်တယ်နော်...
HAPPY BIRTHDAY... သဒ္ဓါလှိုင်း
ဝန်ခံချက်။ ။ စာရေးတံပွဲတော်အကြောင်းကို ဆရာမောင်ထင်ရေးသော တစ်ဆယ့်နှစ်လရာသီမှ ကူးယူဖော်ပြပါသည်။
တယ်လီဖုန်း.....
22 hours ago
16 comments:
လာဖတ္သြားပါတယ္ဗ်ာ ။ ဘူမှမဖတ်ခင် နော်ဦးသွားပြီ ....ပထမရတယ်ဗျို့ :D
သရေကျအောင် ခဏခဏလုပ်တယ်။ မသဒ္ဓါတော့ မသိဘူး။ ကျနော်တော့ ဗိုက်ထစာလို့  တော်ကြာအပြင်သွားစားတော့မယ်။ ဟီး။
ဗဟုသုတအတွက်တော့ ကျေးဇူးပါ မွမွနတမွီးရယ်။ :D :D :D ခြေထောက်ကို ဂရုစိုက်ပါ။
စာရေးတံပွဲအကြောင်းဗဟုသုတဖတ်သွားပြီ နတ်သမီးချောရေ
နတ်သမီးသူငယ်ချင်းသဒ္ဓါလှိုင်းအတွက်လည်း ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ။
မသဒ္ဒါရေ... ဟက်ပီးဘတ်ဒေးပါ.. ဒီလို အံအားသင့်စရာ မွေးနေ့ပွဲလေးတွေကို နတ်သမီးလေးပဲ အမြဲလုပ်ပေးနိုင်တယ်.. ချီးကျူးပါတယ်ဗျာ...
ခင်မင်လျက်
နေ၀သန်
စာရေးတံပွဲတော်ကိုအခုမှပဲသေသေချာချာသိတော့မယ်း) ကျေးဇူး Angel :)
သူငယ်ချင်းသဒ္ဓါလှိုင်းရေ နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ Happy birthday to u !!!
ညီမသဒ္ဓါ မွေးနေ့ကစပြီး ကောင်းမွန်တဲ့ ဆန္ဒတွေ အားလုံး ပြည့်ပါစေ။
ဧည့်ခံကျွေးမွေးတဲ့ နတ်သမီးလဲ ကိုယ်ကျန်းမာ စိတ်ချမ်းသာပါစေ။
ခင်မင်လျက်
နမ်းရေ..
သဒ္ဓါ့ရဲ့မွေးနေ့လေးကို အမှတ်တရအဖြစ် ညီအမရင်းမေတ္တာနဲ့ ဆန္ဒပြုဆုတောင်းပေးပြီး ပိုစ့်လေးတပုဒ်အဖြစ် လက်ဆောင်ရေးပေးတာ ရင်နဲ့အမျှကြည်နူးပြီး ခံစားခဲ့ရပါတယ်။ နမ်းရဲ့လက်ဆောင်ဖြစ်တဲ့ လက်ဆောင်အားလုံးလေးကို တသက်တာလုံး နှလုံးသားထဲမှာ စွဲမြဲစွာသိမ်းထားမှာပါ။ နမ်းဆုတောင်းပေးတဲ့ အတိုင်းလည်း ပြည့်ဝရပါစေ။ လက်စွပ်လေးကိုကြိုက်လို့ ဝတ်ထားလိုက်ပြီနော်။
ချစ်တဲ့
သဒ္ဓါ
ဟိ.. သဒ္ဓါပျော်ရင် နမ်းလည်းပျော်တယ်..
သူငယ်ချင်းလေး သဒ္ဓါတယောက် ပျော်ရွှင်ပါစေကွယ်..
မရေ
မ ကျင်းပပေးတဲ့ သဒ္ဒါရဲ့မွေးနေ့ပွဲလေးကို
လာရောက်အားပေးသွားတယ်နော်..
ညီမရဲ့ မွေးနေ့က
14ရက်12လ
အဲခါကျရင်လည်းမွေးနေ့လုပ်ပေးနော်..
ဟား...နတ်သမီး...
စာရေးတံမဲအကြောင်းကို ကြည်ကြည်နူးနူးဖတ်လာရင်းက နတ်သမီး အရေးအသားကောင်းလာတယ်၊ မူရှိလာတယ်၊ လမ်းကြောင်းသတ်မှတ်လာတယ်လို့ အားရ၀မ်းသာဖြစ်လာလိုက်တာမှာ မွေးနေ့ပွဲအောက်က မှတ်ချက်ကိုမြင်မှပဲ သဘောပေါက်တော့တယ်...နောက်ပါ့ နတ်သမီးရယ်...ဘာပဲဖြစ်ဖြစ် စာကောင်းလေး ပြန်ဖတ်ရတော့လည်း ၀မ်းသာပါသတဲ့ဗျား...
Roze ရေ..
မှတ်ထားလိုက်ပြီနော်..
.............
ကိုဟန်ကြည်ကတော့ လုပ်တော့မယ်..၊ နတ်သမီးမှာ အဲဒီလောက် အရည်အချင်းမရှိပါဘူးရှင်... ကူးချတာပါ..း)
အဖြူရောင်နတ်သမီးလေးရဲ့ ပရဟိတ အကျိုးဆောင် အလုပ်လေးတွေအတွက် ချီးကျူးပါတယ်ကွယ်။
ကိုယ်ပြုသမျှသောကောင်းမှုကုသိုလ်ကံများ ကိုယ့်ထံမလွဲမသွေပြန်ရောက်လာမှာပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မသဒ္ဒါရေ ခုမှသိရပါတယ်
ကျော်သွားပေမယ့်
ဟက်ပီဘက်ဒေးပါနော်..
မမနမ်းမုန့်တွေလဲကစ်သွားပါတယ်းး)
ခင်တဲ့
မဒိုးကန်
မိုးတွေ သည်းကြီးမည်းကြီး ရွာနေတဲ့ကြားက သဒ္ဓါရဲ့ မွေးနေ့ကို အရောက်လာခဲ့တာ
ချမ်းချမ်းနဲ့ ချောကလက် မစ်ရှိတ်တွေ အကုန်သောက်ပစ်လိုက်တယ် ဒါဘဲ
မွေးနေ့ရှင်လေး ကျန်းမာချမ်းသာပါစေ
အသက်ရာကျော်ရှည်ပါစေ
မွေးနေ့ပိုစ့်တင်တဲ့ ညီမလေးလည်း အမြန်စွံပါစေ
ဟိဟိ
ဒါဘဲ ပြန်ပြီ
စာရေးတံပွဲတော်အကြောင်း
ခုမှသေသေချာချာသိရတယ်...
မုန့်တွေလဲကောင်းမယ့်ပုံပဲ....
စာရေးတံနဲ့ မွေးနေ့ပွဲ ပေါင်းလိုက်တော့.. စာရေးတံ မေ့ပြီး မုန့်တွေပဲ သွားရည်ကျသွားတာပေါ့ဗျာ...
ဟတ်ပီး ဘတ်ဒေးးးးးးးးးးးးး
Post a Comment