မကြာသေးမီကမှ ကျမနဲ့ခင်မင်ခဲ့သော မိတ်ဆွေတယောက်က မရည်ရွယ်ပဲပြောခဲ့တဲ့စကားလေးတခွန်းဟာ ကျမရဲ့နားထဲမှာ ခုချိန်ထိ ပဲ့တင်ထပ်နေခဲ့တယ်။
အဲဒါကတော့“အဖြူရောင်နတ်သမီး”ရဲ့ဘလော့ဂ်မှာ ပို့စ်တွေက ဘာမှသိပ်မရှိပါဘူး.. မွေးနေ့ပို့စ်တွေက များနေတယ်နော်” တဲ့..။
ကျမလေ.. တော်တော်စိတ်မကောင်းဖြစ်သွားတယ်။
သူပြောတာ မှန်ပါတယ်..ကျမရဲ့ ဘလော့ဂ်ကို သူရောက်ခဲ့တဲ့ အချိန်(ဒီလအတွင်း) သြဂုတ်လမှာ ကျမချစ်သော ဘလော့ဂ်ကာသူငယ်ချင်းများရဲ့ မွေးနေ့ဟာ(၄)ယောက်ဖြစ်နေတဲ့အတွက် ဒီလပိုင်းအတွင်း ကျမရဲ့ဘလော့ဂ်ပို့စ်များဟာ မွေးနေ့ပို့စ်တွေနဲ့ပြည့်နှက်နေတာကိုတွေ့ရပါလိမ့်မယ်..။
ဘလော့ဂ်ကာသူငယ်ချင်းတယောက်ကလည်း “မနမ်း.. အရေးကျဲနေတယ်.. ကုန်ကြမ်းပြတ်နေလို့လား” တဲ့..
ကျမမှာ ကုန်ကြမ်းတွေအများကြီးပါ၊ ရေးစရာတွေ ခေါင်းထဲမှာ အစီအရီပါ..၊ ရေးချင်ပါတယ်..၊ ရေးတယ်ဆိုရင်လည်း စာတကြောင်းထဲရေးလို့ရတဲ့ အရာမျိုးမဟုတ်လေတော့ ကျမအတွက် အချိန်ယူရပါတယ်။
ဲပြီးတော့ ကျမရဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း ပို့စ်တခုမှာ ဓာတ်ပုံတွေနဲ့ယှဉ်တွဲပုံဖော်တတ်တဲ့ ကျမရဲ့အကျင့်ကြောင့် ပို့စ်တခုဖြစ်ဖို့ တော်တော်လေးကို ခက်ခဲနေပါတယ်။
ဧပြီလ ပထမအပတ်မှာ မြန်မာပြည်ကို အပြီးပြန်တော့မယ့် ကျမအတွက် လက်ရှိရောက်ရှိနေတဲ့ ဆိုက်ပရပ်စ်နိုင်ငံက သတင်းများ၊ သမိုင်းကြောင်းများ၊ ခရီးသွားလမ်းညွှန်များ.. အစရှိတဲ့ ဗဟုသုတများစွာကို ကျမတတ်နိုင်သလောက် လက်လှမ်းမှီသလောက် သူငယ်ချင်းတို့အတွက် မျှဝေပေးဖို့အချိန်(၇)လသာ ကျန်ပါတော့တယ်။
မြန်မာပြည်ရောက်ရင်တော့ အားလုံးသိကြတဲ့အတိုင်း Connectionက မကောင်း(Email တောင်ဖွင့်လို့မရတဲ့ အခြေအနေ)၊ ဒီကြားထဲ ဟိုပိတ်၊ ဒီပိတ် (ကျော်ခွရတဲ့ကိစ္စများ) ဇာတ်လမ်းတွေကလည်းရှိသေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာအရေး၊ ညာအရေးတွေကြားမှာ ဗြာများရအုံးမှာမို့ ဘလော့ဂ်ကင်းနိုင်ဖို့ တော်တော်လေးကို ခက်ခဲပါလိမ့်မယ်။
လတ်တလော အခြေနေအရ အလုပ်တွေပိနေတာရယ်၊ ကျမရဲ့ ဆိုဒ်ဘားက တခုပြီးတခု တက်လာတဲ့ သူငယ်ချင်းတွေရေးတဲ့ ပို့စ်တွေတောင် သေသေခြာခြာမဖတ်ဖြစ်ပဲ မျက်နှာလွှဲနေရတဲ့ အခြေနေမျိုးပါ။
စက်တင်ဘာလကုန်လောက်ဆိုရင်တော့ အလုပ်လည်းပါးစပြုလာပြီမို့ စာပြန်ရေးနိုင်ပါလိမ့်မယ်။
နောက်တခုက ကျမရဲ့ ကျန်းမာရေးပါ..၊ တခုပြီးတခု ဖြစ်နေပါတယ်။
နေမကောင်းဖြစ်လိုက်၊ ခြေထောက်နာလိုက်နဲ့... အဆုပ်ရောင်လိုက်နဲ့...
