ရေပြင်ထက်က “လ”ကလေး
ဝိုင်းစက်နေတာမျိုးလည်းမဟုတ်
ကဗျာဆရာတွေ ရေးစပ်သီကုံးတဲ့ “လခြမ်းကွေး”မျိုးလည်းမဟုတ်
“စက်ဝိုင်းခြမ်း”ပုံမျိုး
သူများတွေအတွက် ကဗျာဆန်ချင်မှဆန်မယ်။
စက်ဝိုင်းခြမ်းကလေးရဲ့ အလင်းဖြာမှုက
လင်းထိန်နေတာမျိုးလည်းမဟုတ်
မှုန်ပြပြအလင်း ခပ်ပါးပါးမြင်ကွင်းတခု
သူများတွေအတွက် ကဗျာဆန်ချင်မှဆန်မယ်။
လှိုင်းပုတ်သံကြားက ဂီတသံ
တိတ်ဆိတ်တဲ့ ညသန်းခေါင်ယံအောက်
နတ်စောင်းသံအလား
မှောက်မှားစေတဲ့ဒီမြင်ကွင်း
ကျမအတွက်တော့ ကဗျာဆန်တယ်။
ဝိုင်းစက်နေတာမျိုးလည်းမဟုတ်
ကဗျာဆရာတွေ ရေးစပ်သီကုံးတဲ့ “လခြမ်းကွေး”မျိုးလည်းမဟုတ်
“စက်ဝိုင်းခြမ်း”ပုံမျိုး
သူများတွေအတွက် ကဗျာဆန်ချင်မှဆန်မယ်။
စက်ဝိုင်းခြမ်းကလေးရဲ့ အလင်းဖြာမှုက
လင်းထိန်နေတာမျိုးလည်းမဟုတ်
မှုန်ပြပြအလင်း ခပ်ပါးပါးမြင်ကွင်းတခု
သူများတွေအတွက် ကဗျာဆန်ချင်မှဆန်မယ်။
လှိုင်းပုတ်သံကြားက ဂီတသံ
တိတ်ဆိတ်တဲ့ ညသန်းခေါင်ယံအော
နတ်စောင်းသံအလား
မှောက်မှားစေတဲ့ဒီမြင်ကွင်း
ကျမအတွက်တော့ ကဗျာဆန်တယ်။
21 comments:
ကဗျာ ဆန်သောမြင်ကွင်းကို
ကဗျာဆန်သော ရင်တွင်းကရေးခြင်းကြောင့်ထင်တယ်
အားလုံးက ကဗျာ ဆန်နေပါသည်။
လပြည့်ကို နှစ်သက်တယ်။
ကမ်းစပ်နေရာမျိုးကို အလည်ရောက်တိုင်း တိတ်ဆိတ်တဲ့ ညဥ့်ယံမှာ လှိုင်းပုတ်သံကို နားထောင်ရတာ သဘောကျတယ်။
ကဗျာဆန်တဲ့ နတ်သမီးလေးရဲ့ ကဗျာကို အားပေးသွားတယ်နော်။
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီ
တကယ်ကဗျာ ဆန်တာက white angel
ပါဗျာ မယုံရင်ကျွန်တော်ရေးပြမယ် ကြည့်
ကဗျာခေါင်းစဉ်က . . ဂလို . .
(နတ်ပျိုမအတွက် လန်း)
ရှေ့ ကောင်းကင်မှာ တိမ်ငွေမှင်ကြား
အလင်းလျှိုထွက် အနွေးဓါတ်ကို
သူပေးအပ်သည် ကမ္ဘာမြေကြီး လန်းပါစေ တဲ့
ဒီ ရူ့ ခင်းရှေ့ ရပ်တန့် 
ခံစား အိမ်ဂျယ် များသခင်
အို . . နတ်ပျိုရှင်
ဖြူစင်ရိုးသား အစဉ် ထာဝရ လန်းစေသား
ဗျား . . . p . p . p
ခင်မင်လျက်(လှိုင်ဘွား)
(မှတ်ချက် ။ ။ ကဗျာခေါင်းစဉ်ကို ဆရာတာရာမင်းဝေ ဆီမှ အတုခိုးထားပါ၏)
ခွင့်လွတ်ပေးကြပါကုန်
မဟာဆန်ခြင်း နဲ့ ကဗျာ ဆန်ခြင်း ၂ ခုမှာ တစ်ခုရွေးကြေးဆို ကျနော်ကတော့ ကဗျာပဲ ဆန်ချင်သူပါ။ သူများတွေနဲ့ တူချင်မှ တူမယ်ပေါ့လေ။
တို့အတွက်တော့ ပုံလေးရော ကဗျာလေးရော... ကဗျာဆန်တယ်.....း)
မမရေ ခံစားတတ်သမျှ တွေးတတ်သမျှတော့
အကုန် ကဗျာဆန်တယ်လေ..
