Tuesday, August 2, 2011

HAPPY BIRTHDAY.. ကိုတူး(ညလင်းအိမ်)





ပင့်သက်လျှံ အပြုံးရယ်သီ
နှလုံးသား အလှညီလှသည့်
နှုတ်ထွက်စကား ချိုအသာနဲ့
အဖြူရောင်စတား ဂုဏ်ဆောင်ထားသော
နတ်သမီးတစ်ပါး ရွှင်လန်းပါစေသ ။

မမှိတ်မသုန်ရွယ်ရည်
စကားအတည်တွေနှင့်
ကျန်းမာစေကြောင်း
ဆုမွန်ကောင်း ပါးပါရစေ ။

အသင် နတ်သမီး ...

မေတ္တာ တနံတလျားနဲ့
သစ္စာစကား တည်တည်
လောကကို ဒေါင်လိုက်ဖြတ်
ခရီးစဉ် အစအဆုံး
မမောမပန်းပါစေနဲ့။

ကလောင်ဧ။်အစွမ်း
စာပေလမ်းဖြင့်
သဘာဝကို အလှပေး
ပေးကမ်းရက်ရောခြင်းလည်း မကင်းပါစေနဲ့။

တည်ငြိမ်ခြင်းကိုတည်
ဥာဏ်ပညာနဲ့စား
အလှအကြွင်းတရားနဲ့
သယ်ဆောင်ရာလေညှင်း
သတင်းမွှေးခြင်းနှင့်အတူ ...

ဘလော့ဂ် (၂) နှစ်ပြည့်တိုင်
ဖြစ်တည်ရာ အကြောင်းတိုင်း
ကောင်းခြင်းအကျိုးတရားနှင့်
လောကကို အလှဆင်
ဤဇမ္ဗူတစ်ခွင်မှာ
မထွန်းပဲလင်း
စိတ်အေးငြိမ်းစေသတည်း ...။
--
ညလင်းအိမ် (ညလင်းအိမ်)

ကျမရဲ့ အဖြူရောင်နတ်သမီးဘလော့ဂ်(၂)နှစ်ပြည့်အတွက် ပူပူနွေးနွေးလက်ဆောင်ကဗျာလေး ပေးခဲ့တဲ့ မောင်လေး “ကိုတူး(ညလင်းအိမ်)” ရဲ့ မွေးနေ့လေးကို ရောက်ရှိလာခဲ့ပြန်ပါပြီရှင်...

မောင်လေးရေ..
ဒီတခါတော့ ပြောမနာ ဆိုမနာ မောင်နှမတွေမို့ အဆန်းအပြားလေးလည်း ဖြစ်ရအောင် မြင်ဖူးသူများရှိသလို မမြင်ဖူးသူများအတွက် ယခုခေတ်စားနေတဲ့ Body Sushi ပါတီပွဲလေးကို ဗဟုသုတအနေနဲ့ ကျင်းပပေးလိုက်ပါတယ်..။




လက်မရဲတဲ့ အမ ညီမများအတွက် ရိုးရိုးသားသားSushiများ



အကို မောင်များအတွက် ဆန်းဆန်းပြားပြားSushiများ ။ ။ Body Sushi လို့ခေါ်တဲ့ ပုံမှာမြင်တွေ့ရသည့်အတိုင်း ခန္ဓာကိုပေါ်မှာ Sushi များကို တင်ထားပြီး ဧည့်သည်များမှ တူနှင့်ကောက်ယူစားသုံးကြရတဲ့ ခေတ်သစ် Sushi များ ကမ္ဘာအနှုံ့အပြားတွင် ဖွင့်လှစ်လို့နေပါပြီ။
Sushi အတင်ခံထားရသော ဝန်ထမ်း အမျိုးသမီး၏ ကိုယ်ပေါ်ကို စားစရာများမတင်ခင် ရေချိုးရသည်။ ကိုယ်ပေါ်တွင် အနံ့ကင်းစင်စေရန် အမွှေးနံ့သာ သုံးခွင့်မရှိဟုသိရသည်။
ဧည့်သည်များမှလည်း ထိုအမျိုးသမီးအား “စ”“နောက်” ကျီစယ်ခြင်းမပြုရ၊ သူမ၏ အသားအား မတော်တဆ ထိမိခြင်းမှအပ “စ”“နောက်”လိုသည့်စိတ်ဖြင့် မတို့ထိရယူသော စည်းမျဉ်းများကို ချမှတ်ထားပါကြောင်း ဗဟုသုတအနေဖြင့် တင်ပြရင်း (၂.၀၈.၂၀၁၁ )နေ့မှာ ကျရောက်တဲ့ မောင်လေး ကိုတူး(ညလင်းအိမ်) ရဲ့မွေးနေ့ပွဲလေးကို ပျော်ရွှင်စွာ ဆင်နွှဲကြပါစို့...













ကောက်တေး အအေးများ






Peach နို့ရေခဲခြစ်...




အချိုပွဲများ


မွေးနေ့ကိတ်လေးနဲ့အတူ..


အသဲကွဲ ကဗျာလေးတွေကြားမှာ ပျော်မွေ့နေတတ်တဲ့ မောင်လေး ကိုတူး တယောက် ယနေ့မှ“စ”လို့ အသဲကွဲခြင်းဝေဒနာများနဲ့ ကင်းဝေးပါစေကွယ်...

HAPPY BIRTHDAY.... ကိုတူး (ခ) ညလင်းအိမ်

10 comments:

mstint said...