ဒီကြားထဲ ဗိုင်းရပ်စ်ကောင်နဲ့လည်း Wanna laugh နေရသေးတယ်...(စိတ်လည်းမချမ်းသာဘူးပေါ့ရှင်)။
အဲဒီအတွက် စာဖတ်သူများအနေနဲ့ ကျမကို နားလည်ပေးဖို့ မေတ္တာရပ်ခံပါတယ်..။
ကဲ..
ဒီနေ့တင်မယ့် ပို့စ်လေးအကြောင်း “စ”လိုက်ကြရအောင်..
“ပလာတာ” လို့ပြောလိုက်ရင် ကျမကတော့ ဆူးလေမီးပွိုင့်ဒေါင့်က အထပ်(၁၀၀) ပလာတာတွေကို မျက်လုံးထဲ ပြေးမြင်မိတော့တာပါပဲ..။
တကယ်တော့ “ပလာတာ” ဆိုတဲ့အဓိပ္ပါယ်ဟာ “အလွှာများစွာဖြင့် ဖွဲ့စည်းထားသော”(သို့မဟုတ်)“အမျိုးစုံသော၊ အမယ်စုံသော”လို့ အဓိပ္ပါယ်ဖွင့်ဆိုခြင်းဖြစ်ပါတယ်။
ကျမတို့ဆိုင်က Menu ထဲမှာလည်း Fruit Platter, Seafood Platter, ..များကို သူငယ်ချင်းတို့မြည်းစမ်းကြည့်ဖို့ တင်ပြရင်း ယနေ့(၃၁.၀၈.၂၀၁၁)ဗုဒ္ဓဟူးနေ့မှာ ကျရောက်တဲ့ မောင်လေးကိုကိုးအိမ်ရဲ့မွေးနေ့ပွဲလေးကို အမှတ်တရ ကျင်းပပေးလိုက်ပါတယ်..
Cheese PlatterPork Platter
Cheese & Meat Platter
Japanese Seafood Platter
Chicken Platter
Fruit Platter
Sweet Platter
Drinks Platter
Platter Birthday Cake
မောင်လေးကိုကိုးအိမ်အတွက် မွေးနေ့ကဒ်လေးပါမောင်လေးရေ..
ယနေ့မှာ ကျရောက်တဲ့ မောင်လေးရဲ့ မွေးနေ့ပွဲလေးမှ“စ”လို့ ပျော်ရွှင်ခြင်းတွေပြည့်နှက်နေတဲ့ ဘဝ၊ အောင်မြင်ခြင်းတွေ ပြည့်နှက်နေတဲ့ ဘဝ၊ မျှော်လင့်ခြင်းတွေပြည့်နှက်နေတဲ့ ဆန္ဒများအားလုံး ပြည့်ဝပါစေလို့ မနမ်းက အပြည့်အဝဆုတောင်းပေးလိုက်တယ်နော်...
ကဲ.. သူငယ်ချင်းတို့ရေ..
မောင်လေးကိုကိုးအိမ်ရဲ့မွေးနေ့မှာ “ပလာတာ” ဆိုတဲ့အဓိပ္ပါယ်လေးတခု အမှတ်တရ ကျန်ခဲ့မယ်ဆိုရင် မွေးနေ့ပွဲတွေနဲ့ပြည့်နှက်နေတဲ့ ကျမရဲ့ဘလော့ဂ်လေးအတွက် တခုခုတော့ ပြန်ရလိမ့်မယ်လို့ ကျမမျှော်လင့်ပါတယ်။
စာဖတ်သူအပေါင်း Blog Day နေ့မှာ ရွှင်လန်းချမ်းမြေ့ကြပါစေရှင်...
Bagan Old City.....သို့အလည်တစ်ခေါက်
52 minutes ago
25 comments:
မောင်လေးကိုကိုးအိမ်ရဲ့ မွေးနေ့လေးမှာ စားချင်စဖွယ် ပြင်ဆင်ပေးထားတဲ့ နမ်းနဲ့ မွေးနေ့ရှင်လေး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပါစေ။
မွေးနေ့ရှင်လေး ကိုကိုးအိမ်... လိုအပ်သောဆန္ဒအားလုံး ပြည့်ဝအောင် လုပ်ကိုင်နိုင်ပါစေ။ မိဘကိုလုပ်ကျွေးပြုစုနိုင်တဲ့ သားကောင်းလေးတယောက်ဖြစ်ပါစေ။
(နမ်း ဘာမှစိတ်မကောင်းမဖြစ်နဲ့နော်. အရာအားလုံးကသူ့နေရာနဲ့သူ လည်ပတ်နေကြတာမလား. အမြင်အမျိုးမျိုးတွေကြားထဲမှာ မတူတာတွေရှိနေတာမို့လို့ စိတ်ချမ်းသာအောင်နေရမယ်နော်။)
ချစ်တဲ့
သဒ္ဓါ
အန္တလေးသွားတိုင်း ကိုကိုးအိမ်ကိုသွားပြီးကျွန်တော်က ဒုက္ခပေးနေကြ တကယ်ပြောတာနော် သူက ဘုရားစူးမန်းတလေးသား ဘီယာမသောက်ဘူးဆေးလိပ်မသောက်ဘူးကွမ်းမစားဘူးအတော်ရိုးတဲ့ကောင်လေး ဟိဟိ (ညီလေးရေ မွေးနေ့လေးမှသည် နောင်နှစ်ပေါင်းများစွာတိုင်လူတွေရဲ့အမှန်တရားဖက်ကနေရပ်တည်နေနိုင်ပါစေ ) သူက ရှေ့နေဆိုတော့ ချိန်ခွင်လိုပေါ့ ။ မွေးနေ့ပို့စ်လေးတင်ပေးတဲ့ အစ်မနမ်းမ၀ကိုလည်းအထူးကျေးဇူးတင်ပါ၏ ။ စားသောက်ဖွယ်ရာတွေလည်းတကယ်စားရသလို ငမ်းသွားပါတယ် ဟိဟိ ။
ပထမဆုံးမွေးနေ့ပွဲလေးကိုတက်ရောက်ခွင့်ရတာကျေနပ်စရာပါ။ စာရေးကျဲတာပြသနာမဟုတ်ပါဘူးဗျာ..စာဆိုတာကလည်းစိတ်မပါရင်၊ အချိန်နည်းနေရင်ရေးလို့မှမရနိုင်တာပဲ.ရေးလို့ရရင်လည်းစာကောင်း တစ်ပုဒ်ဖြစ်နိုင်ဖို့မလွယ်တဲ့ကိစ္စပါ..ဒီတော့နားလည်ပေးတယ်လို့လေးစားစွာ
ပြောချင်ပါတယ်မမ။တစ်လက်စထဲဒီနေ့မဇ္ဇီုမသတင်းဝဘ်ဆိုက်မှာပါ
လာတဲ့သတင်းကောင်းတစ်ခုကတော့ပြည်တွင်းမှာဘလော့စပေါ့ပြန် ဖွင့်ထားပေးတယ်ဆိုတာပါပဲဗျာ.မမပြည်တွင်းပြန်ရောက်ရင်လဲ ဘလော့ဂင်းနိုင်ပါစေလို့ဆုတောင်းပါတယ်.Birthday လက်ဆောင်ပေါ့ဗျာ:Pပျော်ရွှင်နိုင်ပါစေမမနတ်သမီးရေ.။သြော်..မေ့လို့
မွေးနေ့ရှင်လည်းလိုအပ်သောဆန္ဒအားလုံးပြည့်ဝပါစေ။ မိဘကို
လုပ်ကျွေးပြုစုနိုင်တဲ့သားကောင်းလေးတယောက်ဖြစ်ပါစေ။
Happy Birthday ပါ ကိုးကိုးအိမ်ရေ :) ပျော်ရွင်ဖွယ်မွေးနေ့ရက်မြတ်လေးဖြစ်ပါစေလို့ ဆန္ဒပြုရင်း....
မမရေ ပြန်ရတော့မယ် ဆိုတာသိရတော့ ဝမ်းသာသလိုလို ငိုချင်သလိုလိုနဲ့ စိတ်ထဲတစ်မျိုးကြိးပဲ မမ :( မွေးနေ့ ပလာတာလေးကို အားပေးသွားပါတယ် မမ။
ကျန်းမာရေး ဂရုစိုက်အုံးနော်မမ။
ကောင်းသောနေ့လေးဖြစ်ပါစေလို့ ဆန္ဒပြုရင်း..
ကိုကိုးအိမ် မွေးနေ့မှာကျွေးထားတာတွေ အပြင်မှာတကယ်သာ စာားရမယ်ဆိုရင် ဆိုက်ပရပ်စ်ကျွန်းကို လက်ပစ်ကူးပြီးတောင် လာချင်ပါရဲ့
တကယ့်ရှယ်တွေဘဲ စီစဉ်ထားတာပါလား
မွေးနေ့ရှင် ကိုကိုးအိမ် ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာပါစေ
ဆန္ဒအားလုံးပြည့်စုံပြီး အမြန်ဆုံး စွံပါစေလို့..
နတ်သမီးလဲ အဲဒီဆု ပြည့်ပါစေး)
ပြန်ခါနီးပြီးဆိုတော့ ဒီဆုက ပြည့်ခါနီးပြီထင်ပါတယ်း)
ဘာပဲဖြစ်ဖြစ် မမဆီကိုလာရတာမုန့်စားရတယ်
လှတဲ့မမကိုလဲငမ်းလို့ရတယ်
ပျော်ရွှင်ပါစေမမနတ်သမီးလေးရေ
ချစ်တဲ့
မဒိုးကန်
Happy Birthday ပါ ပလာတာလေး ကိုကိုးအိမ်ရေ . . .။
ဒီနေ့မှာ ကျရောက်သော မွေးနေ့ နှစ်ပတ်လည်နေ့မှသည် နောင် နှစ်ပေါင်းများစွာ တိုင်အောင် နေ့ရက်တိုင်းမှာ ပျော်ရွှင်နိုင်ပါစေ။
happy birthday
happy birthday ပါဗျာ
နတ်သမီးလတ်တလောအခြေအနေဆိုလို့ ဘာများဖြစ်ပြန်
သလဲဆိုပြီး အပြေးအလွားလာကြည့်တာ...မွေးနေ့နဲ့တိုး
နေပါရောလား....:) နတ်သမီးလည်း အစစအဆင်ပြေပါစေကြောင်း၊ကိုကိုးအိမ်လေးလည်း
အမြန်ဆုံးစွံပါစေကြောင်း ဆုတောင်းပေးသွားတယ်ဗျိုး...
နတ်သမီးက ဧပြီမှာ ရွှေပြည်ပြန်တော့မှာကိုး...သွားပါပြီ ဦးဟန်ကြည်က ဧပြီ ၁၁ ရက်နေ့မှာကျမယ့် သူ့မွေးနေ့ကို နတ်သမီးဆီမှာ ကန်ထရိုက်ပေးမလို့ လုပ်နေတာ...ကံကိုက မပါရှာတော့လည်း Hennessy နဲ့ ကျင်းပပေးမယ့် မွေးနေ့နဲ့ ဝေးရပြီပေါ့...မပြန်ခင်မှာတော့ စာတွေရေးသွားပါ နတ်သမီးရေ...အစစ အဆင်ပြေပါစေ...
တစ်ဦးတစ်ယောက်ရဲ့ မွေးနေ့ရှိတိုင်း အဖြူရောင်နတ်သမီးလေးကို အရင်ဆုံးသတိရလိုက်တယ်း) အန်တီ့မွေးနေ့က နောက်နှစ်ဧပြီဆိုတော့ အဝေးကြီးလိုသေးတယ် ဟဟ။
စားဖွယ်သောက်ဖွယ် စုံလင်စွာနဲ့ 'ကိုကိုးအိမ်'ရဲ့ မွေးနေ့ပွဲလေးကို အရောက်လှမ်းခဲ့ပြီး အားပေးရင်း 'လောကီလောကုတ္တရာ နှစ်လီနှစ်ဝ လိုအင်ဆန္ဒတွေ ပြည့်ဝပါစေ' လို့ တောင်းဆုချွေခဲ့တယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တားတားမွေးနေ့ ကျ ဘာမှ မလုပ်ပေးဘူး....... သိပ်စိတ်တို ဖို့ ကောင်းတဲ့ နတမွီးမမ...။
နောက်ထှာပါဗျာ...... ဒီလိုမွေးနေ့ လေး တစ်ခုမှာပဲ နတမွီးမမ ရဲ့ ဘလော့နဲ့  စပြီး သိကျွမ်းခဲ့တာမို့  မွေးနေ့  လေးတွေကို အလေးထား ကြိုဆိုပေးပါတယ်...။ မွေးနေ့  ရှင် ဒီနေ့ မှ စလို့  အရာရာ အဆင်ပြေပါစေဗျား။
နတမွီးကိုတော့ ဆုတောင်းပေးဘူး.... ကြောင်ဂိုဏ်းကို အဆော်ပလော်တီးထားတယ်။ :)))))
ရောက်လာတယ် ကြောင်ပေါက်လေး
အစ်မမြန်မာပြည်တကယ်ပြန်တော့မှာပေါ့လေ
ခုမှပဲသိရတော့တယ်
အဲဒီလိုမွေးနေ့ ပွဲလေးကိုပြုလုပ်ပေးတာ
ကာယကံရှင် အရမ်းစိတ်ချမ်းမြေ့ စေမှာ
မွေးနေ့ ရှင်နှင့်အတူ အစ်မ ပျော်ရွှင်ချမ်းမြေ့ ပါစေနော်
ခင်မင်စွာဖြင့်
ရောက်လာတယ် ကြောင်ပေါက်လေး
အစ်မမြန်မာပြည်တကယ်ပြန်တော့မှာပေါ့လေ
ခုမှပဲသိရတော့တယ်
အဲဒီလိုမွေးနေ့ ပွဲလေးကိုပြုလုပ်ပေးတာ
ကာယကံရှင် အရမ်းစိတ်ချမ်းမြေ့ စေမှာ
မွေးနေ့ ရှင်နှင့်အတူ အစ်မ ပျော်ရွှင်ချမ်းမြေ့ ပါစေနော်
ခင်မင်စွာဖြင့်
မွေးနေ့ရှင်ကော နတ်သမီးကော ထီဆုကြီးကြီး ပေါက်ကြပါစေ။
ခင်မင်လျှက်
Happy Birthday ပါရှင်
မွေးနေ့ရှင်လည်းပျော်ရွှင်ပါစေ...
ရေးပေးတဲ့အစ်မလည်း
သာယာပျော်ရွှင်ပါစေနော်... :)
မကြာခဏရောက်ပါတယ်။သ္မီးရဲ.ကြက်သားဆွမ်းချက်
ဟင်းလေးကိုအမြဲအမှတ်ရနေပါတယ်။ချက်လဲစား
ပါတယ်။မွေးနေ.ရှင်ရော၊ကျင်းပပေးသူရောကျန်းမာ
ပျော်ရွှင်ပြီးဘေးဘရာဝေးကွာပါစေ။
အစ်မနတ်သမီးရေ ပလာတာအကြောင်းမှတ်သားပြီး ၊ စားသောက်စရာတွေကို တဝတပြဲ စားသောက်သွားပါတယ်။ ပြီးတော့ ကိုကိုးအိမ်အတွက် ပျော်ရွှင်စေကြောင်းဆုမွန်တောင်းခဲ့ပါတယ်ရှင်။ အစ်မ မပြန်ခင် မွေးနေ့ကျင်းပရင် လာရမယ်နော်။
ခင်တဲ့
မေသိမ့်
မွေးနေ့ ရှင်ရော မွေးနေ့ ကျင်းပပေးသူပါ ပျောရွှင်နိုင်ပါစေဗျား။
နတ်သမီးက ပြန်တော့မတဲ့လား.. အင်း. တစ်ယောက်တော့ သွားပြန်တော့မယ်...း(((... ကိုကိုးမွေးနေ့မှာ ပျော်ရွှင်ပါစေ ကိုကိုးေ၇...
ခင်မင်လျက်
နေ၀သန်
မွေးနေ့ရှင် ပျော်ရွှင်ကျန်းမာပါစေဗျာ။
သူငယ်ချင်း မိတ်ဆွေတွေအပေါ် ချစ်ခင်စိတ်နဲ့ သတိတရ အမြဲ မွေးနေ့လုပ်ပေးတဲ့ နတ်သမီးလည်း ရောဂါဘယကင်းပြီး ကိုယ်ကျန်းမာစိတ်ချမ်းသာပါစေ။
pork Platter ပုံမြင်တော့ စားချင်သွားမိတယ်။
နတ်သာမီး တကယ်ကြီးပြန်လာတော့မယ်...း)
ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ ကိုကိုးအိမ်...။
ညီမမွေးနေ့ကဒီဇင်ဘာဆိုတော့
မွေးနေ့ပွဲလေး မှီဦးမှာပါနော်
ဘာလို့ပြန်တာလဲအမ..
လက်ထပ်တော့မလို့လား
အမရဲ့ပိုစ့်တပုဒ်ဖတ်ဖူးတယ်..
ချစ်သူနဲ့လက်ထပ်ဖို့ရည်ရွယ်ထားတဲ့ပို့စ်လေး
...
ကိုကိုးအိမ်လေးရဲ့ မွေးနေ့ကိုလည်း
happy birthday ပါလို့နော်..
မွေးနေ့ရှင်ရော ကျင်းပပေးသူပါ ကျန်းမာပျော်ရွှင်ပါစေသတည်း။။
Post a Comment