ပျော်ရွင်ပါစေ မမနတ်သမီးလေးရေ ..
ခင်တဲ့
မဒိုးကန်
နှလုံးသား နူးညံ့ သိမ်မွေ့မှုကို သိလိုက်ရပြီ။ ထိလွယ် ခံစားလွယ်သကိုး....ညအခါ လသာသာ ဆိုတာ ကိုယ်စိတ်အတွေးကို လှစ်ဟ ပေးတတ်ပေသကိုး.......
ဘလော့ဂ်ဂါဘာလဲ ဆိုတဲ့ပို့စ်မှာ ထည့်ရေးဦးမလို့ပဲ အခေါက်ခံရမှာစိုးလို့ မရေးတော့တာ...ဟွင်း။
နတ်သမီးရေ ချစ်စရာကဗျာလေး လာဖတ်သွားတယ်။ ခုတလော ကဗျာတွေ တော်တော်ရေးနေပါလား။ ကျန်းမာပျော်ရွှင်ပါစေ နတ်သမီးရေ။
ညအမှောင်မှာ
ငွေလရောင်စဉ်
ပက်ကာဖျန်းလို့ 
တွေ့ ရပေတဲ့ ဤမြင်ကွင်း
ကဗျာဆန်လော မဆန်လော။
နမ်းရဲ့ကဗျာလေးလည်းကဗျာဆန်တယ်။ ပုံလေးကလည်း ကဗျာဆန်တယ်။ လှိုင်းပုတ်သံလည်းကလည်းကဗျာဆန်တယ်။
ချစ်တဲ့
သဒ္ဓါ
နတ်သမီးလေးရေကဗျာလေးကိုခံစားသွားပါတယ်.....နတ်သမီးလေးကျန်းမာချမ်းသာပါစေ...........
နတ်သမီးရေကဗျာလေးကိုလာပြီခံစားသွာပါတယ်...နတ်သမီးတစ်ယောက်..ကျန်မာပါစေ....
လာလည်ပါတယ်နော်....
ရွှေဝန်းရတနာ....။
လာလည်ပါတယ်.............
ကဗျာဆန်တဲ့လလေးရယ် လှိုင်းသံ ရေသံတွေ
အားလုံးကိုကဗျာဆန်ဆန်ခံစားသွားပါတယ်ရှင်။
သေသေချာချာ တင်ပြပေးတာကိုလဲကျေးဇူးတင်ပါတယ်
ချစ်ခင်တဲ့ jas
ကိုယ့်အတွက်လဲ ကဗျာဆန်တယ် သူငယ်ချင်းလေးရေ...
ကိုယ့်အတွက်လဲ ကဗျာဆန်တယ် သူငယ်ချင်းလေးရေ...
တစ်ကယ် ကဗျာဆန်တယ်မမ တော်တယ်နော် ရိုက်ချက်လဲ လှတယ်လို့ :):)
မမရေ ..တဂ်ထားတယ်လို့ .....
အချိန်ရရင် ရေးပေးပါအုံးနော် ...လို့...
ကောင်းသောနေ့လေး ဖြစ်ပါစေမမ။
ကဗျာမျက်စိနဲ့ကြည့်ရင် အရာအားလုံး ကဗျာဆန်ပါတယ်။ အလွမ်းမျက်စိနဲ့ ကြည့်ရင် အရာအားလုံးဟာ လွမ်းမောစရာပါ။
နားလည်တတ်တဲ့ မျက်စိနဲ့ကြည့်ရင်လဲ အရာအားလုံးကို နားလည်ပေးတတ်ပါတယ်။ အဲဒါလဲ ကဗျာတစ်ခုပါဘဲ။
ခင်မင်လျှက်
နတ်နတ်ရေ...စာလံုးပေါင်းလေး ပြင်စမ်းပါဦး...“နတ်ဆောင်း” မဟုတ်ဘူးလေ “ နတ်စောင်း” လို့ ရေးရမှာ...
ညီမလေး...
လာလည်သွားပါတယ်။ လင့်လေးး တစ်ချက်လောက် ပြောင်းပေးပါဥိး။ အရင်လင့်က ပျက်သွားတယ်။ ပျော်ရွှင်ချမ်းမြေ့ ကံကောင်းပါစေလို့ ဆုတောင်းပေးခဲ့တယ်နော်
http://www.heintinzaw.com/
Post a Comment