အဖြူရောင်နတ်သမီးလေးရဲ့ 'ကိုတူး' အတွက် ခင်းကျင်းပြင်ဆင်ထားတဲ့ ဆန်းဆန်းပြားပြား စုံစုံလင်လင် စားသောက်ဖွယ်လေးတွေဆီကို အရောက်လှမ်းခဲ့တယ်နော်။
လာရောက်အားပေးသူရဲ့ စိတ်မှာတောင် အံ့သြ ကြည်နူးမှုနဲ့အတူ ပီတိတွေဝေဖြာနေမိတော့ မွေးနေ့ရှင် 'ကိုတူး' အတွက်တော့ပြောဖွယ်မရှိပေါ့။
စိတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Angelhlaing(May everybody be happy and healthy! said...

Happy Birthday ပါ အကိုရေ...:):)
အားပါးပါး ဂွတ်ချက်နော် ..စားလို့ကောင်းမှကောင်း :P:P မမရေ ..ကျေးဇူးပါ..ဗိုက်ကိုတင်းသွားတာပဲ ဟင်းးးးး ပိုဝလာရင် ဒုက္ခ...::D:D

ကိုကိုမောင်(ပန်းရနံ့) said...

မွေးနေ့ရှင် ကိုတူး ကျန်းမာထီပေါက်ပါစေဗျာ။

နတ်သမီးရေ..
စားသောက်နေတုန်း အဲဒီ အမျိုးသမီးလေးက လေလည်ချင်ရင် ဘယ်လိုလုပ်မလဲ မသိဘူးနော်။း)))

အဲဒီအစားအသောက်နဲ့ သူကြီးမင်းကလဲ ခက်ရင်းနဲ့ ထိုးကော်ပြီး စားတတ်တာနဲ့တော့.. အင်းးး အဆင် ပြေပါ့မလား မသိ။း)))

ပုံထူးဆန်းလေးတွေအတွက် ကျေးဇူးဘဲ နတ်သမီးလေးရေ...

ခင်မင်လျက်

Oversea Burmese Youth Group said...

လာဆွဲသွားတယ်။ မွေးနေ့ရှင်ကတော့ နောက်မှ ကျွေးမယ်တဲ့လေ။

ညိမ်းနိုင် said...

ကတောက်.....ကိုညလင်းအိမ်မွေးနေ့မှာ Body Sushi ကို
အဝဆွဲလို့ကောင်းတုန်း တဂျီးပြောတာနဲ့ စားနေရင်း အီ
လည်လည်ကိုဖြစ်ရော...:) တဂျီးလူဆိုး....:)))
ခုလိုတည့်ခင်းဧည့်ခံပေးတဲ့ နတ်သမီးရော၊မွေးနေ့ရှင်ကိုညလင်းအိမ်ကိုပါကျေးဇူး
တင်ပါတယ်ဗျာ...၊ကိုညလင်းအိမ် မွေးနေ့မှသည် နောင်
နှစ်ပေါင်းများစွာ စိတ်ချမ်းသာ၊ကိုယ်ကျမ်းမာပါစေဗျာ...။

ညလင်းအိမ် said...

ကျေးဇူး အထူးတင်ရှိပါတယ် အစ်မနမ်းရေ ...
လာကြတဲ့ ဧည့်သည်တွေတော့ မသိဘူး ... ကျွန်တော်တော့ စားပြီးရင် စားချင်သွားတယ် .. အဟိ ဆူရှီကိုပြောတာပါ ....

အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ...
ကျွန်တော်ရဲ့ မတောက်တခေါက်ကဗျာတွေကို လာအားပေးရင်း ခင်မင်ခွင့်ရခဲ့တဲ့ ညီအစ်ကို မောင်နှမများ ... အားလုံးအားလုံး .. ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေခင်ဗျာ ...

အလင်းသစ် said...

မွေးနေ့ရှင် ကိုတူး ဆော်ကြည်၊ထီပေါက်၊နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါစေ။။။
ကြံကြံဖန်ဖန် တည်ခင်းပေးတဲ့ အမတော်ရေ
သူကြီးပြောသလို လေလည်ရင် ဒွတ်ခ။။။
ပြီးတော့ တူနဲ့ပဲစားတတ်ပြီး၊ ပျော့လား၊မာလား ထိုးထိုးကြည့်တတ်တာ အကျင့်ပါနေတဲ့ အနော်က
မှားထိုးမိမှဖြင့်။။။အဲဒါလည်း ဒွတ်ခ။။။
ဟိဟိ မစားပဲ ပြန်သွားပါတယ်ဂျာ။။။

အဖြူရောင်နတ်သမီး said...

အကို၊ မောင်တွေရဲ့အသံပဲ ကြားနေရပါလား..
အမ၊ ညီမတွေ ငြိမ်နေကြတာရော...:P

မောင်ဘကြိုင် said...

ကိုတူးမွေးနေ့ပွဲကိုနောက်ကျမှရောက်လာလို့
သာဂျီး တိုတိုမှောင် ခရင်းနဲ့ထိုးဆွစားသွားလို့
စားစရာတွေရောနှောကုန်ပြီ
ဗိုက်ဆာပါတယ်ဆိုမှ ဘီလိုစားရမတုန်းဗျာ့
တိန်....


း)

လူပျိုကြီးဘဝက မြန်မြန်ကျွတ်ပါစေ(ပုဆိုး)

စေတနာဗလပွဖြင့်
မောင်ဘကြိုင်

သဒ္ဓါလှိုင်း said...

မွေးနေ့ရှင်စိတ်ကျန်းမာ၊ ကိုယ်ကျန်းမာလို့ ဆန္ဒအားလုံးပြည့်ဝပါစေ။ အသည်းကွဲဒဏ်ရာ အမြန်ဆုံးကုသနိုင်ပါစေ။။။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger